17
သက်သာလောနိကမြို့တွင် အမှုတော်ဆောင်ခြင်း
ပေါလုနဲ့ သိလလို့ဟ ခရီးဆက်ခဲ့ရာ အံဖိပေါလိမြို့နဲ့ အာပေါလောနိမြို့ဟို ဖြတ်ပင်း သက်သာလောနိကမြို့ဟို လာကြအယ်၊ အေးမြို့မှာ ယုဒတရားဇရပ် ဆိအယ်။ ပေါလုဟ မိမိလို့ စလေ့ဆိလဲ့အတိုင်း အေးတရားဇရပ်ဟို သွားပင်း ဥပုသ်နေ့ သုံးရက်လုံးလုံး သူလို့နဲ့ ကျမ်းစာဟို အမှီပြုလျက် ဆွေးနွေးကာ၊ မေဆှိယဟ ဆင်းရဲဒုက္ခခံပင်း သေခြင်းမှ ဆှင်ပြန်ထမြောက်မယ် ဆိုလဲ့အကျောန်းဟို အထောက်အထားများနဲ့တကွ ဆှင်းပြအယ်။ ပေါလုဟ “ငါဟ နင်လို့ဟို ပြောပြနေလဲ့ ယေရှုဟ မေဆှိယ ဖြစ်အယ်” ဟု ပြောအယ်။ တချို့သောသူလို့ဟ ယုံကြည်ကြသဖြင့် ပေါလုနဲ့ သိလလို့ရဲ့ အဖွဲ့ဟို ဝင်ကြအယ်၊ ဘုရားသခင်ဟို ကိုးကွယ်သူ ဟေလသ လူအမြောက်အမြားနဲ့ ထင်ဆှားသော မိန်းမများလည်း သူလို့အဖွဲ့ဟို ဝင်ကြအယ်။
အဲလိုလဲ ယုဒလူမျိုး အချို့လို့ဟ မနာလိုစိတ်နဲ့ မချမ်းသာသော မုန့်ဖုတ်သမားများဟို လမ်းများမှ လူအုပ်ဟို အတူစုစည်းခဲ့အယ်။ တမြို့လုံးဟို ရုန်းရင်ဆန်ခတ် ဖြစ်ပင်း ယာသုန် နာမယ်ဆိသော သူရဲ့နေအိုင်ဟို တိုက်ခိုက်ပင်း၊ ပေါလုနဲ့ သိလလို့ဟို လူများဆေ့ဟို ဆွဲထုတ်ဖို့ ကြိုးစားယွေ့ ဆှာဖွေကြအယ်။ အဲလိုလဲ သူလို့ဆှာယွေ့ မမျော်ကြသောအခါ ယာသုန်နဲ့ အခြား ယုံကြည်သူတချို့လို့ဟို မြို့အာဏာပိုင်များ ဆေ့ဟို ခေါ်ဆောင်ခဲ့ပင်း “အေးလူတွေဟ နေရာတိုင်းမှာ ဒုက္ခပေးခဲ့ကြပါအယ်၊ သူလို့ဟ ငါလို့ရဲ့ မြို့ဟိုလည်း အခု လာပါပီ၊ ယာသုန်ဟ အေးသူလို့ဟို သူရဲ့နေအိုင်မှာ လက်ခံထားပါအယ်။ သူလို့အားလုံးဟ ယေရှုဆိုလဲ့ နာမယ်ဆိသော တခြားဘုရင်တပါး ဆိအယ်ဟု ပြောဆိုလျက် ကဲသာဘုရင်ရဲ့ ဥပဒေများဟိုလည်း ချိုးဖောက်ကြပါအယ်” ဟု အော်ပြောကြအယ်။ အေးစကားများအားဖြင့် သူလို့ဟ လူအုပ်နဲ့ မြို့အာဏာပိုင်များဟို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့အယ်။ အာဏာဆိသူများဟ ယာသုန်နဲ့ အခြားသူများဟို လွှတ်ပေးရန် လိုအပ်လဲ့ ငွေများဟို ပေးဆောင်စေပင်းနောက် ထွက်သွား ခွင့်ပြုကြအယ်။
ဗေရိမြို့မှာ အမှုဆောင်ခြင်း
