10
ပေတရုနှင့်ကော်နေလိ
1 ကဲသရိမြို့တွင်ကော်နေလိနာမည်ရှိသူလူ တစ်ယောက်ရှိ၏။ သူသည် ``ဣတလိတပ်'' ဟု ခေါ်သောတပ်မှတပ်ခွဲမှူးတစ်ယောက်ဖြစ်၏။- 2 သူနှင့်တကွသူ၏အိမ်ထောင်စုသားတို့သည် ဘုရားတရားကြည်ညို၍ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူများဖြစ်ကြ၏။ သူသည် ဆင်းရဲသောယုဒအမျိုးသားတို့အား ရက် ရောစွာလှူဒါန်းတတ်၏။ သူသည်ဘုရား သခင်ထံအချိန်မှန်မှန်ပတ္ထနာပြုလေ၏။- 3 မွန်းလွဲသုံးနာရီခန့်အချိန်၌ဘုရားသခင် ၏ကောင်းကင်တမန်သည်သူ့ထံသို့လာ၍ ``ကော် နေလိ'' ဟုခေါ်သည်ကိုဗျာဒိတ်ရူပါရုံတွင် အထင်အရှားမြင်ရ၏။
4 သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။
ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။- 5 ယခုပင်ယုပ္ပေမြို့သို့လူလွှတ်၍ပေတရုခေါ် ရှိမုန်ဆိုသူကိုပင့်ခေါ်လော့။- 6 သူသည်သားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏။ ထိုအိမ်ကားပင်လယ်ကမ်း အနီးတွင်ရှိ၏'' ဟုမြွက်ဆို၏။- 7 ထိုကောင်းကင်တမန်ထွက်ခွာသွားသောအခါ ကော်နေလိသည် မိမိ၏အစေခံနှစ်ယောက်နှင့် ဘုရားဝတ်၌မွေ့လျော်သောအပါးတော်မြဲ စစ်သားတစ်ယောက်ကိုခေါ်ကာ၊- 8 အကြောင်းအလုံးစုံကိုပြောပြပြီးလျှင် ယုပ္ပေမြို့သို့စေလွှတ်လေသည်။
9 ထိုသူတို့သည်ခရီးပြုကြရာနောက်တစ်နေ့ ၌ယုပ္ပေမြို့အနီးသို့ရောက်ကြ၏။ မွန်းတည့် ချိန်ခန့်တွင်ပေတရုသည် ဆုတောင်းရန်အိမ် အမိုးပေါ်သို့တက်လေသည်။- 10 သူသည်ဆာလောင်မွတ်သိပ်သဖြင့်အစား အစာကိုတောင့်တ၏။ သူ၏အတွက်အစား အစာများပြင်ဆင်နေကြစဉ်သူသည်ဗျာ ဒိတ်ရူပါရုံကိုမြင်ရလေသည်။- 11 ထိုဗျာဒိတ်ရူပါရုံတွင်မိုးကောင်းကင်ကွဲဟ သည်ကိုလည်းကောင်း၊ ထောင့်လေးထောင့်မှချုပ် ကိုင်ထားသောရွက်ထည်ကြီးနှင့်တူသည့် အရာမြေသို့ကျလာသည်ကိုလည်းကောင်း တွေ့မြင်ရ၏။- 12 ထိုအရာထဲတွင်ခြေလေးချောင်းသတ္တဝါ မျိုး၊ တွားတတ်သည့်သတ္တဝါအမျိုးမျိုးနှင့် ကောင်းကင်ငှက်အမျိုးမျိုးတို့ဖြင့်ပါရှိ၏။- 13 ``ပေတရု၊ ထလော့၊ သတ်၍စားလော့'' ဟူသော အသံကိုသူကြားရ၏။
14 ပေတရုက``အရှင်ဘုရား၊ အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်းသောအရာ သို့မဟုတ်မသန့်စင်သည့်အရာကို အဘယ် အခါ၌မျှမစားဘူးပါ'' ဟုလျှောက်၏။
15 ထိုအခါဗျာဒိတ်သံက ``ဘုရားသခင်သန့်စင် သည်ဟုဆိုသည့်အရာကိုသင်ကညစ်ညမ်းသည် ဟုမဆိုရ'' ဟုမိန့်တော်မူ၏။- 16 ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ချက်ချင်းပင်ရွက်ထည်နှင့်တူသောအရာသည် မိုးကောင်းကင်သို့ပြန်လည်ရုပ်သိမ်းခြင်းကို ခံရလေသည်။
17 ပေတရုသည်ထိုဗျာဒိတ်ရူပါရုံ၏အနက် အဋ္ဌိပ္ပါယ်ကိုဆင်ခြင်စဉ်းစားလျက်နေ၏။ ထို အချိန်၌ကော်နေလိစေလွှတ်လိုက်သောလူ တို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေ၍ ယခုအိမ်ရှေ့သို့ရောက်ရှိလာကြ၏။- 18 ထိုသူတို့က ``ပေတရုခေါ်ရှိမုန်သည်ဤ အိမ်တွင်ရှိပါ၏လော'' ဟုအော်၍မေးမြန်း ကြ၏။
