10
ရေ လွှမ်းမိုးသောနောက်နောဧ သား ရှေမဟာမယာဖက် တို့မှ ဆင်းသက် သော သားစဉ် မြေးဆက်တို့ကို ဆိုပေအံ့။ ယာဖက် ၏သား ကား ဂေါမာမာဂေါဂမာဒဲယာဝန်တုဗလမေရှက်ထိုက် တည်း။ ဂေါမ သား ကား၊ အာရှကေနတ်ရိဖတ် တော်ဂမ တည်း။ ယာဝန် သား ကား၊ ဧလိရှာတာရှုကိတ္တိမ်ဒေါဒနိမ် တည်း။ သူတို့သည် လူ အမျိုးမျိုးတကျွန်း တနိုင်ငံမြေ နယ်တို့ကို ဘာသာ အသီးအသီးအမျိုးအနွယ် အသီးသီးရှိသည့်အတိုင်းအချင်းချင်းခွဲ ဝေကြ၏။ ဟာမ သား ကား၊ ကုရှမိဇရိမ်ဖုတခါနာန် တည်း။ ကုရှ သား ကား၊ သေဘ ဟာဝိလသာဘတရာဂမသတ္တေခါ တည်း။ ရာဂမ သား ကား၊ ရှေဘဒေဒန် တည်း။ ကုရှ သည် သား နိမ်ရောဒ ကိုလည်း ရသေး၏။ ထို သားသည် မြေကြီး ပေါ် မှာ အဦး စွမ်း နိုင်သောသူဖြစ် ၏။ ထာဝရဘုရား ရှေ့ မှာ အားကြီး သော မုဆိုး ဖြစ်၏။ ထိုကြောင့်စကားပုံ၌ကား၊ ဘုရား ရှေ့ နိမ်ရောဒအား ကြီးမုဆိုးပြု လုပ်သည်လိုဟု စပ် ဆိုသတည်း။ 10 သူ ၏ နိုင်ငံ အဦး ကား၊ ရှိနာ ပြည် ဗာဗုလုန် မြို့၊ ဧရက် မြို့၊ အက္က မြို့ကာလနေ မြို့တည်း။ 11 ထို ပြည် မှာအာရှရိ ပြည်သို့ သွား၍ နိနေဝေ မြို့၊ ရဟောဘုတ် မြို့ ကာလ မြို့ကို၎င်း၊ 12 နိနေဝေ မြို့နှင့်ကာလ မြို့စပ်ကြား မှာ ကြီး စွာသော မြို့ တည်းဟူသောရေသင် မြို့ကို၎င်းတည်ဆောက် လေ၏။ 13 မိဇရိမ် သား ကား၊ လုဒိမ် လူ၊ အာနမိမ် လူ၊ လဟာဗိမ် လူ၊ နတ္တုဟိမ် လူ၊ 14 ပါသရူသိမ် လူ၊ ကာသလုဟိမ် လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိ လူဖြစ် သတည်း။ 15 ခါနာန် သား အကြီး ကား၊ ဇိဒုန်ထိုနောက် ဟေသ 16 ထိုနောက် ယေဗုသိ လူ၊ အာမောရိ လူ။ ဂိရဂါရှိ လူ၊ 17 ဟိဝိ လူ၊ အာကိ လူ၊ သိနိ လူ၊ 18 အာဝဒိ လူ၊ ဇေမရိ လူ၊ ဟာမသိ လူတည်း။ ထိုနောက် ခါနာန် အမျိုးသားအသီးသီး တို့သည် နှံ့ပြား ကြ လေ၏။ 19 ခါနာန် အမျိုးသားနေရာ ပြည်နယ်သည် ဇိဒုန် မြို့မှ ဂေရာ မြို့၊ ဂါဇ မြို့တိုင်အောင် ၎င်း တဖန်သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့ ဇောဘိုင် မြို့ကိုလွန်၍ လာရှ မြို့ တိုင်အောင် ၎င်း ရှိ သတည်း။ 20  သူတို့သည် သီးခြားသော အမျိုး အနွယ်၊ သီးခြားသော ဘာသာ အလိုက်အပြည် အပြည်အတိုင်း တိုင်း၌ နေသောဟာမ သား များ ဖြစ်သတည်း။ 21 ယာဖက် ညီ၊ ဟေဗြဲ လူအပေါင်း တို့၏ အဘ ရှေမ သည်လည်း သား များကိုမြင် လေ၏။ 22 ရှေမ သား ကား၊ ဧလံ အာရှရအာဖါဇဒ်လုဒအာရံ တည်း။ 23 အာရံ သား ကား၊ ဥဇ ဟုလဂေသာမာရှ တည်း။ 24 အာဖာဇဒ် သား ရှာလရှာလ သား ဟေဗာ တည်း။ 25 ဟေဗာ သည်လည်း သား နှစ် ယောက်ကို မြင် လေ၏။ သား တယောက်ကား၊ ဖာလက် အမည် ရှိ၏။ အကြောင်း မူကား၊ သူ့ လက်ထက် မြေကြီး ကို ခွဲဝေ ကြ၏။ သူ ၏ညီ ကား၊ ယုတ္တန် အမည် ရှိ၏။ 26 ယုတ္တန် သား ကား၊ အာလမောဒဒ်ရှေလပ်ဟာဇာမာဝက်ယေရ 27 ဟဒေါရံဥဇလဒိကလ 28 ဩဗလ အဘိမေလရှေဘ 29 ဩဖိရ ဟဝိလယောဗပ် သူအပေါင်း တို့ သည် ယုတ္တန် သား ဖြစ်သတည်း။ 30 သူ တို့နေရာ မူကား၊ မေရှ မြို့မှ သည် အရှေ့ မျက်နှာ၌သေဖာ တောင် တိုင်အောင် ရှိ သတည်း။ 31  သူ တို့သည် သီးခြားသော အမျိုးအနွယ်သီးခြားသော ဘာသာ အလိုက်အပြည် ပြည်အတိုင်းတိုင်း တို့၌ နေသောရှေမ သား များဖြစ်သတည်း။ 32  ရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီးအလိုက်မှတ်သားထားသော နောဧ သား ဆွေစဉ်မျိုးဆက် စာရင်းပေသတည်း။ ထိုသူ တို့သည် ရေ လွှမ်းမိုးသောနောက်မြေကြီး ပေါ် မှာ သီးခြား သော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။