အာ​မုတ်​အ​နာ​ဂတ္တိ​ကျမ်း
နိ​ဒါန်း
အာ​မုတ်​သည်​သမ္မာ​ကျမ်း​စာ​ထဲ​၌​မိ​မိ​၏ ဟော​ပြော​ချက်​ကို အ​ကျယ်​တ​ဝင့်​ပ​ထ​မ ဦး​ဆုံး​မှတ်​တမ်း​တင်​ခံ​ရ​သော​ပ​ရော​ဖက် ဖြစ်​သည်။ သူ​သည်​ယု​ဒ​နိုင်​ငံ​၏​မြို့​တစ် မြို့​မှ​လာ​သူ​ဖြစ်​သော်​လည်း​ရှစ်​ရာ​စု​နှစ် အ​လယ်​ပိုင်း​လောက်​တွင်​ဣ​သ​ရေ​လ​နိုင်​ငံ ၏​မြောက်​ပိုင်း​နိုင်​ငံ​၌​ဟော​ပြော​ခဲ့​ပေ​သည်။ ဤ​အ​ချိန်​သည်​လွန်​စွာ​စီး​ပွား​ရေး​တိုး​တက် နေ​သော​အ​ချိန်၊ ထူး​ခြား​စွာ​ဘာ​သာ​ရေး ကိုင်း​ရှိုင်း​နေ​ချိန်၊ သိ​သာ​ထင်​ရှား​စွာ​ဘေး အန္တ​ရာယ်​လုံ​ခြုံ​စိတ်​ချ​နေ​ရ​ချိန်​ကာ​လ ဖြစ်​သည်။ သို့​ရာ​တွင်​အာ​မုတ်​က၊ စီး​ပွား ရေး​တိုး​တက်​မှု​သည်​ချမ်း​သာ​ကြွယ်​ဝ​သူ များ​အ​တွက်​သာ​ဖြစ်​၍၊ မ​တ​ရား​မှု​နှင့် ဆင်း​ရဲ​သား​တို့​အား​ဖိ​နှိပ်​ချုပ်​ချယ်​မှု အား​ဖြင့်​ကြီး​ပွား​နေ​သည်​ဟူ​၍​လည်း ကောင်း၊ ဘာ​သာ​ရေး​ဆိုင်​ရာ​လိုက်​နာ​စောင့် ထိန်း​မှု​များ​သည်​လည်း​ရိုး​သား​မှု​မ​ရှိ ကြောင်း​ကို​လည်း​ကောင်း၊ ဘေး​အန္တ​ရာယ်​လုံ ခြုံ​စိတ်​ချ​မှု​သည်​လည်း​အ​စစ်​အ​မှန် မ​ဟုတ် အ​ပေါ်​ယံ​မျှ​သာ​ဖြစ်​ကြောင်း ကို​လည်း​ကောင်း​သိ​မြင်​လေ​သည်။ ဘု​ရား​သ​ခင်​သည်​ထို​နိုင်​ငံ​ကို​ပြစ်​ဒဏ်​ခတ်​မည် ဖြစ်​ကြောင်း​ကို သူ​သည်​စိတ်​အား​ထက်​သန် စွာ​ရဲ​ဝံ့​စွာ​ဟော​ပြော​ခဲ့​သည်။ သူ​က တ​ရား​မျှ​တ​မှု​ကို``စမ်း​ရေ​ကဲ့​သို့​စီး​ဆင်း စေ​ရန်'' တောင်း​ဆို​၍ ``ထာ​ဝ​ရ​ဘု​ရား​သည် ဤ​လူ​မျိုး​အ​နက်​အ​သက်​ရှင်​လျက် ကျန် ရစ်​သူ​အ​ချို့​ကို​သ​နား​ကောင်း​သ​နား တော်​မူ​လိမ့်​မည်'' ၅:၁၅ ဟု​ပြော​ဆို​ခဲ့​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ဣ​သ​ရေ​လ​အိမ်​နီး​ချင်း​နိုင်​ငံ​များ​အ​ပေါ် တ​ရား​စီ​ရင်​မှု ၁:၁-၂:၅
ဣ​သ​ရေ​လ​နိုင်​ငံ​အား​တ​ရား​စီ​ရင်​မှု ၂:၆-၆:၁၄
မြင်​ကွင်း​ငါး​ခု ၇:၁-၉:၁၅
1
ဤ​သည်​မှာ​တေ​ကော​ရွာ​မှ သိုး​ထိန်း​အာ​မုတ် ဟော​သော​စ​ကား​များ​ဖြစ်​သည်။ ယု​ဒ​ဘု​ရင် သြဇိ​မင်း​လက်​ထက်၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဘု​ရင်​ယော​ရှ​၏​သား​ယေ​ရော​ဗောင်​မင်း​အုပ် စိုး​စဉ်​ကာ​လ၊ မြေ​င​လျင်​မ​လှုပ်​မီ​နှစ်​နှစ် အ​ထက်​က​ထာ​ဝ​ရ​ဘု​ရား​သည် အာ​မုတ် အား​ဣ​သ​ရေ​လ​တို့​နှင့်​ပတ်​သက်​သော ဤ အ​ကြောင်း​အ​ရာ​တို့​ကို​ဖော်​ပြ​ဖွင့်​ဆို တော်​မူ​ခဲ့​သည်။ ၄ရာ၊ ၁၅:၁-၇။ ၆ရာ၊ ၂၆:၁-၂၃။ ၄ရာ၊ ၁၄:၂၃-၂၉။
အာ​မုတ်​က၊
``ဇိ​အုန်​တောင်​မှ​ထာ​ဝ​ရ​ဘု​ရား​၏​ကြုံး​ဝါး သံ​ကို ကြား​ရ​လေ​ပြီ။
