သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်
နိ​ဒါန်း
ခ​ရစ်​တော်​တစ်​ဖန်​ကြွ​လာ​တော်​မူ​ခြင်း​နှင့်​ပတ် သက်​၍ သက်​သာ​လော​နိတ်​အ​သင်း​တော်​တွင်​မ တည်​မ​ငြိမ်​မှု​ရှိ​နေ​သေး​၏။ သ​ခင်​ဘု​ရား​ကြွ လာ​တော်​မူ​ရာ​နေ့​ရက်​ကျ​ရောက်​ပြီး​ပြီ​ဟူ သော​ယုံ​ကြည်​ယူ​ဆ​ချက်​မှား​ယွင်း​ကြောင်း ကို​တင်​ပြ​ရန် သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ ဒု​တိ​ယ​စောင်​ကို​ရှင်​ပေါ​လု​ရေး​သား​ပေ​သည်။ ခ​ရစ်​တော်​တစ်​ဖန်​ကြွ​လာ​တော်​မ​မူ​မီ​ကိုယ် တော်​ကို​အ​တိုက်​အ​ခံ​ပြု​မည့်``သူ​ယုတ်​မာ ကြီး'' ဟု​အ​မည်​တွင်​သူ​၏​ဦး​ဆောင်​မှု​ဖြင့် ဆိုး​ညစ်​ယုတ်​မာ​မှု​များ​သည် အ​ဆိုး​ရွား ဆုံး​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​လာ​ရ​ဦး မည်​ဖြစ်​ကြောင်း​သွန်​သင်​၏။
သက်​သာ​လော​နိတ်​အ​သင်း​တော်​ဝင်​တို့​သည် ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​တို့​ကို​ခံ​နေ​ရ​သော် လည်း ခ​ရစ်​တော်​ကို​ယုံ​ကြည်​မှု​ခိုင်​မာ​စေ​ရန် လည်း​ကောင်း၊ မိ​မိ​နှင့်​မိ​မိ​၏​လုပ်​ဖော်​ကိုင် ဘက်​များ​ကဲ့​သို့ အ​သက်​မွေး​ဝမ်း​ကျောင်း ရှာ​ဖွေ​လုပ်​ကိုင်​နေ​ကြ​ရန်​လည်း​ကောင်း၊ ကောင်း မြတ်​သော​အ​မှု​တို့​ကို​ဆောင်​ရွက်​ရာ​တွင်​ဇွဲ လုံ့​လ​ရှိ​ကြ​ရန်​လည်း​ကောင်း တ​မန်​တော် ကြီး​က​အ​လေး​အ​နက်​တိုက်​တွန်း​ပေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁-၂
ချီး​ကူး​စ​ကား​ပြော​ကြား​ခြင်း ၁:၃-၁၂
ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ပတ်​သက်​သော​သွန်​သင်​ချက် ၂:၁-၁၇
ခ​ရစ်​ယာန်​ပြု​မူ​ကျင့်​ကြံ​မှု​နှင့်​ပတ်​သက်​၍ တိုက်​တွန်း​နှိုး​ဆော်​ခြင်း ၃:၁-၁၆
နိ​ဂုံး ၃:၁၇-၁၈
1
ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​ထံ​မှ​ငါ​တို့ အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သော သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။- တ၊ ၁၇:၁။ ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ် သက်​ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ သ​တည်း။
ခ​ရစ်​တော်​ကြွ​လာ​ချိန်​၌​တ​ရား​စီ​ရင်​တော်​မူ​မည့် အ​ကြောင်း
ငါ​တို့​၏​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​အ​ကြောင်း ပြု​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​တို့ အ​စဉ်​မ​ပြတ်​ချီး​မွမ်း​နေ​ရ​ကြ​သည်။ ယင်း​သို့ ချီး​မွမ်း​သင့်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​ယုံ​ကြည်​ခြင်း​အ​လွန်​တိုး​ပွား​လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ပို​မို​ချစ်​ခင်​လျက်​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။- ထို့​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​ကြောင်း​ကို​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် များ​တွင်​ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို ခံ​ရ​သော်​လည်း​ကြံ့​ခိုင်​လျက်၊ ယုံ​ကြည်​ခြင်း ခိုင်​မြဲ​လျက်​ရှိ​သည်​ကို​ထောက်​၍​ငါ​တို့ ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။
