တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်
နိ​ဒါန်း
တိ​မော​သေ​သည်​အာ​ရှ​မိုင်း​နား​ဒေ​သ​တွင် ကြီး ပြင်း​လာ​သော​ခ​ရစ်​ယာန်​လူ​ငယ်​တစ်​ဦး​ဖြစ် သည်။ အ​မိ​မှာ​ယု​ဒ​လူ​မျိုး၊ အ​ဖ​မှာ​ဂ​ရိ​လူ မျိုး​ဖြစ်​၏။ သူ​သည်​ရှင်​ပေါ​လု​၏​သာ​သ​နာ ပြု​လုပ်​ငန်း​တွင် ရှင်​ပေါ​လု​၏​လုပ်​ဖော်​ကိုင်​ဘက် နှင့်​လက်​ထောက်​ဖြစ်​လာ​၏။ ရှင်​ပေါ​လု​ရေး သား​သော​တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ စောင်​တွင် အ​ဋ္ဌိ​က​အ​ကြောင်း​အ​ရာ​သုံး​ခု တွေ့​ရှိ​ရ​၏။
ပ​ထ​မ​အ​နေ​ဖြင့်​အ​သင်း​တော်​တွင်​မှား​ယွင်း သည့်​အ​ယူ​ဝါ​ဒ​ရှိ​နေ​၍​သ​တိ​ပေး​သည်။ ယင်း​မှား​ယွင်း​သော​အ​ယူ​ဝါ​ဒ​မှာ​ယု​ဒ အ​မျိုး​သား​တို့​၏​အ​တွေး​အ​ခေါ်​နှင့် ယု​ဒ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​အ​တွေး​အ​ခေါ် တို့​ကို​ရော​နှော​ရာ​မှ​ပေါ်​လာ​သော​အ​ယူ​ဝါ​ဒ ဖြစ်​သည်။ ယင်း​အ​ယူ​ဝါ​ဒ​အ​ရ​ရုပ်​လော​က သည်​ဆိုး​ညစ်​သည်​ဖြစ်​၍ လူ​သည်​ကယ်​တင် ခြင်း​ရ​နိုင်​ရန် အ​ထူး​နက်​နဲ​သည့်​အ​သိ​ပ​ညာ ရ​ရှိ​ရန်​လို​အပ်​ကြောင်း၊ ထို့​အ​ပြင်​အ​စာ​ရှောင် ခြင်း၊ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​အ​စ​ရှိ​သည့် ကျင့်​စဉ်​များ​ကို​လည်း​လိုက်​နာ​ရန်​လို​အပ် ကြောင်း၊ ဒု​တိ​ယ​အ​နေ​ဖြင့်​အ​သင်း​တော် အုပ်​ချုပ်​ရေး၊ ကိုး​ကွယ်​ဝတ်​ပြု​ရေး​နှင့်​ပတ် သက်​၍​လည်း​ကောင်း အ​သင်း​တော်​ခေါင်း​ဆောင် များ​နှင့်​လက်​ထောက်​များ​တွင် ရှိ​အပ်​သည့် အ​ရည်​အ​သွေး​စ​သည်​တို့​နှင့်​ပတ်​သက်​၍ လည်း​ကောင်း​ညွှန်​ကြား​ချက်​များ​ဖော်​ပြ ပါ​ရှိ​၏။ တ​တိ​ယ​အ​နေ​ဖြင့်​တိ​မော​သေ သည်​ယေ​ရှု​ခ​ရစ်​၏​အ​စေ​ခံ​ကောင်း​တစ် ယောက်​ဖြစ်​လာ​နိုင်​ရန်​နှင့် ခ​ရစ်​ယာန်​လူ တန်း​စား​အ​သီး​သီး​တို့​ကို​ပြု​စု​နိုင်​ရန် အ​ကြံ​ဉာဏ်​ပေး​ချက်​များ​ဖော်​ပြ​ပါ ရှိ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း​၁:၁-၂
အ​သင်း​တော်​နှင့်​အ​သင်း​တော်​အ​ရာ​ရှိ​များ​အ​တွက် ညွှန်​ကြား​ချက်​များ​၁:၃-၃:၁၆
တိ​မော​သေ​၏​အ​လုပ်​နှင့်​ပတ်​သက်​သည့် ညွှန်​ကြား​ချက်​များ​၄:၁-၆:၂၁
1
ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှင့်​ငါ တို့​မျှော်​လင့်​ရာ​ဖြစ်​သော​ခ​ရစ်​တော်​ယေ​ရှု​၏ အ​မိန့်​တော်​အ​ရ ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန် တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ​သော​ငါ ပေါ​လု​ထံ​မှ၊
ယုံ​ကြည်​ခြင်း​အား​ဖြင့်​ငါ​၏​သား​စစ်​ဖြစ် သော​တိ​မော​သေ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။
သင်​သည်​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။ တ၊ ၁၆:၁။
မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​အ​တွက်​သ​တိ​ပေး​ခြင်း
3-4 မာ​ကေ​ဒေါ​နိ​ပြည်​သို့​ငါ​ထွက်​ခွာ​စဉ်​အ​ခါ က သင့်​အား​ငါ​မှာ​ကြား​ခဲ့​သည်​အ​တိုင်း ဧ​ဖက် မြို့​တွင်​ဆက်​လက်​နေ​ထိုင်​စေ​လို​၏။ လူ​အ​ချို့ တို့​သည်​မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​ကို​ဟော​ပြော သွန်​သင်​လျက်​ရှိ​ကြ​ပေ​သည်။ မ​ကုန်​မ​ဆုံး​နိုင် သော​ဒဏ္ဍာ​ရီ​များ​နှင့်​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း များ​ကို အ​ပတ်​တ​ကုတ်​အား​ထုတ်​လေ့​လာ တတ်​သူ​တို့​အား ထို​အ​မှု​တို့​ကို​ရပ်​စဲ​ကြ စေ​ရန်​ပြော​ကြား​လော့။ ထို​အ​မှု​အ​ရာ​များ သည်​အ​ငြင်း​ပွား​မှု​များ​ကို​သာ​လျှင်​ပြု​စု ပေး​တတ်​၏။ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကျိုး​မ​ပြု​တတ်။ ယုံ​ကြည်​ခြင်း အား​ဖြင့်​သာ​လျှင် ထို​အ​ကြံ​အ​စည်​တော် ကို​သိ​နိုင်​လေ​သည်။- ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။- လူ​အ​ချို့​တို့​သည်​ဆို​ခဲ့​သော​သ​ဘော​မျိုး​ကို မ​ကျင့်​ဘဲ အ​ကျိုး​မဲ့​ပြော​ဆို​ငြင်း​ခုံ​မှု​များ ပြု​၍​လမ်း​လွဲ​သွား​ကြ​ပြီ။- ထို​သူ​တို့​သည်​မိ​မိ​တို့​ပြော​ဆို​သော​စ​ကား များ​ကို​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ပိုင်​နိုင်​စွာ ပြော​ဆို​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​သော် လည်း​ကောင်း​နား​မ​လည်​ကြ။ သို့​နှင့်​လည်း​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​ဆိုင်​ရာ နည်း​ပြ​ဆ​ရာ​များ​လုပ်​လို​သေး​၏။
ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။- သို့​ရာ​တွင်​တ​ရား​ဥ​ပ​ဒေ​များ​ကို​လူ​ကောင်း တို့​အ​တွက်​မ​ဟုတ်။ တ​ရား​လက်​လွတ်​စည်း​မဲ့ ကမ်း​မဲ့​ကျင့်​ကြံ​သူ​များ၊ ပြစ်​မှု​ကူး​လွန်​သူ များ၊ ဘု​ရား​ကို​မ​ကြည်​ညို​သူ​များ၊ အ​ပြစ် ကူး​သူ​များ၊ ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု မ​ရှိ​သူ​များ၊ အ​ဖ​ကို​သတ်​သူ​များ​နှင့် အ​မိ​ကို​သတ်​သူ​များ၊ သူ​သတ်​သ​မား​များ၊- 10 အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။- 11 ဤ​သွန်​သင်​ချက်​သည်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့် ဝ​၍ မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တော်​မှ​လာ​သည့်​သ​တင်း​ကောင်း​အ​တိုင်း​ဖြစ် ပေ​သည်။ ထို​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​၏။
ရှင်​ပေါ​လု​၏​ကျေး​ဇူး​တော်​နှင့်​က​ရု​ဏာ​တော်​ကို ချီး​မွမ်း​ခြင်း
