၁ ပေတရု
ပေတရုဆေမှ ပထမပေးစာ
နိဒါန်း
ပေတရုဆေမှ ပထမပေးစာ ဟို တမန်တော် ပေတရုဟ ရေးသားခဲ့အယ်။ ပေတရုဟ သူစသူဖြစ်အယ်နဲ့ သူရေးနေပုံကို ပြောခြင်းဖြင့် သူရဲ့ စာဟို စတင်ခဲ့အယ်။ “တစိမ်းလို့” ဟု ခေါ်သော ခရစ်ယာန်များ အားလုံးဆေ စာတစောင် ပေးပို့ခဲ့အယ် (၁.၁; ၁.၁၇; နဲ့ ၂.၁၁)။ နိုင်ငံအသီးသီးတွင် ပြန့်ကျဲနေသောကျောန့် ၎င်းရဲ့ စာဖတ်သူများကို အကြိမ်ပေါင်းများစွာ ရည်ညွှန်း ဖော်ပြခဲ့အယ်။ ဟေစာဟ ဧဖက်မြို့သားများဆေ ပေါလုရဲ့ စာနဲ့ ဆင်တူသောကျောန့်၊ ခရစ်တော်မွေးဖွားပင်း ၆၅ ခုနှစ်ခန့်တွင် ဧဖက်မြို့နှိုက် ၁ ပေတရု ကို ရေးသားခဲ့အယ် ဟု လူအများဟ ယုံကြည်ကြအယ်။ ပေတရုဟ ဗာဗုလုန်ဟုခေါ်သော ရောမမြို့မှ ဟေစာဟို ရေးသားခဲ့အယ် (၅.၁၃)။
ပေတရုဟ “နင်လို့အား အားပေးယွေ့ အေးအရာဟ ဘုရားသခင်ရဲ့ စစ်မန်သော ကျေးဇူးတော် ဖြစ်အယ်” ဟု သက်သေခံရန် ရည်ရွယ်ချက်အတွက် ဟေစာဟို ရေးသားခဲ့အယ် (၅.၁၂)။ ၁ ပေ ၂.၁၁—၃.၇; ဧ ၅.၁၈—၆.၉; နဲ့ ကော ၃.၁၈—၄.၆ အကြား ဆင်တူမှုများ အများအပြား ဆိအယ်။ ဟေအပိုဒ်သုံးခုစလုံးဟ မိသားစုဆက်ဆံရေးနဲ့ အာဏာပိုင်များကို နာခံခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပေးအယ်။ အဆုံးသတ်နီးလာပီ ဖြစ်သောကျောန့် ဆင်းရဲဒုက္ခခံရသည့်အခါ ဇွဲဆိရန်လည်း ခရစ်ယာန်များအား တိုက်တွန်းအယ် (၄.၁)။
အကျောန်းအရာ အကျဉ်းချုပ်
၁။ ပေတရုဟ သူ့ကိုယ်သူ မိတ်ဆက်ပင်း သူ့စာဖတ်သူတွေဟို လိပ်မူအယ် (၁.၁–၂)
၂။ အဲပင်းနောက်၊ ပေတရုဟ သူလို့အားလုံး မျှဝေပေးသော ကယ်တင်ခြင်းတရားနဲ့ သူလို့ ဖဝါ့အတွက် စလောက် အရေးကြီးကျောန်း ဘုရားသခင်ဟို ကျေးဇူးတင်အယ် (၁.၃—၂.၁၀)
၃။ အဲပင်းနောက်၊ သူဟ ယုံကြည်သူများအား ဟေလောကတွင် စလို နေထိန်ရမယ်ဟို သွန်သင်ပင်း ဖိုးအိုနဲ့ ပေါင်အိုမ၊ ကျွန်နဲ့ သခင်လို့ အကြားလိုမျိုး ဆက်ဆံရေးအမျိုးမျိုးဟို ကိုင်တွယ်ဖြေဆှင်းပေးအယ် (၂.၁၁—၄.၁၁)
၄။ အဲပင်းရင်၊ ပေတရုဟ ဆင်းရဲဒုက္ခကြုံသောအခါ ခံနိန်ရည်ဆိရန် သူလို့ဟို အားပေးအယ် (၄.၁၂—၅.၁၁)
၅။ အဲပင်းနောက်၊ ပေတရုဟ သူရဲ့ စာဟို အပီးသတ်အယ် (၅.၁၂–၁၄)
1
ယေရှု ခရစ်တော်ရဲ့ တမန်တော် ငါ ပေတရုဟ —
