8
ယုံကြည်သူလို့ရဲ့ ပေးကမ်းခြင်း
1 ရော ၁၅.၂၆ညီအကိုလို့၊ မာကေဒေါနိပြေဆိ အသင်းတော်များအား ဘုရားသခင် ပေးသနားသော ကျေးဇူးတော်ဟို နင်လို့အား ငါလို့ ပြောပြလိုအယ်။ 2 သူလို့ဟ ဆင်းရဲဒုက္ခကျောန့် ပြင်းထန်သော စမ်းသပ်ခြင်းဟို ခံခဲ့ရသော်လည်း သူလို့ရဲ့ ကြီးစွာသော ဝမ်းမြောက်ခြင်းနဲ့ သူလို့ရဲ့ ရက်ရောစွာ ပေးကမ်းခြင်း တည်းဟူသော စည်းစိမ်အဖြစ်ဟို ရောက်လာအယ်။ 3 အကျောန်းမှာ သူလို့ဟ တတ်နိန်လဲ့အတိုင်း သာမက အလိုအလျောက် ပေးကမ်းချင်သော စေတနာစိတ်ဆိတာဟု ငါဟ သက်သေခံအယ်၊ 4 သူလို့ဟ ယုဒပြေဆိ ဘုရားသခင်ရဲ့ သန့်ဆှင်းသူလို့အား ထောက်ပံ့မှုတွင် ပါဝင်ရသော ကျေးဇူးတော်ဟို ခံစားရရန် မိမိလို့ အလိုအလျောက် ငါလို့အား တောင်းပန်ကြအယ်။ 5 ဟေသို့ပြုခြင်းဟ ငါလို့ မျော်လင့်တာထက် ပိုအယ်။ သူလို့ဟ ဦးစွာ အရင် မိမိလို့တတ်တိုင်း သခင်ဘုရားရဲ့ အလိုတော်နဲ့အညီ ငါလို့အားလည်း မိမိလို့တတ်တိုင်း ဆပ်ကပ်ကြအယ်။ 6 အဲကျောန့် တိတုဟ အဲကျေးဇူးပြုခြင်းအမှုဟို နင်လို့တွင် အစပြုသလို ပီးပြေ့စုံလဲ့တိုင်အောန် ပြုမဲ့အကျောန်း သူ့ဟို ငါလို့ တိုက်တွန်းကြအယ်။ 7 နင်လို့ဟ ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာ၊ ကူညီဖို့ စိတ်အားထက်သန်မှုနဲ့ ငါလို့အတွက် နင်လို့ရဲ့ ချစ်ခြင်း*ငါလို့အတွက် နင်လို့ရဲ့ ချစ်ခြင်း၊ အချို့ လက်ရေးမူကျမ်းများတွင် နင်လို့အတွက် ငါလို့ ချစ်ခြင်း၊ ဟု ပါဆိအယ်။ဟ အရာရာနှိုက် ကြွယ်ဝပြေ့စုံကြအယ်။ အဲကျောန့် ငါလို့ဟ ချစ်ခြင်းပေးခြင်းအမှုမှာ နင်လို့ဟို ရက်ရက်ရောရော ဖြစ်စေချင်အယ်။ 8 အဲသို့ပြောတာဟ ပညတ်ချက်အနေဖြင့် ငါဆိုတာ မဟုတ်။ အားပေမဲ့ အခြားသောသူလို့ရဲ့ စိတ်အားထက်သန်မှုအားဖြင့် နင်လို့ မေတ္တာရဲ့ စစ်မန်မှုဟို စစ်ဆေးနေခြင်း ဖြစ်အယ်။ 9 အကျောန်းမှာ နင်လို့ဟ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟို သိကြအယ်၊ ကိုယ်တော်ဟ ကြွယ်ဝသော်လည်း သူရဲ့ ဆင်းရဲခြင်းအားဖြင့် နင်လို့ ကြွယ်ဝကြမဲ့အကျောန်း နင်လို့အတွက် ဆင်းရဲခြင်းဟို ခံလေအယ်။
10 မနှစ်ဟ နင်လို့စတင်ခဲ့တာဟို အခုချက်ချင်း ပီးအောန်လုပ်ဖို့ ပိုကောင်းတယ်လို့ ငါထင်မြင်အယ်။ နင်လို့ဟ စေတနာစိတ်နဲ့ ပေးကမ်းခြင်းဟို အစပြုခဲ့အယ်။ 11 အဲကျောန့် ဟေအမှုဟို ဆောင်ရွက်ကာ ပီးစီးစေကြလော့။ နင်လို့ဟ ဟေအမှုဟို ကြံစည်ရာတွင် စိတ်အားထက်သန်သလို ဆောင်ရွက်ရာတွင်လည်း စိတ်အားထက်သန်ကြလော့၊ နင်လို့ တတ်နိန်သမျှ ပေးကမ်းကြလော့။ 12 အကျောန်းမှာ စေတနာစိတ် ဆိရင် မဆိလဲ့အရာဟို မထောက်ပဲ ဆိလဲ့အရာဟို ထောက်ယွေ့ လက်ခံလေအယ်။
