ဗျာဒိတ်
ယောဟန်ဟို ဖွင့်ပြသော ဗျာဒိတ်
နိဒါန်း
ယောဟန်ဟို ဖွင့်ပြသော ဗျာဒိတ်ဟ ဓမ္မသစ်ကျမ်းရဲ့ နောက်ဆုံး ပအုပ် ဖြစ်အယ်။ ခရစ်တော် မွေးဖွားပင်း ၉၅ ခုနှစ်ခန့်တွင် တမန်တော် ယောဟန်ဟ (၁.၁) ရေးသားခဲ့အယ်။ သူဟ ယောဟန်ပြုစုလဲ့ သတင်းကောင်းပအုပ်နဲ့ စာစောင် သုံးစောင်ဖြစ်သော ၁ ယော၊ ၂ ယောနဲ့ ၃ ယောလို့ဟိုလည်း ရေးသားခဲ့အယ်။ ယောဟန်ဟို “ယေရှု ချစ်သောသူ” (ယော ၁၃.၂၃) ဟုလည်း သိကြအယ်။ ယေရှု ခရစ်တော်ရဲ့ သတင်းကောင်းဟို ဟောပြောယွေ့ အဲနေရာမှ ပြေနှင်ဒဏ် ခံခဲ့ရသောကျောန့် ပတ်မုကျွန်းတွင် ဆိစဉ် ဗျာဒိတ်ကျမ်းဟို ရေးခဲ့အယ် (၁.၉)။
ဗျာဒိတ်တော်ဟို ရေးသားရာတွင် ယောဟန်ရဲ့ ရည်ရွယ်ချက်မှာ စာဖတ်သူလို့အား ယေရှု ပြန်ကြွလာချိန် နီးပီဖြစ်သောကျောန့် ယေရှု ခရစ်အပေါ်နှိုက် မျော်လင့်ခြင်းနဲ့ သစ္စာဆိရန်အတွက် တိုက်တွန်း (၁.၃; ၂၂.၇) ထားအယ်။ ယေဘုယျအားဖြင့် ခရစ်ယာန်အားလုံးနဲ့ အခန်းကြီး ၂—၃ တွင် အသင်းတော် ခုနေပါးဆေဟို သီးသန့် ရေးသားခဲ့အယ်။ ယောဟန်ဟ သူရဲ့ ကိုယ်ပိုင်ရေးသားမှုဟို ပရောဖက်ပြုချက် (၁.၃) အဖြစ် တံဆိပ်တပ်ပင်း သူမျော်သောအရာများဟို ဖော်ပြရန် ပအုပ်တအုပ်လုံးတွင် ရမ်းဆာ့ ပုံဆောင်ချက်များဟို အသုံးပြုထားအယ်။ ဟေပအုပ်ဟ ဓမ္မဟောင်းကျမ်းရဲ့ အပိုင်းအချို့၊ အထူးသဖြင့် ဇာခရိ ၆.၁–၈ နဲ့ ဆင်တူအယ်။ တံပိုးခုနေလုံးနဲ့ ဖလားခုနေလုံးလို့ဟ အဲဂုတ္တုပြေဟို စစ်ကြောရန် ဘုရားသခင် စေလွှတ်သော ဘေးဒဏ်များနဲ့ ရမ်းဆာ့ ဆင်တူအယ် (ထွက်မြောက်ရာ ၇—၉)။ ဗျာဒိတ်ကျမ်း တွင် နောက်ဆုံးသောကာလ အကျောန်း၊ ယေရှု အောန်ပွဲခံမယ် ဖြစ်ကျောန်း၊ ကိုယ်တော်ဟို ယုံကြည်သူအပေါင်းလို့ဟ ကိုယ်တော်နဲ့အတူ ထာဝစဉ် အသက်ဆှင်ကြမယ် ဖြစ်ကျောန်း ဖော်ပြထားအယ်။ ဟေပအုပ်ဟ နင်လို့ဟို သတိပေးထားပင်း မကြာခင် ယေရှု ပြန်ကြွလာမဲ့အကျောန်း ဟို မျော်လင့်ချက်ပေးပါစေ။
အကျောန်းအရာ အကျဉ်းချုပ်
၁။ ယောဟန်ဟ သူစသူဖြစ်တာနဲ့ ဟေပရောဖက်ပြုချက်ဆိုင်ရာ ရူပါရုံဟို သူစလို လက်ခံရဆိကျောန်း ပြောဆိုခြင်းဖြင့် စတင်အယ် (၁.၁—၁.၂၀)
