တမန်တော်ဝတ္ထု
နိဒါန်း
တမန်တော်ဝတ္ထုသည်ရှင်လုကာပြုစုသည့် သတင်းကောင်း၏အဆက်ဖြစ်သည်။ တမန်တော် ဝတ္ထု၏အဋ္ဌိကရည်ရွယ်ချက်မှာ တပည့်တော် ဦးတို့သည်သန့်ရှင်းသောဝိညာဥ်တော်၏ ရှေ့ဆောင်လမ်းပြမှုဖြင့်ယေရုရှလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်နှင့်ကမ္ဘာမြေကြီး စွန်းတိုင်အောင်သခင်ယေရှုအကြောင်း သတင်းကောင်းကိုဟောပြောကြေညာခဲ့ပုံ ကိုတင်ပြရန်ဖြစ်၏။ (1:8) တမန်တော်ဝတ္ထုတွင် ပါရှိသည့်အကြောင်းအရာမှာခရစ်ယာန် သာသနာတော်သည် ယုဒအမျိုးသားများ တွင်စတင်ထွန်းကားရာမှကမ္ဘာ့ဘာသာကြီး ဖြစ်လာကြောင်းပင်ဖြစ်၏။ ခရစ်ယာန်ဘာသာ ဝင်တို့သည်ရောမအင်ပါယာ၏လုံခြုံရေး ကိုထိပါးခြိမ်းခြောက်သူများမဟုတ်ကြောင်း ကိုလည်းကောင်း၊ ခရစ်ယာန်ဘာသာသည်ယုဒ ဘာသာကိုပြည့်ဝစုံလင်စေသောဘာသာပင် ဖြစ်ကြောင်းကိုလည်းကောင်း စာဖတ်သူတို့ ကောင်းစွာနားလည်သဘောပေါက်စေရန်လည်း ကျမ်းပြုသူ၌ရည်ရွယ်ချက်ရှိပေသည်။
သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောကြေညာ၍အသင်းတော်များ ပေါ်ထွန်းခဲ့ရာနယ်မြေသည် အစဥ်တစိုက် တိုးတက်ကျယ်ပြန့်လျက်နေပုံကိုတင်ပြသည့် အနေဖြင့်တမန်တော်ဝတ္ထုကို (3) ပိုင်းခွဲ၍ ပြနိုင်သည်။ ယင်းတို့မှာ (1) ကောင်းကင်ဘုံသို့ သခင်ယေရှုတက်ကြွတော်မူပြီးနောက် ယေရုရှလင်မြို့တွင်ခရစ်ယာန်သာသနာ စတင်ထွန်းကားလာပုံ (2) ပါလတိနပြည် ရှိအခြားဒေသများသို့ပျံ့နှံ့သွားပုံနှင့် (3) ရောမမြို့တိုင်အောင်မြေထဲပင်လယ်ဒေသ တစ်လျှောက်သို့ထပ်ဆင့်ပ့ျံနှံ့သွားပုံတို့ဖြစ်သည်။
တမန်တော်ဝတ္ထုတွင်ပါရှိသောအရေးကြီးသည့် အကြောင်းအရာတစ်ခုမှာပင်တေကုတ္တေပွဲနေ့၌ ယေရုရှလင်မြို့တွင်တပည့်တော်တို့အပေါ်သို့ အရှိန်တန်ခိုးနှင့်ဆင်းသက်တော်မူသည့် သန့်ရှင်းသောဝိညာဥ်တော်၏လုပ်ဆောင်ချက် အကြောင်းပင်ဖြစ်၏။ ယင်းသို့ဆင်းသက်တော်မူသည့် သန့်ရှင်းသောဝိညာဥ်တော်သည်ထိုခေတ်အခါရှိ အသင်းတော်နှင့်အသင်းတော်ခေါင်းဆောင်များအား အားပေးရှေ့ဆောင်လမ်းပြတော်မူကြောင်းဖော်ပြ ပါရှိပေသည်။ ခရစ်ယာန်တရားဋ္ဌမ္မဦးအချုပ်ကို ဤကျမ်းစောင်တွင်ပါရှိသောဋ္ဌမ္မဒေသနာတို့တွင် တွေ့ရှိနိုင်သည်။ ခရစ်တော်ကိုသက်ဝင်ယုံကြည်သူတို့ ၏သက်ရှင်လှုပ်ရှားမှုနှင့်အသင်းတော်ဝင်တို့ ၏မိတ်သဟာယဖွဲ့မှုတို့က တရားတော်၏ တန်ခိုးအာနိသင်သက်ရောက်မှုကိုသက်သေ ထူလျက်ရှိကြောင်းတင်ပြထားပေသည်။
အကြောင်းအရာအကျဥ်းချုပ်
သခင်ယေရှုအကြောင်းသတင်းကောင်းကို
ကြေညာရန်ပြင်ဆင်ခြင်း 1:1-26
(က) သခင်ယေရှုနောက်ဆုံးပေးတော်မူသောပညတ်တော်နှင့်ကတိတော် 1:1-14
(ခ) ယုဒ၏နေရာကိုဆက်ခံသူ 1:15-26
ယေရုရှလင်မြို့တွင်သခင်ယေရှုအကြောင်း
သတင်းကောင်းကိုကြေညာခြင်း 2:1-8:3
ယုဒပြည်နှင့်ရှမာရိပြည်တွင်ကြေညာခြင်း 8:4-12:25
ပေါလုအမှုတော်ဆောင်ခြင်း 13:1:28:31
(က) ပထမသာသနာပြုခရီး 13:1-14:28
(ခ) ယေရုရှလင်မြို့တွင်ကျင်းပသည့်အသင်းတော်များ ကောင်စီအစည်းအဝေး 15:1-35
