ကော​ရိန္သု​သြ​ဝါ​ဒ​စာ
ပ​ထ​မ​စာ​စောင်
နိ​ဒါန်း
ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ကို​တ​မန် တော်​ရှင်​ပေါ​လု​ရေး​သား​ရ​သည့်​အ​ကြောင်း​မှာ ကော​ရိန္သု​မြို့​၌​မိ​မိ​တည်​ထောင်​ခဲ့​သည့်​အ​သင်း တော်​တွင် ခ​ရစ်​ယာန်​တို့​၏​ပြု​မူ​ကျင့်​ကြံ​မှု​နှင့် လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း​ပတ် သက်​သည့်​ပြ​ဿ​နာ​များ​ကို​ဖြေ​ရှင်း​ပေး​ရန် ဖြစ်​၏။ ထို​အ​ချိန်​အ​ခါ​က​ကော​ရိန္သု​မြို့​သည် လူ​မျိုး​ပေါင်း​စုံ​နေ​ထိုင်​ရာ​ဂ​ရိ​မြို့​ကြီး​ဖြစ် ပြီး​ရော​မ​နိုငo ်​ငံ​၏​လက်​အောက်​ခံ၊ အ​ခါ​ယ ပြည်​နယ်​၏​မြို့​တော်​ဖြစ်​သည်။ ယင်း​သည်​ကုန် သွယ်​ရေး​ထွန်း​ကား​သော​မြို့၊ ယဉ်​ကျေး​မှု​အ​တွက် ဂုဏ်​ယူ​နိုင်​သော​မြို့၊ စာ​ရိတ္တ​ပျက်​ပြား​သော​မြို့၊ ကိုး​ကွယ်​ရာ​ဘာ​သာ​တ​ရား​အ​မျိုး​ပေါင်း​စုံ သော​မြို့​ဟူ​၍​ထင်​ပေါ်​ကျော်​ကြား​ခဲ့​သည်။
တ​မန်​တော်​ကြီး​အ​ထူး​အ​လေး​ပေး​ရေး​သား သည့်​အ​ကြောင်း​အ​ရာ​များ​မှာ အ​သင်း​တော်​တွင် စိတ်​ဝမ်း​ကွဲ​ပြား​မှု​နှင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု ဆိုင်​ရာ​ပြ​ဿ​နာ​များ၊ လိင်​နှင့်​လည်း​ကောင်း၊ ထိမ်း မြား​မင်္ဂ​လာ​ပြု​ရေး​နှင့်​လည်း​ကောင်း​ဆိုင်​သည့် ပြ​ဿ​နာ​များ၊ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​မှု၊ အ​သင်း တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​မှု၊ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​၏​ဆု​ကျေး​ဇူး​များ၊ သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ခြင်း​တို့​ဖြစ်​၏။ သ​တင်း​ကောင်း​တည်း ဟူ​သော​တ​ရား​တော်​နှင့်​အ​ညီ ယင်း​ပြ​ဿ​နာ အ​ရပ်​ရပ်​တို့​ကို​ဖြေ​ရှင်း​ပုံ​သည်​နက်​ရှိုင်း​ထက် မြက်​လှ​ပေ​သည်။
မိ​မိ​၏​လူ​စု​တော်​အား​ဘု​ရား​သ​ခင်​ချ​ပေး တော်​မူ​သော​ဆု​ကျေး​ဇူး​များ​အ​နက် အ​မြတ် ဆုံး​ဖြစ်​သည့်​မေတ္တာ​အ​ကြောင်း​ကို​တင်​ပြ​သည့် အ​ခန်း ၁၃ မှာ​ဤ​စာ​စောင်​တစ်​ခု​လုံး​ရှိ​အ​ခန်း များ​အ​နက်​လူ​သိ​အ​များ​ဆုံး​ဖြစ်​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁-၉
အ​သင်း​တော်​တွင်​ဂိုဏ်း​ကွဲ​ခြင်း ၁:၁၀-၄:၂၁
ဖို​မ​ကိစ္စ​နှင့်​အိမ်​ထောင်​ရေး​ကိစ္စ ၅:၁-၇:၄၀
ခ​ရစ်​ယာန်​များ​နှင့်​ခ​ရစ်​ယာန်​မ​ဟုတ်​သူ​များ ၈:၁-၁၁:၁
အ​သင်း​တော်​ဝင်​တို့​ပြု​မူ​ကျင့်​ကြံ​မှု​နှင့် ကိုး​ကွယ်​ဝတ်​ပြု​မှု ၁၁:၂-၁၄:၄၀
ခ​ရစ်​တော်​နှင့်​ကိုယ်​တော်​ကို​ယုံ​ကြည်​သူ​တို့ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း ၁၅:၁-၅၈
ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန်​များ​အ​တွက်​အ​လှူ​ငွေ ၁၆:၁-၄
ကိုယ်​ရေး​ကိုယ်​တာ​ကိစ္စ​များ​နှင့်​နိ​ဂုံး ၁၆:၅-၂၄
1
ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ သော​ပေါ​လု​နှင့်​ငါ​တို့​၏​ညီ​သု​ဿင်​ထံ​မှ၊- ကော​ရိန္သု​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း၊ အ​ရပ် ခပ်​သိမ်း​မှ​ငါ​တို့​၏​အ​ရှင်​နှင့်​သူ​တို့​၏​အ​ရှင် ဖြစ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကို​ကိုး​ကွယ် သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ခ​ရစ်​တော်​ယေ​ရှု​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သော​အား​ဖြင့် ဘု​ရား သ​ခင်​၏​လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ခြင်း ခံ​ရ​ကြ​သူ​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း စာ​ရေး​လိုက်​ပါ​သည်။ တ၊ ၁၈:၁။
ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ စေ​သော။
ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သည့်​ကောင်း​ချီး​မင်္ဂလာ​များ
ငါ​သည်​သင်​တို့​အား​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း​၏။- သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ရှိ​သ​ဖြင့်​နှုတ်​သတ္တိ၊ ဉာဏ်​သတ္တိ​နှင့်​တ​ကွ​အ​စ​စ အ​ရာ​ရာ​တွင်​ကြွယ်​ဝ​ပြည့်​စုံ​လျက်​ရှိ​ကြ​၏။- ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့်​ခ​ရစ်​တော် အ​ကြောင်း​သ​တင်း​ကောင်း​သည် သင်​တို့​အ​ထဲ တွင်​အ​မြစ်​စွဲ​လျက်​ရှိ​၏။- သို့​ဖြစ်​၍​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​လျက်​နေ​စဉ် သင်​တို့​မ​ခံ​စား ကြ​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ဟူ​၍​မ​ရှိ။- ငါ​တို့​အရှင်​ယေ​ရှု​ခ​ရစ်​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​တွင် သင်​တို့​သည်​အ​ပြစ်​နှင့်​ကင်း​စင်​စေ​ရန် ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဆုံး​တိုင်​အောင် တည်​ကြည်​စေ​တော်​မူ​လိမ့်​မည်။- ဘု​ရား​သ​ခင်​သည်​သစ္စာ​စောင့်​တော်​မူ​၏။ ကိုယ်​တော် သည်​သင်​တို့​အား​မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ရန် သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။
အ​သင်း​တော်​ထဲ​တွင်​စိတ်​ဝမ်း​ကွဲ​ကြ​ခြင်း
10 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​သင်​တို့​အား​တောင်း ပန်​ပါ​၏။ စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​စေ​ရန်​သင် တို့​စ​ကား​အ​ပြော​အ​ဆို​တွင်​ညီ​ညွတ်​မှု​ရှိ ကြ​လော့။ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြင့်​စည်း​လုံး မှု​ရှိ​ကြ​လော့။- 11 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း ခိုက်​ရန်​ဖြစ်​လျက်​ရှိ​ကြ​ကြောင်း​ကို က​လော​ဣ ၏​အိမ်​သူ​အိမ်​သား​များ​ထံ​မှ​ငါ​ကြား​သိ ရ​၏။- 12 သင်​တို့​တွင်​တစ်​ယောက်​တစ်​မျိုး​စီ​ပြော​နေ​ကြ ၏။ ``ငါ​သည်​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ကေ​ဖ ၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့် ဖြစ်​သည်'' ဟု​အ​သီး​သီး​ပြော​ဆို​နေ​ကြ​၏။- တ၊ ၁၈:၂၄။ 13 ခ​ရစ်​တော်​သည်​ကွဲ​ပြား​သ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက်​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ အ​သေ ခံ​ပါ​သ​လော။ သို့​တည်း​မ​ဟုတ်​သင်​တို့​သည် ပေါ​လု​၏​နာ​မ​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​ကို​ခံ ယူ​ခဲ့​ကြ​ပါ​သ​လော။
14 ကရိပ္ပု​နှင့်​ဂါ​ယု​မှ​လွဲ​၍​သင်​တို့​အ​ထဲ​မှ​မည်​သူ့ ကို​မျှ​ငါ​သည်​ဗတ္တိ​ဇံ​မ​ပေး​ခဲ့​ပါ။ ယင်း​သို့​မ​ပေး မိ​သည့်​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပါ​၏။- တ၊ ၁၈:၈၊ ၁၉:၂၉။ ရော၊ ၁၆:၂၃။ 15 သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု ၍​ဗတ္တိ​ဇံ​ခံ​ယူ​ကြ​သည်​ဟု​အ​ဘယ်​သူ​မျှ မ​ပြော​နိုင်။- 16 (သ​တေ​ဖန်​၏​အိမ်​သူ​အိမ်​သား​တို့​ကို​လည်း ငါ​ဗတ္တိ​ဇံ​ပေး​ခဲ့​သည်။ ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​မည်​သူ့​ကို​မျှ​ဗတ္တိ​ဇံ​ပေး​သည်​ကို ငါ​မ​မှတ်​မိ။-) ၁ကော၊ ၁၆:၁၅။ 17 ခ​ရစ်​တော်​ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​မှာ ဗတ္တိ​ဇံ​ပေး​ရန်​မ​ဟုတ်။ ခ​ရစ်​တော်​လက်​ဝါး​ကပ် တိုင်​တွင်​အ​သေ​ခံ​ခြင်း​တန်​ခိုး​မ​ပျက်​မ​ပြယ် စေ​ရန် လူ​တို့​၏​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​အ​သုံး​မ​ပြု​ဘဲ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​ဖြစ်​သည်။
ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဉာဏ်​ပ​ညာ​တော် ဖြစ်​တော်​မူ​သည့်​ခ​ရစ်​တော်
18 လက်​ဝါး​ကပ်​တိုင်​တော်​တွင်​ခ​ရစ်​တော်​အ​သေ​ခံ တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား​သည်​ဆုံး​ရှုံး မည့်​သူ​များ​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သည့် အ​ရာ​ဖြစ်​၏။ ကယ်​တင်​ခြင်း​ခံ​ကြ​ရ​သော​ငါ တို့​အ​တွက်​မူ​ကား​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ဖြစ်​၏။- 19 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင်
``ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို​ငါ​ဖျက်​ဆီး​မည်။
အ​သိ​ပ​ညာ​ရှင်​တို့​၏​အ​သိ​ပ​ညာ​ကို​လည်း ငါ​ပယ်​ရှား​မည်''
ဟု​ရေး​သား​ဖော်​ပြ​ထား​သော​ကြောင့်​ဖြစ်​၏။- ဟေရှာ၊ ၂၉:၁၄။ 20 သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။ ယောဘ၊ ၁၂:၁၇။ ဟေရှာ၊ ၁၉:၁၂၊ ၃၃:၁၈၊ ၄၄:၂၅။
