ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်
နိ​ဒါန်း
ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​သည် ဋ္ဌမ္မ​ရာ​ဇ​ဝင် ပ​ထ​မ​စောင်​၏​အ​ကြောင်း​ဆက်​ဖြစ်​၍ ရှင်​ဘု​ရင် ဒါ​ဝိဒ်​၏​နန်း​စံ​သ​မိုင်း​ဖြစ်​သည်။ ဒါ​ဝိဒ်​သည် ဦး​စွာ​တောင်​ပိုင်း​၌​တည်​ရှိ​သော​ယု​ဒ​ပြည် ကို​အုပ်​ချုပ်​သည် (အ​ခန်း၁-၄)။ ထို​နောက်​မြောက်​ပိုင်း ၌​တည်​ရှိ​သော​ဣ​သ​ရေ​လ​ပြည်​အ​ပါ​အ​ဝင် တစ်​နိုင်​ငံ​လုံး​ကို​အုပ်​ချုပ်​သည် (အ​ခန်း ၅-၂၄)။ ဒါ​ဝိဒ်​ဘု​ရင်​သည်​မိ​မိ​၏​နိုင်​ငံ​ကို​တိုး​ချဲ့ ရန်​နှင့်​မိ​မိ​၏​အာ​ဏာ​တည်​မြဲ​စေ​ရန် ပြည် တွင်း​ပြည်​ပ​ရန်​သူ​များ​ကို​မည်​ကဲ့​သို့​ဆိုင် ပြိုင်​တွန်း​လှန်​ရ​ကြောင်း​ရှင်း​လင်း​ပြတ်​သား စွာ​ဖော်​ပြ​ထား​သည်။ ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်၊ ကြည်​ညို​မှု​အား​ကြီး သူ​ပ္ဂိုလ်​အ​ဖြစ်​နှင့်​လည်း​ကောင်း၊ မိ​မိ​ပြည် သူ​တို့​၏​သစ္စာ​စောင့်​မှု​ကို​ရ​ယူ​နိုင်​သူ​ပ္ဂိုလ် အ​ဖြစ်​နှင့်​လည်း​ကောင်း​ဖော်​ပြ​ထား​သည်။ ထို့​အ​ပြင်​သူ​သည်​မိ​မိ​အ​လို​ဆန္ဒ​နှင့် မျှော်​မှန်း​ချက်​ပေါက်​မြောက်​စေ​ရန် တစ်​ခါ တစ်​ရံ​ရက်​စက်​ကြမ်း​ကြုတ်​မှု​များ​ကို ပြု​လုပ်​၍ ကြီး​လေး​သော​အ​ပြစ်​များ​ကို ကူး​လွန်​ကြောင်း​ကို​လည်း​ဖော်​ပြ​ထား သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော ဖက်​နာ​သန်​က​သူ​၏​အ​ပြစ်​များ​ကို​ထုတ် ဖော်​သော​အ​ခါ သူ​သည်​ဝန်​ချ​တောင်း​ပန် ၍​ဘု​ရား​သ​ခင်​စီ​ရင်​သော​အ​ပြစ်​ဒဏ် ကို​ခံ​ယူ​လေ​သည်။
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ် ဘု​ရင်​၏​ဘ​ဝ​အ​သက်​တာ​နှင့် ဆောင်​ရွက် ချက်​များ​ကို​အ​လွန်​စွဲ​လန်း​နှစ်​သက်​ကြ ရ​ကား နောင်​အ​ခါ​တစ်​မျိုး​သား​လုံး​အ​တိ ဒုက္ခ​ရောက်​သည့်​အ​ခါ သူ​တို့​လို​လား​တောင့် တ​သော​ဘုရင်​မှာ``ဒါ​ဝိဒ်​၏​သား​တော်'' တစ် နည်း​ကား​ဒါ​ဝိဒ်​နှင့်​တူ​သူ၊ ဒါ​ဝိဒ်​၏ အ​ဆက်​အ​နွယ်​မှ​ဆင်း​သက်​သူ​ဖြစ် သ​တည်း။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ယု​ဒ​ပြည်​ကို​ဒါ​ဝိဒ်​အုပ်​စိုး​ခြင်း ၁:၁-၄:၁၂
ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို ဒါ​ဝိဒ်​အုပ်​စိုး​ခြင်း ၅:၁-၂၄:၂၅
(က) နန်း​စံ​နှစ်​ဦး​ပိုင်း ၅:၁-၁၀:၁၉
(ခ) ဒါ​ဝိဒ်​နှင့်​ဗာ​သ​ရှေ​ဘ ၁၁:၁-၁၂:၂၅
(ဂ) ဘေး​ဒုက္ခ​နှင့်​အ​ခက်​အ​ခဲ​များ ၁၂:၂၆-၂၀:၂၆
(ဃ) နှစ်​နှောင်း​ပိုင်း ၂၁:၁-၂၄:၂၅
1
ရှော​လု​ကွယ်​လွန်​ကြောင်း​ကို ဒါ​ဝိဒ်​ကြား​သိ​ရ​ခြင်း