12-13 ငါ​သည်​ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင်​ရန် ငါ့​အား​ခွန်​အား​ကို​ပေး​တော်​မူ​သော ငါ​တို့ အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ ငါ​သည်​ယ​ခင်​က​ကိုယ်​တော်​အား ပုတ်​ခတ်​ပြော​ဆို​ခဲ့​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ၊ စော်​ကား​ခဲ့​သူ​ဖြစ်​သော်​လည်း​ကိုယ်​တော်​သည် ငါ့​အား​ထိုက်​တန်​သူ​ဟု​မှတ်​ယူ​တော်​မူ​လျက် ဤ​အ​လုပ်​တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​သော ကြောင့်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သူ​မ​ဟုတ်​သ​ဖြင့် မ​သိ​နား​မ​လည် သည့်​အ​တွက် ယင်း​သို့​ပြု​ကျင့်​မိ​ခဲ့​ခြင်း​ဖြစ်​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ငါ့​အား​က​ရု​ဏာ ထား​တော်​မူ​ပေ​သည်။- တ၊ ၈:၃၊ ၉:၄-၅။ 14 ငါ​တို့​သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကြွယ်​ဝ​သော ကျေး​ဇူး​တော်​ကို​ငါ့​အ​ပေါ်​သို့​သွန်း​လောင်း တော်​မူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ငါ​တို့​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​ကို​ငါ့​အား ပေး​တော်​မူ​၏။- 15 ဤ​လော​က​သို့​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော် မူ​သည်​မှာ​အ​ပြစ်​ကူး​သူ​တို့​အား ကယ်​တင်​ရန် ဖြစ်​၏​ဟူ​သော​စကား​သည်​သစ္စာ​စ​ကား​ဖြစ်​၍ ခြွင်း​ချက်​မ​ရှိ​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။ ငါ သည်​အ​ပြစ်​ကူး​သူ​တို့​တွင်​အ​ဆိုး​ဆုံး​ဖြစ်​၏။- 16 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။- 17 ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ​သော၊ သင်္ခါ​ရ သ​ဘော​တ​ရား​နှင့်​ကင်း​တော်​မူ​သော၊ လူ တို့​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော၊ တစ်​ဆူ​တည်း ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ အ​ဆက်​ဆက်​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။
18 ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။- 19 သင်​၌​ယုံ​ကြည်​ခြင်း​နှင့်​ကြည်​လင်​သော​သြတ္တပ္ပ စိတ်​ရှိ​စေ​လော့။ အ​ချို့​သော​သူ​တို့​သည်​သြတ္တပ္ပ စိတ်​၏​နှိုး​ဆော်​မှု​ကို​နား​မ​ထောင်​သ​ဖြင့် မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​ကြ​၏။- 20 ထို​သူ​တို့​အ​ထဲ​တွင်​ဟု​မေ​နဲ​နှင့်​အာ​လေ ဇန္ဒြု​တို့​လည်း​ပါ​ကြ​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​အား​ပြစ်​မှား​ပြော​ဆို​မှု​ကို​မ​ပြု​ရန် သင်​ခန်း​စာ​ရ​စေ​အံ့​ငှာ ငါ​သည်​သူ​တို့​ကို စာ​တန်​၏​လက်​သို့​ပေး​အပ်​လိုက်​လေ​ပြီ။

1:2 တ၊ ၁၆:၁။

1:12-13 တ၊ ၈:၃၊ ၉:၄-၅။