6
ယဇ်​ပု​ရော​ဟိတ်​မင်း​များ​၏​ဆွေ​တော်​စဉ် မျိုး​တော်​ဆက်​စာ​ရင်း
လေ​ဝိ​တွင်​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။
ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
အာ​မ​ရံ​တွင်​အာ​ရုန်၊ မော​ရှေ​ဟူ​သော​သား နှစ်​ယောက်​နှင့်​မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ် ယောက်​ရှိ​၏။
အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
4-7 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း ဧ​လ​ဇာ​၏​သား​မြေး​စာ​ရင်း​မှာ​ဧ​လ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊- ဇာ​ဒုတ်၊ အ​ဟိ​မတ်၊- အာ​ဇ​ရိ၊ ယော​ဟနန်​ဟူ​၍​လည်း​ကောင်း၊
10 (ရှော​လ​မုန်​မင်း​ယေ​ရု​ရှ​လင်​မြို့​တွင်​တည် ဆောက်​သည့်​ဗိ​မာန်​တော်​တွင်​အ​မှု​တော်​ဆောင် သူ) အာ​ဇ​ရိ၊- 11 အာ​မ​ရိ၊ အ​ဟိ​တုပ်၊
12 ဇာ​ဒုတ်၊ ရှလ္လုံ၊
13 ဟိ​လ​ခိ၊ အာ​ဇ​ရိ၊
14 စ​ရာ​ယ၊ ယော​ဇ​ဒက်​ဟူ​၍​လည်း​ကောင်း​ဖြစ် သ​တည်း။
15 ဘု​ရား​သ​ခင်​သည်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကို အ​သုံး​ပြု​၍ ယု​ဒ​ပြည်​သူ​ပြည်​သား​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား ပြည်​နှင် ဒဏ်​ပေး​သော​အ​ခါ​ယော​ဇ​ဒက်​လည်း​ပါ သွား​လေ​သည်။
လေ​ဝိ​၏​အ​ခြား​သား​မြေး​များ
16 လေ​ဝိ​တွင်​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။- 17 သူ​တို့​သုံး​ယောက်​စ​လုံး​တွင်​လည်း​သား​များ ရှိ​၏။ ဂေ​ရ​ရှုံ​၏​သား​များ​သည်​လိ​ဗ​နိ​နှင့် ရှိ​မိ​ဖြစ်​၏။- 18 ကော​ဟတ်​၏​သား​များ​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်​နှင့်​သြ​ဇေ​လ​တို့​ဖြစ်​၏။- 19 မေ​ရာ​ရိ​၏​သား​များ​ကား​မ​ဟာ​လိ​နှင့်​မု​ရှိ ဖြစ်​သ​တည်း။ ထွ၊ ၆:၁၆-၁၉။
20 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက် အ​တိုင်း ဂေ​ရ​ရှုံ​၏​သား​မြေး​စာ​ရင်း​မှာ ဂေ​ရ​ရှုံ၊ လိ​ဗ​နိ၊ ယာ​ဟတ်၊ ဇိမ္မ၊- 21 ယော​အာ၊ ဣဒ္ဒေါ၊ ဇေ​ရ၊ ယာ​တ​ရဲ​ဟူ​၍​ဖြစ်​၏။
22 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း ကော​ဟတ်​၏​သား​မြေး​စာ​ရင်း​မှာ​ကော​ဟပ်၊ ဣ​ဇ​ဟာ(ခေါ်) အ​မိ​န​ဒပ်၊ ကော​ရ၊ အ​ဿိ​ရ၊- 23 ဧ​လ​ကာ​န၊ ဧ​ဗျာ​သပ်၊ အ​ဿိ​ရ၊
24 တာ​ဟပ်၊ ဥ​ရေ​လ၊ သြ​ဇိ၊ ရှော​လ​ဟူ​၍​ဖြစ်​၏။