ရှော​လု​ကွယ်​လွန်​ပြီး​နောက်​ဒါ​ဝိဒ်​သည်​အာ မ​လက်​မြို့​သား​တို့​ကို​နှိမ်​နင်း​ရာ​မှ​ပြန် လာ​၍ ဇိ​က​လတ်​မြို့​တွင်​နှစ်​ရက်​မျှ​နေ​၏။- နောက်​တစ်​နေ့​၌ ရှော​လု​၏​တပ်​စ​ခန်း​မှ​လူ​ငယ် တစ်​ယောက်​သည် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​လက္ခ​ဏာ ဖြင့် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း ကို​မြေ​မှုန့်​ကြဲ​ဖြန့်​လျက်​ရောက်​လာ​၏။ သူ​သည် ဒါ​ဝိဒ်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လေ​၏။- ဒါ​ဝိဒ်​က​သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ် က​လာ​သ​နည်း'' ဟု​မေး​၏။
ထို​သူ​က``ကျွန်​တော်​သည်​ဣသ​ရေ​လ​တပ်​စခန်း မှ​ထွက်​ပြေး​ခဲ့​ပါ​သည်'' ဟု​ဖြေ​ကြား​၏။
ဒါ​ဝိဒ်​က``အ​မှု​ကား​အ​ဘယ်​သို့​နည်း'' ဟု မေး​လျှင်၊
လူ​ငယ်​က``ကျွန်​တော်​တို့​၏​တပ်​မ​တော်​သည် တပ်​လန်​၍​သွား​သ​ဖြင့် လူ​အ​များ​ကျ​ဆုံး ကြ​ပါ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​ယော န​သန်​တို့​သည်​လည်း​အ​သတ်​ခံ​ရ​ကြ​ပါ ၏'' ဟု​ဆို​၏။
ဒါ​ဝိဒ်​က``ရှော​လု​နှင့်​ယော​န​သန်​ကွယ်​လွန် ကြောင်း​ကို​သင်​အ​ဘယ်​သို့​သိ​သ​နည်း'' ဟု မေး​လျှင်၊
ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။- ထို​အ​ခါ​သူ​သည်​နောက်​သို့​လှည့်​ကြည့်​လိုက် ရာ​ကျွန်​တော့်​ကို​မြင်​၍​ခေါ်​ပါ​၏။ ကျွန်​တော် က``ရောက်​ပါ​ပြီ​အ​ရှင်'' ဟု​ထူး​သော​အ​ခါ၊- မင်း​ကြီး​သည်​ကျွန်​တော်​အား​မည်​သူ​ဖြစ် သည်​ကို​မေး​တော်​မူ​သ​ဖြင့် ကျွန်​တော်​က အာ​မ​လက်​ပြည်​သား​ဖြစ်​ကြောင်း​ဖြေ ကြား​လျှောက်​ထား​ပါ​၏။- ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ပြင်း​စွာ​ဒဏ် ရာ​ရ​သ​ဖြင့်​သေ​ခါ​နီး​ပြီ။ ထို့​ကြောင့်​လာ ၍​ငါ့​အား​သတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။- 10 မင်း​ကြီး​လဲ​လျှင်​လဲ​ချင်း​သက်​တော်​ဆုံး တော့​မည်​ကို​သိ​သ​ဖြင့်​ကျွန်​တော်​သည်​သူ့ အား​သတ်​ပြီး​လျှင် သူ​၏​ဦး​ခေါင်း​မှ​သ​ရ​ဖူ နှင့်​လက်​မောင်း​မှ​လက်​ကောက်​တော်​ကို​ဖြုတ် ၍​အ​ရှင့်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​သည်'' ဟု လျှောက်​၏။ ၁ရာ၊ ၃၁:၁-၆။ ၅ရာ၊ ၁၀:၁-၆၊ ၁:၁၈။
11 ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ကြ​၏။- 12 သူ​တို့​သည်​စစ်​ပွဲ​တွင်​ရှော​လု​နှင့်​ယော​န​သန် မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြောက်​မြား စွာ​ကျ​ဆုံး​သော​ကြောင့် ညဥ့်​ဦး​တိုင်​အောင် အ​စာ​မ​စား​ဘဲ​ငို​ကြွေး​မြည်​တမ်း​ကြ​၏။