19 ပေတရုသည်ဗျာဒိတ်ရူပါရုံအကြောင်း ကိုစဉ်းစားနေစဉ်ဝိညာဉ်တော်က ``လူသုံး ယောက်တို့သည်သင့်ကိုရှာနေကြ၏။- 20 ထ၍ဆင်းသွားလော့။ ငါပင်သူတို့ကိုစေလွှတ် လိုက်သည်ဖြစ်၍ မဆိုင်းမတွဘဲသူတို့နှင့် အတူလိုက်သွားလော့'' ဟုမိန့်တော်မူ၏။- 21 သို့ဖြစ်၍ပေတရုသည်ထိုသူတို့ထံသို့ဆင်း သွားပြီးလျှင် ``သင်တို့ရှာနေသူကားငါပင် ဖြစ်သည်။ အဘယ်အကြောင်းကြောင့်သင်တို့ ရောက်လာကြပါသနည်း'' ဟုမေး၏။
22 ထိုသူတို့က ``ကောင်းကင်တမန်တစ်ပါးသည် တပ်ခွဲမှူးကော်နေလိအားအရှင့်ကိုခေါ်ဖိတ် ၍ အရှင်၏တရားစကားကိုကြားနာရန်ညွှန် ကြားခဲ့ပါသည်။ ကော်နေလိသည်လူကောင်း တစ်ယောက်ဖြစ်၍ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေသူဖြစ်ပါသည်။ ယုဒအမျိုးသား အပေါင်းတို့၏ကြည်ညိုလေးစားမှုကို လည်းခံရသူဖြစ်ပါ၏'' ဟုပြောကြား၏။- 23 ပေတရုသည်ထိုသူတို့အားအိမ်ထဲသို့ ခေါ်ဖိတ်၍ထိုညအိပ်စေ၏။
နောက်တစ်နေ့၌သူသည်ထိုသူတို့နှင့်အတူ ထွက်ခွာသွားသောအခါ ယုပ္ပေမြို့မှယုံကြည်သူ ညီအစ်ကိုအချို့တို့လည်းလိုက်ပါသွားကြ၏။- 24 နောက်တစ်နေ့၌ပေတရုသည်ကဲသရိမြို့သို့ ရောက်လေသည်။ ထိုမြို့တွင်ကော်နေလိသည် မိမိဖိတ်ခေါ်ထားသည့်ဆွေမျိုးသားချင်း များ၊ ရင်းနှီးသောမိတ်ဆွေများနှင့်အတူ သူ့အားစောင့်မျှော်လျက်နေကြ၏။- 25 ပေတရုဝင်လာသောအခါ ကော်နေလိသည် ခရီးဦးကြို၍သူ၏ခြေရင်းတွင်ပျပ်ဝပ် လေ၏။- 26 သို့ရာတွင်ပေတရုက ``ထလော့၊ ငါကိုယ်တိုင် ပင်လူသာမန်ဖြစ်ပါသည်'' ဟုဆို၍ ကော်နေလိ ကိုအထခိုင်း၏။- 27 ထိုနောက်ကော်နေလိနှင့်အတူစကားပြော လျက်အိမ်ထဲသို့ဝင်သွားသောအခါ လူ အမြောက်အမြားစုဝေးလျက်ရှိသည်ကို တွေ့မြင်ရ၏။- 28 ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။- 29 ထို့ကြောင့်ငါ့ကိုသင်ခေါ်ဖိတ်သောအခါ ငါသည်မငြင်းမဆိုဘဲလိုက်လာခဲ့၏။ အဘယ်ကြောင့်ငါ့ကိုခေါ်ဖိတ်ရကြောင်း ပြောကြားပါလော့'' ဟုဆို၏။
30 ကော်နေလိက ``လွန်ခဲ့သောသုံးရက်ကမွန်း လွဲသုံးနာရီ၌ အကျွန်ုပ်သည်အိမ်မှာဆုတောင်း လျက်နေပါ၏။ ထိုအခါတောက်ပြောင်သော အဝတ်ကိုဝတ်ဆင်ထားသူလူတစ်ယောက် သည် အကျွန်ုပ်၏ရှေ့တွင်ရုတ်တရက်ရပ်၍၊- 31 `ကော်နေလိ၊ သင်၏ဆုတောင်းပတ္ထနာကိုဘုရား သခင်ကြားတော်မူပြီ။ သင်၏စွန့်ကြဲပေးကမ်း မှုကိုလည်းသိမှတ်တော်မူပြီ။- 32 သို့ဖြစ်၍ယုပ္ပေမြို့သို့လူလွှတ်၍ရှိမုန်ပေတရု ဟုခေါ်သောသူကိုပင့်လော့။ သူသည်ပင်လယ်ကမ်း အနီးရှိသားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏' ဟုမြွက်ဆိုပါ၏။- 33 ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။
ပေတရုဟောပြောချက်
