တ​ရား​ဟော​ရာ​ကျမ်း
နိ​ဒါန်း
`တ​ရား​ဟော​ရာ​ကျမ်း' သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​လာ​ခဲ့​သော ခ​ရီး​ရှည်​အ​ဆုံး​၌ ခါ​နာန်​ပြည်​သို့​ဝင်​ရောက် သိမ်း​ယူ​ခါ​နီး​အ​ချိန်၊ မော​ဘ​ပြည်​တွင်​စ​ခန်း ချ​နေ​ကြ​စဉ်​သူ​တို့​အား​မော​ရှေ​မိန့်​ကြား သော​မိန့်​ခွန်း​များ​ကို​စီ​စဉ်​ရေး​သား​ပြု​စု ထား​သော​ကျမ်း​ဖြစ်​သည်။
ဤ​ကျမ်း​တွင်​ပါ​ဝင်​သော​အ​ရေး​ကြီး​ဆုံး အ​ကြောင်း​အ​ရာ​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ (၁) မော​ရှေ​သည်​လွန်​ခဲ့​သော​နှစ် ပေါင်း​လေး​ဆယ်​အ​တွင်း​က​ထင်​ရှား​သော အ​ဖြစ်​အ​ပျက်​များ​ကို​ထုတ်​ဖော်​ပြော​ပြ သည်။ ဘု​ရား​သ​ခင်​သည်​တော​ကန္တာ​ရ​ခ​ရီး တစ်​လျှောက်​တွင် သူ​တို့​ကို​မည်​ကဲ့​သို့​လမ်း ပြ​ပို့​ဆောင်​ခဲ့​ကြောင်း​ကို​မ​မေ့​ရန်​နှင့် ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​နာ​ခံ​၍​သစ္စာ​စောင့် ရန်​မော​ရှေ​သ​တိ​ပေး​နှိုး​ဆော်​သည်။ (၂) မော​ရှေ​သည်​ပ​ညတ်​တော်​ဆယ်​ပါး​ကို ပြန်​လည်​သုံး​သပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ကို သာ​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟူ​သော ပ​ထ​မ ပ​ညတ်​တော်​ဆို​လို​ရင်း​ကို​အ​လေး​အ​နက် ထား​၍​ရှင်း​ပြ​သည်။ ထို့​နောက်​ပေး​သ​နား မည်​ဟု​က​တိ​ထား​တော်​မူ​သော​ပြည်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ​ရ မည့်​ပ​ညတ်​များ​ကို​ပြန်​လည်​ရှင်း​ပြ​သည်။ (၃) မော​ရှေ​သည်​သူ​တို့​နှင့်​ဘု​ရား​သ​ခင် ပြု​သော ပ​ဋိ​ညာဉ်​၏​ဆို​လို​သော​အ​ဋ္ဌိပ္ပါယ် ကို​သူ​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​ပြီး လျှင် ပ​ဋိ​ညာဉ်​အ​တိုင်း​လိုက်​နာ​ပါ​မည် ဟူ​၍​အ​ဋ္ဌိ​ဋ္ဌာန်​သစ်​ပြု​ရန်​တိုက်​တွန်း သည်။ (၄) ယော​ရှု​အား​ဘု​ရား​သ​ခင်​လူ​မျိုး တော်​၏​ခေါင်း​ဆောင်​အ​ဖြစ်​ဆက်​ခံ​ရန် တာ​ဝန် ပေး​အပ်​သည်။ မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ သစ္စာ​တော်​ကို​ချီး​ကူး​ဖွဲ့​ဆို​လျက် ဣ​သ​ရေ​လ အ​နွယ်​တို့​ကို​ကောင်း​ချီး​ပေး​ပြီး​နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​မော​ဘ​ပြည်​တွင် အ​နိစ္စ​ရောက်​လေ​သည်။
ဤ​ကျမ်း​၏​အ​ဋ္ဌိ​က​အ​ကြောင်း​မှာ​ဘု​ရား​သ​ခင်​သည် မိ​မိ​ချစ်​၍​ရွေး​ကောက်​သော​လူ​မျိုး တော်​ကို​ကယ်​တင်​ပြီး​လျှင် ကောင်း​ချီး​ပေး​တော် မူ​ကြောင်း၊ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​သည်​အ​သက်​ရှင်​၍​ကောင်း​ချီး​ကို​ဆက် လက်​ခံ​စား​နိုင်​ရန် အ​ဆို​ပါ​အ​ဋ္ဌိ​က​အ​ကြောင်း ကို​သ​တိ​ရ​လျက်​ဘု​ရား​သ​ခင်​ကို​ချစ်​၍ အ​မိန့်​တော်​ကို​နာ​ခံ​ကြ​ရ​မည်​ဖြစ်​ကြောင်း၊