13 သ​တင်း​ယူ​ဆောင်​လာ​သူ​လူ​ငယ်​အား​ဒါ​ဝိဒ် က``သင်​သည်​အ​ဘယ်​ပြည်​သား​နည်း'' ဟု​မေး လျှင်၊
``ကျွန်​တော်​သည်​အာ​မ​လက်​ပြည်​သား​ဖြစ် ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏​ပြည်​တွင်​နေ​ထိုင် ပါ​သည်'' ဟု​ပြန်​၍​လျှောက်​၏။
14 ဒါ​ဝိဒ်​က``သင်​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို သတ်​ဝံ့​ပါ​သ​နည်း'' ဟု​ဆို​ပြီး​လျှင်​ငယ်​သား တစ်​ယောက်​ကို​ခေါ်​၍``ဤ​သူ​ကို​ကွပ်​မျက်​ပစ် လော့'' ဟု​အ​မိန့်​ပေး​ရာ၊- 15 ငယ်​သား​သည်​အာ​မ​လက်​အ​မျိုး​သား​ကို ခုတ်​သတ်​လေ​၏။- 16 ဒါ​ဝိဒ်​က``ဤ​အ​မှု​သည်​သင်​ပြု​သော​အ​မှု ပင်​ဖြစ်​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​ကို​သတ်​ခဲ့​ပါ​သည် ဟု​ဖြောင့်​ချက်​ပေး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ် ကို​သေ​ဒဏ်​သင့်​စေ​ပြီ​တ​ကား'' ဟု​ဆို​၏။
ရှော​လု​နှင့်​ယော​န​သန်​တို့​အ​တွက်​ဒါ​ဝိဒ်​၏​ငို​ချင်း
17 ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​အ​တွက် အောက်​ပါ​သီ​ချင်း​ကို​ဖွဲ့​ဆို​၏။
18 ယင်း​ကို​ယု​ဒ​ပြည်​သူ​တို့​အား​လည်း​သင်​ကြား ပေး​ရန်​အ​မိန့်​ပေး​၏။ (ဤ​အ​ကြောင်း​အ​ရာ ကို​ယာရှာ​စာ​စောင်​တွင်​မှတ်​တမ်း​တင်​ထား သ​တည်း။) ယောရှု၊ ၁၀:၁၃။
19 ``ငါ​တို့​ခေါင်း​ဆောင်​များ​ကား​ဣ​သ​ရေ​လ တောင်​ကုန်း​များ​တွင်​သေ​ဆုံး​ကြ​လေ​ပြီ။
သူ​ရဲ​ကောင်း​ကြီး​များ​ကျ​ဆုံး​ကြ​လေ​ပြီ။
20 ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း
အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။
ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။
ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။
21 ``ဂိ​လ​ဗော​တောင်​ကုန်း​များ​ပေါ်​၌ မိုး​မ​ရွာ​နှင်း​မ​ကျ​ပါ​စေ​နှင့်။
ထို​တောင်​ကုန်း​များ​မှ​လယ်​ယာ​များ​သည် ထာ​ဝ​စဉ်​အ​သီး​အ​နှံ​ကင်း​မဲ့​ပါ​စေ​သော။
အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရပ်​သည်
သူ​ရဲ​ကောင်း​တို့​၏​ဒိုင်း​လွှား​များ​အ​သ​ရေ ပျက်​၍ ကျန်​ရစ်​ရာ၊
ရှော​လု​၏​ဒိုင်းလွှား​သံ​ချေး​တက်​လျက်​နေ​ရာ ဖြစ်​သော​ကြောင့်​တည်း။
22 ခွန်​အား​ကြီး​သူ​တို့​ကို​ပစ်​ခတ်​ရာ​တွင်​လည်း ကောင်း၊ ရန်​သူ​ကို​သတ်​ဖြတ်​ရာ​တွင်​လည်း​ကောင်း၊
ယော​န​သန်​၏​လေး​သည်​အာ​နိ​သင်​ထက်​လှ​၍ ရှော​လု​၏​ဋ္ဌား​သည်​သ​နား​ညှာ​တာ​မှု​မ​ရှိ။
 