34 ထိုအခါပေတရုက ``အကယ်စင်စစ်ဘုရား သခင်သည်မျက်နှာကြီးငယ်ထောက်တော် မမူကြောင်းကို ယခုငါသိရှိနားလည်လာ ၏။-✡တရား၊ ၁၀:၁၇။ 35 ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲနှစ်သက်လက်ခံ တော်မူ၏။- 36 ဣသရေလအမျိုးသားတို့ထံသို့ပေးပို့သော ဘုရား၊ လူခပ်သိမ်းတို့၏အရှင်သခင်ဖြစ်တော် မူသောသခင်ယေရှုခရစ်အားဖြင့် ကြေညာ တော်မူသည့်ရန်ငြိမ်းခြင်းဆိုင်ရာသတင်း ကောင်းကိုသင်တို့သိကြ၏။- 37 ဗတ္တိဇံတရားကိုယောဟန်ဟောပြောပြီးသည့် နောက် ဂါလိလဲပြည်မှအစပြု၍ ယုဒပြည် တစ်လျှောက်လုံးတွင်ဖြစ်ပျက်ခဲ့သည့်အမှု အရာများအကြောင်းကိုလည်းကောင်း၊- 38 နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။- 39 ယေရုရှလင်မြို့၌လည်းကောင်း၊ ဣသရေလ နိုင်ငံရှိအခြားမြို့ရွာများ၌လည်းကောင်း၊ ကိုယ်တော်လုပ်ဆောင်ခဲ့သမျှသောအမှုအရာ တို့နှင့်ပတ်သက်၍ ငါတို့သည်အသိသက်သေ များဖြစ်ကြ၏။ ထိုနောက်လူတို့သည်ကိုယ်တော် ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။- 40 သို့ရာတွင်တတိယနေ့၌ဘုရားသခင်သည် ကိုယ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ကိုယ်ထင်ပြစေတော်မူ၏။- 41 လူတိုင်းကိုယ်တော်ကိုဖူးမြင်ခွင့်ရကြသည် မဟုတ်။ အသိသက်သေများအဖြစ်ဖြင့်ဘုရား သခင်ကြိုတင်ရွေးချယ်ထားသူငါတို့သာ လျှင်ဖူးမြင်ရကြ၏။ ငါတို့သည်ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်နှင့်အတူစားသောက်ခဲ့သူများဖြစ် ကြ၏။- 42 ကိုယ်တော်သည်လူတို့အားသတင်းကောင်းကို ကြေညာရန်နှင့် ကိုယ်တော်သည်အသက်ရှင်နေ သူ၊ သေလွန်သူများကိုတရားစီရင်သော သခင်အဖြစ်ဖြင့် ဘုရားသခင်ခန့်ထားတော် မူကြောင်းဟောပြောသက်သေခံရန် ငါတို့ အားပညတ်ပေးတော်မူခဲ့၏။- 43 ကိုယ်တော်ကိုသက်ဝင်ယုံကြည်သူအပေါင်း တို့သည် ကိုယ်တော်၏နာမတော်တန်ခိုးအား ဖြင့် မိမိတို့၏အပြစ်များဖြေလွှတ်ခြင်းခံ ရကြလတ္တံ့ဟူ၍ ကိုယ်တော်၏အကြောင်းကို ပရောဖက်အပေါင်းတို့ဟောပြောခဲ့ကြ၏'' ဟုမြွက်ဆိုလေသည်။
သန့်ရှင်းသောဝိညာဉ်တော်ကို လူမျိုးခြားတို့ခံယူကြရခြင်း
44 ဤသို့ပေတရုမြွက်ဆိုနေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည်နှုတ်ကပတ်တရားတော်ကို ကြားနာနေကြသောသူအပေါင်းတို့အပေါ် သို့ဆင်းသက်တော်မူ၏။- 45 လူမျိုးခြားတို့သည်လည်းသန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးကိုခံယူရရှိကြ သည်ဖြစ်၍ ပေတရုနှင့်အတူလိုက်လာကြ သောယုံကြည်သူယုဒအမျိုးသားတို့ သည်လွန်စွာအံ့သြကြ၏။- 46 အဘယ်ကြောင့်ဆိုသော်လူမျိုးခြားတို့သည် ထူးဆန်းသောဘာသာစကားများကိုပြော ၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြသည်ကိုကြားကြသောကြောင့်ဖြစ်၏။ ထိုအခါပေတရုက၊- 47 ``ဤသူတို့သည်ငါတို့ကဲ့သို့ပင်သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူရရှိသူများဖြစ် ကြ၏။ သို့ဖြစ်၍အဘယ်သူသည်သူတို့ဗတ္တိ ဇံမင်္ဂလာခံယူမှုကိုတားမြစ်နိုင်သနည်း'' ဟု ဆို၏။- 48 ထိုနောက်ပေတရုသည်ထိုသူတို့အားယေရှု ခရစ်၏နာမတော်ကိုအမှီပြု၍ ဗတ္တိဇံမင်္ဂလာ ခံစေရန်အမိန့်ပေးလေ၏။ ထိုနောက်ပေတရု အားမိမိတို့နှင့်အတူ ရက်အနည်းငယ်နေ ထိုင်ရန်ထိုသူတို့သည်မေတ္တာရပ်ခံကြ၏။