ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ​စောင်
နိ​ဒါန်း
ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​တ​ရား​သူ​ကြီး​များ ခေတ်​မှ ဘု​ရင်​အုပ်​စိုး​သည့်​စ​နစ်​သို့​ကူး​ပြောင်း သော​သ​မိုင်း​ကာ​လ​ကို ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ စောင်​တွင်​မှတ်​တမ်း​တင်​ထား​သည်။ ယင်း​သ​မိုင်း ကာ​လ​ဇာတ်​စင်​ပေါ်​တွင်​ဇာတ်​ကောင်​များ​အ​ဖြစ် ပါ​ဝင်​သ​ရုပ်​ဆောင်​ကြ​သော​အ​ဋ္ဌိ​က​ပ္ဂိုလ် သုံး​ဦး​မှာ တ​ရား​သူ​ကြီး​များ​ထဲ​မှ နောက်​ဆုံး တ​ရား​သူ​ကြီး​ဖြစ်​သူ​ရှ​မွေ​လ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ထ​မ​ဦး​ဆုံး​ဘု​ရင် ဖြစ်​သူ​ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​ဖြစ်​ကြ​သည်။ ထီး​နန်း​မ​ရ​မီ​ဒါ​ဝိဒ်​၏​စွန့်​စား​ခန်း​များ သည် ရှ​မွေ​လ​၏​လုပ်​ဆောင်​ချက်​များ​နှင့် ရှော​လု ၏​လုပ်​ဆောင်​ချက်​များ​တွင်​ပါ​ဝင်​ရော​ယှက် လျက်​ရှိ​သည်။
ဤ​ကျမ်း​စောင်​၏​အ​ဋ္ဌိ​က​တင်​ပြ​ချက်​မှာ ဋ္ဌမ္မ​ဟောင်း​ကျမ်း​ရှိ အ​ခြား​သ​မိုင်း​ကျမ်း​စောင် များ​၏​အ​ဋ္ဌိ​က​တင်​ပြ​ချက်​နှင့်​တူ​ညီ​သည်။ ၎င်း​မှာ​ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​လျှင် အောင်​မြင်​မှု​အ​ကျိုး​ကို​ရ​ရှိ​၍ စ​ကား​တော် ကို​နား​မ​ထောင်​လျှင်​မူ​ကား​ပျက်​စီး​ဆုံး​ရှုံး ရ​မည်​ဖြစ်​ကြောင်း​ဟူ​၍​ဖြစ်​သည်။ ထို​တင်​ပြ ချက်​သည်``ငါ့​အား​ဂုဏ်​ပြု​ချီး​မြှင့်​သူ​တို့ ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့ မြင်​ပြု​သူ​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်'' (၂:၃၀)၊ ဟူ​သော​ကျမ်း​ချက်​တွင်​ပေါ်​လွင်​ထင်​ရှား သည်။
ဤ​ကျမ်း​စောင်​တွင်​ဘု​ရင်​အုပ်​စိုး​သည့်​စ​နစ် ထူ​ထောင်​ခြင်း​နှင့်​စပ်​လျဉ်း​၍ သ​ဘော​ထား ချင်း​မ​တူ​သော​ခံ​ယူ​ချက်​များ​ကို​ဖော်​ပြ ထား​သည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရင်​အ​စစ် အ​မှန်​ဖြစ်​သည်​ဟု​ခံ​ယူ​ထား​ကြ​၏။ သို့​ရာ တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​တောင်း​ဆို သော​ကြောင့်​ဘု​ရင်​ကို​ရွေး​ချယ်​ပေး​တော် မူ​၏။ အ​ရေး​ကြီး​သော​အ​ချက်​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ အုပ် စိုး​သည့်​ဘုရင်​သည်​ဘု​ရား​သ​ခင်​၏​အုပ်​စိုး မှု​နှင့်​တ​ရား​စီ​ရင်​မှု​ကို​ခံ​ယူ​ရ​ကြ​မည် ဆို​သည့်​အ​ချက်​ပင်​ဖြစ်​သည် (၂:၇-၁၀)။ ဆင်း​ရဲ ချမ်း​သား​မ​ရွေး​လူ​အ​ပေါင်း​တို့​၏​အ​ခွင့် အ​ရေး​ကို​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော် များ​က​ထိန်း​ထား​စေ​ရ​မည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏
တ​ရား​သူကြီး​အ​ဖြစ်​ဆောင်​ရွက်​ခြင်း ၁:၁-၇:၁၇
ရှော​လု​ရှင်​ဘု​ရင်​ဖြစ်​လာ​ခြင်း ၈:၁-၁၀:၂၇