(ဂ) ဒုတိယသာသနာပြုခရီး 15:36-18:22
(ဃ) တတိယသာသနာပြုခရီး 18:23-21:16
(င) ယေရုရှလင်မြို့၊ ကဲသရိမြို့နှင့်ရောမမြို့တို့တွင်
ရှင်ပေါလုအကျဥ်းခံရခြင်း 21:17-28:31
1
1-2 အို သော်​ဖိ​လု၊
သ​ခင်​ယေ​ရှု​သည်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက် သည့်​နေ့​မှ​အ​စ​ပြု​၍ ကောင်း​ကင်​ဘုံ​သို့​ဆောင် ယူ​ခြင်း​ကို​ခံ​တော်​မူ​သည့်​နေ့​တိုင်​အောင် ပြု​မူ သွန်​သင်​တော်​မူ​သ​မျှ​တို့​ကို​ကျွန်ုပ်​၏​ပ​ထ​မ စာ​စောင်​တွင်​ရေး​သား​ဖော်​ပြ​ခဲ့​ပါ​ပြီ။ ကိုယ် တော်​သည်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း ကို​ခံ​တော်​မ​မူ​မီ ရွေး​ကောက်​ထား​တော် မူ​သော​တ​မန်​တော်​တို့​အား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​ညွှန်​ကြား တော်​မူ​၏။- လု၊ ၁:၁-၄။ ကိုယ်​တော်​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​ရက်​လေး​ဆယ်​အ​တွင်း​တ​မန်​တော်​တို့ အား​အ​ကြိမ်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ​၍ မိ​မိ​အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း ခိုင်​လုံ​သော​အ​ထောက်​အ​ထား​များ​ကို​ပေး တော်​မူ​၏။ တ​မန်​တော်​တို့​သည်​ကိုယ်​တော် ကို​တွေ့​မြင်​ရ​ကြ​၏။ ကိုယ်​တော်​သည်​လည်း သူ​တို့​အား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။- သူ​တို့​သည်​စု​ရုံး​လာ​ကြ​သော​အ​ခါ​ကိုယ်​တော် က``ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​၍​မ​သွား​ကြ နှင့်။ ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​ဆု ကျေး​ဇူး​ကို​စောင့်​မျှော်​လျက်​နေ​ကြ​လော့။ ထို ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ယ​ခင်​က​သင်​တို့ အား​ငါ​ဖော်​ပြ​ခဲ့​၏။- လု၊ ၂၄:၄၉။ ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​ကို​ပေး​၏။ သို့​ရာ တွင်​သင်​တို့​မူ​ကား​ရက်​အ​နည်း​ငယ်​အ​တွင်း​၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိဇံ​ကို​ခံ​ယူ​ကြ ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ မ၊ ၃:၁၁။ မာ၊ ၁၁:၈။ လု၊ ၃:၁၆။ ယော၊ ၁:၃၃။
ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​ခြင်း
တ​မန်​တော်​တို့​သည်​စု​ဝေး​မိ​ကြ​သော​အ​ခါ ကိုယ်​တော်​အား``သ​ခင်​ဘု​ရား၊ ဤ​အ​ချိန်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏ နိုင်​ငံ​ကို​ကိုယ်​တော်​ရှင်​ပြန်​လည်​ပေး​အပ်​မည့် အ​ချိန်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
