ယေ​ဇ​ကျေ​လ​အ​နာ​ဂတ္တိ​ကျမ်း
နိ​ဒါန်း
ခ​ရစ်​တော်​မ​ပေါ်​မီ ၅၈၆ ခု​နှစ်​တွင်​ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ပြီး​ချိန်​ကာ​လ​၌​ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​သည် ဗာ​ဗု​လုန်​ပြည်​တွင် ပြည်​နှင်​ဒဏ်​သင့်​လျက်​နေ​ထိုင်​ရ​လေ​သည်။ သူ​ပြန်​ကြား​သည့်​ဗျာ​ဒိတ်​တော်​မှာ​ဗာ​ဗု​လုန်​ပြည်​တွင်​ရှိ​သည့်​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​အ​တွက်​ဖြစ်​၏။ ယေ​ဇ​ကျေ​လ​အ​နာ​ဂတ္တိ​ကျမ်း​တွင်​ပါ​သော​အ​ဋ္ဌိ​က​အ​ကြောင်း​များ​မှာ၊ ၁။ ယေ​ဇ​ကျေ​လ​အား​ပ​ရော​ဖက်​အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ခြင်း၊ ၂။ လူ​တို့​အား​ဘု​ရား​သ​ခင်​တ​ရား​စီ​ရင်​တော်​မူ​မည့်​အ​ကြောင်း​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ပြို​ပျက်​မည့်​အ​ကြောင်း​သ​တိ​ပေး​ခြင်း၊ ၃။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ဖိ​စီး​နှိပ်​စက်​ကာ​မှောက်​မှား​လမ်း​လွဲ​စေ​သူ​လူ​မျိုး​တ​ကာ​တို့​အား ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​မည့်​အ​ပြစ်​ဒဏ်​နှင့်​ဆိုင်​သည့်​ဗျာ​ဒိတ်​တော်၊ ၄။ ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် နှစ်​သိမ့်​စ​ကား​နှင့်​ပို​မို​သာ​ယာ​မည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည့်​က​တိ​တော်၊ ၅။ ဂေါ​ဂ​မင်း​အား​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​မည့်​ဗျာ​ဒိတ်​တော်၊ ၆။ ပြန်​လည်​ထူ​ထောင်​ရ​မည့်​ဗိ​မာန်​တော်​နှင့် ဣသ​ရေ​လ​နိုင်​ငံ​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ယေ​ဇ​ကျေ​လ​တွေ့​မြင်​ရ​ခြင်း​တို့​ဖြစ်​သည်။
ယေ​ဇ​ကျေ​လ​သည်​ဘု​ရား​သ​ခင်​ကို​နက်​နက်​နဲ​နဲ​ယုံ​ကြည်​ကိုး​စား​သူ၊ စိတ်​ကူး​ဉာဏ်​အ​လွန်​ကောင်း​သူ​ဖြစ်​၏။ သူ​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​အား​ဖြင့် အ​မှု​အ​ရာ​အ​မြောက်​အ​မြား​ကို​သိ​မြင်​ရ​လျက် ထို​ဗျာ​ဒိတ်​တော်​တို့​ကို​ကွက်​ကွက်​ကွင်း​ကွင်း​သ​ရုပ်​သဏ္ဌာန်​ဆောင်​သည့်​အ​မှု​အ​ရာ​များ​ဖြင့်​ရှင်း​လင်း​တင်​ပြ​လေ​သည်။ ယေ​ဇ​ကျေ​လ​အ​လေး​ဂ​ရု​ပြု​၍​ဖော်​ပြ​သည့်​အ​ချက်​မှာ၊ စိတ်​သစ်​သ​ဘော​သစ်​ကို​လူ​တို့​ရ​ရှိ​ရန်​လို​အပ်​မှု​နှင့်​လူ​တိုင်း မိ​မိ​အ​ပြစ်​အ​တွက်​တာ​ဝန်​ရှိ​ကြောင်း​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘ​ဝ​ပြန်​လည်​သစ်​လွင်​လန်း​ဆန်း​မှု​အ​တွက် မိ​မိ​၏​မျှော်​လင့်​ချက်​ကို​လည်း​ထုတ်​ဖော်​ကြေ​ညာ​ပေ​သည်။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​နေ​ဖြင့်​သာ​မ​က ပ​ရော​ဖက်​အ​နေ​ဖြင့်​လည်း​ဗိ​မာန်​တော်​နှင့်​သန့်​ရှင်း​မြင့်​မြတ်​ရန် လို​အပ်​မှု​တို့​တွင်​အ​ထူး​ပင်​စိတ်​ဝင်​စား​၏။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ယေ​ဇ​ကျေ​လ​အား​ထာ​ဝရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခြင်း ၁:၁-၃:၂၇။
