2
ဣသရေလ ၏သား များဟူမူကားရုဗင်ရှိမောင်လေဝိယုဒဣသခါဇာဗုလုန် ဒန်ယောသပ်ဗင်္ယာမိန်နဿလိဂဒ်အာရှာ တည်း။ ယုဒ သည် ခါနာန် အမျိုးဖြစ်သော ရှုအာ သမီး တွင် မြင် သော သားကား ဧရ ဩနန်ရှေလ တည်း။ ယုဒ သား ကြီးဧရ သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောသူဖြစ်၍ ကွပ်မျက် တော်မူခြင်းကို ခံရ၏။ ချွေးမ တာမာ တွင် မြင် သောသားကား ဖာရက် နှင့် ဇာရ တည်း။ ယုဒ သား ပေါင်း ကား ငါးယောက်တည်း။ ဖာရက် သား ကား ဟေဇရုံ နှင့် ဟာမုလ တည်း။ ဇာရ သား ကား ဇိမရိ ဧသန်ဟေမန်ကာလကောလဒါရပေါင်း ငါး ယောက်တည်း။ ဇိမရိသားဖြစ်သော ကာမိ ၏သား ကား ကျိန်ဆဲ အပ်သောအရာကို ယူ၍ ပြစ်မှား သဖြင့်၊ ဣသရေလ အမျိုး ကို နှောင့်ရှက် သော အာခန် တည်း။ ဧသန် သား ကား အဇရိ တည်း။ ဟေဇရုံ မြင် သော သား ကား ယေရမေလ အာရံကာလက် တည်း။ 10 အာရံ သား ကား အမိနဒပ်အမိနဒပ် သား ကား၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်သော နာရှုန် တည်း။ 11 နာရှုန်သား စာလမုန်စာလမုန် သား ဗောဇ 12 ဗောဇ သား ဩဗက်ဩဗက် သား ယေရှဲ တည်း။ 13 ယေရှဲ သားဦး ကားဧလျာဘဒုတိယ သားအဘိနဒပ်တတိယ သားရှိမာ 14 စတုတ္ထ သား နာသနေလ ပဉ္ဒမ သား ရဒ္ဒဲ 15 ဆဋ္ဌမ သားဩဇင်သတ္ထမ သားဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။ 16 သူ တို့နှမ ကား ဇေရုယာ နှင့် အဘိဂဲလ တည်း။ ဇေရုယာ သား ကား အဘိရှဲယွာဘအာသဟေလပေါင်း သုံး ယောက်တည်း။ 17 အဘိဂဲလ သား ကား အာမသ အာမသ အဘ ကား ဣရှမေလ အမျိုးယေသာ တည်း။ 18 ဟေဇရုံ သား ကာလက် သည် မယား အဇုဘ နှင့် ယေရုတ် တွင် မြင်သောသား ကား ယေရှာရှောဗပ်အာဒုန် တည်း။ 19 အဇုဘ သေ သောနောက် ဧဖရတ် ကို သိမ်း ဟုရ ကို မြင် ပြန်လေ၏။ 20 ဟုရ သား ကား ဥရိ ဥရိ သား ကား ဗေဇလေလ တည်း။ 21 ထိုနောက်ဟေဇရုံ သည် အသက် ခြောက် ဆယ်ရှိသော်၊ ဂိလဒ် အဘ မာခိရ ၏သမီး နှင့် စုံဘက် ၍ စေဂုပ် ကို မြင် လေ၏။ 22 စေဂုပ် သား ကား ယာဣရ တည်း။ ထိုသူသည် ဂိလဒ် ပြည် မြို့ နှစ် ဆယ်သုံး မြို့ကို ပိုင်၏။ 23 ဂေရှုရ မြို့၊ အာရံ မြို့နှင့်တကွယာဣရ မြို့စုကေနတ် မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက် ဆယ်တို့ကို တိုက်ယူ ၏။ ထို မြို့ အပေါင်း တို့ကို ဂိလဒ် အဘ မာခိရ ၏သား မြေးတို့သည် ပိုင်ကြ၏။ 24 ဟေဇရုံ သည်ကာလက်ဧဖရတ် မြို့၌ သေ သောနောက်သူ၏မယား အဘိ သည် သူ၏သား အာရှုရ ကို ဘွားမြင် ၏။ အာရှုရသား ကားတေကော တည်း။ 25 ဟေဇရုံ ၏ သားဦး ယေရမေလ သား ကား သားဦး အာရံ မှစ၍ဗုနဩရင်ဩဇင်အဟိယ တည်း။ 26 အာတရ အမည် ရှိသောအခြား