10
ပေတရုနဲ့ ကော်နေလိ
ကဲသရိမြို့တွင် “ဣတလိတပ်” ဟု ခေါ်သော ရောမတပ်မှ ကော်နေလိ နာမယ်ဆိသူ တပ်မှူးတယောက် ဆိအယ်။ သူနဲ့တကွ သူရဲ့ အိုင်သူအိုင်သား အားလုံးလို့ဟ ဘုရားတရား ကြည်ညိုယွေ့ ဘုရားသခင်ဟို ကိုးကွယ်သူများ ဖြစ်အယ်။ သူဟ ဆင်းရဲသော ယုဒအမျိုးသားလို့အား ရက်ရောစွာ လှူဒါန်းပင်း ဘုရားသခင်ဆေ အချိန်မန်မန် ဆုတောင်းလေ့ ဆိအယ်။ တနေ့ မွန်းလွဲသုံးနာရီခန့် အချိန်နှိုက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန် တပါးဟ သူ့နားဟို လာယွေ့ “ကော်နေလိ” ဟု ခေါ်တာဟို ရူပါရုံနှိုက် အထင်အဆှား မျော်ရအယ်။
သူဟ ကြောက်လျက် ခေါန်းခင်တမန်ဟို စိုက်ကျေ့ပင်း “ဆရာ၊ ပစာအကျောန်း ဆိသလော” ဟု မေးဆှောက်အယ်။
ခေါန်းခင်တမန်ဟလည်း “နင် ဆုတောင်းခြင်းနဲ့ ရက်ရောမှုဟို ဘုရားသခင် နှစ်သက်သဖြင့် နင့်အား သိမှတ်လေပီ။ အခု ယုပ္ပေမြို့သို့ လူဟို စေလွှတ်ယွေ့ ပေတရုဟု ခေါ်သော ရှိမုန်ဟို ခေါ်ပင့်လော။ သူဟ သားရေ လုပ်သမား ရှိမုန်ရဲ့ နေအိုင်တွင် တည်းခိုလျက် နေပင်း၊ အဲနေအိုင်ဟ ပင်လယ်ကမ်း အနီးတွင် ဆိအယ်” ဟု မိန့်အယ်။ မိမိအားမြွက်ဆိုသော ခေါန်းခင်တမန် ထွက်ခွာသွားသောအခါ ကော်နေလိဟ မိမိရဲ့ အစေခံ နေယောက်နဲ့ မိမိအနီးအပါးတွင် တာဝန် ထမ်းဆောင်နေသော သူလို့အထဲမှ ဘုရားဝတ်နှိုက် မွေ့လျော်သော စစ်သားတယောက်ဟို ခေါ်ကာ၊ အကျောန်း အလုံးစုံဟို ပြောပြပင်း ယုပ္ပေမြို့ဟို စေလွှတ်လေအယ်။
နောက်တနေ့နှိုက် အဲသူလို့ဟ ခရီးပြုကြစဉ် ယုပ္ပေမြို့အနီးဟို ရောက်ကြပင်း၊ မွန်းတည့်ချိန်ခန့်တွင် ပေတရုဟ ဆုတောင်းရန် ထပ်ခိုးပေါ်ဟို တက်လေအယ်။ 10 သူဟ မွတ်သဖြင့် အစားအစာ တခုခုဟို စားချင်အယ်၊ သူအတွက် အစားအစာများ ပြင်ဆင်နေကြခါ သူဟ ဗျာဒိတ်ရူပါရုံဟို မျော်ရလေအယ်။ 11 သူဟ မိုးခေါန်းခင် ဖွင့်ဟလျက် ထောင့်လေးထောင့်မှ ချုပ်ကိုင်ထားသော ရွက်ထည်နဲ့တူလဲ့ အရာတခု မြေကြီးပေါ် ကျလာတာဟို တွေ့ရအယ်။ 12 အဲအရာထဲတွင် မြေနှိုက် ကျင်လည်သော သားမျိုး ခြေလေးချောင်း သတ္တဝါမျိုး၊ တွားတတ်သော သတ္တဝါအမျိုးမျိုးနဲ့ ခေါန်းခင်ငက် အမျိုးမျိုးလို့ဖြင့် ပါဆိအယ်။ 13 အဲပင်းရင် “ပေတရု၊ ထယွေ့ သတ်စားလော” ဟူသော အသံဟို သူကြားရအယ်။