25 ဧ​လ​ကာ​န​တွင်​အာ​မ​သဲ​နှင့် အ​ဟိ​မုတ်​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။- 26 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း အ​ဟိ​မုတ်​၏​သား​မြေး​စာ​ရင်း​မှာ အ​ဟိ​မုတ်၊ ဧ​လ​ကာ​န၊ ဇော်​ဖဲ၊ နာ​ဟတ်၊- 27 ဧ​လျာ​ဘ၊ ယေ​ရော​ဟံ​နှင့်​ဧ​လ​ကာ​န​ဟူ​၍ ဖြစ်​၏။
28 ရှ​မွေ​လ​တွင်​သား​ကြီး​ယော​လ​နှင့် သား​ငယ် အ​ဘိ​ယ​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။
29 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း မေ​ရာ​ရိ​၏​သား​မြေး​စာ​ရင်း​မှာ​မေ​ရာ​ရိ၊ မ​ဟာ​လိ၊ လိ​ဗ​နိ၊ ရှိ​မိ၊ သြ​ဇ၊- 30 ရှိ​မာ၊ ဟ္ဂျာ​နှင့်​အ​သာ​ယ​ဟူ​၍​ဖြစ်​၏။
ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ
31 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့ ရှိ​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​သို့​ပြောင်း ရွှေ့​ရ​ပြီး​နောက် ဒါ​ဝိဒ်​မင်း​သည်​ဤ​သူ​တို့ အား​ဗိ​မာန်​တော်​တွင်​ဂီ​တ​သီ​ဆို​တီး​မှုတ် ရန်​အ​တွက်​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။- 32 သူ​တို့​သည်​ရှော​လ​မုန်​မင်း​ကြီး​ဗိ​မာန်​တော် ကို​မ​တည်​မ​ဆောက်​မီ​ကာ​လ​၌ ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​တွင် အ​လှည့်​ကျ​တာ​ဝန်​ယူ​၍​မ​ပျက်​မ​ကွက် ဆောင်​ရွက်​ရ​ကြ​သည်။- 33-38 ဤ​ရာ​ထူး​တွင်​ခန့်​ထား​ခြင်း​ခံ​ရ​သူ​တို့ ၏ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။
ကော​ဟတ်​သား​ချင်း​စု​မှ​ယော​လ​၏​သား ဟေ​မန်​သည် ပ​ထ​မ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့ ခေါင်း​ဆောင်​ဖြစ်​၏။ ဟေ​မန်​၏​အ​ဖ​သည် ယော​လ၊ ယော​လ​၏​အ​ဖ​မှာ ရှ​မွေ​လ၊ ရှ​မွေ​လ​၏​အ​ဖ​ကား​ဧ​လ​ကာ​န​ဖြစ်​၏။ ဧ​လ​ကာ​န​၏​အ​ဖ​သည် ယေ​ရော​ဟံ၊ ယေ ရော​ဟံ​၏​အ​ဖ​မှာ​ဧ​လျာ​ဘ၊ ဧ​လျာ​ဘ ၏​အ​ဖ​ကား​တော​အာ​ဖြစ်​၏။ တော​အာ​၏ အ​ဖ​သည်​ဇော​ဖဲ၊ ဇော​ဖဲ​၏​အ​ဖ​မှာ ဧ​လ ကာ​န၊ ဧ​လ​ကာ​န​၏​အ​ဖ​ကား​မာ​ဟတ် ဖြစ်​၏။ မာ​ဟတ်​၏​အ​ဖ​သည် အ​မာ​သဲ၊ အ​မာ​သဲ​၏​အ​ဖ​သည်​ဧ​လ​ကာ​န၊ ဧ​လ ကာ​န​၏​အ​ဖ​မှာ​ယော​လ၊ ယော​လ​၏​အ​ဖ ကား​အာ​ဇ​ရိ​ဖြစ်​၏။ အာ​ဇ​ရိ​၏​အ​ဖ​သည် ဇေ​ဖ​နိ၊ ဇေ​ဖ​နိ​၏​အ​ဖ​မှာ​တာ​ဟတ်၊ တာ ဟတ်​၏​အ​ဖ​သည်​အ​ဿိ​ရ၊ အ​ဿိ​ရ​၏​အ​ဖ ကား​ဧ​ဗျာ​သပ်​ဖြစ်​၏။ ဧ​ဗျာ​သပ်​၏​အ​ဖ သည်​ကော​ရ၊ ကော​ရ​၏​အ​ဖ​မှာ​ဣ​ဇ​ဟာ၊ ဣ​ဇ​ဟာ​၏​အ​ဖ​ကား​ကော​ဟတ်​ဖြစ်​၏။ ကော​ဟပ်​၏​အ​ဖ​သည်​လေ​ဝိ၊ လေ​ဝိ​၏ အ​ဖ​ကား​ယာ​ကုပ်​ဖြစ်​၏။ ဤ​သို့​လျှင် ဟေ​မန်​၏​ဘိုး​ဘေး​စာ​ရင်း​မှာ​ယာကုပ် တွင်​အ​ဆုံး​သတ်​သ​တည်း။