ယေ​ရု​ရှ​လင်​မြို့​အ​တွင်း​မှ​ထစ်​ချုန်း​လာ​သော အ​သံ​တော်​ကို​ကြား​ရ​စေ​ပြီ။
သိုး​စား​ကျက်​တို့​သည်​သွေ့​ခြောက်​ကုန်​၍
က​ရ​မေ​လ​တောင်​ပေါ်​မှ​မြက်​ပင်​တို့​သည် နွမ်း​ရ​လေ​ပြီ​ဟု​ဆို​၏။'' ယောလ၊ ၃:၁၆။
ဣသ​ရေ​လ​တို့​၏​အိမ်​နီး​ချင်း​နိုင်​ငံ​များ​အ​ပေါ် ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​စီ​ရင်​တော်​မူ​ချက်​များ
ရှု​ရိ​လူ​မျိုး​အ​ပေါ်​စီ​ရင်​ချက်
ထာ​ဝ​ရ​ဘု​ရား​က``ဒ​မာ​သက်​မြို့​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ခဲ့​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ​တော့ မည်။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​သူ​တို့​အ​ပေါ် ရိုင်း​စိုင်း​ရက်​စက်​ကြမ်း​ကြုတ်​ခဲ့​လေ​ပြီ။- ဟေရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ ဇာ၊ ၉:၁။ ထို့​ကြောင့်​ငါ​သည်​ဟာ​ဇေ​လ​မင်း​မျိုး အ​ပေါ်​သို့​မီး​မိုး​ရွာ​စေ​ပြီး ဗင်​ဟာ​ဒဒ် မင်း​၏​ရဲ​တိုက်​များ​ကို​ပြာ​ချ​လိုက်​မည်။- ငါ​သည်​ဒ​မာ​သက်​မြို့​တံ​ခါး​များ​ကို​ချေ မှုန်း​၍ အာ​ဝင်​ချိုင့်​နှင့်​ဗေ​သေ​ဒင်​မြို့​တွင်​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ရှု​ရိ​ပြည်​သား တို့​သည်​ကိ​ရ​ပြည်​သို့​သုံ့​ပန်း​အ​ဖြစ်​နှင့် လိုက်​ပါ​သွား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
ဖိ​လိတ္တိ​လူ​မျိုး​အ​ပေါ်​စီ​ရင်​ချက်
ထာ​ဝ​ရ​ဘု​ရား​က``ဂါ​ဇ​မြို့​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ခဲ့​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​လူ​တစ်​မျိုး​လုံး​ကို ဧ​ဒုံ​ပြည်​သား​များ​လက်​ဝယ်​သို့ ကျွန် အ​ဖြစ်​နှင့်​ရောင်း​စား​ခဲ့​ပြီ။- သို့​ကြောင့်​ငါ​သည်​ဂါ​ဇ​မြို့​ရိုး​များ အ​ပေါ်​သို့​မီး​မိုး​ရွာ​စေ​ပြီး ဂါ​ဇ ရဲ​တိုက်​များ​ကို​ပြာ​ချ​လိုက်​မည်။- အာ​ဇုတ်​နှင့်​အာ​ရှ​ကေ​လုန်​မြို့​များ​၌​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ဧ​ကြုန်​မြို့ ကို​လည်း​ငါ​ဒဏ်​ခတ်​မည်။ ကျန်​ကြွင်း​နေ သူ​ဖိ​လိတ္တိ​မှန်​သ​မျှ​လည်း​သေ​ရ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။
တု​ရု​လူ​မျိုး​အ​ပေါ်​စီ​ရင်​ချက်
ထာ​ဝ​ရ​ဘု​ရား​က``တု​ရု​မြို့​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​လူ​တစ်​မျိုး​လုံး​ကို ဧ​ဒုံ​ပြည်​သို့​ပြည်​နှင်​ဒဏ်​ပေး​ခဲ့​ပြီ။ ကိုယ် တိုင်​ချုပ်​ဆို​ခဲ့​သော​မ​ဟာ​မိတ်​စာ​ချုပ်​ကို ချိုး​ဖောက်​ခဲ့​ပြီ။- ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၁၉။ ယောလ၊ ၃:၄-၈။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 10 ထို့​ကြောင့်​ငါ​သည်​တု​ရု​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး တု​ရု​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။
