ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်
နိ​ဒါန်း
ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​တွင် ရည်​ရွယ်​ချက်​(၂)​ခု​ရှိ​၏။ ယင်း​ရည်​ရွယ်​ချက် များ​မှာ (၁) စာ​ဖတ်​သူ​တို့​အား​ဘု​ရား​သ​ခင် နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု ခ​ရစ်​နှင့်​လည်း​ကောင်း၊ မိတ်​သဟာ​ယ​ဖွဲ့​ဖို့​အား ပေး​တိုက်​တွန်း​ရန်​နှင့်​(၂) ယင်း​သို့​မိတ်​သ​ဟာ ယ​ဖွဲ့​မှု​ကို​ပျက်​ပြား​စေ​မည့်​မှား​ယွင်း​သော သွန်​သင်​ချက်​ကို​လက်​မ​ခံ​ကြ​ဖို့​သ​တိ​ပေး ရန်​ဖြစ်​ပေ​သည်။ မှား​ယွင်း​သော​သွန်​သင်​ချက် အ​ရ​မ​ကောင်း​မှု​ဟူ​သ​မျှ​သည်​ရုပ်​လော​က နှင့်​ထိ​တွေ့​မှု​မှ​ဖြစ်​ပေါ်​လာ​ရ​ကား ဘု​ရား သ​ခင်​၏​သား​တော်​သ​ခင်​ယေ​ရှု​သည်​အ​ကယ် ပင်​လူ့​ဇာ​တိ​ကို​မ​ခံ​ယူ​နိုင်။ ထို​သို့​သွန်​သင် သော​ဆ​ရာ​တို့​က​ကယ်​တင်​ခြင်း​ဆို​သည်​မှာ ဤ​လော​က​တွင်​နေ​ထိုင်​ရေး​အ​တွက်​စိုး​ရိမ် ပူ​ပန်​မှု​နှင့်​ကင်း​ဝေး​နိုင်​ခြင်း​ပင်​ဖြစ်​သည် ဟူ​၍​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​သည် အ​ကျင့်​တ​ရား၊ မေတ္တာ​တ​ရား​တို့​နှင့်​မည် သို့​မျှ​မ​သက်​ဆိုင်​ဟူ​၍​လည်း​ကောင်း​သွန် သင်​ကြ​၏။
ထို​သူ​တို့​၏​သွန်​သင်​ချက်​ကို​ချေ​ပ​သည့် အ​နေ​ဖြင့်​စာ​ရေး​သူ​က ယေ​ရှု​ခရစ်​သည်​လူ သား​အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​ခဲ့​ကြောင်း ရှင်း​လင်း​ပြတ်​သား​စွာ​တင်​ပြ​သည်။ ထို​မှ တစ်​ပါး​လည်း​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​ကို​ချစ်​မြတ်​နိုး​သူ​မှန်​သ​မျှ သည် မိ​မိ​တို့​အ​ချင်း​ချင်း​အား​လည်း​ချစ် ရ​ကြ​မည်​ဖြစ်​ကြောင်း​အ​လေး​ပေး​သွန် သင်​ပေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁-၄
အ​လင်း​နှင့်​အ​မှောင် ၁:၅-၂:၂၉
ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်
မာရ်​နတ်​၏​သား​သ​မီး​များ ၃:၁-၂၄
အ​မှန်​နှင့်​အ​မှား ၄:၁-၆
မေတ္တာ​တ​ရား ၄:၇-၂၁
အောင်​မြင်​သော​ယုံ​ကြည်​ခြင်း ၅:၁-၂၁
1
အ​သက်​ရှင်​စေ​သော​နှုတ်​က​ပတ်​တော်
အ​သက်​တော်​တည်း​ဟူ​သော​နှုတ်​က​ပတ်​တော် အ​ကြောင်း​ကို​ငါ​တို့​စာ​ရေး​လိုက်​၏။ ထို​နှုတ် က​ပတ်​တော်​သည်​အ​စ​မူ​လ​က​တည်း​က​ပင် ရှိ​နေ​တော်​မူ​ခဲ့​၏။ ထို​နှုတ်​က​ပတ်​တော်​ကို ငါ​တို့​ကြား​ခဲ့​ကြ​၏။ ငါ​တို့​ကိုယ်​တိုင်​မျက်​စိ ဖြင့်​မြင်​ခဲ့​ကြ​၏။ ငါ​တို့​လက်​ဖြင့်​စမ်း​သပ် ကြည့်​ရှု​ခဲ့​ကြ​၏။- ယော၊ ၁:၁။ ထို​အ​သက်​တော်​ပေါ်​လွင်​ထင်​ရှား​ခဲ့​စဉ်​က ငါ​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​ယင်း​၏​အ​ကြောင်း ကို​ငါ​တို့​ဟော​ပြော​ကြ​၏။ ခ​မည်း​တော်​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည့်​အ​သက်​တော်​သည် ငါ​တို့​တွင်​ပေါ်​လွင်​ထင်​ရှား​ခဲ့​သ​ဖြင့် ငါ​တို့ သည်​ထို​အ​သက်​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​ကြ​၏။- ယော၊ ၁:၁၄။ ငါ​တို့​သည်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​နှင့်​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ကြ​သည်​ဖြစ်​ရာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​အ​တူ​ထို​မိတ် သ​ဟာ​ယ​တွင်​ပါ​ဝင်​ခွင့်​ကို​ရ​ရှိ​ကြ​စေ​ရန် ငါ​တို့​တွေ့​မြင်​ကြား​သိ​ခဲ့​ရ​သည့်​အ​မှု အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​၏။- ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​အ​ပြည့် အ​ဝ​ခံ​စား​နိုင်​ကြ​စေ​ရန် ဤ​အ​ကြောင်း အ​ရာ​များ​ကို​စာ​ရေး​လိုက်​သည်။
ဘု​ရား​သ​ခင်​သည်​အ​လင်း​ဖြစ်​တော်​မူ​ခြင်း
ဘု​ရား​သ​ခင်​သည်​အ​လင်း​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၌​အ​မှောင်​လုံး​ဝ​မ​ရှိ​ဟူ​သော တ​ရား​စ​ကား​ကို ငါ​တို့​သည်​ကိုယ်​တော်​၏ သား​တော်​ထံ​မှ​ကြား​သိ​ရ​သ​ဖြင့်​သင်​တို့ အား​ကြေ​ညာ​၏။- သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​နှင့်​မိတ်​သ​ဟာ ယ​ဖွဲ့​ရ​ကြ​လေ​ပြီ​ဟု​ဆို​လျက် အ​မှောင်​တွင် ကျင်​လည်​နေ​ကြ​ပါ​မူ​နှုတ်​အား​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း​လိမ်​လည် သူ​များ​ဖြစ်​ကြ​၏။- သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လင်း​တွင်​ရှိ​တော် မူ​သ​ကဲ့​သို့ ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည် ကြ​ပါ​မူ အ​ချင်း​ချင်း​တစ်​ယောက်​နှင့်​တစ်​ယောက် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​ကြ​၏။ ဘု​ရား​သ​ခင် ၏​သား​တော်​သ​ခင်​ယေ​ရှု​၏​သွေး​တော်​သည် လည်း​ငါ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​ဆေး​ကြော စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။
ငါ​တို့​သည်​အ​ပြစ်​သား​များ​မ​ဟုတ်​ဟု​ဆို ပါ​မူ ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လှည့်​စား ကြ​၏။ ငါ​တို့​၌​သစ္စာ​တ​ရား​မ​ရှိ။- သို့​ရာ​တွင်​အ​ပြစ်​ဝန်​ချ​ကြ​လျှင်​ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​၍​တ​ရား​မျှ​တ တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​တို့ ၏​အြုပစ်​များ​ကို​ဖြေ​လွှတ်​၍​ငါ​တို့​အား ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​တော်​မူ​လိမ့်​မည်။- 10 အ​ကယ်​၍​မိ​မိ​တို့​သည်​အ​ပြစ်​ကူး​သူ​များ မ​ဟုတ်​ဟု​ငါ​တို့​ဆို​ပါ​မူ ဘု​ရား​သ​ခင်​အား မု​သား​သုံး​တော်​မူ​သော​အ​ရှင်​ဟု​စွပ်​စွဲ​ပြော ဆို​ရာ​ရောက်​လျက်​နှုတ်က​ပတ်​တော်​သည်​ငါ​တို့ ၌​မ​ရှိ။

1:1 ယော၊ ၁:၁။

1:2 ယော၊ ၁:၁၄။