39-43 ဒု​တိ​ယ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​မှာ အာ​သပ်​ဖြစ်​၏။ အာ​သပ်​၏​အ​ဖ​သည်​ဗေ​ရ​ခိ၊ ဗေ​ရ​ခိ​၏​အ​ဖ​မှာ​ရှိ​မာ၊ ရှိ​မာ​၏​အ​ဖ​ကား မိက္ခေ​လ​ဖြစ်​၏။ မိက္ခေ​လ​၏​အ​ဖ​သည်​ဗာ​သေ ယ၊ ဗာ​သေ​ယ​၏​အ​ဖ​မှာ​မာ​လ​ခိ၊ မာ​လ​ခိ ၏​အ​ဖ​ကား​ဧ​သ​နိ​ဖြစ်​၏။ ဧ​သ​နိ​၏ အ​ဖ​သည်​ဇေ​ရ၊ ဇေ​ရ​၏​အ​ဖ​မှာ​အ​ဒါ​ယ၊ အ​ဒါ​ယ​၏​အ​ဖ​ကား​ဧ​သန်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ဇိမ္မ၊ ဇိမ္မ​၏​အ​ဖ​မှာ​ရှိ​မိ၊ ရှိ​မိ ၏​အ​ဖ​သည်​ယာ​ဟတ်​ဖြစ်​၏။ ယာ​ဟတ်​၏ အ​ဖ​သည်​ဂေ​ရ​ရှုံ၊ ဂေ​ရ​ရှုံ​၏​အ​ဖ​ကား လေ​ဝိ​ဖြစ်​၏။ ဤ​သို့​လျှင်​အာ​သပ်​၏​ဘိုး ဘေး​စာ​ရင်း​သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ် သ​တည်း။
44-47 မေ​ရာ​ရိ​သား​ချင်း​စု​မှ​ဧ​သန်​သည်​တ​တိ​ယ သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ကိ​ရှိ၊ ကိ​ရှိ​၏​အ​ဖ​မှာ​အာ​ဖ​ဒိ၊ အာ​ဖ​ဒိ​၏​အ​ဖ​ကား​မလ္လုတ်​ဖြစ်​၏။ မလ္လုတ် ၏​အ​ဖ​သည်​ဟာ​ရှ​ဗိ၊ ဟာ​ရှ​ဗိ​၏​အ​ဖ​မှာ အာ​မ​ဇိ၊ အာ​မ​ဇိ​၏​အ​ဖ​ကား​ဟိ​လ​ခိ ဖြစ်​၏။ ဟိ​လ​ခိ​၏​အ​ဖ​သည်​အံ​ဇိ၊ အံ​ဇိ ၏​အ​ဖ​မှာ​ဗာ​နိ၊ ဗာ​နိ​၏​အ​ဖ​ကား​ရှ​မေ​ရ ဖြစ်​၏။ ရှ​မေ​ရ​၏​အ​ဖ​သည်​မ​ဟာ​လိ၊ မ​ဟာ လိ​၏​အ​ဖ​မှာ​မု​ရှိ၊ မု​ရှိ​၏​အ​ဖ​ကား​မေ ရာ​ရိ​ဖြစ်​၍ မေ​ရာ​ရိ​၏​အ​ဖ​သည်​လေ​ဝိ ဖြစ်​၏။ ဤ​သို့​လျှင်​ဧ​သန်​၏​ဘိုး​ဘေး​စာ​ရင်း သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ်​သ​တည်း။
48 ထို​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​တွင်​အ​ခြား​တာ​ဝန် ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။
အာ​ရုန်​၏​သား​မြေး​များ
49 အာ​ရုန်​နှင့်​သူ​၏​သား​မြေး​တို့​သည်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​နှင့် ပလ္လင်​ပေါ် တွင်​တင်​၍​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ဆက်​သ ရ​ကြ​၏။ သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​၌​ကိုး​ကွယ်​ဝတ်​ပြု​မှု​မှန်​သ​မျှ ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​မှု​များ ကို​လည်း​ကောင်း၊ တာ​ဝန်​ယူ​၍​ဆောင်​ရွက် ရ​ကြ​၏။ ယင်း​သို့​ဆောင်​ရွက်​ရာ​၌​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​သူ မော​ရှေ​ဆင့်​ဆို​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရ​ကြ​ပေ​သည်။- 50 အာ​ရုန်​၏​သား​မြေး​များ​စာ​ရင်း​မှာ​အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊- 51-53 ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊- မ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊ ဇာ​ဒုတ်၊ အ​ဟိ​မတ်​ဟူ​၍​ဖြစ်​၏။
