23
အပြစ်ကူးလွန်သူညီအစ်မနှစ်ယောက်
1-2 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်းလူ သား၊ အခါတစ်ပါးကညီအစ်မနှစ်ယောက် ရှိ၏။- 3 သူတို့သည်ငယ်ရွယ်စဉ်အခါက အီဂျစ် ပြည်၌နေထိုင်စဉ် ရင်သားကိုပွတ်နယ်ခံရ လျက်အပျိုရည်ပျက်၍ပြည့်တန်ဆာများ ဖြစ်သွားကြ၏။- 4 အစ်မဖြစ်သူသည်အဟောလ၊ ညီမကား အဟောလိဗဟုနာမည်တွင်၏။ (အဟောလ သည်ရှမာရိမြို့ကိုသရုပ်ဆောင်၍အဟော လိဗကယေရုရှလင်မြို့ကိုသရုပ်ဆောင်၏။) ငါသည်သူတို့နှစ်ဦးစလုံးနှင့်ထိမ်းမြား မင်္ဂလာပြု၍သူတို့နှင့်သားသမီးများကို ရ၏။- 5 အဟောလသည်ငါ၏ဇနီးပင်ဖြစ်သော်လည်း ပြည့်တန်ဆာအလုပ်ကိုဆက်၍လုပ်ကာ အာရှုရိ ပြည်မှသူ၏ချစ်သူစစ်သူရဲများအတွက် ရာဂစိတ်မွှန်၍နေ၏။- 6 ထိုသူတို့သည်မရမ်းစေ့ရောင်ဆင်တူဝတ်စုံ များကိုဝတ်ဆင်သူစစ်သူရဲများ၊ မှူးမတ် များနှင့်အထက်တန်းအရာရှိများဖြစ် ကြ၏။ သူတို့အားလုံးပင်ရုပ်ရည်ချော၍ ပျိုရွယ်သောမြင်းတပ်ဗိုလ်များဖြစ်သတည်း။- 7 အဟောလသည်အာရှုရိအမျိုးသားအရာ ရှိအပေါင်းတို့အတွက် ပြည့်တန်ဆာအလုပ် ကိုလုပ်၏။ မိမိ၏တဏှာရမက်၏ဆွဲဆောင်မှု ကြောင့် အာရှုရိရုပ်တုတို့ကိုရှိခိုးဝတ်ပြု ကာမိမိကိုယ်ကိုညစ်ညမ်းစေ၏။- 8 သူသည်မိမိအပျိုရည်ပျက်ရသည့်အီဂျစ် ပြည်တွင် စတင်ခဲ့သည့်ပြည့်တန်ဆာအလုပ် ကိုဆက်၍လုပ်၏။ သူငယ်မအရွယ်ကပင် လျှင်ယောကျာ်းတို့သည် သူနှင့်အတူအိပ်စက် ကာသူ့အားပြည့်တန်ဆာကဲ့သို့ပြုကျင့် ခဲ့ကြ၏။- 9 သို့ဖြစ်၍သူမြတ်နိုးလှသည့်အာရှုရိ အမျိုးသားချစ်သူတို့လက်သို့ သူ့အား ငါအပ်လိုက်၏။- 10 သူတို့သည်သူ့အားအဝတ်အချည်းစည်း ဖြစ်စေလျက် သူ၏သားသမီးများကိုဖမ်း ဆီးကြ၏။ ထိုနောက်သူ့ကိုဋ္ဌားနှင့်ခုတ်သတ် ကြ၏။ သူ၏ဖြစ်ရပ်ကိုနေရာတကာတွင် အမျိုးသမီးတို့အတင်းပြောဆိုကြ၏။
11 ``အဟောလိဗသည်ဤအဖြစ်အပျက်ကို တွေ့မြင်၏။ သို့ရာတွင်သူသည်အဟောလ ထက်ပင် ပိုမိုဆိုးရွားသောပြည့်တန်ဆာ ဖြစ်လာ၏။- 12 သူသည်လည်းတောက်ပြောင်သောဆင်တူဝတ် စုံများကို ဝတ်ဆင်ထားသည့်အာရှုရိမှူးမတ် အရာရှိများနှင့်မြင်းတပ်ဗိုလ်များအတွက် ရာဂစိတ်မွှန်၍နေ၏။ သူတို့အားလုံးသည် ရုပ်ရည်ချော၍ပျိုရွယ်သူများဖြစ်သတည်း။- 13 သူသည်ကမ်းကုန်အောင်အကျင့်ပျက်သူ ဖြစ်ကြောင်း အစ်မကဲ့သို့ဆိုးရွားသူဖြစ် ကြောင်းကိုငါသိမြင်၏။