14 အဲလိုလဲ ပေတရုဟ “အဆှင်ဘုရား၊ စလိုနည်းနဲ့မျှ မဖြစ်နိန်ပါ။ ငါဟ မသန့်ဆှင်းသောအရာ အဲဟာမဟုတ်ရင် စုတ်ပဲ့လဲ့အရာဟို ပစာအခါမှ မစားဖူးပါ” ဟု ဆှောက်အယ်။
15 အဲအခါ ဒုတိယအကြိမ် အသံထပ်ထွက်ပေါ်လာယွေ့ “ဘုရားသခင် သန့်စင်အယ် ဟု ဆိုလဲ့အရာဟို နင်ဟ စုတ်ပဲ့အယ်ဟု မဆိုရ” ဟု ဆိုအယ်။ 16 ဟေလို့ သုံးကြိမ်တိတိ ဖြစ်ပျက်ပင်းနောက် ရွက်ထည်နဲ့တူလဲ့အရာဟ ခုတင်ချင်း မိုးခေါန်းခင်ဟို ပြန်လည် ရုပ်သိမ်းခြင်းဟို ခံရလေအယ်။
17 ပေတရုဟ အဲဗျာဒိတ်ရူပါရုံရဲ့ အနက်အဓိပ္ပာယ်ဟို ဆင်ခြင် စဉ်းစားလျက်နေစဉ် ကော်နေလိ စေလွှတ်လိုက်သော လူလို့ဟ ရှိမုန်ရဲ့ နေအိုင်ဟို မေးမြန်းဆှာဖွေယွေ့၊ သူလို့ဟ ထင်ခါးပေါက်ဆေ့တွင် အခု ရပ်လျက်နေကြအယ်။ 18 အဲသူလို့ဟ “ပေတရုခေါ် ရှိမုန်ဟ ဟေအိုင်တွင် တည်းခိုနေသလော” ဟု အော်ယွေ့ မေးမြန်းကြအယ်။
19 ပေတရုဟ ဗျာဒိတ်ရူပါရုံ အကျောန်းဟို စဉ်းစားနေစဉ် ဝိညာဉ်တော်ဟ “လူသုံးယောက်*သုံးယောက်၊ တချို့ လက်ရေးမူကျမ်းများတွင် တချို့၊ ဟူယွေ့ ပါဆိအယ်။ လက်ရေးမူကျမ်းတခုမှာ နှစ်ယောက် ဟူယွေ့ ပါဆိတယ်။လို့ဟ နင့်ဟို ဆာနေကြအယ်။ 20 အဲလိုမို့ ထယွေ့ အောက်ဟို ဆင်းသွားလော။ အကျောန်းမှာ ငါပင် သူလို့ဟို စေလွှတ်လိုက်တာ ဖြစ်ယွေ့ မဆိုင်းမတွဘဲ သူလို့နဲ့အတူ လိုက်သွားလော့” ဟု မိန့်အယ်။ 21 အေးလိုမို့ ပေတရုဟ ဆင်းသွားပင်း “နင်လို့ ဆာနေသောသူမှာ ငါပင် ဖြစ်အယ်။ ပစာအကျောန်းကျောန့် နင်လို့ ရောက်လာကြလုန်း” ဟု မေးအယ်။
22 အဲသူလို့ဟလည်း “တပ်မှူးကောနေလိဟ ငါလို့အား စေလွှတ်အယ်” ဟု ပြန်ဖြေအယ်။ “ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့အား နင့်ဟို မိမိနေအိုင်ဟို ဖိတ်ခေါ်ယွေ့ နင့်ဆေမှ တရားစကားဟို နားထောင်ရန် ပြောခဲ့အယ်။ သူဟ ဖြောင့်မတ်ယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့သောသူ ဖြစ်ပင်း ယုဒလူမျိုးအားလုံးလို့ရဲ့ လေးစားခံရသောသူလည်း ဖြစ်အယ်” ဟု ဆိုကြအယ်။ 23 အဲပင်းရင် ပေတရုဟ အဲသူလို့အား အိုင်ထဲဟို ခေါ်ဖိတ်ယွေ့ အေးညတွင် အိပ်စေအယ်။