ပုန္တုပြေ၊ ဂလာတိပြေ၊ ကပ္ပဒေါကိပြေ၊ အာရှပြေနဲ့ ဗိသုနိပြေ အရပ်ရပ်လို့နှိုက် ဧည့်သည်အဖြစ် ပျံ့နှံ့နေထိန်လျက် ဆိကြလဲ့၊ ယေရှု ခရစ်တော်ဟို နာခံရန်နဲ့ ကိုယ်တော်ရဲ့ အသွေးတော် ပျက်ဖျန်းခြင်း ခံရရန်အတွက် ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရယွေ့ ခမည်းတော် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အတိုင်း နင်လို့ဟ ရွေးချယ်ခြင်း ခံရသော သူလို့ဆေဟို စာရေးလိုက်အယ်၊
ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်း နင်လို့အပေါ် ပြေ့စုံပါစေ။
အသက်ဆှင်သော မျှော်လင့်ခြင်း
ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်အား ကျေးဇူးတော် ချီးမွန်းကြပါစို့။ ကြီးမားသော ကရုဏာတော်ကျောန့် ယေရှု ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ငါလို့အား ဖဝါ့အသစ်ဟို ပေးအယ်။ ၎င်းဟ ငါလို့အား အသက်ဆှင်သော မျှော်လင့်ချက်ဖြင့် ပြေ့စေပင်း၊ ဘုရားသခင်ဟ မိမိလူမျိုးအတွက် စောင့်ဆှောက်ပေးသော ကြွယ်ဝသော ကောင်းချီးများကို ပိုင်ဆိုင်ရန် ငါလို့ မျှော်လင့်ပါအယ်။ နင်လို့အတွက် ခေါန်းခင်ဘုံနှိုက် သိမ်းထားလဲ့ ယိုယွင်းပျက်စီးခြင်း၊ စုတ်ပဲ့ခြင်းနဲ့ မှေးမိန်ခြင်းလို့ မဆိသော အမွေတော်ထဲဟိုလည်းကောင်း အသစ်တခါ မွေးဖွားစေအယ်။ နင်လို့ဟ အချိန်ကာလရဲ့ အဆုံးတွင် ဖော်ပြရန် အသင့်ဆိသော ကယ်တင်ခြင်းအတွက် ဘုရားသခင်ရဲ့ တန်ခိုးတော်နှိုက် ယုံကြည်ခြင်းအားဖြင့် စောင့်ဆှောက်ခြင်းဟို ခံရကြအယ်။
နင်လို့ဟ အခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်း အမျိုးမျိုးကျောန့် အချိန်ခဏ ဝမ်းနည်းရရင်လည်း အထက်နှိုက် ဆိုခဲ့ပင်းသော အကျောန်းကျောန့် ရွင်လန်းခြင်း ဆိအယ်။ သူလို့ရဲ့ ရည်ရွယ်ချက်မှာ နင်လို့ရဲ့ယုံကြည်ခြင်း အစစ်အမန်ဖြစ်ကျောန်း သက်သေပြရန် ဖြစ်အယ်။ ဖျက်ဆီးတတ်သော ဆွေကိုပင် မီးဖြင့် စမ်းသပ်ခြင်း ခံရသော်လည်း ဆွေထက်သာယွေ့ အဖိုးတန်သော နင့်ရဲ့ ယုံကြည်ခြင်းကိုလည်း ခံနိန်ရည်ဆိစေရန် စမ်းသပ်ခြင်း ခံရမယ်။ အေးနောက် ယေရှု ခရစ်တော် ပေါ်ထွန်းလဲ့နေ့နှိုက် ချီးမွမ်းခြင်း ဘုန်းအသရေကို ခံရလိမ့်မယ်။ နင်လို့ဟ အေးသခင်ဟို မမျော်ဖူးသော်လည်း သူ့ဟို ချစ်ကြအယ်။ အေးသူဟ အခု မမျော်ဖူးသော်လည်း ယုံကြည်ကြပင်း ပြောယွေ့ မမီနိန်သော ဝမ်းမြောက်ခြင်းဖြင့် ရွင်မြူးကာ ဘုန်းတော်ဟို ချီးမွမ်းလျက် နင်လို့ဟ ကိုယ်တော်ဟို ယုံကြည်ခြင်းရဲ့ အကျိုးရလဒ်တည်းဟူသော နင်လို့ရဲ့ စိတ်ဝိညာဉ် ကယ်တင်ခြင်းကို ခံရသောကျောန့် ဖြစ်အယ်။
10 ဟေကယ်တင်ခြင်းနဲ့ ပတ်သက်ယွေ့ ပရောဖက်များဟ ဂရုတစိုက် ဆှာဖွေစုံစမ်းမှုများ ပြုလုပ်ခဲ့ကြပင်း သူလို့ဟ ဘုရားသခင်ပေးမဲ့ ဟေလက်ဆောင်အကျောန်း ပရောဖက်ပြုကြအယ်။ 11 သူလို့ဟ ဖယ်အချိန် ဖြစ်မလဲ၊ စလို ဖြစ်လာမလဲ*ဖယ်အချိန် ဖြစ်မလဲ၊ စလို ဖြစ်လာမလဲ၊ အဲဟာမဟုတ်ရင် အေးသူဟ စသူ ဖြစ်မလဲ၊ ဖယ်အချိန် လာမလဲ။ ဆိုတာကို ဆှာဖွေဖို့ ကြိုးစားကြအယ်။ ခရစ်တော် ခံရမယ့် ဆင်းရဲဒုက္ခများနဲ့ နောက်ဆက်တွဲဖြစ်မယ့် ဘုန်းအသရေအကျောန်းဟို ဟောကိန်းထုတ်ရာတွင် ၎င်းလို့အတွင်းနှိုက် ဆိသော ခရစ်တော်ရဲ့ ဝိညာဉ်တော် ညွှန်ပြနေလဲ့အချိန် ဖြစ်အယ်။ 12 အေးအခါ သူလို့ပြုစုသောအရာလို့ဟ မိမိလို့အတွက် မဟုတ်ဘဲ နင်လို့အတွက် ဖြစ်ကျောန်း သူလို့အား ဖွင့်ပြအယ်။ အခု အေးအရာလို့ဟ ခေါန်းခင်ဘုံမှ စေလွှတ်ခြင်းခံရလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သော သတင်းဟို ဟောပြောသူများမှ တဆင့် နင့်လို့ဆေ ဖော်ပြခြင်း ခံရပီ။ ခေါန်းခင်တမန်လို့ပင် အေးအရာလို့ဟို ကျေ့ရှုရန် ရမ်းဆာ့ အလိုဆိကြအယ်။
သန့်ဆှင်းစွာ နေထိန်ရန် ခေါ်ခြင်း
13 အေးကျောန့် လုပ်ဆောင်ချက်အတွက် စိတ်ဟို ပြင်ဆင်ထားကြလော့။ နိုးနိုးကြားကြားဆိယွေ့ ယေရှု ခရစ်တော် ပေါ်ထွန်းလာသောအခါ နင်လို့အား ပေးမဲ့ ကောင်းချီးအပေါ် မျှော်လင့်ချက် အပြေ့ထားကြလော့။ 14 နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။ 15 နင်လို့ဟို ခေါ်သော ဘုရားသခင်ဟ သန့်ဆှင်းလဲ့နည်းတူ၊ နင်လို့ ပြုလေရာရာနှိုက် သန့်ဆှင်းခြင်း ဆိကြလော့။ 16 ကျမ်းစာဟ “ငါသည် သန့်ဆှင်းသောကျောန့် နင်လို့ဟ သန့်ဆှင်းခြင်း ဆိကြလော့” ဟု ပြောအယ်။
