24
ပေါလုအားယုဒအမျိုးသားတို့ စွပ်စွဲကြခြင်း
1 နောက်ငါးရက်ကြာသောအခါယဇ်ပုရောဟိတ် မင်းအာနနိသည် ဘာသာရေးခေါင်းဆောင်အချို့ တို့လိုက်ပါလျက် တေရတုလုနာမည်ရှိသော ရှေ့နေနှင့်အတူကဲသရိမြို့သို့ရောက်ရှိလာ၏။ ထိုသူတို့သည်ဘုရင်ခံဖေလဇ်၏ရှေ့တော်သို့ ဝင်၍ပေါလုအကြောင်းနှင့်ပတ်သက်၍စွဲချက် တင်ကြ၏။- 2 ဘုရင်ခံမင်းသည်ပေါလုကိုရှေ့တော်သို့ခေါ် ယူပြီးသောအခါ ရှေ့နေတေရတုလုက ``အရှင် ဖေလဇ်မင်း၊ အရှင်၏အမြော်အမြင်ကြီးမှု ကြောင့် အကျွန်ုပ်တို့သည်အလွန်အေးချမ်းသာ ယာစွာနေထိုင်နိုင်ကြပါ၏။ အရှင်သည် အကျွန်ုပ်တို့၏တိုင်းပြည်အကျိုးအတွက် လိုအပ်သောအသစ်ပြုပြင်ပြောင်းလဲမှု များကိုပြုလုပ်ပေးလျက်ရှိပါ၏။- 3 ဤဆောင်ရွက်ချက်များကိုအကျွန်ုပ်တို့သည် အရပ်တကာတွင် အခါခပ်သိမ်းအထူး ကျေးဇူးတင်စွာဖြင့်ကြိုဆိုကြပါ၏။- 4 အကျွန်ုပ်သည်အရှင်၏အချိန်ကိုများစွာ မယူလိုပါ။ သို့ဖြစ်၍အကျဉ်းချုပ်အားဖြင့် အကျွန်ုပ်တို့လျှောက်လဲသည်ကိုနားထောင် ပါရန်ပန်ကြားပါ၏။- 5 ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။- 6 ဗိမာန်တော်ကိုလည်းညစ်ညမ်းစေရန်ကြိုးစား အားထုတ်သဖြင့် သူ့အားအကျွန်ုပ်တို့ဖမ်းဆီး ခဲ့ကြပါ၏။ (သူ့အားအကျွန်ုပ်တို့သည်ပညတ် တရားအရစစ်ဆေးစီရင်ရန်အလိုရှိသော် လည်း၊- 7 တပ်မှူးလုသိသည်လာ၍အကျွန်ုပ်တို့လက် မှအတင်းအဋ္ဌမ္မခေါ်ယူသွားပါ၏။- 8 သူ့အားပြစ်တင်ပြောဆိုသူတို့ကိုလည်းအရှင် ၏ထံသို့လာကြရန်အမိန့်ပေးခဲ့ပါ၏။)✡အချို့စာမူများသည်အခန်းငယ် (၆ ခ မှ ၈ က) ကိုဖြည့်စွက်ထည့်သွင်းသည် အရှင်ကိုယ်တိုင်သူ့အားစစ်ဆေးမေးမြန်းကြည့် ပါလျှင်သူ့အားအကျွန်ုပ်တို့စွပ်စွဲသည့်အချက် အားလုံးကိုကြားသိရပါလိမ့်မည်'' ဟုလျှောက်၏။- 9 ယုဒအမျိုးသားတို့ကလည်း ``ဤစကားများ သည်ဟုတ်မှန်ပါ၏'' ဟုဆိုကာပေါလုကိုဝိုင်း ၍စွပ်စွဲပြောဆိုကြလေသည်။
ဖေလဇ်မင်းရှေ့တွင် ပေါလုချေပလျှောက်လဲချက်
10 ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊
``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။- 11 အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ဘုရား သခင်ကို ဝတ်ပြုကိုးကွယ်ရန်သွားရောက်ခဲ့ သည်မှာတစ်ဆယ့်နှစ်ရက်မျှသာရှိပါသေး သည်။ ဤအချက်များကိုအရှင်စုံစမ်းသိ ရှိနိုင်ပါ၏။- 12 ဗိမာန်တော်တွင်ဖြစ်စေ၊ တရားဇရပ်များ တွင်ဖြစ်စေ၊ မြို့ထဲတွင်ဖြစ်စေလူတို့ဆူပူ လှုပ်ရှားအောင် အကျွန်ုပ်လှုံ့ဆော်ပေးသည် ကိုယုဒအမျိုးသားတို့မတွေ့မရှိခဲ့ ကြပါ။- 13 ယခုအကျွန်ုပ်အားစွပ်စွဲပြောဆိုကြသည့် အချက်များကို သူတို့သည်သက်သေမပြ နိုင်ကြပါ။- 14 သို့သော်လည်းထိုသူတို့ကလွဲမှားသည်ဟု ယူဆသည့်လမ်းစဉ်တော်အရ အကျွန်ုပ်သည် ဘိုးဘေးများ၏ဘုရားသခင်ကိုကိုးကွယ် ကြောင်းကိုမူအရှင်အားဝန်ခံပါ၏။ သို့ရာ တွင်အကျွန်ုပ်သည်မောရှေ၏ပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများတွင်ဖော်ပြပါရှိ သမျှသောအရာတို့ကိုယုံကြည်ပါသည်။- 15 အကျွန်ုပ်သည်ဘုရားသခင်ကိုအားကိုး မျှော်လင့်သူဖြစ်၍ လူဆိုးလူကောင်းမရွေး လူခပ်သိမ်းတို့သည် သေခြင်းမှရှင်ပြန် ထမြောက်ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။- 16 သို့ဖြစ်၍အကျွန်ုပ်သည်ဘုရားသခင်ရှေ့လူ တို့ရှေ့တွင် မိမိ၏သြတ္တပ္ပစိတ်ကြည်လင်မှုရှိ စေရန်အစဉ်အမြဲအစွမ်းကုန်ကြိုးစား အားထုတ်ပါ၏။
17 ``အကျွန်ုပ်သည်ယေရုရှလင်မြို့မှထွက်ခွာ ၍နှစ်ပေါင်းများစွာကြာပြီးနောက် မိမိ၏ အမျိုးသားချင်းများအတွက်အလှူငွေ ယူဆောင်လာရန်အတွက်လည်းကောင်း၊ ဘုရား သခင်အားပူဇော်သကာဆက်သရန်အတွက် လည်းကောင်းပြန်လည်ရောက်ရှိလာပါ၏။- 18 ဗိမာန်တော်ထဲတွင်အကျွန်ုပ်သည်သန့်စင် ခြင်းမင်္ဂလာကိုပြုပြီးနောက်ပူဇော်သကာ ဆက်သနေချိန်၌ ထိုသူတို့သည်အကျွန်ုပ် ကိုတွေ့မြင်ကြပါ၏။ ထိုအခါလူပရိ သတ်များမရှိပါ။ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါ။-✡တ၊ ၂၁:၁၇-၂၈။ 19 သို့ရာတွင်ထိုနေရာတွင်အာရှနယ်မှလာ သောယုဒအမျိုးသားအချို့ရှိပါ၏။ အကျွန်ုပ် အားစွပ်စွဲပြောဆိုစရာရှိလျှင်သူတို့ကိုယ် တိုင်ဤအရပ်သို့လာ၍၊- 20 အကျွန်ုပ်ကူးလွန်သောအပြစ်ကိုအရှင့်ထံ တွင်ဖော်ပြစွပ်စွဲသင့်ပါ၏။- 21 ထိုသို့မဟုတ်လျှင်လည်းအကျွန်ုပ်သည် တရားလွှတ်တော်အဖွဲ့ရှေ့တွင် ချေပလျှောက် လဲနေစဉ်အခါက `အကျွန်ုပ်သည်သူသေ တို့ရှင်ပြန်ထမြောက်ကြလိမ့်မည်ကိုမျှော် လင့်သူဖြစ်သဖြင့် ယနေ့သင်တို့ရှေ့တွင် အစစ်အဆေးခံနေရပါ၏' ဟူ၍ကြွေး ကြော်ခဲ့သည့်စကားရပ်မှတစ်ပါးအခြား အဘယ်ပြစ်မှုရှိကြောင်းဤသူတို့ဖော်ပြ ကြပါစေ'' ဟုလျှောက်လေ၏။✡တ၊ ၂၃:၆။
22 ဖေလဇ်သည်လမ်းစဉ်တော်အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် အမှု စစ်ဆေးကြားနာမှုကိုထိုအချိန်၌ရပ် နားလိုက်၏။ သူက ``တပ်မှူးလုသိ ရောက်ရှိလာသောအခါမှသင်တို့အမှု ကိုငါစီရင်ချက်ချမှတ်မည်'' ဟုဆို၏။- 23 ပေါလုကိုအစောင့်အကြပ်နှင့်အကျယ်ချုပ် ထားကာ သူ၏မိတ်ဆွေသင်္ဂဟများလာရောက် ပြုစုသည်ကိုခွင့်ပြုရန်တပ်ခွဲမှူးအားအမိန့် ပေး၏။
ဖေလဇ်နှင့်ဒြုသိလေတို့အား ပေါလုဟောပြောခြင်း
24 ရက်အနည်းငယ်ကြာသောအခါဖေလဇ်သည် မိမိ၏ဇနီးဒြုသိလေနှင့်အတူလာရောက်၏။ ဒြုသိလေကားယုဒအမျိုးသမီးဖြစ်၏။ ဖေလဇ် သည်ပေါလုကိုအခေါ်ခိုင်းပြီးလျှင် ခရစ်တော် ယေရှုအားယုံကြည်ခြင်းနှင့်ပတ်သက်၍ ပေါလု ဟောပြောသောတရားစကားများကိုကြား နာလေသည်။- 25 သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။- 26 ဖေလဇ်သည်မိမိအားပေါလုလာဘ်ထိုးလိမ့် မည်ဟုမျှော်လင့်ကာ သူ့အားမကြာမကြာ ခေါ်၍စကားပြောလေ၏။
27 နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။