23 ``အံ့​သြ​နှစ်​သက်​ဖွယ်​ကောင်း​သော​ရှော​လု​နှင့် ယော​န​သန်​တို့​သည်​ရှင်​အ​တူ​သေ​မ​ကွဲ
လင်း​ယုန်​ငှက်​ထက်​လျင်​မြန်​၍​ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ​ပါ​သည်​တ​ကား။
 
24 ``ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့၊ရှော​လု​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။
သူ​သည်​သင်​တို့​အား​ကမ္ဗ​လာ​နီ​ထည်​ကို ဝတ်​ဆင်​စေ​၍
ကျောက်​မျက်​ရ​တ​နာ၊ရွှေ​တန်​ဆာ​ဖြင့် ဆင်​ယင်​ပေး​တော်​မူ​၏။
 
25 သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​ကျ​ဆုံး ကြ​လေ​ပြီ။ သူ​တို့​သည်​တိုက်​ပွဲ​တွင်​အ​သတ်​ခံ​ရ​ကြ​၏။
ယော​န​သန်​သည်​တောင်​ကုန်း​များ​ပေါ်​တွင် လဲ​၍​သေ​နေ​လေ​ပြီ။
 
26 ``ငါ့​ညီ​ယော​န​သန်၊ငါ​သည်​သင့်​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ပါ​၏။
ငါ​သည်​သင့်​ကို​လွန်​စွာ​ချစ်​မြတ်​နိုး​ပါ​၏။
ငါ့​အ​ပေါ်​၌​သင်​ထား​ရှိ​သော​မေတ္တာ​သည် အံ့​သြ​ဖွယ်​ကောင်း​၍
အ​မျိုး​သ​မီး​တို့​၏​မေတ္တာ​ထက်​ပင်​လွန်​ကဲ ပါ​ပေ​သည်။
 
27 ``သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​သည် ကျ​ဆုံး​ကြ​လေ​ပြီ။
သူ​တို့​၏​လက်​နက်​များ​သည်​စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​၍ အ​သုံး​မ​ဝင်​ကြ​တော့​သည်​တ​ကား။''

1:10 ၁ရာ၊ ၃၁:၁-၆။ ၅ရာ၊ ၁၀:၁-၆၊ ၁:၁၈။

1:18 ယောရှု၊ ၁၀:၁၃။