၂။ ယေရှုဆေမှ အသင်းတော် ခုနေပါးဆေ တိုက်ရိုက် သတင်းစကား ပေးအယ် (၁.၁—၃.၂၂)
၃။ အဲပင်းရင်၊ သူဟ တံဆိပ်ခုနေခုနဲ့ တံပိုးခုနေခုဟို ဖော်ပြအယ် (၈.၆—၁၁.၁၉)
၄။ အဲပင်းနောက်၊ ယောဟန်ဟ ခေါင်းခုနေလုံးဆိသော နဂါးဟို တိုက်ခိုက်ခဲ့သော အောင်နီငယ်အား ဖော်ပြအယ် (၁၂.၁—၁၄.၂၀)
၅။ အဲပင်းရင်၊ သူဟ အမျက်တော်ဖလား ခုနေလုံးအကျောန်း ရေးလေအယ် (၁၅.၁—၁၆.၁၈)
၆။ အဲပင်းနောက်၊ ယောဟန်ဟ ခေါန်းခင်မှာ ရန်သူများအား ဘုရားသခင် စလို အနိန်ယူပုံဟို ဖော်ပြအယ် (၁၇.၁—၂၀.၁၅)
၇။ နောက်ဆုံးတွင်၊ သူဟ အဆုံးနှိုက် ပေါ်လာမဲ့ ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို ဖော်ပြထားအယ် (၂၁.၁—၂၂.၂၁)
1
ဟေဟာဟ ယေရှု ခရစ်တော်ရဲ့ ဗျာဒိတ်တော် ဖြစ်အယ်။ ဟေဗျာဒိတ်တော်ဟ မကြာမီအတွင်း ဖြစ်ပျက်ရမဲ့အရာများဟို မိမိရဲ့ အစေခံလို့အား ပြသရန် ခရစ်တော်နှိုက် ဘုရားသခင် ပေးအပ်သောအရာ ဖြစ်အယ်။ ခရစ်တော်ဟ မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်ယွေ့ မိမိအစေခံ ယောဟန်အား ဟေဗျာဒိတ်တော် အရိပ်အယောင်ဟို ဖော်ပြအယ်။ ယောဟန်ဟလည်း သူတွေ့မျော်သမျှသော ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှု ခရစ်တော်နဲ့ဆိုင်လဲ့ သက်သေခံချက်လို့ဟို သက်သေခံလေအယ်။ အချိန်နီးကပ်ပီ ဖြစ်ယွေ့ ဟေပရောဖက်ပြု ဟောပြောသောစကားဟို ဖတ်ကြားသောသူနဲ့ ဟေစကားဟို ကြားနာယွေ့ ၎င်းတွင် ရေးထားသောအရာများဟို လိုက်နာ စောင့်ထိန်းသောသူလို့ဟ မင်္ဂလာဆိကြအယ်။
အသင်းတော် ခုနေပါးဟို နှုတ်ခွန်းဆက်သခြင်း
ဗျာ ၄.၅ငါ ယောဟန်ဟ၊
အာရှိပြေဆိ အသင်းတော် ခုနေပါးဆေဟို စာရေးလိုက်အယ်။
အခု ဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အဆှင်ဆေမှ လည်းကောင်း၊ ပလ္လင်တော်ဆေ့နှိုက် ဆိသော ဝိညာဉ် ခုနေပါးဆေမှ လည်းကောင်း၊ သစ္စာဆိသော သက်သေ၊ သေသောသူလို့ထဲမှ ဦးရင် ဖွားမျော်လာသူ၊ ကမ္ဘာမြေကြီးရဲ့ ဆှင်ဘုရင်လို့ဟို အုပ်ချုပ်သူ ဖြစ်သော ယေရှု ခရစ်တော်ဆေမှ လည်းကောင်း ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေ။
 