ကိုယ်​တော်​က``ခ​မည်း​တော်​၏​တန်​ခိုး​အာ​ဏာ အား​ဖြင့် စီ​ရင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​ချိန်​အ​ခါ ကို​သင်​တို့​သိ​ပိုင်​ခွင့်​မ​ရှိ။- သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သော​အ​ခါ​၌ သင်​တို့ သည်​တန်​ခိုး​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ ပြည်​တစ်​ပြည်​လုံး​နှင့်​ရှ​မာ​ရိ​ပြည်​မှ​စ​၍ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​တိုင်​အောင် ငါ ၏​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ​များ​ဖြစ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- မ၊ ၂၈:၁၉။ မာ၊ ၁၆:၁၅။ လု၊ ၂၄:၄၇၊ ၄၈။ ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​တ​မန်​တော်​တို့ ကြည့်​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည်​ကောင်း​ကင် ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။ ထို​နောက် မိုး​တိမ်​သည်​ကိုယ်​တော်​ကို​ဖုံး​ကွယ်​လေ​၏။ မာ၊ ၁၆:၁၉။ လု၊ ၅၀:၅၁။
10 ဤ​သို့​ကိုယ်​တော်​တက်​ကြွ​တော်​မူ​စဉ်​တ​မန်​တော် တို့​သည် မိုး​ကောင်း​ကင်​သို့​အာ​ရုံ​စိုက်​၍​ကြည့်​နေ ကြ​၏။ ထို​အ​ခါ​ဝတ်​ဖြူ​စင်​ကြယ်​နှင့်​လူ​နှစ်​ယောက် သည်​ရုတ်​တ​ရက်​သူ​တို့​အ​နီး​တွင်​ပေါ်​လာ​လေ​၏။- 11 ထို​သူ​တို့​က ``ဂါ​လိ​လဲ​ပြည်​သား​တို့၊ သင်​တို့ သည်​အ​ဘယ်​ကြောင့်​ရပ်​၍​မိုး​ကောင်း​ကင်​သို့ မျှော်​ကြည့်​နေ​ကြ​သ​နည်း။ သင်​တို့​ထံ​မှ ကောင်း​ကင်​ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​သို့ ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​သည်​ကို သင်​တို့​မြင်​ရ​ကြ​၏။ ဤ​နည်း​အ​တိုင်း​ပင်​ထို အ​ရှင်​သည်​ပြန်​လည်​ကြွ​လာ​တော်​မူ​လတ္တံ့'' ဟု​ဆို​ကြ​၏။
ယု​ဒ​၏​နေ​ရာ​ကို​ဆက်​ခံ​သူ
12 ထို​နောက်​တ​မန်​တော်​တို့​သည်​သံ​လွင်​နာ​မည် တွင်​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ကြ​၏။ သံ​လွင်​တောင်​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခ​ရီး မိုင်​ဝက်​ခန့်​ဝေး​၏။- 13 သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။- မ၊ ၁၀:၂-၄။ မာ၊ ၁၃:၁၆-၁၉။ လု၊ ၆:၁၄-၁၆။ 14 သူ​တို့​သည်​သ​ခင်​ယေ​ရှု​နှင့်​မယ်​တော်​ဖြစ်​သူ မာ​ရိ​အ​ပါ​အ​ဝင်​အ​မျိုး​သ​မီး​အ​ချို့​တို့ နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ညီ​တော်​များ​နှင့် လည်း​ကောင်း မ​ကြာ​ခ​ဏ​တွေ့​ဆုံ​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။
15 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊- 16 ``ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​သူ​တို့ ၏​လမ်း​ပြ​ဖြစ်​သူ ယု​ဒ​ရှ​ကာ​ရုတ်​ကို​ရည်​မှတ်​၍ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ် ပျက်​ရ​မည်​သာ​တည်း။ ဤ​ကျမ်း​ချက်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​ဒါ​ဝိဒ်​မင်း​နှုတ်​အား​ဖြင့် ဟော​ကြား​ခဲ့​၏။- 17 ယု​ဒ​သည်​အ​မှု​တော်​ဆောင်​တစ်​ဦး​အ​ဖြစ် ရွေး​ချယ်​ခြင်း​ခံ​ရ​သူ​ဖြစ်​၍ ငါ​တို့​လူ​စု​တွင် အ​ပါ​အ​ဝင်​ဖြစ်​ခဲ့​၏။''