ရှော​လု​၏​အ​ဦး​ပိုင်း​နန်း​စံ​နှစ်​များ ၁၁:၁-၁၅:၃၅
ဒါ​ဝိဒ်​နှင့်​ရှော​လု ၁၆:၁-၃၀:၃၁
ရှော​လု​နှင့်​သား​များ​ကွယ်​လွန်​ခြင်း ၃၁:၁-၁၃
1
ရှိ​လော​မြို့​သို့​ရောက်​ရှိ​သော​ဧ​လ​ကာ​န​နှင့် အိမ်​ထောင်​စု
ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​ရာ​မ​မြို့​တွင် ဧ​လ​ကာ​န​ဟု​နာ​မည်​တွင်​သော​လူ​တစ် ယောက်​ရှိ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ဖြစ် ၍​အ​ဖ​မှာ​ယေ​ရော​ဟံ၊ အ​ဖိုး​ကား​ဧ​လိ ဖြစ်​၏။ သူ​သည်​ဇု​ဖ​သား​ချင်း​စု၊ တော​ဟူ အိမ်​ထောင်​စု​ဝင်​ဖြစ်​သ​တည်း။- ဧ​လ​ကာ​န​တွင်​ဟန္န​နှင့်​ပေ​နိန္န​ဟူ​သော​မ​ယား နှစ်​ယောက်​ရှိ​၏။ ပေ​နိန္န​တွင်​သား​သ​မီး​များ​ရှိ ၍​ဟန္န​မှာ​မ​ရှိ​ချေ။- ဧ​လ​ကာ​န​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ရာ​မ​မြို့​မှ ရှိ​လော​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​သွား​ရောက်​၏။ ထို​မြို့​တွင်​ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ဖြင့် ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။- ဧ​လ​ကာ​န​သည်​ယဇ်​ပူ​ဇော်​သည့်​အ​ခါ ပေ​နိန္န နှင့်​သား​သ​မီး​တို့​အား​ဝေ​စု​တစ်​စု​စီ​ခွဲ​ဝေ ပေး​၏။- ဟန္န​ကို​မူ​အ​ထူး​ဝေ​စု​ပေး​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ဟန္န​အား​သား​သ​မီး​မွေး​ဖွား​ခွင့်​ကို​ပေး တော်​မ​မူ​သော်​လည်း ဧ​လ​ကာ​န​သည်​ဟန္န အား​လွန်​စွာ​ချစ်​မြတ်​နိုး​လေ​သည်။- ဟန္န​တွင်​သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ပြိုင် ဘက်​ဖြစ်​သူ ပေ​နိန္န​သည်​ဟန္န​အား​ရှုတ်​ချ​ကာ စိတ်​ဒုက္ခ​ပေး​လေ့​ရှိ​၏။- ဤ​အ​တိုင်း​တစ်​နှစ်​ပြီး​တစ်​နှစ်​လွန်​ခဲ့​၏။ သူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​သွား​ရောက် သည့်​အ​ခါ​တိုင်း ပေ​နိန္န​သည်​ဟန္န​အား​စိတ်​ဒုက္ခ ရောက်​စေ​သ​ဖြင့် ဟန္န​သည်​အ​ဘယ်​အ​စား​အ​စာ ကို​မျှ​မ​စား​ဘဲ​ငို​၍​သာ​နေ​တတ်​၏။- သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။
ဟန္န​နှင့်​ဧ​လိ
9-10 အ​ခါ​တစ်​ပါး​၌​သူ​တို့​သည်​ရှိ​လော​မြို့​ရှိ​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင် အ​စား​အ​စာ​စား​သောက် ကြ​ပြီး​သော​အ​ခါ ဟန္န​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​ထ​၍​ပြင်း​ပြ​စွာ​ငို​ယို​ကာ ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု လေ​၏။ (ထို​အ​ခါ​ဧ​လိ​သည်​တံ​ခါး​အ​နီး မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင်​လျက်​နေ သ​တည်း။-) 11 ဟန္န​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျွန်​မ​ကို​ရှု​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​မ​၏​ဒုက္ခ​ကို​ရှု​မှတ်​တော် မူ​လျက်​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ မေ့ လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည် ကိုယ်​တော်​၏​ကျွန်​မ​အား​သား​ဆု​ကို​ပေး တော်​မူ​လျှင် သူ့​ကို​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​ကိုယ်​တော်​ရှင်​အား​ဆက်​ကပ်​ပူ​ဇော် ပါ​မည်။ သူ​၏​ဆံ​ပင်​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​မ​ဖြတ်​မ​ရိတ်​စေ​ပါ''1 * ဆံ​ပင်​ကို​မ​ဖြတ်​မ​ရိတ်​စေ​ပါ။ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့် လက္ခ​ဏာ​ဖြစ်​သည် (တော၊ ၆:၅) ဟု​ကျိန်​ဆို​က​တိ​ပြု​လေ​၏။ တော၊ ၆:၅။
12 ဟန္န​သည်​အ​ချိန်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။ ဧ​လိ​သည်​သူ​၏​နှုတ် ကို​ကြည့်​ရှု​လျက်​နေ​၏။- 13 ဟန္န​သည်​ဆိတ်​ဆိတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​နေ သ​ဖြင့် သူ​၏​နှုတ်​ခမ်း​တို့​သည်​လှုပ်​ရှား​လျက်​ရှိ သော်​လည်း​အ​သံ​ကား​မ​ထွက်။ သို့​ဖြစ်​၍​သူ့ အား​အ​ရက်​မူး​သည်​ဟု​ထင်​မှတ်​သ​ဖြင့်၊- 14 ဧ​လိ​က``သင်​သည်​အ​ဘယ်​မျှ​ကြာ​အ​ရက်​မူး လျက်​နေ​ပါ​သ​နည်း။ အ​ရက်​ကို​ကြဉ်​ရှောင် လော့'' ဟု​ဆို​၏။
15 ဟန္န​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရက်​မ​မူး​ပါ။ အ​ရက်​မ​သောက်​ပါ။ ကျွန်​မ​သည်​အ​လွန်​ပင် စိတ်​ပျက်​၍ မိ​မိ​၏​ဆင်း​ရဲ​ဒုက္ခ​ကို​ရင်​ဖွင့်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း​ပတ္ထ​နာ ပြု​လျက်​နေ​ခဲ့​ပါ​၏။- 16 ကျွန်​မ​အား​တန်​ဖိုး​မ​ရှိ​သည့်​မိန်း​မ​ဟု​မ​ထင် မှတ်​ပါ​နှင့်။ ကျွန်​မ​သည်​အ​လွန်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​သ​ဖြင့် ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ ခြင်း​ဖြစ်​ပါ​၏'' ဟု​ပြန်​၍​လျှောက်​၏။
17 ဧ​လိ​က``စိတ်​ချမ်း​သာ​စွာ​သွား​ပါ​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တောင်း​လျှောက်​သည်​အ​တိုင်း​ပေး​သနား​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။
18 ဟန္န​က​လည်း``ကျွန်​မ​သည်​အ​ရှင်​ပေး​သည့်​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ ထို​နောက်​သူ​သည်​စိတ်​သက်​သာ​မှု​ရ​လျက်​ထွက် ခွာ​သွား​ပြီး​လျှင် အ​စား​အ​စာ​အ​နည်း​ငယ်​ကို စား​လေ​၏။
ရှ​မွေ​လ​ကို​ဖွား​မြင်​ခြင်း​နှင့်​ဆက်​ကပ်​ပူ​ဇော်​ခြင်း
19 နောက်​တစ်​နေ့​၌​ဧ​လ​ကာ​န​နှင့်​အိမ်​ထောင်​စု​သား တို့​သည် နံ​နက်​စော​စော​ထ​၍​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ထို​နောက်​ရာ​မ​မြို့​နေ​အိမ် သို့​ပြန်​ကြ​၏။ ဧ​လ​ကာ​န​သည်​သူ​၏​ဇ​နီး​ဟန္န နှင့်​ဆက်​ဆံ​လေ​၏။ ဘု​ရား​သ​ခင်​သည်​ဟန္န​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့်၊- 20 ဟန္န​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​သည်။ သူ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား အား​တောင်း​ခံ​သ​ဖြင့်​ဤ​သား​ကို​ရ​၏'' ဟု​ဆို ပြီး​လျှင်​ရှ​မွေ​လ​ဟု​နာ​မည်​မှည့်​လေ​သည်။