ငါလို့ဟို ချစ်ယွေ့ မိမိရဲ့ အသွေးတော်အားဖြင့် ငါလို့ အပစ်များမှ ဖြေလွှတ်ကာ ဗျာ ၅.၁၀မိမိ ခမည်းတော် ဘုရားသခင်ဆေ့နှိုက် ငါလို့ဟို ဆှင်ဘုရင်အရာနှိုက် လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာနှိုက် လည်းကောင်း၊ ခန့်ထားသော ယေရှု ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ တန်ခိုးအာနုဘော် ဆိစေသတည်း။ အာမင်။
မ ၂၄.၃၀; မာ ၁၃.၂၆; လု ၂၁.၂၇; ၁ သက် ၄.၁၇; ယော ၁၉.၃၄,၃၇; မ ၂၄.၃၀ကျေ့လော့။ ကိုယ်တော်ဟ မိုးချေးသားများဖြင့် ကြွလာအယ်။
အဲအခါ ကိုယ်တော်ဟို ထိုးဖောက်ခဲ့သူလို့မှ စယွေ့ လူအပေါင်းလို့ဟ
မိမိလို့ မျက်စေ့ဖြင့် ကိုယ်တော်ဟို တွေ့မျော်ရကြလိမ့်မယ်
ကမ္ဘာမြေကြီးပေါ်ဆိ လူမျိုးနွယ်စုအားလုံးဟ ကိုယ်တော်ကျောန့် ရင်ဘတ်စည်တီးလျက် မြည်တမ်းကြလိမ့်မယ်။
အာမင်။
ဗျာ ၂၂.၁၃“ငါဟ အာလဖ ဖြစ်အယ်။ ဩမေဃလည်း ဖြစ်အယ်” ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ဆိသော ထာဝရ အဆှင် ဘုရားသခင် မိန့်အယ်။
ခရစ်တော်အား ရူပါရုံမျော်ခြင်း
ယေရှုနှိုက် ဆင်းရဲဒုက္ခဟို လည်းကောင်း၊ နိုင်ငံတော်ဟို လည်းကောင်း၊ သည်းခံခြင်းဟို လည်းကောင်း နင်လို့နဲ့အတူ မျှဝေခံစားသူဖြစ်သော နင်လို့ရဲ့ ညီအကို ငါ ယောဟန်ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှုနဲ့ဆိုင်သော သက်သေခံချက်လို့ကျောန့် ပတ်မုဟုခေါ်သော ကျွန်းတွင် ရောက်နေအယ်။ 10 သခင်ဘုရားရဲ့ နေ့တွင် ငါဟ ဝိညာဉ်တော်နှိုက် ဆိစဉ် တံပိုးခရာသံလိုမျိုး ကျယ်လောင်သော အသံဟို ငါ့နောက်နှိုက် ကြားရအယ်။ 11 အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။
12 အဲအခါ ငါဟ ငါ့အား မြွတ်ဆိုသော အသံပိုင်ဆှင်ဟို တွေ့မျော်ရန် ဝေ့ကျေ့လိုက်အယ်။ အဲလို ဝေ့ကျေ့လိုက်ရာ ဆွေမီးခုံ ခုနေခုနဲ့၊ 13 အဲဆွေမီးခုံများ အလယ်နှိုက် ခြေဖျားတိုင်အောန် ရောက်သော ဝတ်ရုံဟို ဝတ်ဆင်လျက် ရင်ဘတ်နှိုက် ဆွေရင်စည်းဟို စဲထားလဲ့ လူသားနဲ့တူသော သူတဦးဟို ငါ မျော်ရအယ်။ 14 အဲသူရဲ့ ဦးခေါင်းနဲ့ ဆံပင်လို့ဟ ဖြူသော သိုးမွေးလို လည်းကောင်း၊ နှင်းပွင့်လို လည်းကောင်း ဖြူယွေ့ သူရဲ့ မျက်စေ့လို့ဟ မီးလျှံလို ဖြစ်ကြအယ်။ 15 သူရဲ့ ခြေလို့ဟ မီးဖိုတွင် ဖိုထိုးထားလဲ့ တောက်ပသော ကြေးဝါနဲ့ တူအယ်။ သူရဲ့ အသံမှာ ယေတံခွန်ကြီးရဲ့ အသံနဲ့ တူအယ်။ 16 သူဟ လက်ယာလက်ဖြင့် ကြယ်ခုနေလုံးဟို ကိုင်ယွေ့ ထားအယ်။ သူရဲ့ ခံတွင်းမှ အသွားနေဖက်ပါလဲ့ ထက်သော သန်လျက် ထွက်လာအယ်။ သူရဲ့ မျက်နှာဟလည်း မွန်းတည့်နေလိုမျိုး တောက်ပအယ်။ 17 ဗျာ ၂.၈; ၂၂.၁၃ငါဟ အဲသူဟို မျော်ရသောအခါ သူရဲ့ ခြေရင်းနှိုက် လဲကျယွေ့ လူသေလို ဖြစ်အယ်။ အဲအခါ သူဟ ငါ့အပေါ်နှိုက် သူရဲ့ လက်ယာလက်ဟို တင်လျက် “မကြောက်နဲ့၊ ငါဟ ဦးရင်ဆုံးနဲ့ နောက်ဆုံး ဖြစ်အယ်။ 18 အသက်ဆှင်သောသူလည်း ဖြစ်အယ်။ ငါဟ ဦးရင် သေတာ ဖြစ်ယွေ့ ကမ္ဘာအဆက်ဆက် အသက်နဲ့ ပြေ့စုံအယ်။ သေခြင်းနဲ့ မရဏာနိုင်ငံဟိုလည်း ငါ အစိုးရအယ်။
19 “အဲလိုမို့ နင် မျော်ခဲ့ရသောအရာများ၊ အခု ဖြစ်နေသောအရာများနဲ့ နောင်တွင် ဖြစ်ပျက်မဲ့အရာများဟို ရေးထားလော့။ 20 ငါရဲ့ လက်ယာဘက်တွင် နင်မျော်ရသော ကြယ်ခုနေလုံးနဲ့ ဆွေဆီမီးခုံ ခုနေခုလို့ရဲ့ လျှို့ဝှက်နက်နဲသော အဓိပ္ပာယ်မှာ ကြယ်ခုနေလုံးဟ အသင်းတော် ခုနေပါးရဲ့ စေတမန်များ ဖြစ်ကြပင်း ဆီမီးခုံ ခုနေခုဟ အသင်းတော် ခုနေပါး ဖြစ်ကြအယ်။

1:4 ဗျာ ၄.၅

1:6 ဗျာ ၅.၁၀

1:7 မ ၂၄.၃၀; မာ ၁၃.၂၆; လု ၂၁.၂၇; ၁ သက် ၄.၁၇; ယော ၁၉.၃၄,၃၇; မ ၂၄.၃၀

1:8 ဗျာ ၂၂.၁၃

1:17 ဗျာ ၂.၈; ၂၂.၁၃