18 (သူ​သည်​မိ​မိ​ဆိုး​ညစ်​ယုတ်​မာ​မှု​ကြောင့်​ရ​ရှိ သည့်​ငွေ​ဖြင့်​လယ်​တစ်​ကွက်​ကို​ဝယ်​ပြီး​နောက် ထို​လယ်​မြေ​ပေါ်​တွင်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ သူ​၏​ဝမ်း​ဗိုက်​သည်​ပေါက်​၍​အူ​များ​ထွက်​လာ​၏။- 19 ယေ​ရု​ရှ​လင်​မြို့​နေ​လူ​အ​ပေါင်း​တို့​သည် ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​သိ​ကြ​၏။ သို့​ဖြစ်​၍​ထို​လယ်​ကို​မိ​မိ​တို့​ဘာ​သာ​စ​ကား ဖြင့် ``အ​ကေ​လ​ဒ​မ'' ဟု​ခေါ်​ဆို​ကြ​၏။ အ​ကေ​လ ဒ​မ​၏​အ​နက်​ကား``သွေး​လယ်'' ဟူ​၏။) မ၊ ၂၇:၃-၈။
20 ဆာ​လံ​ကျမ်း​တွင်၊
`သူ​၏​နေ​အိမ်​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​ပါ​စေ၊
ထို​အိမ်​တွင်​အ​ဘယ်​သူ​မျှ​မ​နေ​ပါ​စေ​နှင့်။
ထို​သူ​၏​ရာ​ထူး​ကို​လည်း​အ​ခြား​သူ​တစ်​ဦး​ယူ​ပါ​စေ'
ဟူ​၍​ရေး​သား​ပါ​ရှိ​၏။ ဆာ၊ ၆၉:၂၅၊ ၁၀၉:၈။
21-22 ``ထို့​ကြောင့်​သ​ခင်​ယေ​ရှု​အား ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့ နှင့်​အ​တူ​သက်​သေ​ခံ​ရန်​လူ​တစ်​ယောက်​ကို ရွေး​ချယ်​ရ​ကြ​မည်။ ထို​သူ​သည်​ယော​ဟန်​၏ ဗတ္တိ​ဇံ​ကို​သ​ခင်​ဘု​ရား​ခံ​တော်​မူ​ချိန်​မှ​စ ၍ ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ချိန်​အ​ထိ ငါ​တို့​နှင့်​အ​တူ​သွား​လာ​နေ​ထိုင် ခဲ့​သူ​တစ်​ဦး​ဖြစ်​ရ​မည်'' ဟု​ဆို​၏။ မ၊ ၃:၁၆။ မာ၊ ၁:၉၊ ၁၆:၁၉။ လု၊ ၃:၂၁၊ ၂၄:၅၁။
23 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည် လူ​နှစ်​ယောက်​မှ တစ်​ယောက်​ကို​ရွေး​ကောက်​ရန်​အ​ဆို​ပြု​ကြ​၏။ ထို​သူ​နှစ်​ယောက်​ကား​ဗာ​ရှ​ဗ (ခေါ်) ယုတ္တု​နာ​မည် သစ်​ကို​ရ​သူ​ယော​သပ်​နှင့်​မ​ဿိ​တို့​ဖြစ်​၏။- 24-25 ထို​နောက်​တ​ပည့်​တော်​တို့​သည်``အို သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​၏​စိတ်​နှ​လုံး ကို​သိ​တော်​မူ​ပါ​၏။ ယု​ဒ​သည်​မိ​မိ​နှင့်​ထိုက်​ရာ အ​ရပ်​သို့​လား​ရ​အံ့​သော​ငှာ တ​မန်​တော်​ရာ​ထူး ကို​စွန့်​လွှတ်​၍​သွား​ပါ​ပြီ။ ထို​ရာ​ထူး​တွင်​ဤ​သူ နှစ်​ယောက်​အ​နက် အ​ဘယ်​သူ​ကို​ကိုယ်​တော်​ရှင် ရွေး​ကောက်​ခန့်​ထား​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ အား​ဖော်​ပြ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။- 26 ထို​နောက်​မဲ​ချ​ကြ​ရာ​မ​ဿိ​ရ​ရှိ​သ​ဖြင့် သူ့​အား​တ​မန်​တော်​တစ်​ကျိပ်​တစ်​ပါး​တို့ နှင့်​အ​တူ တ​မန်​တော်​ဖြစ်​စေ​ရန်​ရွေး​ကောက် ခန့်​ထား​ကြ​၏။

1:1-2 လု၊ ၁:၁-၄။

1:4 လု၊ ၂၄:၄၉။

1:5 မ၊ ၃:၁၁။ မာ၊ ၁၁:၈။ လု၊ ၃:၁၆။ ယော၊ ၁:၃၃။

1:8 မ၊ ၂၈:၁၉။ မာ၊ ၁၆:၁၅။ လု၊ ၂၄:၄၇၊ ၄၈။

1:9 မာ၊ ၁၆:၁၉။ လု၊ ၅၀:၅၁။

1:13 မ၊ ၁၀:၂-၄။ မာ၊ ၁၃:၁၆-၁၉။ လု၊ ၆:၁၄-၁၆။

1:19 မ၊ ၂၇:၃-၈။

1:20 ဆာ၊ ၆၉:၂၅၊ ၁၀၉:၈။

1:21-22 မ၊ ၃:၁၆။ မာ၊ ၁:၉၊ ၁၆:၁၉။ လု၊ ၃:၂၁၊ ၂၄:၅၁။