ကောလောသဲ
ကောလောသဲ ယုံကြည်သူများဟို ပေါလုရဲ့ပေးစာ
နိဒါန်း
ကောလောသဲမြို့ ယုံကြည်သူများဟို ပေါလုရဲ့ ပေးစာ အား တမန်တော် ပေါလုဟ ရေးသားခဲ့အယ် (၁.၁)။ သူဟ ခရစ်တော် မွေးဖွားပင်းနောက် ၆၀ ခုနှစ်ခန့်တွင် ရောမမြို့နှိုက် ထောင်ကျနေခါ စာရေးခဲ့အယ်။ ကောလောသဲ၊ ဧဖက်နဲ့ ဖိလေမုန်လို့နဲ့အတူ ပေါလုဟ ထောင်ကျနေကတည်းဟ ၎င်းလို့ဟို ထောင်တွင်းစာများဟု ခေါ်တွင်အယ်။ သူဟ ကောလောသဲမြို့ဆိ အသင်းတော်သို့ ဟေစာဟို ရေးသားခဲ့အယ်။ ပေါလုဟ ၂.၁ တွင် ဖော်ပြထားလဲ့အတိုင်း ကောလောသဲမြို့တွင် အသင်းတော် မစတင် သေးပေမဲ့ အဲဒါအတွက် တာဝန်ဆိအယ်လို့ ခံစားရအယ်။ ဧပဖရက်စ်ဟ ကောလောသဲမှစယွေ့ အသင်းတော်ဟို တည်ထောင်ခဲ့ခြင်း ဖြစ်နိန်အယ်။
ကောလောသဲ အသင်းတော်ဆိ မားယွင်းသော သွန်သင်ချက် အချို့ကျောန့် ပေါလုဟ စိုးရိမ်ပူပန်ခဲ့အယ်။ သူသည် ၎င်းအကျောန်းရာဟို စာတွေ ရေးရန် အချိန်အများကြီး ပေးခဲ့အယ်။ အထူးသဖြင့် ဓမ္မဟောင်းထဲဟ ယုဒလူမျိုး ဥပဒေတွေဟို လိုက်နာဖို့ တခြား ခရစ်ယာန်တွေဟို အတင်းအကြပ် တွန်းအားပေးနေလဲ့ ယုဒခရစ်ယာန်တစု ဆိနိန်အယ်။ ပေါလုဟ ဘုရားသခင် လက်ခံနိန်စေရန်အတွက် ခရစ်ယာန်များဟ ခရစ်တော်မှ လွဲယွေ့ အခြားစသူမျှ မလိုအပ်ဘဲ (ကောလောသဲ ၁.၁၅–၂၀) နဲ့ လူ့ဆင်ခြင်တုံတရားဟို အခြေခံလဲ့ သွန်သင်ချက်များဟ အသုံးမဝင်ကျောန်း ပေါလုဟ အထူးရေးသားခဲ့အယ် (၂.၈)။
အကျောန်းအရာ အကျဉ်းချုပ်
၁။ ပေါလုဟ ကောလောသဲဆိ အသင်းတော်အား နှုတ်ဆက်ခြင်းဖြင့် ပေးစာဟို စတင်အယ် (၁.၁–၂)
၂။ အဲနောက်၊ သူဟ အထူးသဖြင့် ကောလောသဲဆိ မားယွင်းသော သွန်သင်ချက်ဟို ပြန်လည်ဖော်ပြရာတွင် ခရစ်တော်ရဲ့ ကြီးမြတ်ခြင်းအကျောန်းဟို ရေးအယ် (၁.၃—၃.၄)
၃။ ပေါလုရဲ့ ရမ်းဆာ့ ပေးစာများလိုမျိုးပင် သူဟ စာရဲ့ နောက်ဆုံးတဝက်ဟို ခရစ်ယာန်ကောင်းများ နေ့စဉ်အသက်တာအတွက် သီးခြား ညွှန်ကြားချက် အချို့ဟို ဖော်ပြအယ် (၃.၅—၄.၆)
၄။ ပေါလုဟ အခြား အသင်းတော်များတွင် ရွတ်ဆိုရမဲ့ စာဟို နှုတ်ခွန်းဆက်စကားနဲ့ ညွှန်ကြားချက်များဖြင့် အပီးသတ်အယ် (၄.၇–၁၈)
1
1 ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုနဲ့ ငါ့ညီ တိမောသေဆေမှ —
2 ကောလောသဲမြို့ဆိ ဘုရားသခင်ရဲ့ လူများဖြစ်သော ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် သစ္စာဆိသူ ညီအကို မောင်နှမလို့ဆေမှ စာရေးလိုက်အယ်၊
ငါလို့ အဖ ဘုရားသခင်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟို နင်လို့နှိုက် ဆိပါစေသော။
ကျေးဇူးတော် ချီးမွန်းခြင်း