အ​ခန်း ၆:၄-၆ သည်​အ​ဋ္ဌိ​က​ကျမ်း​ပိုဒ်​ဖြစ်​သည်။ သ​ခင်​ယေ​ရှု​က​ပ​ညတ်​အ​ပေါင်း​တို့​တွင် အ​ကြီး မြတ်​ဆုံး​ပ​ညတ်​တော်​ဟူ​၍​ဖွင့်​ဆို​သော``သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​စိတ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​လော့'' ဟူ​သော ကျမ်း​ချက်​ကို​ဤ​ကျမ်း​ပိုဒ်​တွင်​တွေ့​ရှိ​ရ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
မော​ရှေ​၏​ပ​ထ​မ​ဦး​ဆုံး​မိန့်​ခွန်း ၁:၁-၄:၄၉
မော​ရှေ​၏​ဒု​တိ​ယ​မိန့်​ခွန်း ၅:၁-၂၆:၁၉
(က) ပ​ညတ်​တော်​ဆယ်​ပါး ၅:၁-၁၀:၂၂
(ခ ) ပ​ညတ်​များ၊ ပြ​ဋ္ဌာန်း​ချက်​များ၊ သ​တိ​ပေး​ချက်​များ ၁၁:၁-၂၆:၁၉
ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​ရာ​၌ လိုက်​နာ​ရ​မည့်​ပ​ညတ်​များ ၂၇:၁-၂၈:၆၈
ပ​ဋိ​ညာဉ်​ကို​အ​သစ်​ပြန်​လည်​ဖွဲ့​ခြင်း ၂၉:၁-၃၀:၂၀
မော​ရှေ​၏​နောက်​ဆုံး​အ​မှာ​စ​ကား​များ ၃၁:၁-၃၃:၂၉
မော​ရှေ​အ​နိစ္စ​ရောက်​ခြင်း ၃၄:၁-၁၂
1
နိဒါန်း
ဤ​ကျမ်း​စောင်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ မော​ရှေ​က​သူ​တို့ အား​ပြော​ကြား​သည့်​စ​ကား​ကို​မှတ်​တမ်း တင်​ထား​သည်။ သူ​တို့​သည်​သုဖ​မြို့​အ​နီး ယော်​ဒန်​မြစ်​ဝှမ်း​တွင်​ရောက်​ရှိ​နေ​ကြ​သည်။ သူ​တို့​တစ်​ဘက်​၌​ပါ​ရန်​မြို့​ရှိ​၍​အ​ခြား တစ်​ဘက်​၌​တော​ဖေ​လ​မြို့၊ လာ​ဗန်​မြို့၊ ဟာ​ဇ​ရုတ်​မြို့၊ ဒိ​ဇ​ဟတ်​မြို့​တို့​ရှိ​ကြ​သည်။- (သိ​နာ​တောင်​မှ​ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ တောင်​ထူ​ထပ်​သော​ဧ​ဒုံ​ပြည်​လမ်း​ဖြင့် ခ​ရီး သွား​သော်​တစ်​ဆယ့်​တစ်​ရက်​ကြာ​၏။-) ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​ပြီး​နောက် လေး​ဆယ်​မြောက်​သော နှစ်၊ တစ်​ဆယ့်​တစ်​လ၊ ပ​ထ​မ​နေ့​ရက်​၌​ထာ​ဝ​ရ ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သ​မျှ​ကို​မော​ရှေ​သည်​ထပ်​မံ​၍ ဆင့်​ဆို​လေ​၏။- မော​ရှေ​သည်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ​သော အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​ကို​လည်း​ကောင်း၊ အာ​ရှ တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​တွင်​စိုး​စံ​သော ဗာ​ရှန်​ဘု​ရင်​သြ​ဃ​ကို​လည်​ကောင်း၊ နှိမ် နှင်း​ပြီး​နောက်​အောက်​ပါ​အ​တိုင်း​ဆင့်​ဆို ခြင်း​ဖြစ်​သည်။- တော၊ ၂၁:၂၁-၃၅။ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​မော​ဘ​ပြည်​တွင် ရောက်​ရှိ​နေ​ကြ​စဉ် ဘု​ရား​သ​ခင်​၏​ပ​ညတ် များ​နှင့်​သွန်​သင်​ချက်​များ​ကို​စ​တင်​ရှင်း​လင်း ပေး​လေ​သည်။