10 ညအချိန် ရောက်သောအခါ၊ ယုံကြည်သူလို့ဟ ပေါလုနဲ့ သိလလို့ဟို ဗေရိမြို့ဟို စေလွှတ်ကြအယ်။ သူလို့ရောက်သောအခါ သူလို့ဟ ယုဒတရားဇရပ်ဟို သွားကြအယ်။ 11 သက်သာလောနိတ်မြို့မှာ ဆိလဲ့သူများလို့ထက် ဗေရိမြို့မှာဆိလဲ့ လူများလို့ဟ ပိုပင်း စိတ်ထား မြင့်မြတ်ကြအယ်။ သူလို့ဟ သတင်းစကားဟို ရမ်းဆာ့ စိတ်အားထက်သန်စွာ နားထောင်ပင်း ပေါလု ပြောခဲ့လဲ့စကား မန်အယ် မမန်သိနိန်ရန် ကျမ်းစာဟို နေ့တိုင်း လေ့လာကြအယ်။ 12 ရမ်းဆာ့သော လူများလို့ဟ ယုံကြည်လာကြအယ်၊ ဂုဏ်အသရေဆိ ဟေလသ မိန်းမလို့နဲ့ ယောက်ျားများစွာလို့လည်း ယုံကြည်ကြအယ်။ 13 အဲလိုလဲ ဗေရိမြို့တွင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ပေါလု ဟောပြောလျက် ဆိကျောန်းဟို သက်သာလောနိတ်မြို့မှ ယုဒအမျိုးသားလို့ဟ ကြားသိကြသောအခါ အဲမြို့ဟို လာယွေ့ လူအုပ်လို့အား ဆူပူအောန် လှုံ့ဆော်ပေးကြအယ်။ 14 အေးအခါ ယုံကြည်သူလို့ဟ ပေါလုဟို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှာ ချက်ချင်း လွှတ်လိုက်ကြအယ်၊ အဲလိုလဲ သိလနဲ့ တိမောသေလို့ဟ ဗေရိမြို့တွင် နေခဲ့ကြအယ်။ 15 ပေါလုဟို လိုက်ပို့ကြသော သူလို့ဟ သူနဲ့ အာသင်မြို့အထိ လိုက်ပို့ပင်းမှ၊ သိလနဲ့ တိမောသေလို့ အမြန်ဆုံး လိုက်လာစေရန် ညွှန်ကြားချက် ရပင်း ဗေရိမြို့ဟို ပြန်သွားကြအယ်။
အာသင်မြို့တွင် အမှုတော်ဆောင်ခြင်း
16 ပေါလုဟ အာသင်မြို့တွင် သိလနဲ့ တိမောသေလို့ဟို စောင့်နေချိန်နှိုက် အေးမြို့တွင် ရုပ်တုများနဲ့ ပြေ့နေတာဟို မျော်သဖြင့် ရမ်းဆာ့ စိတ်ပျက်ကြအယ်။ 17 အေးကျောန့် တရားဇရပ်တွင် ယုဒအမျိုးသားများ၊ ဘုရားသခင်ဟို ကိုးကွယ်သော တပါးအမျိုးသားနဲ့ လည်းကောင်း၊ နေ့စဉ်နေ့တိုင်း အများနဲ့ဆိုင်သော နေရာ လာရောက်ကြသူများနဲ့ လည်းကောင်း ဆွေးနွေးအယ်။ 18 ဧပိကုရုနဲ့ သတောအိတ် ဆရာလို့ဟလည်း သူလို့နဲ့ ဆွေးနွေး ငြင်းခုန်ကြအယ်။ တချို့ဟ “ဟေစကားအိုးဟ ပစာအရာဟို ပြောဆိုနေလုန်း” ဟု ပြောကြအယ်။
