သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်
နိဒါန်း
သက်​သာ​လော​နိတ်​မြို့​သည်​ရော​မ​နိုင်​ငံ​လက် အောက်​ခံ​မာ​ကေ​ဒေါ​နိ​နယ်​ပယ်​၏​မြို့​တော် ဖြစ်​သည်။ ရှင်​ပေါ​လု​သည်​ဖိ​လိပ္ပိ​မြို့​မှ​ထွက် ခွာ​လာ​ပြီး​နောက်​သက်​သာ​လော​နိတ်​မြို့​တွင် အ​သင်း​တော်​တစ်​ပါး​ကို​တည်​ထောင်​သည်။ သက်​သာ​လော​နိတ်​မြို့​တွင်​ယု​ဒ​ဘာ​သာ​ကို စိတ်​ဝင်​စား​လာ​သော​ယု​ဒ​အ​မျိုး​သား​မ​ဟုတ် သူ​တို့​အား ခ​ရစ်​ယာန်​တ​ရား​ကို​ရှင်​ပေါ​လု ဟော​ပြော​ရာ​တွင်​အောင်​မြင်​သည့်​အ​တွက် မ​ကြာ​မီ​ပင်​ယု​ဒ​အ​မျိုး​သား​တို့​က သူ့​အား​မ​နာ​လို​သ​ဖြင့်​အ​တိုက်​အ​ခံ ပြု​လေ​သည်။ သို့​ဖြစ်​၍​ရှင်​ပေါ​လု​သည် သက်​သာ​လော​နိတ်​မြို့​မှ​ဗေ​ရိ​မြို့​သို့ ထွက်​ခွာ​သွား​ရ​သည်။ ထို​မှ​တစ်​ဖန်​ကော​ရိန္သု မြို့​သို့​ရောက်​ရှိ​သွား​သော​အ​ခါ​၌​သူ​၏ အ​မှု​တော်​ဆောင်​ဘက်​ဖြစ်​သူ​တိ​မော​သေ ရောက်​လာ​၍ သက်​သာ​လော​နိတ်​အ​သင်း တော်​၏​အ​ခြေ​အ​နေ​အ​ကြောင်း​ကို ရှင်​ပေါ​လု​အား​တင်​ပြ​သည်။
ထို​အ​ခါ​တွင်​ရှင်​ပေါ​လု​သည်​သက်​သာ​လော နိတ်​မြို့​ရှိ​ခ​ရစ်​ယာန်​တို့​အား​စိတ်​မ​ပျက်​စေ ရန်​နှင့်​အား​မာန်​တက်​စေ​ရန် သက်​သာ​လော​နိတ် သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ကို​ရေး​သည်။ ထို သူ​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​မေတ္တာ​တရား​အ​တွက် သူ​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည်။ သူ တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က မိ​မိ​အ​ဘယ် သို့​ပြု​မူ​နေ​ထိုင်​ခဲ့​ပုံ​ကို​ပြန်​လည်​သ​တိ​ရ စေ​သည်။ ထို​နောက်​ယုံ​ကြည်​သူ​သည်​ခ​ရစ် တော်​တစ်​ဖန်​ကြွ​လာ​တော်​မ​မူ​မီ သေ​ဆုံး သွား​ခဲ့​သော်​ကိုယ်​တော်​ကြွ​လာ​ချိန်​၌​ပေး တော်​မူ​မည့်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​စား​နိုင် ပါ​မည်​လော။ အ​ဘယ်​အ​ခါ​၌​ခ​ရစ်​တော် တစ်​ဖန်​ကြွ​လာ​တော်​မူ​မည်​နည်း​ဟု အ​သင်း တော်​အ​သိုင်း​အ​ဝိုင်း​တွင်​မေး​မြန်း​ကြ​သည့် မေး​ခွန်း​များ​ကို​ဖြေ​ဆို​လေ​သည်။ အ​သင်း တော်​ဝင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဖန်​ကြွ လာ​ချိန်​ကို​မျှော်​လင့်​စောင့်​စား​လျက်​ရှိ​နေ စဉ် မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့်​တာ​ဝန် လုပ်​ငန်း​များ​ကို​ငြိမ်​ဝပ်​စွာ​ဆက်​လက်​လုပ် ဆောင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​သြ​ဝါ​ဒ ပေး​လေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁
ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​ထော​မ​နာ​ပြု​ခြင်း ၁:၂-၃:၁၃
ခ​ရစ်​ယာန်​ပြု​မူ​ကျင့်​ကြံ​မှု​နှင့်​ပတ်​သက်​၍ တိုက်​တွန်း​နှိုး​ဆော်​ခြင်း ၄:၁-၁၂
ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ပတ်​သက်​၍​သွန်​သင်​ခြင်း ၄:၁၃-၅:၁၁
နောက်​ဆုံး​တိုက်​တွန်း​နှိုး​ဆော်​ချက်​များ ၅:၁၂-၂၂
နိ​ဂုံး ၅:၂၃-၂၈
1
ပေါ​လု၊ သိ​လွာ​နု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ခ​မည်း​တော် ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သည့် သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။
ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့ ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ တ၊ ၁၇:၁။
သက်​သာ​လော​နိတ်​အ​သင်း​တော်​ဝင်​တို့​၏ ဘ​ဝ​နှင့်​ယုံ​ကြည်​ခြင်း
2-3 ငါ​တို့​သည်​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​သည် မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လက်​တွေ့​အ​ဘယ် သို့​ကျင့်​သုံး​ကြ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ ၏​ချစ်​ခြင်း​ကြောင့်​သင်​တို့​အ​ဘယ်​သို့​ကြိုး​စား လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​အ​ဘယ်​သို့​မျှော်​လင့် ၍​တည်​ကြည်​ကြ​သည်​ကို​လည်း​ကောင်း သ​တိ​ရ ၍​အ​စဉ်​ပင်​ကျေးဇူး​တော်​ကို​ချီး​မွမ်း​ကြ​၏။- ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​ချစ်​တော်​မူ​၍​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​ငါ​တို့​သိ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​သ​တင်း ကောင်း​ကို စ​ကား​သက်​သက်​ဖြင့်​သာ​မ​ဟုတ် ဘဲ​တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ထို​သ​တင်း ကောင်း​မှန်​ကန်​ကြောင်း​ကို​လုံး​ဝ​စိတ်​ချ ယုံ​ကြည်​သော​စိတ်​နှင့်​လည်း​ကောင်း သင်​တို့ အား​ဟော​ပြော​သော​ကြောင့်​ဖြစ်​၏။ ငါ​တို့ သည်​သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သင်​တို့​၏​အ​ကျိုး​ငှာ ငါ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​ကြ​သည်​ကို​သင်​တို့​အ​သိ ပင်​ဖြစ်​၏။- သင်​တို့​သည်​ငါ​တို့​၏​ပုံ​စံ​နှင့်​သခင်​ဘု​ရား ၏​ပုံ​စံ​တော်​အ​တိုင်း​လိုက်​လျှောက်​ခဲ့​ကြ​၏။ သင်​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ ကြ​သော်​လည်း သန့်​ရှင်း​သော​ဝိညာဉ်​တော်​မှ ရ​သော​ဝမ်း​မြောက်​ခြင်း​ဖြင့်​တ​ရား​တော် ကို​ခံ​ယူ​ကြ​၏။- တ၊ ၁၇:၅-၉။ သို့​ဖြစ်​၍​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ရှိ ယုံ​ကြည်​သူ​အ​ပေါင်း​တို့ အ​တွက်​စံ​န​မူ​နာ​ဖြစ်​လေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ပြု​မူ​ကျင့် ကြံ​မှု​ကြောင့်​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​တွင် ပျံ့​နှံ့​သွား​သည်​သာ​မ​က ဘု​ရား​သ​ခင်​အား သင်​တို့​ယုံ​ကြည်​ခြင်း​သ​တင်း​သည်​အ​ရပ် တ​ကာ​သို့​ရောက်​ရှိ​သွား​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​ပြော​ဆို​ရန်​မ​လို​တော့​ချေ။- 9-10 သင်​တို့​ထံ​ငါ​တို့​လာ​ရောက်​စဉ်​အ​ခါ​က သင်​တို့​အ​ဘယ်​သို့​ဧည့်​ခံ​ကြို​ဆို​ကြ​ကြောင်း ကို​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား စစ်​ဘု​ရား​မှန်​ကို​ကိုး​ကွယ်​နိုင်​ရန်​နှင့် ကောင်း​ကင် ဘုံ​မှ​ကိုယ်​တော်​၏​သား​တော်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​နိုင်​ရန် ရုပ်​တု​များ​ကို​စွန့်​၍ ဘု​ရား​သခင်​ထံ​တော်​သို့​သင်​တို့​အ​ဘယ်​သို့ ချဉ်း​ကပ်​လာ​ကြ​ကြောင်း​ကို​လည်း​ကောင်း ထို သူ​အ​ပေါင်း​တို့​ပြော​ဆို​၏။ ထို​သား​တော် ယေ​ရှု​ကား​သေ​ခြင်း​မှ​ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော၊ သက် ရောက်​မည့်​အ​မျက်​တော်​မှ​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​သ​တည်း။

1:1 တ၊ ၁၇:၁။

1:6 တ၊ ၁၇:၅-၉။