31
ဘာသာရေးဆိုင်ရာပြောင်းလဲမှုများကို ဟေဇကိပြုလုပ်ခြင်း
1 ပွဲတော်ပြီးဆုံးသွားသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည်ယုဒမြို့ရှိသမျှ သို့သွားလျက် ကျောက်တိုင်များကိုဖြိုဖျက်၍ အာရှရဘုရားမ၏တံခွန်တိုင်များကိုခုတ် လှဲကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းဖြိုဖျက်ကြ၏။ သူတို့ သည်ယုဒနယ်မြေ၊ ဗင်္ယာမိန်နယ်မြေနှင့်မနာရှေ နယ်မြေတို့တွင်လည်းဤနည်းအတိုင်းပြုလုပ် ကြပြီးလျှင်မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
2 ဟေဇကိမင်းသည်ယဇ်ပုရောဟိတ်နှင့်လေဝိ အနွယ်ဝင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော်မူ၍ သူတို့အသီးသီးအတွက်တိကျသောတာဝန် ဝတ္တရားများကိုသတ်မှတ်ပေးတော်မူ၏။ ထို တာဝန်ဝတ္တရားများတွင်မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုပူဇော်ခြင်း၊ ဗိမာန်တော်၌ဝတ်ပြုကိုးကွယ်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဗိမာန်တော်ဌာန အသီးသီးတွင်ဂုဏ်တော်နှင့်ကျေးဇူး တော်ချီးမွမ်းခြင်းတို့ပါဝင်လေသည်။- 3 မင်းကြီးသည်ထာဝရဘုရား၏ပညတ်ကျမ်း အရ နေ့စဉ်နံနက်တိုင်း၊ ညနေတိုင်း၊ ဥပုသ်နေ့ လဆန်းပွဲတော်နေ့နှင့်အခြားပွဲတော်များ၌ မီးရှို့ပူဇော်ရန် လိုအပ်သောသိုးနွားများကို မိမိပိုင်သိုးအုပ်နွားအုပ်များမှပေးလှူတော် မူ၏။✡တော၊ ၂၈:၁-၂၉:၃၉။
4 ထိုအပြင်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ထာဝရဘုရား၏ပညတ် ကျမ်းပြဋ္ဌာန်းချက်များကိုအချိန်ပြည့် တာဝန်ယူဆောင်ရွက်နိုင်ကြစေခြင်းငှာ သူ တို့ခံယူထိုက်သောလှူဖွယ်ပစ္စည်းများကို ယေရုရှလင်မြို့သူမြို့သားတို့ယူဆောင် လာကြရန်အမိန့်ပေးတော်မူ၏။-✡တော၊ ၁၈:၁၂-၁၃၊ ၂၁။ 5 အမိန့်တော်ကိုကြားလျှင်ကြားချင်းဣသရေလ ပြည်သူတို့သည်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ပျားရည်နှင့်အခြားလယ်ယာထွက်သီးနှံ လက်ဦးလက်ဖျားများ9* လက်ဦးလက်ဖျားများ။ လက်ဦးလက်ဖျားများသည်ယဇ်ပုရောဟိတ် များအတွက်။ ဆယ်ပုံတစ်ပုံသည်လေဝိအနွယ် ဝင်များအတွက်ဖြစ်သည်။ ကိုလည်းကောင်း၊ ရှိသမျှသောဥစ္စာများ၏ ဆယ်ပုံတစ်ပုံကိုလည်းကောင်းယူဆောင်လာ ကြလေသည်။- 6 ယုဒမြို့များတွင်နေထိုင်သူအပေါင်းတို့သည် လည်း မိမိတို့၏သိုးနွားဆယ်ပုံတစ်ပုံနှင့် လှူဖွယ်ပစ္စည်းအမြောက်အမြားကိုယူဆောင် လာပြီးလျှင် ထာဝရဘုရားအားဆက်ကပ် လှူဒါန်းကြ၏။- 7 ထိုလှူဖွယ်ပစ္စည်းများသည်တတိယလမှ အစပြု၍ နောက်လေးလတိုင်တိုင်ဆက်လက် ရောက်ရှိလာကာစုပုံလျက်နေလေ၏။- 8 မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။- 9 မင်းကြီးသည်ထိုလှူဖွယ်ပစ္စည်းများနှင့် ပတ်သက်၍ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အားမိန့်ကြားတော်မူသော အခါ၊- 10 ဇာဒုတ်၏သားမြေးယဇ်ပုရောဟိတ်မင်း အာဇရိက``ပြည်သူတို့သည်ဤလှူဖွယ် ပစ္စည်းများကိုဗိမာန်တော်သို့ယူဆောင်လာ ချိန်မှအစပြု၍ အကျွန်ုပ်တို့စားသုံးရန် အလုံအလောက်ရရှိကြသည့်အပြင် များစွာပင်ပိုလျှံလျက်နေပါ၏။ ဤမျှ အကျွန်ုပ်တို့ရရှိကြခြင်းမှာထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်အား ကောင်းချီးပေးတော်မူသောကြောင့်ဖြစ် ပါ၏'' ဟုလျှောက်လေသည်။