ဧ​ဒုံ​လူ​မျိုး​အ​ပေါ်​စီ​ရင်​ချက်
11 ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဒုံ​ပြည်​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​ညီ​အစ်​ကို​ချင်း ဣ​သ​ရေ​လ​တို့​ကို​မ​ရ​မ​က​လိုက်​၍ မ​ညှာ​မ​တာ​ညှင်း​ဆဲ​ခဲ့​ပြီ။ သူ​တို့​၏ အ​မျက်​ဒေါ​သ​ကို​ဘယ်​အ​ခါ​မျှ မ​ပြေ​စေ​ဘဲ​ကမ်း​ကုန်​လောက်​အောင် ပင်​ပြင်း​ထန်​စေ​ခဲ့​သည်။- ဟေရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ သြ၊ ၁-၁၄။ မာလ၊ ၁:၂-၅။ 12 ထို့​ကြောင့်​ငါ​သည်​တေမန်​မြို့​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး ဗော​ဇ​ရ​ရဲ​တိုက်​များ​ကို​ပြာ​ချ လိုက်​မည်'' ဟု​မိန့်​တော်​မူ​၏။
အမ္မုန်​လူ​မျိုး​အ​ပေါ်​စီ​ရင်​ချက်
13 ထာ​ဝ​ရ​ဘု​ရား​က``အမ္မုန်​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​၏​နယ်​ချဲ့​လို​သော လော​ဘ​ကြောင့် နယ်​ချဲ့​စစ်​ပွဲ​များ​၌​ဂိ​လဒ် ပြည်​သူ​ကိုယ်​ဝန်​ဆောင်​တို့​၏​ဝမ်း​ကို​ပင် ဖောက်​ခွဲ​ကာ​သတ်​ဖြတ်​ခဲ့​လေ​ပြီ။- ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၇။ ဇေ၊ ၂:၈-၁၁။ 14 ထို့​ကြောင့်​ငါ​သည်​ရဗ္ဗာ​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး ရဗ္ဗာ​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်။ စစ်​တိုက်​သော​နေ့​၌​အော် သံ​ဟစ်​သံ​တ​ညံ​ညံ​ကြား​ရ​ပြီး တိုက်​ပွဲ သည်​မုန်​တိုင်း​တ​မျှ​ပြင်း​ထန်​လိမ့်​မည်။- 15 သူ​တို့​ဘု​ရင်​နှင့်​မှူး​မတ်​အ​ပေါင်း​တို့​သည် ပြည်​ပ​သို့​ဖမ်း​သွား​ခြင်း​ခံ​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

1:1 ၄ရာ၊ ၁၅:၁-၇။ ၆ရာ၊ ၂၆:၁-၂၃။ ၄ရာ၊ ၁၄:၂၃-၂၉။

1:2 ယောလ၊ ၃:၁၆။

1:3 ဟေရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ ဇာ၊ ၉:၁။

1:8 ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။

1:9 ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၁၉။ ယောလ၊ ၃:၄-၈။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။

1:11 ဟေရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ သြ၊ ၁-၁၄။ မာလ၊ ၁:၂-၅။

1:13 ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၇။ ဇေ၊ ၂:၈-၁၁။