ယေ​ရု​ရှ​လင်​မြို့​ခံ​ရ​မည့်​ကံ​ကြမ္မာ​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်​တော်​များ ၄:၁-၂၄:၂၇။
လူ​မျိုး​တ​ကာ​တို့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း ၂၅:၁ - ၃၂:၃၂။
ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက်​ဘု​ရား​သ​ခင်​၏​က​တိ​တော် ၃၃:၁-၃၇:၂၈။
ဂေါ​ဂ​မင်း​အ​တွက်​ကြို​တင်​ဟော​ကြား​ချက် ၃၈:၁-၃၉:၂၉။
အ​နာ​ဂတ်​ဗိ​မာန်​တော်​နှင့်​ဣသ​ရေ​လ​နိုင်​ငံ​ကို​ဖော်​ပြ​မည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ၄၀:၁-၄၈:၃၅။
ဘု​ရား​သ​ခင်​ကို​မြင်​သော​ပ​ထ​မ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ
1
(၁:၁-၇:၂၇)
ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်
သုံး​ဆယ်​နှစ်​မြောက်1 * သုံး​ဆယ်​နှစ်​မြောက်။ ဘယ်​နှစ်​ကို​ဆို​လို​ကြောင်း​မ​သိ​ရ​ပါ။ စ​တုတ္ထ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ငါ​သည် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​တူ​ဗာ​ဗု​လုန်​ပြည်၊ ခေ​ဗာ​မြစ်​အ​နီး​တွင်​နေ​ထိုင်​လျက်​ရှိ​စဉ် မိုး​ကောင်း​ကင်​ကွဲ​ဟ​၍​ဘုရား​သ​ခင်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်​ရ​၏။- ဗျာ၊ ၁၉:၁၁။ (ထို​နှစ်​ကား​ယေ​ခေါ​နိ​မင်း​ပြည်​နှင်​ဒဏ်​သင့်​ချိန်​ငါး​နှစ်​မြောက်​ဖြစ်​သ​တည်း။-) ၄ရာ၊ ၂၄:၁၀-၁၆။ ၆ရာ၊ ၃၆:၉-၁၀။ ဗာ​ဗု​လုန်​ပြည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ဗု​ဇိ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​ယေ​ဇ​ကျေ​လ​သည် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​၍​တန်​ခိုး​တော်​သည်​သူ့​အ​ပေါ်​သို့​သက်​ရောက်​၏။
ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။- မီး​တောက်​၏​အ​လယ်​ဗ​ဟို​တွင် သတ္တ​ဝါ​လေး​ဦး​နှင့်​တူ​သော​ပုံ​သဏ္ဌာန်​များ​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည်​လူ​၏​အ​သွင်​ကို​ဆောင်​၏။- ဗျာ၊ ၄:၆။ သို့​ရာ​တွင်​သူ​တို့​၌​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​စီ​ရှိ​၏။- သူ​တို့​၏​ခြေ​တို့​သည်​ဖြောင့်​တန်း​လျက်​နေ​သော်​လည်း ယင်း​တို့​တွင်​နွား​ခွာ​နှင့်​တူ​သော​ခွာ​များ​ရှိ​၏။ ထို​သတ္တ​ဝါ​တို့​သည်​တိုက်​ချွတ်​ထား​သော​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​၏။- သူ​တို့​တွင်​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​အ​ပြင် တောင်​ပံ​တစ်​ခု​စီ​၏​အောက်​၌​လူ​လက်​ရှိ​၏။- ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​ထိ​အောင်​တောင်​ပံ​နှစ်​ခု​စီ​ကို​ဖြန့်​လျက် ရှေ့​တူ​ရူ​သို့​အ​သီး​သီး​မျက်​နှာ​မူ​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ကိုယ်​ကို​မ​လှည့်​ဘဲ​အ​စု​လိုက်​သွား​လာ​ကြ​၏။