မယား တွင် ဩနံ ကိုမြင်၏။ 27 ယေရမေလ ၏ သားဦး အာရံ သား ကားမာဇယာမိန်ဧကာ တည်း။ 28 ဩနံ သား ကားရှမ္မဲ နှင့် ယာဒ တည်း။ ရှမ္မဲ သား ကားနာဒပ် နှင့် အဘိရှုရ တည်း။ 29 အဘိဟဲလ အမည် ရှိသောအဘိရှုရ မယား သည် အာဗန် နှင့် မောလိဒ် ကို ဘွားမြင် ၏။ 30 နာဒပ် သား ကား သေလက် နှင့် အပ္ပိမ် တည်း။ သေလက် ၌သား ရှိ။ 31 အပ္ပိမ် သား ကား ဣရှိဣရှိ သား ရှေရန်ရှေရှန် သား အာလဲ တည်း။ 32 ရှမ္မဲ ညီ ယာဒ သား ကား ယေသာ နှင့် ယောနသန် တည်း။ ယေသာ ၌ သား ရှိ။ 33 ယောနသန် သား ကား ပေလက် နှင့် ဇာဇ တည်း။ ဤရွေ့ကား ယေရမေလ အမျိုးအနွယ် တည်း။ 34 ရှေရှန် သား ရှိ။ သမီး သက်သက် ရှိ၏။ ရှေရှန် ယာဟ အမည် ရှိသောအဲဂုတ္တု အမျိုးသားကျွန် ယောက်ျားတယောက်ရှိ၍၊ 35 ထိုကျွန်နှင့်သမီး တယောက်ကို ပေးစား သဖြင့်သမီးသည် အဘဘို့သားအတ္တဲ ကို ဘွားမြင် ၏။ 36 အတ္တဲ သား ကားနာသန်နာသန် သား ဇာဗဒ် 37 ဇာဗဒ် သား ဧဖလလဧဖလလ သား ဩဗက် 38 ဩဗက် သား ယေဟုယေဟု သား အာဇရိ တည်း။ 39 အာဇရိ သား ကား ဟေလက်ဟေလက် သား ဧလာသ 40 ဧလာသ သား သိသမဲသိသမဲ သား ရှလ္လုံ 41 ရှလ္လုံ သား ယေကမိယေကမိ သား ဧလိရှမာ တည်း။ 42 ယေရမေလ ၏ညီ ကာလက် သားဦး ကား မေရှမေရှသားဇိဖဇိဖသားမရေရှမရေရှသား ဟေဗြုန် 43 ဟေဗြုန် သား ကောရတာပွါရေကင်ရှေမ တည်း။ 44 ရှေမ သား ကားရာဟံရာဟံသားယော်ကောင် တည်း။ ရေကင် သား ကား ရှမ္မဲ 45 ရှမ္မဲ သား မောနမောန သားဗက်ဇုရ တည်း။ 46 ကာလက် မယားငယ် သည် လည်း ဟာရန်မောဇဂါဇက် တို့ကို ဘွားမြင် ၏။ ဟာရန် သား ကား ယာဒဲ တည်း။ 47 ယာဒဲ သား ကားရေဂင်ယောသံဂေရှံပေလက်ဧဖာရှာဖ တည်း။ 48 ကာလက် မယားငယ် မာခါ သည်လည်း၊ ရှေဗာ နှင့် တိရဟာန ကို၎င်း၊ 49 မာဒမေန အဘ ရှာဖမာခဗေန အဘ ရှေဝဂိအာ အဘ ကို၎င်း ဘွားမြင် ၏။ ကာလက် သမီး ကား အာခသ တည်း။ 50 ဧဖရတ် သားဦး ဟုရ ၏သား ဖြစ် သော ကာလက် သား ကား၊ ကိရယတ်ယာရိမ် အဘ ရှောဗာလ 51 ဗက်လင် အဘ စလမဗက်ဂါဒါ အဘ ဟာရပ် တည်း။ 52 ကိရယတ်ယာရိမ် အဘ ရှောဗာလ သား ဟူမူကားဟာရော နှင့်မနဟေသိ အမျိုးတပိုင်း 53 ကိရယတ်ယာရိမ် အမျိုးမျိုးဣသရိ လူ၊ ဖုဟိ လူ၊ ရှုမသိ လူ၊ မိရှရိ လူတည်း။ ထို အမျိုးထဲက ဇာရာသိ လူနှင့် ဧရှတောလိ လူဖြစ်သတည်း။ 54 စလမ သား ဟူမူကား၊ ဗက်လင် နှင့် နေတောဖာသိ လူ၊ အတရုတ်ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်းဇောရိ လူ၊ 55 ယာဗက် မြို့၌နေ သောရှောဖရိလူ၊ တိရသိ လူ၊ ရှိမသိ လူ၊ စုခသိ လူတည်း။ ထိုသူ တို့သည် ရေခပ် အမျိုး ၏ အဘ ဟေမတ် မှ ဆင်းသက် သော ကိနိ အမျိုးဖြစ်သတည်း။