11 မင်းကြီး၏အမိန့်တော်အရဗိမာန်တော် အနီးတွင် ပစ္စည်းသိုလှောင်ခန်းများကိုပြင် ဆင်ပြီးလျှင်၊- 12 ထိုလှူဖွယ်ပစ္စည်းများနှင့်ဆယ်ပုံတစ်ပုံ အလှူများကိုသိမ်းဆည်းထားကြ၏။ သူ တို့သည်ပစ္စည်းသိုလှောင်ခန်းများအတွက် လေဝိအနွယ်ဝင်ကောနနိအားတာဝန်ခံ အဖြစ်ဖြင့်လည်းကောင်း၊ သူ၏ညီရှိမိအား လက်ထောက်တာဝန်ခံအဖြစ်ဖြင့်လည်း ကောင်းခန့်အပ်ကြလေသည်။- 13 သူတို့၏လက်အောက်တွင်အမှုထမ်းရန် လေဝိ အနွယ်ဝင်ဆယ်ဦးဖြစ်ကြသောယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ် နှင့်ဗေနာယတို့ကိုလည်းခန့်ထားကြ၏။ ဤရာထူးများကိုဟေဇကိမင်းနှင့်ယဇ် ပုရောဟိတ်မင်းအာဇရိတို့၏အမိန့်အရ ခန့်ထားခြင်းဖြစ်သတည်း။- 14 လေဝိအနွယ်ဝင်ဣမန၏သား၊ ဗိမာန်တော် အရှေ့တံခါးမှူးကောရသည်ထာဝရဘုရား အား ပေးလှူသည့်ပူဇော်သကာများကိုလက် ခံရန်နှင့်ဝေမျှရန်တာဝန်ယူဆောင်ရွက်ရ၏။- 15-16 ယဇ်ပုရောဟိတ်များနေထိုင်ရာအခြားမြို့ များ၌ အခြားလေဝိအနွယ်ဝင်များဖြစ် ကြသောဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိနှင့်ရှေကနိတို့ကကောရအား သစ္စာရှိစွာကူညီဆောင်ရွက်ပေးကြလေသည်။ သူတို့သည်မိမိတို့၏ညီအစ်ကိုလေဝိ အနွယ်ဝင်တို့အား သားချင်းစုအလိုက် မဟုတ်ဘဲသူတို့ထမ်းဆောင်ရသည့်တာဝန် ဝတ္တရားများအလိုက် ထိုလှူဖွယ်ပစ္စည်းများ ကိုခွဲဝေပေးကြရ၏။ မိမိတို့ရာထူး အလိုက်ဗိမာန်တော်တွင်နေ့စဉ် တာဝန် ထမ်းဆောင်ရသူအသက်သုံးဆယ်နှင့် အထက်ရှိသူအပေါင်းတို့သည်ဝေစု တစ်စုစီရရှိကြလေသည်။- 17 ယဇ်ပုရောဟိတ်များသည်မိမိတို့သား ချင်းစုအလိုက် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရကြ၍အသက်နှစ်ဆယ်နှင့် အထက်ရှိလေဝိအနွယ်ဝင်များမှာမူ လုပ်ငန်း အဖွဲ့များအလိုက်တာဝန်ထမ်းဆောင်ကြ ရ၏။- 18 ထိုသူအပေါင်းတို့သည်မိမိတို့အတွက် သီးသန့်ထားသောတာဝန်ဝတ္တရားများကို အချိန်မရွေးထမ်းဆောင်ရန်အသင့်ရှိအပ် သည်ဖြစ်၍ သားမယားများနှင့်တကွ အခြားမှီခိုသူများနှင့်အတူမှတ်ပုံ တင်ထားရကြလေသည်။- 19 အာရုန်မှဆင်းသက်လာသူတို့အားနေရာ ချထားသည့်မြို့များ၌ဖြစ်စေ၊ ထိုမြို့တို့ နှင့်သက်ဆိုင်သည့်စားကျက်များ၌ဖြစ်စေ နေထိုင်သူယဇ်ပုရောဟိတ်များတွင်ရိက္ခာ ခွဲဝေမှုတာဝန်ခံများရှိ၏။ သူတို့သည်ယဇ် ပုရောဟိတ်များ၏အိမ်ထောင်စုဝင်ယောကျာ်း မှန်သမျှနှင့် လေဝိသားချင်းစုစာရင်း ဝင်သူမှန်သမျှတို့အားစားနပ်ရိက္ခာ များကိုခွဲဝေပေးကြ၏။
20 ဟေဇကိမင်းသည်ယုဒပြည်တစ်လျှောက် လုံးတွင်ဖြောင့်မှန်သော၊ မိမိ၏ဘုရားသခင်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြုတော်မူ၏။- 21 သူသည်ဗိမာန်တော်အတွက်ပြုလေသမျှ သောအမှုတို့တွင်လည်းကောင်း၊ ပညတ်တော် ကိုစောင့်ထိန်းရာ၌လည်းကောင်း၊ မိမိ၏ ဘုရားသခင်အားစိတ်ရောကိုယ်ပါ ဆည်း ကပ်လျက်ပြုတော်မူသည့်အတွက်အောင် မြင်ထမြောက်တော်မူ၏။