26
ရိတ်သိမ်းချိန်ပူဇော်သကာများ
1 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်သို့ ဝင်ရောက် သိမ်းပိုက်နေထိုင်ကြသောအခါ၊- 2 သင်တို့သည်လက်ဦးလက်ဖျားအသီးအနှံ အမျိုးမျိုးကိုတောင်းထဲ၌ထည့်ပြီးလျှင် တစ်ခုတည်းသောကိုးကွယ်ရာဌာနသို့ယူ ဆောင်သွားရမည်။-✡ထွ၊ ၂၃:၁၉။ 3 ထိုအချိန်တွင်တာဝန်ကျသောယဇ်ပုရော ဟိတ်ထံသို့သွား၍`အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် ဘိုးဘေးတို့အားကတိ ထားတော်မူသောပြည်သို့ အကျွန်ုပ်ရောက်ရှိ နေပြီဖြစ်ကြောင်းထာဝရဘုရားထံ ယနေ့ဝန်ခံပါ၏' ဟုပြောဆိုလော့။
4 ``ထိုအခါယဇ်ပုရောဟိတ်သည် သင့်ထံမှ တောင်းကိုယူ၍ သင်၏ဘုရားသခင်ထာဝရ ဘုရား၏ယဇ်ပလ္လင်ရှေ့မှာချထားရမည်။- 5 ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။- 6 အီဂျစ်အမျိုးသားတို့သည် အကျွန်ုပ်တို့ ကိုညှင်းဆဲနှိပ်စက်၍ကျွန်အဖြစ်စေ ခိုင်းပါသည်။- 7 ထိုအခါအကျွန်ုပ်တို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံကူညီ မစရန်လျှောက်ထားကြပါသည်။ ထာဝရ ဘုရားသည်ကျွန်ုပ်တို့၏လျှောက်ထားချက် ကိုနားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရ သောညှင်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခ ကိုသိမြင်တော်မူ၏။- 8 ထာဝရဘုရားသည်မဟာတန်ခိုးတော်နှင့် လက်ရုံးတော်အားဖြင့် အကျွန်ုပ်တို့အားအီဂျစ် ပြည်မှကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် သည်နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာ များကိုပြ၍ ကြောက်မက်ဖွယ်သောဘေးဒဏ် များကိုကျရောက်စေတော်မူသည်။- 9 ကိုယ်တော်သည်အစာရေစာပေါကြွယ်ဝသော ဤပြည်သို့ပို့ဆောင်နေထိုင်စေတော်မူ၏။- 10 ထို့ကြောင့်အကျွန်ုပ်သည်ကိုယ်တော်ပေးသနား တော်မူသော လက်ဦးလက်ဖျားအသီးအနှံ များကို ယခုယူဆောင်ဆက်ကပ်ပါသည်' ဟူ၍ရွတ်ဆိုရမည်။
ထို့နောက်တောင်းကိုထာဝရဘုရား၏ရှေ့ တော်တွင်ချထား၍ဝတ်ပြုကိုးကွယ်ရမည်။- 11 သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်သင်၏မိသားစုအားကျေးဇူး ပြုတော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်း လော့။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင်သော လေဝိအမျိုးသားများ၊ လူမျိုးခြားသား များသည်သင်တို့နှင့်အတူပျော်ပွဲရွှင်ပွဲ ကိုဆင်နွှဲစေကြလော့။
12 ``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊-✡တရား၊ ၁၄:၂၈-၂၉။ 13 `အကျွန်ုပ်သည်ပေးကမ်းရန်သီးသန့်ထား သောဆယ်ဖို့တစ်ဖို့ကို အိမ်တွင်ခြွင်းချန်မ ထားပါ။ ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများအား ပေးကမ်းပါပြီ။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ ကိုယ်တော်ပညတ်သမျှတို့ကိုမချိုးဖောက်၊ မမေ့လျော့ပါ။- 14 အကျွန်ုပ်သည်သေသူအတွက်ဝမ်းနည်းကြေ ကွဲနေစဉ် ထိုဆယ်ဖို့တစ်ဖို့ထဲမှယူ၍မစား ခဲ့ပါ။ ဘာသာရေးထုံးနည်းအရအကျွန်ုပ် မသန့်ရှင်းစဉ် ထိုဆယ်ဖို့တစ်ဖို့ကိုအိမ်အပြင် သို့မထုတ်ပါ။ ထိုဆယ်ဖို့တစ်ဖို့မှယူ၍သေ သူအားမပူဇော်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏အမိန့်တော်ကိုအကျွန်ုပ်နာခံ ပါ၏။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ကိုယ်တော် ပညတ်သမျှအတိုင်းဆောင်ရွက်ပြီးပါပြီ။- 15 ကိုယ်တော်စိုးစံတော်မူရာကောင်းကင်ဘုံမှ ကြည့်ရှုတော်မူ၍ ဘိုးဘေးတို့အားကတိ ထားတော်မူသည့်အတိုင်းပေးသနားသော အစာရေစာပေါကြွယ်ဝသည့်ပြည်နှင့် တကွ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးတို့အားကောင်းချီး ပေးတော်မူပါ' ဟူ၍လျှောက်ဆိုရမည်။
ဘုရားသခင်၏လူမျိုးတော်
16 ``သင်တို့သည်ဤပညတ်တော်အားလုံးကို လိုက်နာရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ယနေ့တွင်မိန့်မှာတော်မူ၏။ သို့ ဖြစ်၍ယင်းပညတ်များကိုတစ်သဝေ မတိမ်းလိုက်လျှောက်ရန်အစွမ်းကုန်အား ထုတ်လော့။- 17 ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်သည်ဟုယနေ့သင်ဝန်ခံပြီ။ သင်တို့ သည်ဘုရားသခင်၏စကားကိုနားထောင် ရန်လည်းကောင်း၊ ပညတ်တော်ရှိသမျှကို စောင့်ထိန်းရန်လည်းကောင်း၊ မိန့်မှာတော်မူ သမျှကိုလိုက်နာရန်လည်းကောင်းကတိ ပေးခဲ့ပြီ။- 18 ထာဝရဘုရားသည် ကတိတော်အတိုင်း သင်တို့အားကိုယ်တော်၏လူမျိုးတော်အဖြစ် ယနေ့လက်ခံတော်မူပြီ။ သင်တို့သည်ပညတ် တော်ရှိသမျှတို့ကိုလိုက်နာရန်မိန့်မှာ တော်မူ၏။-✡ထွ၊ ၁၉:၅။ တရား၊ ၄:၂၀၊ ၇:၆၊ ၁၄:၂။ တိ၊ ၂:၁၄။ ၁ပေ၊ ၂:၉။ 19 ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့ထက် သင်တို့အားပို၍ ကြီးမြတ်စေတော်မူလိမ့်မည်။ သင်တို့အား ဖြင့်ကိုယ်တော်၏ဘုန်းကျက်သရေထွန်း ပြောင်လာလိမ့်မည်။ ကတိတော်ရှိသည့် အတိုင်း သင်တို့သည်ကိုယ်တော်၏လူမျိုး တော်ဖြစ်လိမ့်မည်'' ဟုပြောဆိုလေ၏။