14
မပြုအပ်သောဝမ်းနည်းခြင်းအထိမ်းအမှတ်
1 ``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-✡ဝတ်၊ ၁၉:၂၈၊ ၂၁:၅။ 2 ထာဝရဘုရားသည်ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့အနက် သင်တို့အားမိမိ၏လူမျိုး တော်အဖြစ်ရွေးကောက်တော်မူသည်ဖြစ်သော ကြောင့် သင်တို့ကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။''✡ထွ၊ ၁၉:၅-၆။ တရား၊ ၄:၂၀၊ ၇:၆၊ ၂၆:၁၈။ တိ၊ ၂:၁၄။ ၁ပေ၊ ၂:၉။
သန့်သောတိရစ္ဆာန်နှင့်မသန့်သောတိရစ္ဆာန်
(ဝတ်၊ ၁၁:၁-၄၇)
3 ``ထာဝရဘုရားကမသန့်ဟုသတ်မှတ်သော တိရစ္ဆာန်ဟူသမျှ၏အသားကိုမစားရ။- 4 သင်တို့စားနိုင်သောတိရစ္ဆာန်များသည်ကား နွား၊ သိုး၊ ဆိတ်၊- 5 သမင်၊ သိုးရိုင်း၊ တောဆိတ်၊ ဒရယ်အစရှိသော၊- 6 ခွာကွဲ၍စားမြုံ့ပြန်တတ်သောတိရစ္ဆာန်များ ဖြစ်၏။- 7 ခွာလည်းမကွဲ၊ စားမြုံ့လည်းမပြန်သောတိရစ္ဆာန် များကိုမစားရ။ ကုလားအုတ်၊ ယုန်၊ ခွေးတူဝက်တူ တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန်တို့သည် စားမြုံ့ပြန်တတ်သော်လည်း ခွာမကွဲသဖြင့် မသန့်သောတိရစ္ဆာန်များဟူ၍မှတ်ရမည်။- 8 ဝက်သားကိုမစားရ။ ဝက်သည်ခွာကွဲသော် လည်းစားမြုံ့မပြန်သောကြောင့် မသန့်သော တိရစ္ဆာန်ဟူ၍မှတ်ရမည်။ တားမြစ်ထားသော ဤတိရစ္ဆာန်တို့၏အသားကိုမစားရ။ ယင်း တို့၏အသေကောင်များကိုပင်လျှင်မကိုင် တွယ်ရ။
9 ``သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးဟူသမျှကိုစားနိုင်သည်။- 10 ဆူးတောင်နှင့်အကြေးမရှိသောရေသတ္တဝါ များကိုမူကားမစားရ။ ယင်းတို့ကိုမသန့် ဟုမှတ်ရမည်။
11 ``သင်တို့သည် သန့်စင်သောငှက်ဟူသမျှကို စားနိုင်သည်။- 12-18 သင်တို့မစားရသောငှက်များသည်ကားလင်း ယုန်၊ ဇီးကွက်၊ သိမ်းငှက်မျိုး၊ လင်းတ၊ ကျီး၊ ငှက် ကုလားအုတ်၊ ဇင်ယော်၊ ငှက်ကျား၊ ဗျိုင်း၊ ငှက် ကြီးဝံပို၊ တင်ကျီး၊ တောင်သူဘီးငှက်၊ လင်းနို့ စသည်တို့ဖြစ်၏။
19 ``အတောင်ရှိသောပိုးမွှားတို့သည် မသန့်စင် သောကြောင့်မစားရ။- 20 သန့်စင်သောပိုးမွှားများကိုမူကားစားနိုင်၏။
21 ``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။✡ထွ၊ ၂၃:၁၉၊ ၃၄:၂၆။
``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''
ဆယ်ဖို့တစ်ဖို့လှူခြင်းဆိုင်ရာပညတ်
22 ``နှစ်စဉ်သင်တို့၏လယ်ယာများမှ ထွက်သမျှ သောအသီးအနှံဆယ်ဖို့တစ်ဖို့ကို သီးသန့် ဖယ်ထားရမည်။-✡ဝတ်၊ ၂၇:၃၀-၃၃။ တော၊ ၁၈:၂၁။ 23 ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ရွေးချယ်ထားတော်မူသောဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့သွား၍ ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ သင်တို့ ဆယ်ဖို့တစ်ဖို့သီးသန့်ဖယ်ထားသောစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ နွားနှင့်သိုးတို့၏သား ဦးပေါက်များကိုစားသုံးရကြမည်။ ဤ နည်းအားဖြင့်သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရိုသေ ရမည်ဖြစ်ကြောင်းသင်တို့သိနားလည်ကြ လိမ့်မည်။- 24 ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေးသဖြင့် ရရှိသောဝတ္ထုပစ္စည်းထဲမှဆယ်ဖို့ တစ်ဖို့ကို ဘုရားဝတ်ပြုရာဌာနသို့ယူဆောင် သွားရန်ခရီးဝေးလွန်းလျှင်၊- 25 ထိုပစ္စည်းကိုရောင်းချ၍ရသောငွေကို ဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့ယူ သွားရမည်။- 26 ထိုငွေဖြင့်သင်တို့နှစ်သက်ရာအမဲသား၊ သိုး သား၊ စပျစ်ရည်၊ အရက်သေရည်စသည်တို့ ကိုဝယ်၍ ထိုဌာနတွင်သင်၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌ သင်နှင့်သင် တို့၏မိသားစုများသည်ပျော်ရွှင်စွာစား သောက်ရကြမည်။
27 ``သင်တို့၏မြို့ရွာများတွင်နေထိုင်ကြသော လေဝိအမျိုးသားများ၌ ကိုယ်ပိုင်ပစ္စည်းဟူ ၍မရှိသဖြင့်သူတို့အားပြုရမည့်ဝတ် မပျက်စေနှင့်။- 28 သုံးနှစ်လျှင်တစ်ကြိမ်သင်တို့သည် ထွက်သမျှ အသီးအနှံထဲမှဆယ်ဖို့တစ်ဖို့ကို သင်တို့ ၏မြို့ရွာများတွင်စုဆောင်းထားရမည်။- 29 ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''