10 ထို​သတ္တ​ဝါ​တစ်​ပါး​စီ​၌​ရှိ​သော​မျက်​နှာ​လေး​ခု​တို့​သည် တစ်​ခု​နှင့်​တစ်​ခု​မ​တူ​ကြ။ ရှေ့​ဘက်​တွင်​လူ​မျက်​နှာ၊ လက်​ယာ​ဘက်​တွင်​ခြင်္သေ့​မျက်​နှာ၊ လက်​ဝဲ​ဘက်​တွင်​နွား​မျက်​နှာ၊ နောက်​ဘက်​တွင်​လင်း​ယုန်​မျက်​နှာ​ရှိ​၏။- ယေဇ၊ ၁၀:၁၄။ ဗျာ၊ ၄:၇။ 11 ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​အ​တောင်​ဖျား​ချင်း​ထိ​အောင် တောင်​ပံ​နှစ်​ခု​စီ​ဖြန့်​၍​ထား​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။- 12 သူ​တို့​အား​လုံး​ပင်​အ​ရပ်​လေး​မျက်​နှာ​သို့​မျက်​နှာ​ပြု​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​စု​လိုက်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​မ​လှည့်​ဘဲ​သွား​နိုင်​ကြ​၏။
13 ထို​သတ္တ​ဝါ​တို့​၏​အ​လယ်​တွင်​မီး​လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​နှင့်​တူ​သည့်​အ​ရာ​တစ်​ခု​သည် အ​စဉ်​ပင်​ရွေ့​လျား​လျက်​နေ​၏။ ထို​အ​ရာ​မှ​မီး​လျှံ​တက်​ပြီး​လျှင်​လျှပ်​စစ်​နွယ်​များ​ထွက်​ပေါ်​လာ​၏။- 14 သတ္တ​ဝါ​များ​ကိုယ်​တိုင်​ပင်​လျှင်​လျှပ်​စစ်​သ​ဖွယ် လျင်​မြန်​စွာ​သွား​လာ​ကြ​၏။
15 ငါ​သည်​မျက်​နှာ​လေး​မျိုး​ရှိ​သော​သတ္တ​ဝါ​လေး​ပါး​ကို​ကြည့်​၍​နေ​စဉ် သူ​တို့​အ​သီး​သီး​၏​အ​နီး​တွင်​မြေ​နှင့်​ထိ​၍​နေ​သော​ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ​၍​နေ​သည်​ကို​မြင်​ရ​၏။- ယေဇ၊ ၁၀:၉-၁၃။ 16 ထို​ဘီး​အား​လုံး​သည်​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ တောက်​ပ​လျက်​တစ်​ခု​နှင့်​တစ်​ခု​တူ​ကြ​၏။ ဘီး​တိုင်း​တွင်​အ​လယ်​မှ​ထောင့်​မှန်​ကန့်​လန့်​ဖြတ်​၍​နေ​သော​ဘီး​တစ်​ခု​ရှိ​၏။- 17 သို့​ဖြစ်​၍​ထို​ဘီး​တို့​သည်​မ​လှည့်​ဘဲ​အ​ရပ်​လေး​မျက်​နှာ​သို့ သတ္တ​ဝါ​လေး​ပါး​သွား​လာ​သည့်​အ​တိုင်း​သွား​နိုင်​ကြ​၏။- 18 ဘီး​ခွေ​တို့​သည်​မျက်​စိ​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၍ မြင့်​မား​လျက်​စိုး​ရိမ်​ထိတ်​လန့်​ဖွယ်​ကောင်း​၏။- ဗျာ၊ ၄:၈။ 19-20 သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သည့်​အ​ခါ​တိုင်း ထို​ဘီး​တို့​သည်​လိုက်​၍​ရွေ့​လျား​ကြ​၏။ သတ္တ​ဝါ​များ​မြေ​ကြီး​မှ​ခွာ​၍​အ​ထက်​သို့​တက်​ကြ​သော​အ​ခါ​၌​လည်း ဘီး​တို့​သည်​လိုက်​၍​တက်​ကြ​၏။- 21 ဝိ​ညာဉ်​သည်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​သွား​ကြ​သော​အ​ခါ ဘီး​တို့​သည်​လည်း​သတ္တ​ဝါ​များ​ပြု​သည့်​အ​တိုင်း​အ​ထက်​သို့​တက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သတ္တ​ဝါ​များ​၏​ဝိ​ညာဉ်​သည်​ဘီး​တို့​အား​ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍​သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သော​အ​ခါ ရပ်​ဆိုင်း​သည့်​အ​ခါ​လေ​ထဲ​သို့​တက်​ကြ​သည့်​အ​ခါ​၌ ဘီး​တို့​သည်​ထပ်​တူ​ထပ်​မျှ​လိုက်​၍​ပြု​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​တို့​အား​သတ္တ​ဝါ​တို့​၏​ဝိ​ညာဉ်​တို့​က ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​၏။
22 သတ္တ​ဝါ​များ​၏​ဦး​ခေါင်း​အ​ထက်​တွင်​အ​ရောင်​လက်​၍​နေ​သော​ကျောက်​သ​လင်း​သ​ဖွယ်​ရှိ​၍ ထိတ်​လန့်​ဖွယ်​ကောင်း​သော​လိပ်​ခုံး​ပုံ​သဏ္ဌာန်​ကြီး​တစ်​ခု​ရှိ​၏။- ဗျာ၊ ၄:၆။ 23 ထို​အ​ရာ​၏​အောက်​တွင်​သတ္တ​ဝါ​တစ်​ပါး​စီ​တို့​သည် မိ​မိ​တို့​နှင့်​နီး​ရာ​သတ္တ​ဝါ​များ​ဘက်​သို့​တောင်​ပံ​နှစ်​ခု​ကို​ဖြန့်​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။- 24 သူ​တို့​ပျံ​သန်း​ကြ​သော​အ​ခါ​အ​တောင်​ခတ်​သည့်​အ​သံ​ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​ပင်​လယ်​မြည်​ဟည်း​သ​ကဲ့​သို့​လည်း​ကောင်း၊ ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​၏​အ​သံ​ကဲ့​သို့​ကဲ့​သို့​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကဲ့​သို့​ဖြစ်​၏။ သူ​တို့​ရပ်​နား​ကြ​သော​အ​ခါ​မိ​မိ​တို့​၏​အ​တောင်​များ​ကို​ချ​ထား​ကြ​၏။- ဗျာ၊ ၁:၁၅၊ ၁၉:၆။ 25 ထို​သို့​အ​တောင်​များ​ကို​ချ​လျက်​ရပ်​နေ​စဉ် သူ​တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​အ​ပေါ်​မှ အ​သံ​တစ်​ခု​ထွက်​ပေါ်​လာ​၏။
26 ထို​လိပ်​ခုံး​မိုး​အ​ပေါ်​၌​နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့်​တူ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​လူ​ပုံ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​ထိုင်​နေ​၏။- ယေဇ၊ ၁၀:၁။ ဗျာ၊ ၄:၂-၃။ 27 ထို​သူ​၏​ခါး​အ​ထက်​ပိုင်း​သည်​မီး​လျှံ​ထဲ​မှ​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​၍​နေ​၏။ ခါး​မှ​ခြေ​ဖျား​ထိ​သူ​၏​အောက်​ပိုင်း​သည် မီး​ရောင်​ဖြင့်​ပင်​လျှင်​တစ်​ကိုယ်​လုံး​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​ပေ​သည်။- ယေဇ၊ ၈:၂။ 28 ယင်း​သို့​ထွန်း​လင်း​တောက်​ပ​သော​အ​ရောင်​အ​ဝါ​သည် မိုး​တိမ်​များ​၌​ဖြစ်​ပေါ်​တတ်​သော​သက်​တံ​နှင့်​တူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ဖော်​ပြ​သော​တောက်​ပ​သည့်​အ​လင်း​ရောင်​ဖြစ်​သ​တည်း။

11:1 * သုံး​ဆယ်​နှစ်​မြောက်။ ဘယ်​နှစ်​ကို​ဆို​လို​ကြောင်း​မ​သိ​ရ​ပါ။

1:1 ဗျာ၊ ၁၉:၁၁။

1:2 ၄ရာ၊ ၂၄:၁၀-၁၆။ ၆ရာ၊ ၃၆:၉-၁၀။

1:5 ဗျာ၊ ၄:၆။

1:10 ယေဇ၊ ၁၀:၁၄။ ဗျာ၊ ၄:၇။

1:15 ယေဇ၊ ၁၀:၉-၁၃။

1:18 ဗျာ၊ ၄:၈။

1:22 ဗျာ၊ ၄:၆။

1:24 ဗျာ၊ ၁:၁၅၊ ၁၉:၆။

1:26 ယေဇ၊ ၁၀:၁။ ဗျာ၊ ၄:၂-၃။

1:27 ယေဇ၊ ၈:၂။