3 ငါလို့ဟ နင်လို့အတွက် အစဉ်အမြဲ ဆုတောင်းလျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော်တည်းဟူသော ဘုရားသခင်ဟို ကျေးဇူးတင်ကြအယ်။ 4 အကျောန်းမှာ ခရစ်တော် ယေရှုအပေါ်နှိုက် ဆိသော နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ လူအားလုံးလို့အပေါ် နင်လို့ထားဆိလဲ့ ချစ်ခြင်းမေတ္တာကျောန်းဟို ငါလို့ ကြားရသောကျောန့် ဖြစ်အယ်။ 5 သမ္မာတရားဟူသော သတင်းကောင်းဟို နင်လို့ ပထမအကြိမ် ကြားရသောအခါ မျော်လင့်ရာအကျောန်းဟို နင်လို့ ကြားရကြအယ်။ အဲလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟ ခေါန်းခင်ဘုံနှိုက် နင်လို့အဖို့ လုံခြုံစွာထားလဲ့ မျော်လင့်ရာအပေါ်မှာ မူတည်လျက်နေအယ်။ 6 နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။ 7 ကော ၄.၁၂; ဖိလေ ၂၃ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို နင်လို့အား သင်ကြားပေးသူမှာ ငါလို့နဲ့အတူ ခရစ်တော်ရဲ့ အမှုဟိုဆောင်ရွက်နေသူ ငါလို့ချစ်သော ဧပဖြ ဖြစ်အယ်။ သူဟ ငါလို့*ငါလို့၊ အချို့ လက်ရေးမူကျမ်းများတွင် နင်လို့၊ ဟု ပါဆိအယ်။ရဲ့ ကိုယ်စား သစ္စာဆိသော ခရစ်တော်ရဲ့ အမှုတော်ဟို ဆောင်သောသူဖြစ်အယ်။ 8 ဝိညာဉ်တော်အားဖြင့် ရဆိသော နင်လို့ရဲ့ မေတ္တာအကျောန်းဟို ငါလို့အား သူပြောပြအယ်။
9 အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။ 10 အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။ 11-12 နင်လို့ဟ အရာခပ်သိမ်းဟို စိတ်ဆှည်စွာ သည်းခံနိန်စေရန် ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်မှ ရဆိလဲ့ စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိန်ကြပါစေသော။ အဲမှ အလင်း နိုင်ငံတော်တွင် ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ထားလဲ့ ကောင်းချီးမင်္ဂလာများဟို နင်လို့အား ခံစားထိုက်သူများဖြစ်သော ခမည်းတော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ဝမ်းမြောက်စွာ ချီးမွန်းနိန်ကြပါစေသော။ 13 ကိုယ်တော်ဟ ငါလို့အား မိုက်ရဲ့ တန်ခိုးမှ ကယ်တင်ယွေ့ မိမိချစ်သော သားတော်ရဲ့ နိုင်ငံတော်ထဲသို့ ခေါ်သွင်းအယ်၊ 14 ဧ ၁.၇ဘုရားသခင်ဟ အဲသားတော်အားဖြင့် ငါလို့ဟို ရွေးနုတ်ပီ။ အဲနည်းအားဖြင့် ငါလို့ရဲ့ အပစ်များဟို ဖြေလွှတ်ပီ။
ခရစ်တော်ရဲ့ လူသားဖြစ်ခြင်းနဲ့ အမှုတော်
15 ခရစ်တော်ဟ မျက်စေ့ဖြင့် မမျော်နိန်သော ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော် ဖြစ်အယ်။ ကိုယ်တော်ဟ ဖန်ဆင်းသော အရာအားလုံးလို့တွင် သားဦး ဖြစ်အယ်။ 16 အကျောန်းမှာ ခေါန်းခင်ဘုံနှိုက် လည်းကောင်း၊ မြေကြီးပေါ်နှိုက် လည်းကောင်း ဆိသမျှသော မျော်ရလဲ့အရာနဲ့ မမျော်ရလဲ့အရာများ၊ ရာဇပလ္လင်များ ဖြစ်စေ၊ အစိုးရခြင်း ဖြစ်စေ၊ အုပ်ချုပ်မှု ဖြစ်စေ၊ အာဏာစက် ဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်း ခံရအယ်။ ခပ်သိမ်းသောအရာလို့ဟ သားတော်အားဖြင့် လည်းကောင်း၊ သားတော်အတွက် လည်းကောင်း ဖန်ဆင်းခြင်း ခံရအယ်။ 17 ခရစ်တော်ဟ ခပ်သိမ်းသောအရာလို့ မတည်မဆိခင် ဖြစ်ယွေ့၊ ခပ်သိမ်းသောအရာလို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအားဖြင့် စနစ်တကျတည်လျက် ဆိအယ်။ 18 ဧ ၁.