နောက်တနေ့နှိုက် သူဟ အေးသူလို့နဲ့အတူ ထွက်ခွာပင်း၊ ယုပ္ပေမြို့မှ ယုံကြည်သူအချို့လို့လည်း သူနဲ့အတူ လိုက်ပါသွားကြအယ်။ 24 နောက်တနေ့နှိုက် သူဟ ကဲသရိမြို့သို့ ရောက်လေအယ်။ ကော်နေလိဟ မိမိဆွေမျိုးသားချင်းများနဲ့ ရင်းနှီးသော မိတ်ဆွေများဟို စုထားလျက် သူလို့အား စောင့်မျှော်လျက် နေကြအယ်။ 25 ပေတရု အိုင်ထဲဝင်လာသောအခါ၊ ကော်နေလိဟ ခရီးဦးကြိုပြုယွေ့ သူရဲ့ ခြေရင်းတွင် ပျပ်ဝပ်လေအယ်။ 26 အဲလိုလဲ ပေတရု သူ့ဟို ထစေအယ်။ သူဟ “ရပ်လော့၊ ငါတတ်တိုင်းလည်း သာမန်လူ ဖြစ်အယ်” ဟု ဆိုအယ်။ 27 ပေတရုဟ ကော်နလိနဲ့အတူ စကားပြောလျက် နေအိုင်ထဲဟို ဝင်သွားသောအခါ၊ လူအမြောက်အများ စုဝေးလျက်ဆိတာဟို တွေ့မျော်ရအယ်။ 28 ပေတရုဟ သူလို့အား “ယုဒအမျိုးသားလို့အတွက် လူမျိုးခြားများဆေ အလည်အပတ်သွားခြင်း အဲဟာမဟုတ်ရင် ပေါင်းဖော်ခြင်းဟ ဘာသာတရားဟ တားမြစ်ထားတာဟို နင်လို့တတ်တိုင်း ကောင်းစွာသိကြအယ်။ အဲလိုလဲ စသူဟိုမျှ စုတ်ပဲ့သောသူ အဲဟာမဟုတ်ရင် မသန့်စင်သူ ဟု မမှတ်ယူရန် ဘုရားသခင်ဟ ငါ့အား ဖော်ပြပီ။ 29 အဲမို့ ငါ့ဟို နင်ခေါ်ဖိတ်သောအခါ ငါဟ မငြင်းဆိုဘဲ လိုက်လာခဲ့အယ်။ ပစာကို့ ငါ့ဟို ခေါ်ဖိတ်ရကျောန်း ပြောကြားပါလော့” ဟု ဆိုအယ်။
30 ကော်နေလိဟ “ကျူးခဲ့သော သုံးရက်ဟ မွန်းလွဲသုံးနာရီနှိုက် ငါဟ အိုင်မှာ ဆုတောင်းလျက်နေအယ်။ဆုတောင်းလျက်နေအယ်၊ တချို့ လက်ရေးမူကျမ်းများတွင် အစာဆှောင်ခြင်းနဲ့ ဆုတောင်းခြင်း၊ ဟူယွေ့ ပါဆိအယ်။ ခုတင်ချင်း တောက်ပြောင်သော အဝတ်ဟို ဝတ်ဆင်ထားသူ လူတယောက်ဟ ငါရဲ့ ဆေ့တွင် ရပ်ယွေ့၊ 31 ‘ကော်နေလိ၊ နင့်ရဲ့ ဆုတောင်းသံဟို ဘုရားသခင် ကြားယွေ့ နင့်ရဲ့ စွန့်ကြဲပေးကမ်းမှုဟိုလည်း သိမှတ်ပီ။ 32 ယုပ္ပေမြို့ဟို လူစေလွှတ်ယွေ့ ရှိမုန် ပေတရုဟု ခေါ်သောသူဟို ခေါ်ပင့်လော့။ သူဟ ပင်လယ်ကမ်းအနီးဆိ သားရေလုပ်သမား ရှိမုန်ရဲ့ နေအိုင်တွင် တည်းခိုလျက် နေအယ်’ ဟု ဆိုအယ်။ 33 အဲမို့ ငါဟ ခုတင်ချင်း နင့်ရဲ့ ဆေဟို လူလွှတ်ခဲ့ပင်း နင်ဟလည်း ကြွရောက်လာသောကျောန့် ကောင်းစွာပြုပီ။ အခု နင့်အားဖြင့် ထာဝရဘုရား မိန့်သမျှသော စကားတော်လို့ဟို ကြားနာရန် ငါလို့ဟ ဘုရားသခင်ရဲ့ ဆေ့တော်မှောက်ဟို ရောက်ဆိနေကြပါပီ” ဟု ပြောဆိုအယ်။