21 ဧ​လ​ကာ​န​သည်​မိ​မိ​၏​အိမ်​ထောင်​စု​နှင့်​အ​တူ နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို​လည်း​ကောင်း၊ မိ​မိ သစ္စာ​ဝတ်​ကို​ဖြေ​ရာ​အ​ထူး​ယဇ်​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့ သွား​ရောက်​ဖို့​အ​ချိန်​ကျ​ရောက်​လာ​ပြန်​၏။- 22 သို့​ရာ​တွင်​ယ​ခု​အ​ကြိမ်​၌​ဟန္န​သည်​မ​လိုက် ဘဲ​နေ​၏။ သူ​သည်​မိ​မိ​ခင်​ပွန်း​အား``က​လေး ကို​နို့​ဖြတ်​ပြီး​လျှင်​ပြီး​ချင်း သူ့​အား​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင်​အ​မြဲ​နေ​စေ​ရန် ကျွန်​မ​ခေါ်​ဆောင်​သွား​ပါ​မည်'' ဟု​ပြော​၏။
23 ဧ​လ​ကာ​န​က``ကောင်း​ပြီ။ သင်​ပြု​လို​သည် အ​တိုင်း​ပြု​ပါ​လေ။ က​လေး​နို့​ဖြတ်​သည်​တိုင် အောင်​အိမ်​တွင်​နေ​လော့။ သင်​ပြု​သော​သစ္စာ​က​တိ ကို​အ​ကောင်​အ​ထည်​ဖော်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍ ဟန္န​သည်​သူ​ငယ်​ကို​နို့​တိုက်​လျက်၊ နို့​မ​ဖြတ် မီ​တိုင်​အောင်​အိမ်​မှာ​နေ​လေ​၏။
24 သူ​သည်​သား​ငယ်​ကို​နို့​ဖြတ်​ပြီး​သော​အ​ခါ သုံး​နှစ်​သား​နွား​ထီး2 * သုံး​နှစ်​သား​နွား​ထီး။ ရှေး​ဘာ​သာ​ပြန်​မူ​အ​ချို့​အ​ရ။ ဟေ​ဗြဲ​မူ အ​ရ​ဆို​လျှင်​နွား​ထီး​သုံး​ကောင်။ က​လေး​တစ်​ကောင်၊ မုန့်​ညက်​တစ်​တင်း၊ စ​ပျစ်​ရည် တစ်​ဘူး​ကို​ယူ​ဆောင်​လျက်​သား​ငယ်​နှင့်​အ​တူ ရှိ​လော​မြို့​သို့​သွား​၏။ သား​ငယ်​ရှ​မွေ​လ​သည် လွန်​စွာ​ငယ်​ရွယ်​နု​နယ်​သေး​သ​တည်း။- 25 နွား​ကို​သတ်​ပြီး​နောက်​သူ​ငယ်​ကို​ဧ​လိ​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။- 26 ဟန္န​က​ဧ​လိ​အား``အ​ရှင်၊ ကျွန်​မ​သည်​အ​ထက် က​အ​ရှင်​၏​အ​နီး​၌​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​မိန်း​မ​ဖြစ် ပါ​၏။- 27 ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​တွင် ဤ သား​ဆု​ကို​ပန်​ပါ​၏။ ဆု​ပန်​သည့်​အ​တိုင်း ကိုယ်​တော်​သည်​ပေး​သ​နား​တော်​မူ​ပါ​ပြီ။- 28 သို့​ဖြစ်​၍​ကျွန်​မ​သည်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​ကပ်​အပ်​နှင်း​ပါ​၏။ သူ​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား အား​အပ်​နှင်း​ပါ​၏'' ဟု​လျှောက်​ထား​၏။
ထို​နောက်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။

11:11 * ဆံ​ပင်​ကို​မ​ဖြတ်​မ​ရိတ်​စေ​ပါ။ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့် လက္ခ​ဏာ​ဖြစ်​သည် (တော၊ ၆:၅)

1:11 တော၊ ၆:၅။

21:24 * သုံး​နှစ်​သား​နွား​ထီး။ ရှေး​ဘာ​သာ​ပြန်​မူ​အ​ချို့​အ​ရ။ ဟေ​ဗြဲ​မူ အ​ရ​ဆို​လျှင်​နွား​ထီး​သုံး​ကောင်။