မော​ရှေ​က``ငါ​တို့​သည်​သိ​နာ​တောင်​တွင်​ရှိ​နေ ကြ​စဉ် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က`သင်​တို့​သည်​ဤ​တောင်​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ကြ​ပြီ။- စ​ခန်း​သိမ်း​၍​ခ​ရီး​ဆက်​ကြ​လော့။ အာ​မော​ရိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​တောင်​ကုန်း​ဒေ​သ နှင့် ၎င်း​အ​နီး​ရှိ​ဒေ​သ​များ​ဖြစ်​သော​တောင် ကုန်း​ဒေ​သ၊ လွင်​ပြင်​ဒေ​သ၊ တောင်​ဘက်​ဒေ​သ၊ မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​တို့​သို့​သွား​ကြ​လော့။ ခါ​နာန်​ပြည်​သို့​သွား​ကြ​လော့။ ထို​မှ​တစ်​ဖန် လေ​ဗ​နုန်​တောင်​ကို​ကျော်​၍ ဥ​ဖ​ရတ်​မြစ်​သို့ တိုင်​အောင်​သွား​ကြ​လော့။- သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​အာ​ဗြ ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​၍​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား ဤ​ဒေ​သ​အား​လုံး​ကို​ပေး မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော် မူ​ခဲ့​သည်။ သင်​တို့​သွား​၍​သိမ်း​ယူ​ကြ​လော့' ဟူ​၍​မိန့်​တော်​မူ​သည်'' ဟု​ဆို​၏။
တ​ရား​သူ​ကြီး​များ​ကို​မော​ရှေ​ခန့်​ထား​ခြင်း
(ထွ၊ ၁၈:၁၃-၂၇)
မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့ အား​ခေါင်း​ဆောင်​ရ​သည့်​တာ​ဝန်​မှာ ငါ့​အ​တွက် အ​လွန်​ကြီး​လေး​လှ​သည်။ ငါ​တစ်​ဦး​တည်း ထို​တာ​ဝန်​ကို​မ​ထမ်း​နိုင်။- 10 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ​နှင့်​အ​မျှ​သင်​တို့ ကို​များ​ပြား​စေ​တော်​မူ​ပြီ။- 11 သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​အ​ဆ​ပေါင်း​တစ်​ထောင် တိုး​ပွား​များ​ပြား​ပါ​စေ​သော။ က​တိ​တော်​ရှိ သည့်​အ​တိုင်း​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော။- 12 သို့​ရာ​တွင်​သင်​တို့​၏​အ​ငြင်း​ပွား​မှု​များ​ကို ဖြေ​ရှင်း​ရ​သည့်​ကြီး​လေး​သော​တာ​ဝန်​ကို ငါ တစ်​ဦး​တည်း​မည်​သို့​ထမ်း​ဆောင်​နိုင်​ပါ​အံ့ နည်း။- 13 သင်​တို့​အ​နွယ်​အ​သီး​သီး​မှ​ပ​ညာ​အ​မြော် အ​မြင်​နှင့် အ​တွေ့​အ​ကြုံ​ရှိ​သော​ပ္ဂိုလ်​တို့ ကို​ရွေး​ချယ်​ပေး​ကြ​လော့။ သင်​တို့​ကို​အုပ်​ချုပ် စေ​ရန်​သူ​တို့​အား​ငါ​ခန့်​ထား​မည်' ဟု​ပြော ကြား​ခဲ့​သည်။- 14 သင်​တို့​က​ထို​အ​မှု​သည်​သင့်​မြတ်​ပါ​သည် ဟု​ဆို​၍ သ​ဘော​တူ​လက်​ခံ​ခဲ့​ကြ​သည်။- 15 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​နွယ်​ထဲ​မှ​ပ​ညာ ရှိ​၍ အ​တွေ့​အ​ကြုံ​များ​သော​ခေါင်း​ဆောင်​များ ကို​ရွေး​ချယ်​ပြီး​လျှင်​သင်​တို့​အား​အုပ်​ချုပ် စေ​၏။ အ​ချို့​တို့​ကို​လူ​တစ်​ထောင်​အုပ်၊ အ​ချို့ တို့​ကို​လူ​တစ်​ရာ​အုပ်၊ အ​ချို့​တို့​ကို​လူ​ငါး ဆယ်​အုပ်၊ အ​ချို့​တို့​ကို​လူ​တစ်​ဆယ်​အုပ်​အ​ဖြစ် ခန့်​ထား​ခဲ့​သည်။ ထို့​ပြင်​သင်​တို့​အ​နွယ်​အား လုံး​၌ အ​ခြား​သော​အ​ရာ​ရှိ​များ​ကို​လည်း ခန့်​ထား​ခဲ့​၏။