ပေတရုရဲ့ ဟောပြောချက်
34 အဲအခါ ပေတရုဟ “အမန်စင်စစ် ဘုရားသခင်ဟ မျက်နှာကြီးငယ် မထောက်ကျောန်းဟို အခု ငါသိဆိ နားလည်လာအယ်။ 35 အဲလိုလဲ စလို လူမျိုးမဆို ကိုယ်တော်ဟို ကြောက်ရွံ့ယွေ့ တရားသဖြင့် ကျင့်သုံးသူမန်သမျှအား နှစ်သက်လက်ခံအယ်။ 36 ဘုရားသခင်ဟ လူအပေါင်းလို့ရဲ့ အဆှင် သခင်ဖြစ်သော ယေရှု ခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနဲ့ဆိုင်သော သတင်းကောင်းဟို ဟောပြောယွေ့ ဣသရေလအမျိုးသားလို့ဆေ ပေးပို့သော နှုတ်ကပတ်တရားတော်ဟို နင်လို့ သိကြအယ်။ 37 နှစ်ခြင်း တရားဟို ယောဟန် ဟောပြောပင်းနောက် ဂါလိလဲပြေမှ အစပြုယွေ့ ယုဒပြေ တဆှောက်လုံးတွင် ဖြစ်ပျက်ခဲ့လဲ့ အမှုအရာများအကျောန်းဟို လည်းကောင်း၊ 38 ဘုရားသခင်ဟ နာဇရက်မြို့သား ယေရှုဟို သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ တန်ခိုးတော်လို့ဖြင့် စလိုမျိုး ဘိသိက်ပေးခဲ့တာဟို လည်းကောင်း နင်လို့ သိကြအယ်။ ဘုရားသခင်ဟ ကိုယ်တော်နဲ့အတူ ဆိသောကျောန့် ကိုယ်တော်ဟ အရပ်ရပ်ဟို လှည့်လည်ယွေ့ ကောင်းသောအမှုဟို ပြုကာ မာရ်နတ်ရဲ့ တန်ခိုးအောက်နှိုက်မှာ ဆိလဲ့သူအပေါင်းလို့အား လွတ်မြောက်စေခဲ့အယ်။ 39 ငါလို့ဟ ယေရုရှလင်မြို့မှ စယွေ့ ယုဒလူမျိုးများရဲ့ ပြေနှိုက် ကိုယ်တော် လုပ်ဆောင်ခဲ့သမျှသော အရာအားလုံးရဲ့ သက်သေများ ဖြစ်ကြအယ်။ အဲပင်းရင် လူလို့ဟ ကိုယ်တော်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ကြအယ်။ 40 အဲလိုလဲ တတိယနေ့နှိုက် ဘုရားသခင်ဟ ကိုယ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေယွေ့ ကိုယ်ထင်ပြစေအယ်။ 41 အဲလိုလဲ လူအားလုံးဆေနှိုက် မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင် ကြိုတင်ခန့်ထားသော ငါလို့ဆေနှိုက်သာ ကိုယ်ထင်ဆှားပြအယ်။ ကိုယ်တော်ဟ သေသောလူလို့ထဲမှ ထမြောက်ပင်းနောက် ငါလို့ဟ ကိုယ်တော်နဲ့အတူ စားသောက်ခဲ့ကြအယ်။ 42 ကိုယ်တော်ဟ လူလို့အား သတင်းကောင်းဟို ဟောပြောရန်နဲ့ ကိုယ်တော်ဟ အသက်ဆှင်နေသူနဲ့ သေလွန်သူများဟို တရားစီရင်သော သခင်အဖြစ် ဘုရားသခင် ခန့်ထားကျောန်း ဟောပြော သက်သေခံရန် ငါလို့အား ပညတ်ပေးခဲ့အယ်။ 43 အဲအဆှင်နဲ့ ပတ်သက်ယွေ့ ပရောဖက်အားလုံးလို့ဟလည်း ကိုယ်တော်ဟို ယုံကြည်သောသူတိုင်း ကိုယ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ကျေးဇူးဟို ခံစားရအယ်ဟု သက်သေခံကြအယ်” ဟူယွေ့ မြွက်ဆိုလေအယ်။
လူမျိုးခြားလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူရဆိကြခြင်း
44 ဟေတရားစကားဟို ပေတရု စကားပြောနေစဉ်၊ သန့်ဆှင်းသော ဝိညာဉ်တော်ဟ နှုတ်ကပတ်တရားဟို ကြားနာနေကြသော သူအပေါင်းလို့ အပေါ်သို့ ဆင်းသက်အယ်။ 45 ပေတရုနဲ့အတူ လိုက်ပါလာလဲ့ အရေဖျားလှီးထားသော ယုံကြည်သူဆိသမျှလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော်တည်းဟူသော လက်ဆောင်ဟို လူမျိုးခြားလို့ အပေါ်နှိုက်လည်း သွန်းလောင်းလဲ့အတွက် ရမ်းဆာ့ အံ့ဩကြအယ်။ 46 ပစာကို့ သူလို့ဟ အခြားသော ဘာသာစကားများ ပြောလျက် ဘုရားသခင်ဟို ချီးမွန်းကြတာဟို သူလို့ ကြားကြသောကျောန့် ဖြစ်အယ်။ အဲအခါ ပေတရုက၊ 47 “ဟေသူလို့ဟ ငါလို့လိုမျိုး သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူရဆိသောသူများ ဖြစ်ကြအယ်။ အေးလိုမို့ စသူဟ သူလို့ နှစ်ခြင်း ခံယူမှုဟို တားမြစ်နိန်သလော” ဟု ဆိုအယ်။ 48 အဲလိုမို့ သူဟ အေးသူလို့အား ယေရှု ခရစ်တော်ရဲ့ နာမတော်ဟို အမှီပြုယွေ့ နှစ်ခြင်းဟို ခံစေရန် အမိန့်ပေးလေအယ်။ အဲပင်းရင် ပေတရုအား မိမိလို့နဲ့အတူ ရက်အနည်းငယ် နေထိန်ရန် သူလို့ဟ ပြောကြအယ်။

*10:19 သုံးယောက်၊ တချို့ လက်ရေးမူကျမ်းများတွင် တချို့၊ ဟူယွေ့ ပါဆိအယ်။ လက်ရေးမူကျမ်းတခုမှာ နှစ်ယောက် ဟူယွေ့ ပါဆိတယ်။

10:30 ဆုတောင်းလျက်နေအယ်၊ တချို့ လက်ရေးမူကျမ်းများတွင် အစာဆှောင်ခြင်းနဲ့ ဆုတောင်းခြင်း၊ ဟူယွေ့ ပါဆိအယ်။