လေ​ဝိ​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရာ​ဒေ​သ
54-55 ကော​ဟတ်​သား​ချင်း​စု​ဖြစ်​သော၊ အာ​ရုန် ၏​သား​မြေး​များ​ပ​ထ​မ​ဆုံး​ဝေ​စု​အ​ဖြစ်​ဖြင့် ခွဲ​ဝေ​ပေး​ခြင်း​ခံ​ရ​သည့်​နယ်​မြေ​များ​မှာ ယု​ဒ​နယ်​မှ​ဟေ​ဗြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင် ရှိ​မြက်​ခင်း​များ​ဖြစ်​၏။- 56 ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​လယ်​များ၊ ရွာ​များ​ကို မူ​ယေ​ဖုန္န​၏​သား​ကာ​လက်​က​ရ​ရှိ​လေ​သည်။- 57-59 အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။- 60 သူ​တို့​သည်​င်္ဗယာ​မိန်​နယ်​မှ​ဂေ​ဗ၊ အာ​လ​မက်၊ အာ​န​သုတ်​မြို့​များ​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း များ​ကို​လည်း​ရ​ရှိ​ကြ​၏။ ဤ​သို့​လျှင်​သူ​တို့ ၏​အိမ်​ထောင်​စု​အား​လုံး​နေ​ထိုင်​ရန်​အ​တွက် စု​စု​ပေါင်း​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို​ရ​ရှိ​ကြ လေ​သည်။- 61 ကော​ဟပ်​သား​ချင်း​စု​ထဲ​မှ​ကျန်​ရှိ​နေ​သော သူ​တို့​သည် အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​ရှိ​မြို့ ဆယ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍ ခွဲ​ဝေ​ယူ​ရ​ကြ​၏။
62 ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​သည် ဣ​သ​ခါ​နယ်၊ အာ​ရှာ​နယ်၊ န​ဿ​လိ​နယ်၊ ဗာ​ရှန်​ပြည်​အ​ရှေ့ မ​နာ​ရှေ​နယ်​တို့​မှ​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ရ ကြ​၏။- 63 ထို​နည်း​တူ​စွာ​မေ​ရာ​ရိ​သား​ချင်း​စု​တို့​သည် ရု​ဗင်​နယ်၊ ဂဒ်​နယ်​နှင့်​ဇာ​ဗု​လုန်​နယ်​တို့​မှ​မြို့ တစ်​ဆယ့်​နှစ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ ၍​ခွဲ​ဝေ​ယူ​ရ​ကြ​၏။- 64 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရန် မြို့​များ​ကို​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​နှင့်​တ​ကွ​ခွဲ​ဝေ​ပေး ကြ​ကုန်​သည်။- 65 (အ​ထက်​ဖော်​ပြ​ပါ​ယု​ဒ​နယ်၊ ရှိ​မောင်​နယ်၊ င်္ဗယာ​မိန်​နယ်​တို့​မှ​မြို့​တို့​ကို​လည်း​မဲ​ချ​၍ ခွဲ​ဝေ​ပေး​ကြ​၏။)
66 ကော​ဟတ်​သား​ချင်း​စု​ထဲ​မှ​အ​ချို့​သော​အိမ် ထောင်​စု​တို့​သည် ဧ​ဖ​ရိမ်​နယ်​မှ​မြို့​များ​နှင့် မြက်​ခင်း​များ​ကို​ရ​ရှိ​ကြ​၏။- 67-69 ထို​မြို့​များ​မှာ​ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​ပေါ် တွင်​တည်​ရှိ​လျက် အပြစ်​လွတ်​ငြိမ်း​ခွင့်​အ​တွက် ခို​လှုံ​ရာ​ဖြစ်​သော​ရှေ​ခင်​မြို့၊ ဂေ​ဇာ​မြို့၊ ယော က​မံ​မြို့၊ ဗက်​ဟော​ရုန်​မြို့၊ အာ​ဇ​လုန်​မြို့ နှင့်​ဂါ​သ​ရိမ္မုန်​မြို့​တို့​ဖြစ်​ကြ​၏။- 70 ထို​သူ​တို့​သည်​အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​မှ အ​နေ​ရ​မြို့၊ ဗိ​လံ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​ရ​ရှိ​ကြ​၏။
71 ဂေ​ရ​ရှုံ​သား​ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​တို့​သည် အ​ရှေ့​မ​နာ​ရှေ​နယ်၊ ဗာ​ရှန်​ပြည်​ရှိ၊ ဂေါ​လန်​မြို့၊ အာ​ရှ​တ​ရုတ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး​တစ် ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
72 ဣ​သာ​ခါ​နယ်​မှ​ကေ​ဒေ​ရှ​မြို့၊ ဒါ​ဗ​ရတ်​မြို့၊
73 ရာ​မုတ်​မြို့၊ အာ​နင်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
74 အာ​ရှာ​နယ်​မှ​မိ​ရှ​လ​မြို့၊ အာ​ဗ​ဒုန်​မြို့၊
75 ဟု​ကုတ်၊ ရ​ဟော​ဘ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
76 န​ဿ​လိ​နယ်​မှ​ဂါ​လိ​လဲ​ပြည်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဟမ္မုန်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း​ရ ရှိ​ကြ​၏။
77 မေ​ရာ​ရိ​သား​ချင်း​စု​မှ​ကြွင်း​ကျန်​နေ​သော အိမ်​ထောင်​စု​တို့​သည် ဇာ​ဗု​လုန်​နယ်​မှ​ရိမ္မုန်​မြို့၊ တာ​ဗော်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး​တစ်​ဝိုက်​ရှိ မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
78 ရု​ဗင်​နယ်​မှ​ယေ​ရိ​ခေါ​မြို့​၏​အ​လွန်​ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ကမ်း၊ ယာ​ဇ​ကုန်း​ပြင်​မြင့်​ပေါ် ရှိ​ဗေ​ဇာ​မြို့၊- 79 ကေ​ဒ​မုတ်​မြို့၊ မေဖတ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
80 ဂဒ်​နယ်​မှ​ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့၊ မ​ဟာ​နိမ်​မြို့၊
81 ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​လေ​သည်။

6:19 ထွ၊ ၆:၁၆-၁၉။