၂၂,၂၃ကိုယ်တော်ဟ အသင်းတော် တည်းဟူသော ကိုယ်ခန္ဓာရဲ့ ဦးခေါင်း ဖြစ်ယွေ့ ကိုယ်တော်ဟ သူ့ကိုယ်ခန္ဓာ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်။ အဲသူဟ အရာခပ်သိမ်းလို့နှိုက် ပထမနေရာဟို ရနိန်စေရန်အတွက် သေခြင်းမှ ထမြောက်စေသော သားဦး ဖြစ်အယ်။ 19 အကျောန်းမှာ ဘုရားသခင်ရဲ့ အလိုတော်အရ သားတော်ဟ ဘုရားဇာတိဟို အပြေ့ဝ ခံယူအယ်။ 20 ဧ ၂.၁၆ဘုရားသခင်ဟ သားတော်အားဖြင့် စကြာဝဠာတခုလုံးဟို မိမိဆေ ပြန်လာစေရန် ဆုံးဖြတ်ထားအယ်။ လက်ဝါးကပ်တိုင်ပေါ်နှိုက် သွန်းသော သားတော်ရဲ့ အသွေး†သားတော်ရဲ့ အသွေး၊ အဲဟာမဟုတ်ရင် သားတော်ရဲ့ ယဇ်ပူဇော်ခြင်း အသေခံခြင်း။အားဖြင့် ရန်ဟို ငြိမ်းစေယွေ့ အဲတိုင်းတိုင်းဖြင့် မြေကြီးနဲ့ ခေါန်းခင်တွင် ဆိသမျှသောအရာလို့အား မိမိနဲ့ ပြန်လည်သင့်မြတ်စေရန် အလိုဆိအယ်။
21 မခင်ဟ နင်လို့ရဲ့ ဆိုးညစ်သောအပြုအမူနဲ့ အတွေးခေါ်များဟို ပြုခြင်းအားဖြင့် ဘုရားသခင်နဲ့ ကင်းကွာလျက် ရန်သူ ဖြစ်ကြအယ်။ 22 အဲလိုလဲ အခု ဘုရားသခင်ဟ လူ့ဇာတိဟို ခံယူသော သားတော်အား အသေခံစေသောအားဖြင့် နင်လို့အား မိမိနဲ့ ပြန်လည်သင့်မြတ်ခွင့်ဟို ပေးလေပီ၊ ဟေသို့ ပြုခြင်းမှာ နင်လို့ဟ သန့်ဆှင်း၊ ဖြူစင်၊ မြင့်မြတ်လျက် အပစ်ဆိုဖွယ် မဆိဘဲ ဆေ့မှောက်သို့ ဝင်ရောက်နိန်ကြရန် ဖြစ်အယ်။ 23 အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
အသင်းတော်ရဲ့ အစေခံဖြစ်သူ ပေါလုရဲ့ အမှုတော်ဆောင်ခြင်း
24 ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။ 25 နင်လို့ရဲ့ အကျိုးအတွက် ဘုရားသခင်ဟ ငါ့အား အသင်းတော်ရဲ့ အမှုတော်ဆောင်အဖြစ် ခန့်ထားအယ်၊ ငါ့အား ပေးသောတာဝန်မှာ နှုတ်ကပတ်တရားဟို အကုန်စင် ဟောပြောရန် ဖြစ်အယ်၊ 26 ကိုယ်တော်ဟ နက်နဲရာဟို ကမ္ဘာမြေပေါ်ဆိ လူသားအပေါင်းလို့အား ဆေ့ကာလများမှ စယွေ့ ခေတ်ကာလများတွင် သိခွင့် မပေးခဲ့သော်လည်း အခုအခါ မိမိရဲ့ လူလို့အား ဖော်ပြလေပီ။ 27 ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။ 28 အဲလိုမို့ ငါလို့ဟ လူအပေါင်းလို့အား ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်။ လူတိုင်းအား ရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်သို့ ရောက်ဆိရန် ပို့ဆောင်နိန်ခြင်းငှာ ငါလို့ဟ ဉာဏ်ပညာဆိသမျှဖြင့် လူတိုင်းဟို သတိပေး သွန်သင်ကြအယ်။ 29 ဟေအရာပီးမြောက်ရန် ငါဟ ခရစ်တော်ပေးသော တန်ခိုးနဲ့ ငါ့ရဲ့ အတွင်းနှိုက်ဆိသော အလုပ်ဖြစ်လဲ့ အားကြီးသော ခွန်အားဟို အသုံးပြုယွေ့ ကြိုးကြိုးစားစား ရုန်းကန်နေအယ်။