17 နင်လို့ဟ လူလို့အား မျက်နှာလိုက်ခြင်း မဆိဘဲ တဦးစီလို့ပြုသော အမှုတိုင်း တရားစီရင်သော အဆှင်ဟို အဖလို့ခေါ်ကြရင် ဟေလောကတွင် ဧည့်သည်အဖြစ် နေထိန်စဉ်ကာလ တဆှောက်လုံး ကြောက်ရွံ့ရိုသေသော စိတ်ဖြင့် အသက်ဆှင် နေထိန်ကြလော့။ 18 အကျောန်းမှာ နင်လို့ ဖိုးဖေးများ အပ်နှင်းထားသော တန်ဖိုးမဆိသော ဖဝါ့မှ လွတ်မြောက်ရန် ပေးဆပ်ခဲ့လဲ့ အရာများကို နင်လို့ သိသောကျောန့် ဖြစ်အယ်။ ငွေ အဲဟာမဟုတ်ရင် ဆွေလိုမျိုး ဖျက်ဆီးပစ်နိန်သော အရာမဟုတ်ဘဲ၊ 19 အစွန်းအထင်း ကင်းလျက် အပစ်အနာအဆာ မဆိလဲ့ သိုးသငယ်လိုမျိုး ခရစ်တော်ရဲ့ အဖိုးတန်သော သွေးတော်အားဖြင့် ဖြစ်ကျောန်း နင်လို့ သိကြအယ်။ 20 ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီကပင် ရွေးချယ်ခန့်ထားခြင်း ခံရသော်လည်း ဟေနောက်ဆုံးသော ကာလနှိုက် နင်လို့အတွက် ပေါ်ထွန်းအယ်။ 21 ကိုယ်တော်အား သေသောသူလို့ထဲမှ ထမြောက်စေယွေ့ ဘုန်းအသရေပေးသော ဘုရားသခင်ဟို ကိုယ်တော်အားဖြင့် နင်လို့ ယုံကြည်ကြအယ်။ အေးလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းလို့ဟ ဘုရားသခင်ထဲနှိုက် တည်ဆိကြအယ်။
22 နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။ခိုင်မြဲစွာ ချစ်ကြလော့၊ တချို့ လက်ရေးမူကျမ်းတွင် စင်ကြယ်သော နေလုံးသားနဲ့၊ ဟု ပါဆိအယ်။ 23 အကျောန်းမှာ နင်လို့ဟ ပျက်စီးတတ်သော မျိုးစေ့အားဖြင့် မဟုတ်ဘဲ ပျက်စီးခြင်းနဲ့ လွတ်လဲ့ မျိုးစေ့တည်းဟူသော အသက်ဆှင်ယွေ့ အမြဲတည်လဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် အသစ်တဖန် မွေးဖွားစေခြင်းဟို ခံရကြပီ။ 24 အကျောန်းမှာ ကျမ်းစာနှိုက်
“လူအပေါင်းလို့ဟ မြက်ပင်လိုမျိုး ဖြစ်ယွေ့၊
သူလို့ရဲ့ ဘုန်းအသရေ ဆိသမျှဟလည်း မြက်ပွင့်လိုမျိုး ဖြစ်အယ်။
မြက်ပင်ဟ နွမ်းသွားယွေ့ အပွင့်ဟလည်း ကြွေတတ်အယ်။
25 အဲလိုလဲ ထာဝရဘုရားရဲ့ နှုတ်ကပတ်တော်ဟ အမြဲတမ်း တည်အယ်” ဟု ဖော်ပြပင်း
နှုတ်ကပတ်တော်ဟ နင်လို့အားပြောလဲ့ ကောင်းမြတ်သော သတင်းပင် ဖြစ်အယ်။

*1:11 ဖယ်အချိန် ဖြစ်မလဲ၊ စလို ဖြစ်လာမလဲ၊ အဲဟာမဟုတ်ရင် အေးသူဟ စသူ ဖြစ်မလဲ၊ ဖယ်အချိန် လာမလဲ။

1:22 ခိုင်မြဲစွာ ချစ်ကြလော့၊ တချို့ လက်ရေးမူကျမ်းတွင် စင်ကြယ်သော နေလုံးသားနဲ့၊ ဟု ပါဆိအယ်။