13
1 ယုဒပြည်မှပရောဖက်တစ်ပါးသည် ထာဝရ ဘုရား၏အမိန့်တော်အရဗေသလမြို့သို့ သွားရာယဇ်ပူဇော်ရန် ယဇ်ပလ္လင်တွင်ယေရော ဗောင်ရပ်လျက်နေချိန်၌ရောက်ရှိလာလေသည်။- 2 ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-✡၄ရာ၊ ၂၃: ၁၅-၁၆။ 3 ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
4 ထိုစကားကိုကြားလျှင်ယေရောဗောင်မင်းသည် ပရောဖက်အားလက်ညှိုးထိုး၍``ထိုသူကိုဖမ်း ဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထိုခဏ ၌သူသည်လေဖြတ်သဖြင့်မိမိ၏လက်ကို ပြန်လည်ရုပ်သိမ်း၍မရတော့ချေ။- 5 ပရောဖက်သည်ထာဝရဘုရား၏နှုတ်ကပတ် တော်ကိုကြိုတင်ဖော်ပြခဲ့သည့်အတိုင်း ယဇ်ပလ္လင် သည်လည်းရုတ်တရက်ပြိုကွဲကာပြာတို့သည် မြေပေါ်သို့ဖိတ်စင်၍ကျလေသည်။- 6 ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။
ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။- 7 ထိုအခါမင်းကြီးကပရောဖက်အား``အကျွန်ုပ် နှင့်အတူ နန်းတော်သို့လိုက်၍အစားအစာ သုံးဆောင်ပါလော့။ သင့်အားလက်ဆောင်ပေး ပါမည်'' ဟုဆို၏။
8 ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။- 9 ထာဝရဘုရားကငါ့အားအဘယ်အစာ ရေစာကိုမျှမစားမသောက်ရန်နှင့် လာလမ်း အတိုင်းမပြန်ရန်ပညတ်တော်မူပြီ'' ဟု လျှောက်၏။- 10 ထို့နောက်သူသည်လာလမ်းဖြင့်မပြန်ဘဲ အခြားလမ်းဖြင့်ပြန်လေ၏။
ဗေသလမြို့ရှိပရောဖက်အိုကြီး
11 ထိုအချိန်အခါ၌ဗေသလမြို့တွင်နေထိုင် သူပရောဖက်အိုကြီးတစ်ပါးရှိ၏။ သူ၏သား များသည်ထိုနေ့၌ဗေသလမြို့တွင်ယုဒ ပရောဖက်ပြုမူသွားပုံနှင့် မင်းကြီးအား ပြောကြားသောစကားများကိုဖခင်အား ပြန်ပြောကြ၏။- 12 ပရောဖက်အိုကြီးက``ထိုသူသည်အဘယ် လမ်းဖြင့်ပြန်သနည်း'' ဟုသားတို့အားမေး လျှင်သားတို့သည်ယုဒပရောဖက်ပြန်သည့် လမ်းကိုညွှန်ပြကြ၏။- 13 ပရောဖက်အိုကြီးက``ငါ၏မြည်းကိုကုန်းနှီး တင်ကြလော့'' ဟုဆိုသည့်အတိုင်းသားတို့ သည်ကုန်းနှီးတင်၍ပေးကြ၏။-✡၄ရာ၊ ၂၃: ၁၅-၁၆။ 14 ထိုအခါသူသည်မြည်းကိုစီး၍ယုဒပရော ဖက်၏နောက်သို့လိုက်လေ၏။ ဝက်သစ်ချပင် တစ်ပင်အောက်တွင်ထိုပရောဖက်ထိုင်လျက် နေသည်ကိုတွေ့သောအခါ ပရောဖက်အို ကြီးက``သင်သည်ယုဒပြည်မှလာသော ပရောဖက်လော'' ဟုမေး၏။
ထိုသူကလည်း``ဟုတ်ပါသည်'' ဟုဖြေ၏။
15 ``ငါနှင့်အတူအိမ်သို့လိုက်၍အစားအစာကို စားသောက်ပါလော့'' ဟုပရောဖက်အိုကြီးက ခေါ်ဖိတ်၏။
16 သို့ရာတွင်ယုဒပရောဖက်က``ငါသည်သင်နှင့် အတူမလိုက်နိုင်။ သင်ဧည့်ဝတ်ပြုသည်ကိုလည်း လက်မခံနိုင်။ သင်နှင့်အတူဤအရပ်တွင် အဘယ်အစာရေစာကိုမျှမစားမသောက် နိုင်။- 17 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားက ငါ့အား`အဘယ်အစာရေစာကိုမျှမစား မသောက်နှင့်။ လာလမ်းအတိုင်းလည်းမပြန် နှင့်' ဟုပညတ်တော်မူသောကြောင့်ဖြစ်ပါ သည်'' ဟုပြန်ပြောလေ၏။
18 ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