16 ``ထို​အ​ချိန်​က​ငါ​သည်​အုပ်​ချုပ်​သူ​တို့​အား`သင် တို့​အ​မျိုး​သား​ချင်း​နှင့်​ဆိုင်​သော​အ​မှု​အ​ခင်း များ​နှင့် သင်​တို့​တွင်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​နှင့်​ဆိုင်​သည့်​အ​မှု​အ​ခင်း​များ​ကို ကြား​နာ​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ် ကြ​လော့။- 17 အ​ဆုံး​အ​ဖြတ်​ပေး​ရာ​၌​မျက်​နှာ​မ​လိုက် နှင့်။ မျက်​နှာ​ကြီး​မျက်​နှာ​ငယ်​မ​လိုက်​ဘဲ ကြား​နာ​စစ်​ဆေး​လော့။ သင်​တို့​၏​အ​ဆုံး အ​ဖြတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​သော အ​ဆုံး​အ​ဖြတ်​ဖြစ်​သော​ကြောင့် မည်​သူ့​ကို မျှ​မ​ကြောက်​ရွံ့​ရ။ သင်​တို့​ကိုယ်​တိုင်​မ​စီ​ရင် နိုင်​သော​အ​မှု​ရှိ​လျှင် ငါ့​ထံ​သို့​တင်​ပြ​ကြ လော့။ ထို​အ​မှု​ကို​ငါ​စီ​ရင်​မည်' ဟု​မှာ​ကြား ခဲ့​၏။- 18 တစ်​ချိန်​တည်း​မှာ​ပင်​သင်​တို့​ပြု​ရ​မည့်​အ​မှု တို့​ကို​ငါ​ညွှန်​ကြား​ခဲ့​၏။''
ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​မှ​သူ​လျှို​များ​ကို စေ​လွှတ်​ခြင်း
(တော၊ ၁၃:၁-၃၃)
19 ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​တို့​လိုက်​နာ​ကြ​၏။ ငါ​တို့​သည်​သိ​နာ​တောင်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် အ​ပြော​ကျယ်​၍​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​လျက် တောင် ထူ​ထပ်​သော​အာ​မော​ရိ​ပြည်​သို့​ဦး​တည် ခ​ရီး​ပြု​ခဲ့​ကြ​၏။ ငါ​တို့​သည်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊- 20-21 ငါ​က`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် က ငါ​တို့​အား​ပေး​တော်​မူ​မည့်​အာ​မော​ရိ တောင်​ကုန်း​ဒေ​သ​သို့​သင်​တို့​ယ​ခု​ရောက်​ရှိ ကြ​ပြီ။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည့်​အ​တိုင်း ချီ​တက်​၍​သိမ်း​ပိုက်​ကြ​လော့။ မ​ကြောက်​ကြ နှင့်။ တုံ့​နှေး​ခြင်း​မ​ရှိ​ကြ​နှင့်' ဟု​သင်​တို့​အား ပြော​ခဲ့​၏။
22 ``သို့​ရာ​တွင်​သင်​တို့​သည် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍`တိုင်း​ပြည်​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း လျက် မည်​သည့်​လမ်း​ဖြင့်​ချီ​တက်​ရ​မည်၊ မြို့ များ​၏​အ​နေ​အ​ထား​မည်​သို့​ရှိ​သည်​ကို ပြန် လည်​သ​တင်း​ပို့​နိုင်​ရန်​အ​ထောက်​တော်​များ ကို​စေ​လွှတ်​ကြ​ပါ​စို့' ဟူ​၍​အ​ကြံ​ပေး တင်​ပြ​ကြ​၏။''
23 ``ထို​အ​ကြံ​သည်​သင့်​မြတ်​သ​ဖြင့် ငါ​သည် တစ်​နွယ်​လျှင်​တစ်​ယောက်​ကျ​လူ​တစ်​ဆယ့် နှစ်​ယောက်​ကို​ရွေး​ခဲ့​၏။- 24 သူ​တို့​သည်​တောင်​ကုန်း​ဒေသ​ကို​တက်​၍ ဧ​ရှ ကော​လ​ချိုင့်​သို့​တိုင်​အောင်​သွား​ပြီး​လျှင် ထို အ​ရပ်​၌​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း ကြ​၏။- 25 သူ​တို့​သည်​ထို​အ​ရပ်​မှ​ထွက်​သော​သစ်​သီး အ​ချို့​ကို ငါ​တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​မည့်​ပြည်​သည် မြေ​သြ​ဇာ အ​လွန်​ထက်​သန်​ကြောင်း​ပြန်​ကြား​ကြ​၏။''