21 လူ​သည်​မိ​မိ​ကိုယ်​ပိုင်​ဉာဏ်​ဖြင့်​ဘု​ရား​သ​ခင် အား​မ​သိ​နိုင်​စေ​ရန် ကိုယ်​တော်​သည်​ရွှေ​ဉာဏ် တော်​ဖြင့်​စီ​မံ​ထား​တော်​မူ​၏။ အ​ချည်း​နှီး​သော တ​ရား​ဖြစ်​သည်​ဟု​လူ​တို့​ထင်​မှတ်​သော​ငါ တို့​ကြေ​ညာ​သည့်​သ​တင်း​ကောင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​ယုံ​ကြည်​သူ​တို့ အား​ကယ်​တင်​တော်​မူ​ရန်​စီ​မံ​တော်​မူ​ပေ​သည်။- 22 ယု​ဒ​အ​မျိုး​သား​တို့​က​နိ​မိတ်​လက္ခ​ဏာ​များ ကို​တောင်း​ခံ​ကြ​၏။ ဂ​ရိ​အ​မျိုး​သား​တို့​က ဉာဏ်​ပ​ညာ​ကို​ရှာ​ဖွေ​ကြ​၏။- 23 ငါ​တို့​က​မူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​သော​ခ​ရစ်​တော်​၏​အ​ကြောင်း​ကို​ဟော ပြော​ကြေ​ညာ​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​မ​နှစ်​မြို့​စ​ရာ၊ လူ​မျိုး​ခြား​တို့​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ သည့်​အ​ရာ​ဖြစ်​၏။- 24 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား ဖြစ်​စေ​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​တို့ အ​တွက်​မူ​ကား ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်၊ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် ဖြစ်​ပေ​သည်။- 25 ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​မဲ့​မှု​ဟု​ထင်​ရ သော​အ​ရာ​သည် လူ​တို့​ဉာဏ်​ပ​ညာ​ရှိ​မှု​ထက် ပို​၍​ထက်​မြက်​၏။ ဘု​ရား​သခင်​၏​အား​နည်း​မှု ဟု​ထင်​ရ​သော​အ​ရာ​သည်​လူ​တို့​၏​စွမ်း​သန် မှု​ထက်​ပို​၍​အား​ကြီး​၏။
26 ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ရွေး​ကောက်​တော် မူ​ခြင်း​မ​ခံ​ရ​မီ အ​ခြေ​အ​နေ​ကို​စဉ်း​စား​ဆင် ခြင်​ကြ​လော့။ လူ​တို့​အ​မြင်​အား​ဖြင့်​သင်​တို့ အ​ထဲ​တွင်​ပ​ညာ​ရှိ​သူ၊ တန်​ခိုး​ကြီး​သူ၊ မျိုး​ရိုး ဇာ​တိ​ကြီး​မြင့်​သူ​ဟူ​၍​များ​စွာ​မ​ပါ​မ​ရှိ ပေ။- 27 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​တို့ အ​ရှက်​ရ​စေ​ရန် လော​က​တွင်​မိုက်​မဲ​မှု​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ရွေး​ချယ်​တော် မူ​၏။- 28 လော​က​တွင်​အ​ရေး​ပါ​အ​ရာ​ရောက်​သည်​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ဖျက်​ဆီး​ရန် အ​ထင် သေး​အ​မြင်​သေး​ခံ​ရ​သည့်​အ​ရာ၊ မ​ထီ​မဲ့​မြင် ပြု​ခြင်း​ခံ​ရ​သည့်​အ​ရာ၊ မ​ရေ​ရာ​သည့်​အ​ရာ တို့​ကို​ရွေး​ချယ်​တော်​မူ​၏။- 29 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ဘယ် သူ​မျှ​ဝါ​ကြွား​စ​ရာ​မ​ရှိ။- 30 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။- 31 ထို့​ကြောင့်​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​မည်​သူ မ​ဆို​ဝါ​ကြွား​လို​လျှင် ဘု​ရား​ရှင်​ပြု​တော်​မူ သော​အ​မှု​တော်​အ​တွက်​သာ​လျှင်​ဝါ​ကြွား​စေ။ ယေ၊ ၉:၂၄။

1:2 တ၊ ၁၈:၁။

1:12 တ၊ ၁၈:၂၄။

1:14 တ၊ ၁၈:၈၊ ၁၉:၂၉။ ရော၊ ၁၆:၂၃။

1:16 ၁ကော၊ ၁၆:၁၅။

1:19 ဟေရှာ၊ ၂၉:၁၄။

1:20 ယောဘ၊ ၁၂:၁၇။ ဟေရှာ၊ ၁၉:၁၂၊ ၃၃:၁၈၊ ၄၄:၂၅။

1:31 ယေ၊ ၉:၂၄။