19 ယုဒပရောဖက်သည်သူနှင့်အတူ အိမ်သို့ လိုက်၍အစားအစာကိုသုံးဆောင်လေသည်။- 20 သူတို့သည်စားပွဲတွင်ထိုင်လျက်နေစဉ်ပရော ဖက်အိုကြီးသည် ထာဝရဘုရား၏ဗျာဒိတ် တော်ရောက်၍၊- 21-22 ယုဒပရောဖက်အား``ထာဝရဘုရားကသင်သည် ငါ၏စကားတော်ကိုမနာခံ။ ငါ၏အမိန့်တော် အတိုင်းမဆောင်ရွက်။ အစားအစာမစားရန်ငါ မှာကြားသော်လည်း ဤအရပ်သို့ပြန်လာကာစား သောက်သည်ဖြစ်သောကြောင့်အသတ်ခံရလိမ့်မည်။ သင်၏အလောင်းကိုဘိုးဘေးတို့သင်္ချိုင်းတွင် သင်္ဂြိုဟ်ရလိမ့်မည်ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
23 သူတို့စားသောက်၍ပြီးသောအခါ ပရောဖက်အို ကြီးသည်မြည်းကိုကုန်းနှီးတင်၍ပေးသဖြင့်၊- 24 ယုဒပရောဖက်သည်မြည်းကိုစီး၍ထွက်လာ ရာလမ်းတွင် ခြင်္သေ့ကိုက်၍သေလေ၏။- 25 သူ၏အလောင်းသည်လမ်းပေါ်တွင်လဲလျက် မြည်းနှင့်ခြင်္သေ့သည်လည်း ထိုအလောင်းအနီး ၌ပင်ရပ်လျက်နေကြ၏။ ယင်းသို့လမ်းပေါ် တွင်လဲနေသောအလောင်းကိုလည်းကောင်း၊ အနီးတွင်ရပ်လျက်နေသောမြည်းနှင့်ခြင်္သေ့ ကိုလည်းကောင်းခရီးသွားသူအချို့တို့ မြင်ကြ၏။ သူတို့သည်ဗေသလမြို့သို့ သွားပြီးလျှင်မိမိတို့တွေ့မြင်ခဲ့ရသည့် အဖြစ်အပျက်ကိုပြောကြားကြ၏။
26 ပရောဖက်အိုကြီးသည် ထိုသတင်းကိုကြား သောအခါ``ဤသူကားထာဝရဘုရား၏အမိန့် တော်ကိုလွန်ဆန်သည့်ပရောဖက်ပင်ဖြစ်ပါသည် တကား။ ထာဝရဘုရားသည်မိမိအမိန့်တော်ရှိ ခဲ့သည့်အတိုင်း ခြင်္သေ့ကိုစေလွှတ်၍ကိုက်သတ်စေ တော်မူလေပြီ'' ဟုဆို၏။- 27 ထိုနောက်သူသည်မိမိ၏သားတို့အား``ငါ၏မြည်း ကိုကုန်းနှီးတင်ကြလော့'' ဟုဆိုသည်အတိုင်း သူတို့သည်ကုန်းနှီးတင်၍ပေးကြ၏။- 28 ထိုအခါပရောဖက်အိုကြီးသည်မြည်းကိုစီး ၍ထွက်သွားရာ လမ်းပေါ်တွင်သေနေသောပရော ဖက်နှင့်အနီးတွင်ရပ်နေလျက်ရှိနေသေးသည့် မြည်းနှင့်ခြင်္သေ့ကိုတွေ့လေ၏။ ခြင်္သေ့သည်လူ သေကောင်ကိုလည်းမစား၊ မြည်းကိုလည်း မကိုက်။- 29 ပရောဖက်အိုကြီးသည်ထိုအလောင်းကိုယူ၍ မြည်းပေါ်သို့တင်ပြီးလျှင် ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြရန်နှင့်သင်္ဂြိုဟ်ရန် ဗေသလမြို့သို့ယူဆောင်လာ၏။- 30 သူသည်ထိုအလောင်းကိုမိမိ၏အိမ်ထောင်စု သင်္ချိုင်းတွင်သင်္ဂြိုဟ်ပြီးနောက် မိမိ၏သားများ နှင့်အတူ``အို ငါ့ညီ၊ ငါ့ညီ'' ဟုဆို၍ငိုကြွေး မြည်းတမ်းလေသည်။- 31 ထိုနောက်ပရောဖက်အိုကြီးသည်မိမိ၏သား များအား``ငါသေသောအခါထိုသူ၏အနီး တွင်ကပ်၍ဤသင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလော့။- 32 ဗေသလမြို့ရှိယဇ်ပလ္လင်နှင့် ပတ်သက်၍လည်း ကောင်း၊ ရှမာရိမြို့များရှိဝတ်ပြုကိုးကွယ်ရာ ဌာနများနှင့်ပတ်သက်၍လည်းကောင်း၊ ထာဝရ ဘုရားအမိန့်တော်အရထိုသူပြန်ကြားသည့် စကား မှန်သမျှသည်မုချအကောင်အထည် ပေါ်လာလိမ့်မည်'' ဟုဆို၏။
ယေရောဗောင်၏ကြီးလေးသောအပြစ်
33 ဣသရေလဘုရင်ယေရောဗောင်သည်ယခုတိုင် အောင်ပင် မိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်သေး ဘဲ မိမိတည်ဆောက်ထားသည့်ယဇ်ပလ္လင်များတွင် အမှုထမ်းရန် ယဇ်ပုရောဟိတ်များအဖြစ်သာမန် အိမ်ထောင်စုများမှရွေးချယ်ခန့်ထားလေ့ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်လုပ်လိုသူမှန်သမျှကို ခန့်ထားလေသည်။- 34 ဤသို့သူကူးလွန်သည့်အပြစ်ကြောင့်သူ၏ မင်းဆက်သည်လုံးဝပျက်သုဉ်း၍သွားလေ၏။