26 ``သို့​ရာ​တွင်​သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​လျက် ထို​ပြည်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။- တရား၊ ၉:၂၃။ ဟေဗြဲ၊ ၃:၁၆။ 27 သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မုန်း​သ​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​လက် ဖြင့် ငါ​တို့​အား​သေ​စေ​ခြင်း​ငှာ​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။- 28 ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။
29 ``ထို​အ​ခါ ငါ​က​သင်​တို့​အား`ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။- 30-31 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည်​နှင့်​တော​ကန္တာ​ရ​၌​သင်​တို့​အား စောင့်​ရှောက်​ခဲ့​သည့်​နည်း​တူ ယ​ခု​လည်း​သင်​တို့ ကို​ဦး​ဆောင်​၍​သင်​တို့​ဘက်​၌​စစ်​ကူ​တိုက်​တော် မူ​လိမ့်​မည်။ အ​ဖ​က​သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ချီ​ပိုက်​လျက် ဤ​အ​ရပ်​သို့​ရောက်​ရှိ​သည့်​တိုင်​အောင်​ပို့​ဆောင် တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​ပြီ' ဟူ​၍​ပြော​ခဲ့​သည်။- တ၊ ၁၃:၁၈။ 32-33 ယင်း​သို့​ငါ​ပြော​သော်​လည်း သင်​တို့​သည်​ည အ​ချိန်​၌​မီး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ နေ့ အ​ချိန်​၌​မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း သင် တို့​ကို​ရှေ့​က​ကြွ​သွား​၍​လမ်း​ပြ​လျက် သင်​တို့ စ​ခန်း​ချ​ရာ​နေ​ရာ​ကို​ရှာ​ပေး​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​အား​မ​ယုံ​ကြည်​မ​ကိုး စား​ကြ။'' ဟေဗြဲ၊ ၃:၁၉။
ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဒဏ်​ခတ်​ခြင်း
(တော၊ ၁၄:၂၀-၄၅)
34 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ညည်း​ညူ သံ​ကို​ကြား​ရ​သော​အ​ခါ​အ​မျက်​ထွက်​လျက် အ​လေး​အ​နက်​ကြေ​ညာ​တော်​မူ​၏။- ဟေဗြဲ၊ ၃:၁၈။ 35 ကိုယ်​တော်​က`သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး မည်​ဟူ​၍​က​တိ​ထား​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​သို့ ဆိုး​ယုတ်​သော​ဤ​လူ​မျိုး​ဆက်​ထဲ မှ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ဝင်​ရ။- 36 ယေ​ဖုန္နာ​၏​သား​ကာ​လက်​တစ်​ဦး​တည်း​သာ​ထို ပြည်​သို့​ဝင်​ရ​မည်။ သူ​သည်​ငါ့​အား​သစ္စာ​ရှိ​သူ ဖြစ်​၍​သူ​ထောက်​လှမ်း​ခဲ့​သော​ပြည်​ကို​သူ​နှင့်​သူ ၏​အ​ဆက်​အ​နွယ်​တို့​အား​ငါ​ပေး​မည်' ဟု​မိန့် တော်​မူ​၏။- 37 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။- 38 သင်​၏​လက်​ထောက်​ဖြစ်​သူ​နုန်​၏​သား​ယော​ရှု မူ​ကား​ထို​ပြည်​သို့​ဝင်​ရ​မည်။ ယောရှု​ကို​အား​ပေး လော့။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ခေါင်း​ဆောင်​၍​ထို​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''