13-14 ဟေအမှုအရာနှိုက် အခြားသောသူလို့ဟို သက်သာစေယွေ့ ငါလို့ရဲ့ ဆန္ဒဟ နင်လို့ဟို ဒုက္ခရောက်စေရန် မဟုတ်၊ အားပေမဲ့ ညီတူညီမျှဖြစ်စေရန်သာ ဖြစ်အယ်။ အခုချိန်တွင် နင်လို့ရဲ့ ကြွယ်ဝမှုဟ သူလို့ရဲ့ လိုအပ်မှုဟို ဖြည့်ဆည်းပေးရင် သူလို့ရဲ့ ကြွယ်ဝမှုဟလည်း နင်လို့ရဲ့ လိုအပ်မှုဟို ဖြည့်ဆည်းပေးကြလိမ့်မယ်။ 15 ကျမ်းစာဟ “များများရသောသူ မပို၊ ကတစ်ရသောသူလည်း မလို” ဟု ရေးထားလဲ့အတိုင်း ညီတူညီမျှဖြစ်မယ်။
တိတုနဲ့ သူရဲ့ အပေါင်းအဖော်များ
16 နင်လို့အပေါ် ငါထားဆိသော စိတ်အားထက်သန်မှုမျိုးဟို တိတုရဲ့ စိတ်နေလုံးထဲနှိုက် ထည့်သွင်းပေးသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါ ချီးမွန်းအယ်။ 17 တိတုဟ ငါလို့ရဲ့ ခွန်အားပေးမှုဟို လက်ခံတာ သာမက၊ ကူညီရန် စိတ်အားထက်သန်မှု ဆိသဖြင့် နင်လို့ဆေဟို သွားရန် သူ့အလိုအလျောက် ဆုံးဖြတ်ခဲ့အယ်။ 18 ဧဝံဂေလိတရား ဟောပြောခြင်းအတွက် တိတုနဲ့အတူ အသင်းတော်အားလုံးတွင် ရမ်းဆာ့လေးစားခံရသော ညီအကိုဟို ငါလို့ စေလွှတ်လိုက်ပါအယ်။ 19 အဲမှတပါး၊ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ထောက်ယွေ့ ငါလို့အား ကူညီလိုကျောန်း ပြသရန်အတွက် ဟေကျေးဇူးပြုခြင်းအမှုဟို ဆောင်ရွက်ရာတွင် ငါလို့နဲ့အတူ ခရီးသွားရန် အသင်းတော်များဟ ရွေးချယ်ခန့်ထားရသောသူ ဖြစ်အယ်။
20 ဟေသို့ ရက်ရောစွာ ပေးကမ်းကြသော အလှူငွေဟို ကိုင်တွယ်ရာတွင် ငါလို့ဟ သူတပါးလို့ရဲ့ အပစ်တင်ခြင်းနဲ့ ကင်းလွတ်စေရန် သတိနဲ့ ဆောင်ရွက်လျက် ဆိကြအယ်။ 21 သခင်ဘုရားရဲ့ ဆေ့နှိုက် သာမက လူလို့ရဲ့ ဆေ့နှိုက်လည်း လျောက်ပတ်မန်ကန်လဲ့အမှုဟိုသာ ပြုရန် ရည်ရွယ်ချက် ဆိကြအယ်။
22 အဲသူလို့နဲ့အတူ ငါလို့ရဲ့ အခြားသော ညီအကိုတဦးဟိုလည်း စေလွှတ်လိုက်အယ်၊ ငါလို့ဟ သူ့ဟို အကြိမ်ကြိမ် စစ်ဆေးပင်း သူဟ အစဉ် စိတ်အားထက်သန်သောသူ ဖြစ်ကျောန်းဟို တွေ့ရအယ်။ သူဟ နင်လို့အပေါ် ယုံကြည်စိတ်ချမှု အပြေ့ဝဆိသောကျောန့် အခု ပိုယွေ့ပင် စိတ်အားထက်သန်လျက် ဆိအယ်။ 23 တိတုနဲ့ ပတ်သက်ယွေ့ ပြောရရင် သူဟ ငါရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ပင်း နင်လို့အတွက် ငါနဲ့အတူ လုပ်ဆောင်သောသူ ဖြစ်အယ်၊ ငါလို့ရဲ့ အခြားညီအကိုလို့နဲ့ ပတ်သက်ယွေ့ ပြောရရင် သူလို့ဟ ခရစ်တော်ရဲ့ ဘုန်းအသရေဟူသော အသင်းတော်များရဲ့ ကိုယ်စားပြုများ ဖြစ်ကြအယ်။ 24 အဲကျောန့် နင်လို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နင်လို့အကျောန်း ငါလို့ ဝါကြွားထားသောအရာလို့ဟို အသင်းတော်များ ဆေ့နှိုက် သူလို့အား သက်သေပြကြလော့။