ဤ​တွင်​ဘု​ရား​သ​ခင်​၏​စီ​ရင်​တော်​မူ​ချက် သည်​တ​ရား​မျှ​တ​ကြောင်း​ထင်​ရှား​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော်​၏​နိုင်​ငံ​တော် နှင့်​ထိုက်​တန်​သူ​များ​ဖြစ်​လာ​ကြ​လိမ့်​မည်။ သင်​တို့​သည်​နိုင်​ငံ​တော်​အ​တွက်​ကြောင့် ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​ကြ​သည်။- ဘု​ရား​သ​ခင်​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ကို​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​သူ​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်။- 7-8 ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက်​ရှိ​သော​သင်​တို့ နှင့်​အ​တူ​ငါ​တို့​ကို​လည်း​စိတ်​သက်​သာ​ရာ ရ​စေ​တော်​မူ​လိမ့်​မည်။ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ကြီး​သော​ကောင်း​ကင်​တ​မန်​များ ခြံ​ရံ​လျက်​မီး​လျှံ​နှင့်​တ​ကွ ကောင်း​ကင်​ဘုံ မှ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား သ​ခင်​သည် မိ​မိ​ကို​ပစ်​ပယ်​သူ​တို့​နှင့်​ငါ တို့​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​မ​လိုက်​နာ​သူ​တို့​အား​အ​ပြစ်​စီ​ရင် တော်​မူ​လိမ့်​မည်။- 9-10 ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို လည်း​ကောင်း​ခံ​ယူ​ရန်​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​၌​ကြွ​လာ​တော်​မူ​သော​အ​ခါ ထို​သူ တို့​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​မှာ​ထာ​ဝ​ရ​ဆုံး​ရှုံး ပျက်​စီး​ခြင်း​ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့် သ​ခင်​ဘု​ရား​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ် တော်​၏​ကြီး​မြတ်​သည့်​ဘုန်း​အ​သ​ရေ​တော် မှ​လည်း​ကောင်း​ပယ်​ခြင်း​ပင်​ဖြစ်​သည်။ သင် တို့​သည်​ငါ​တို့​ဟော​ပြော​သက်​သေ​ခံ​သည် ကို​ယုံ​ကြည်​သည်​ဖြစ်​၍​ကိုယ်​တော်​ကို​ဂုဏ် ပြု​ချီး​ကူး​သည့်​လူ​စု​တွင်​ပါ​ဝင်​ကြ​လိမ့် မည်။ ဟေရှာ၊ ၂:၁၀။
11 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​သင်​တို့ အ​တွက်​အ​စဉ်​အ​မြဲ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ပြု​မူ​ကျင့် ကြံ​နိုင်​ကြ​စေ​ရန် ငါ​တို့​၏​ဘု​ရား​သ​ခင် အား​ငါ​တို့​တောင်း​လျှောက်​ကြ​၏။ ကိုယ်​တော် သည်​တန်​ခိုး​တော်​အား​ဖြင့်​သင်​တို့​၏​ကောင်း မြတ်​သည့်​လို​အင်​ဆန္ဒ​ရှိ​သ​မျှ​ကို​ပြည့်​ဝ စေ​တော်​မူ​၍ သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ရ ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ပြီး​မြောက် ခွင့်​ပေး​တော်​မူ​ပါ​စေ​သော။- 12 ဤ​နည်း​အား​ဖြင့်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ၏​နာ​မ​တော်​သည်​သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​လိမ့်​မည်။ သင် တို့​သည်​လည်း​ကိုယ်​တော်​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ကြ​လိမ့်​မည်။ ငါ တို့​၏​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ဤ​သို့ ဖြစ်​ပါ​စေ​သော။

1:1 တ၊ ၁၇:၁။

1:9-10 ဟေရှာ၊ ၂:၁၀။