39 ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ​တို့​အား`သင် တို့​က​ရန်​သူ​၏​လက်​တွင်း​သို့​ကျ​ရောက်​မည် ဟု​ဆို​သော​က​လေး​များ၊ တစ်​နည်း​အား​ဖြင့် အ​မှား​အ​မှန်​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​သေး သော​သင်​တို့​၏​က​လေး​များ​သည် ထို​ပြည် သို့​ဝင်​ရောက်​ကြ​လိမ့်​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​အား​ပေး​သ​ဖြင့်​သူ​တို့​သိမ်း​ယူ ကြ​လိမ့်​မည်။- 40 သင်​တို့​မူ​ကား​လှည့်​၍​အာ​ကာ​ဘာ​ပင်​လယ် ကွေ့​သို့​ဦး​တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန် ကြ​လော့' ဟု​မိန့်​တော်​မူ​၏။''
41 ``သင်​တို့​က​ငါ့​အား`အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည့်​အ​တိုင်း ယ​ခု​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်' ဟု ဆို​ကြ​၏။ ထို့​နောက်​သင်​တို့​သည်​တောင်​ကုန်း ဒေ​သ​ကို​လွယ်​ကူ​စွာ​ဝင်​ရောက်​တိုက်​ခိုက်​နိုင် မည့်​အ​ထင်​နှင့် သင်​တို့​အား​လုံး​စစ်​ချီ​တိုက် ရန်​အ​သင့်​ပြင်​ကြ​၏။''
42 ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် သူ​တို့​နှင့်​အ​တူ​ရှိ​မည်​မ​ဟုတ်​သော​ကြောင့် စစ်​ချီ တိုက်​ခိုက်​ခြင်း​မ​ပြု​ရန်​သ​တိ​ပေး​လော့။ သူ​တို့ သည်​စစ်​ရေး​နိမ့်​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။- 43 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို သင်​တို့​အား​ဆင့်​ဆို​သော်​လည်း သင်​တို့​သည် အ​မိန့်​တော်​ကို​မ​နာ​ခံ​ကြ။ သင်​တို့​သည် ထာ​ဝရ​ဘု​ရား​ကို​ဖီ​ဆန်​လျက် မာ​န​ထောင် လွှား​လျက်​တောင်​ကုန်း​ဒေ​သ​သို့​ချီ​တက်​ခဲ့ ကြ​၏။- 44 ထို​အ​ခါ​တောင်​များ​ပေါ်​တွင်​နေ​ထိုင်​သော အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ပျား​အုပ်​ပ​မာ သင်​တို့​အား​ထွက်​၍​တိုက်​ကြ​၏။ သူ​တို့​သည် သင်​တို့​ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​ရာ ဧ​ဒုံ​ပြည် ဟော​မာ​မြို့​တွင်​သင်​တို့​အား​စစ်​ရေး​နိမ့်​စေ ခဲ့​ကြ​သည်။- 45 ထို​အ​ခါ​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော် မူ​ရန်​ငို​ကြွေး​တောင်း​ပန်​ကြ​၏။ သို့​ရာ​တွင်​ကိုယ် တော်​သည် သင်​တို့​၏​တောင်း​ပန်​သံ​ကို​နား​ညောင်း တော်​မ​မူ၊ ဂ​ရု​လည်း​ပြု​တော်​မ​မူ၊-
46 ``ထို့​ကြောင့်​ငါ​တို့​သည်​ကာ​ဒေ​ရှ​အ​ရပ်​၌ ကြာ​မြင့်​စွာ​နေ​ထိုင်​ကြ​လျက်။-

1:4 တော၊ ၂၁:၂၁-၃၅။

1:26 တရား၊ ၉:၂၃။ ဟေဗြဲ၊ ၃:၁၆။

1:30-31 တ၊ ၁၃:၁၈။

1:32-33 ဟေဗြဲ၊ ၃:၁၉။

1:34 ဟေဗြဲ၊ ၃:၁၈။