တခြားသူများဟ “သူလို့ဟ လူမျိုးခြားလို့ရဲ့ နတ်ဘုရားများ အကျောန်းဟို ပြောဆိုနေအယ်” ဟု ဖြေအယ်။ သူလို့အေးလို့ ပစာကျောန့် ပြောဆိုလဲဆိုရင် ပေါလုဟ ယေရှုအကျောန်းနဲ့ ဆှင်ပြန်ထမြောက်ခြင်း*ယေရှုအကျောန်းနဲ့ ဆှင်ပြန်ထမြောက်ခြင်း၊ ဟေလသစကားမှာ “ဆှင်ပြန်ထမြောက်ခြင်း” ဣတ္တိလိင်နာမ်ဟို နတ်ဘုရားမတပါးရဲ့ နာမယ်လို့ နားလည်နိန်အယ်။ အကျောန်း သတင်းကောင်းဟို ဟောသောကျောန့် ဖြစ်အယ်။ 19 အေးကျောန့် သူလို့ဟ ပေါလုဟို အာရေတောင်မြို့ တရားရုံးဟို ခေါ်ဆောင်သွားပင်း၊ “နင် သင်ကြားမှု အသစ်အကျောန်းဟ နင်ပြောလဲ့အကျောန်းဟို ငါလို့ သိပါရစေလို့ ပြောအယ်။ 20 နင်လို့ ဟောပြောသော အကျောန်းအရာ အချို့လို့မှာ ငါလို့အတွက် အစိမ်းသက်သက် ဖြစ်နေပါအယ်၊ အေးနေရာများရဲ့ ဆိုလိုရင်းဟို ငါလို့ သိချင်ပါအယ်” ဟု ဆိုကြအယ်။ ( 21 အာသင်မြို့သားများနဲ့ အေးတွင် နေထိန်သော ဧည့်သည်များ အားလုံးအတွက် နောက်ဆုံးပေါ် အရာအားလုံးဟို ပြောပြရန်နဲ့ ကြားနာခြင်းအားဖြင့် အချိန်ဟို ကုန်လွန်စေတတ်ကြအယ်။)
22 ပေါလုဟ အာရေတောင် တရားရုံးဆေ့တွင် ရပ်ယွေ့ “အာသင်မြို့သားလို့ နင်လို့ဟ ရမ်းဆာ့ ဘာသာရေးဟို ရိုသေတတ်ကြတာဟို ငါ မျော်အယ်။ 23 ငါဟ နင်လို့မြို့ဟို လှည့်ပင်း ဘုရားဝတ်ပြုရာ နေရာဟို ကျေ့ခဲ့စဉ် ‘ငါလို့ မသိသော ဘုရားအဖို့’ ဟူယွေ့ ရေးသားထားသော ယဇ်ပလ္လင်တခုဟို ငါ မျော်ခဲ့အယ်၊ အေးလို့ နင်လို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ဘုရားရဲ့အကျောန်းဟို နင်လို့အား ငါ အခု ဟောပြောအယ်။ 24 တ ၇.၄၈လောကကြီးနဲ့တကွ အရာအားလုံးဟို ပြုလုပ်သော ဘုရားသခင်ဟ ခေါန်းခင်နဲ့ မြေကြီးဟို အစိုးရသော အဆှင်ဖြစ်ယွေ့ လူလက်များနဲ့ ဆောက်လုပ်လဲ့ ဗိမာန်တော်နှိုက် ကျိန်းဝပ်တော်မမူ။ 25 ကိုယ်တော်ဟ အသက်နဲ့တကွ ထွက်သက်ဝင်သက်နဲ့ အရာခပ်သိမ်းလို့ဟို လူအပေါင်းလို့အား ပေးသနားသောသူ ဖြစ်ယွေ့ တစုံတခုဟို လိုအပ်သည့်အလား လူ့လက်ဖြင့် ပြုစုခြင်းဟို ခံတာ မဟုတ်။ 26 ကိုယ်တော်ဟ လူတဦးတည်းမှ လူမျိုးအားလုံးဟို ဖန်ဆင်းယွေ့ ကမ္ဘာမြေပြင်အနှံ့တွင် နေထိန်စေကာ အချိန်ကာလများနဲ့ သူလို့နေထိန်ရာ နယ်နိမိတ်များဟို ကြိုတင်ချမတ် ပေးအယ်။ 27 အေးလိုပြုခြင်းမှာ သူလို့ဟ ကိုယ်တော်ဟို ဆှာတွေ့ရန် ဖြစ်အယ်၊ သူလို့ဟ ကိုယ်တော်ဟို သူလို့အဖို့ ပတ်ပတ်လည်ဆှာကြအယ်၊ ဘုရားသခင်ဟ ငါလို့တွင် စသူနဲ့မျှ ဝေးတာ မဟုတ်။ 28 တစုံတယောက်ဟ ပြောခဲ့သလိုမျိုး
“ ‘ငါလို့ဟ သူ့အားဖြင့် အသက်ဆှင် တည်ဆိလျက် ဆိကြအယ်။’
နင်လို့ရဲ့ ကဗျာဆရာ တချို့ဟ
‘ငါလို့ဟလည်း သူရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်’ ဟု စပ်ဆိုအယ်။
29 ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့များ ဖြစ်လဲ့အတွက်ကျောန့် ဘုရားသခင်ဟ လူလို့ရဲ့ စိတ်ကူးနဲ့ အနုပညာစွမ်းရည်နဲ့ ထုလုပ်ထားလဲ့ ဆွေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုလို့နဲ့ တူတယ်ဆိုတာဟို မထင်မမှတ်ရ။ 30 ဘုရားသခင်ဟ လူလို့ မသိလဲ့အချိန်များဟို မမှတ်ထားဖူးခဲ့သော်လည်း၊ အခုအခါနှိုက် နေရာတိုင်းဆိ လူအပေါင်းလို့အား နောင်တရကြရန် အမိန့်ပေးအယ်။ 31 အကျောန်းမှာ ရွေးချယ်သောသူအားဖြင့် လောကသားလို့ဟို မန်ကန်စွာ တရားစီရင်မဲ့ နေ့ရက်ဟို သတ်မှတ်ပီးသောကျောန့် ဖြစ်အယ်။ အေးသူဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသောအားဖြင့် လူအားလုံးလို့အား သက်သေပြပီ” ဟု ဟောလေအယ်။
32 သေခြင်းမှ ဆှင်ပြန်ထမြောက်မဲ့အကျောန်း ပေါလု ပြောတာဟို သူလို့ကြားသောအခါ၊ တချို့သောသူလို့ဟ သူဟို ပြောင်ကြသော်လည်း တချို့ဟ “နင်ပြောလဲ့ အကျောန်းဟို နောက်တခါ ငါလို့ ပြန်ကြားလိုအယ်” ဟု ပြောကြအယ်။ 33 အေးလို့ကျောန့် ပေါလုဟ အစည်းအဝေးမှ ထွက်လာအယ်။ 34 လူတချို့ဟ ပေါလုရဲ့ နောက်လိုက်များ ဖြစ်လာပင်း ယုံကြည်ကြအယ်။ အေးသူလို့ အများထဲမှ ဒယောနုသိ နာမယ်ဆိလဲ့ အာရေတောင် အဖွဲ့ဝင်တဦး၊ ဒမာရိ နာမယ်ဆိလဲ့ မိန်းမတဦးအပြင် တခြားသူအချို့လို့ ပါဝင်ကြအယ်။

*17:18 ယေရှုအကျောန်းနဲ့ ဆှင်ပြန်ထမြောက်ခြင်း၊ ဟေလသစကားမှာ “ဆှင်ပြန်ထမြောက်ခြင်း” ဣတ္တိလိင်နာမ်ဟို နတ်ဘုရားမတပါးရဲ့ နာမယ်လို့ နားလည်နိန်အယ်။

17:24 တ ၇.၄၈