14-15 ``သူသည်ပို၍ပို၍အကျင့်ပျက်လာ၏။ ခါး စည်းများနှင့်လှပသောဦးရစ်များကိုဝတ် ဆင်ထားသည့်ခါလဒဲအရာရှိတို့သည် ခါလဒဲပြည်သားဗာဗုလုန်အရာရှိမြင်း ရထားတပ်ဗိုလ်များနှင့်တူ၍၊ သူတို့၏ရုပ် ပုံများကိုနံရံတွင်နီမြန်းတောက်ပသော ဆေးရောင်ဖြင့် ရေးဆွဲထားသည်ကိုတွေ့ မြင်လေ၏။- 16 ထိုရုပ်ပုံများကိုမြင်လျှင်မြင်ချင်းတပ် မက်သောစိတ်ရှိသဖြင့် ဗာဗုလုန်ပြည်ရှိ ထိုသူတို့ထံသို့စေတမန်များကိုလွှတ် လေသည်။- 17 ဗာဗုလုန်အမျိုးသားတို့သည်သူနှင့်အိပ် စက်ရန်လာရောက်ကြ၏။ သူတို့သည်သူနှင့် ကူးလွန်၍သူ့အားညစ်ညမ်းစေကြ၏။ သူ သည်သူတို့ကိုရွံရှာသည့်တိုင်အောင် သူတို့ သည်သူ့ကိုညစ်ညမ်းစေကြ၏။- 18 သူသည်အများပြည်သူတို့ရှေ့၌အဝတ် အချည်းစည်းနှင့်နေ၍ လူတိုင်းအားမိမိ သည်ပြည့်တန်ဆာဖြစ်ကြောင်းကိုသိစေ၏။ ငါသည်သူ၏အစ်မကိုစက်ဆုပ်သကဲ့သို့ သူ့ကိုလည်းစက်ဆုပ်၏။- 19 သူသည်အီဂျစ်ပြည်တွင်သူငယ်မအရွယ် မှစ၍ပြုကျင့်ခဲ့သည့်အတိုင်း ယခုလည်း ပြုကျင့်ကာပိုမိုဆိုးရွားသောပြည့်တန် ဆာဖြစ်လာ၏။- 20 သူသည်မြင်းထီးနှင့်မြည်းကဲ့သို့ တဏှာ ရာဂကြီးသောယောကျာ်းများကိုအလွန် မက်မော၏။-'' 21 (အချင်းအဟောလိဗ၊ သင်သည်သူငယ်မ အရွယ်ကယောကျာ်းတို့သင်၏ရင်သားတို့ ကိုပွတ်နယ်သဖြင့် အပျိုရည်ပျက်ခဲ့သည့် အီဂျစ်ပြည်တွင်ကူးလွန်ခဲ့သောကာမ ဂုဏ်လိုက်စားမှုကိုထပ်မံကူးလွန်လိုပါ သည်တကား။)
ညီမအပေါ်ဘုရားသခင်စီရင်ချက်
22 ``သို့ဖြစ်၍အချင်းအဟောလိဗ၊ သင့်အားငါ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင် သည်ဤချစ်သူတို့ကိုငြီးငွေ့သွားပြီဖြစ်သော် လည်း ငါသည်သူတို့အားခေါ်ဆောင်ခဲ့မည်။ သူတို့ သည်သင့်ကိုအမျက်ထွက်၍ဝိုင်းရံထားကြ လိမ့်မည်။- 23 ဗာဗုလုန်နှင့်ခါလဒဲပြည်သားများ၊ ပေကုတ်၊ ရှော့နှင့်ကော့မှလူတို့နှင့်အာရှုရိပြည်သား အပေါင်းကိုငါခေါ်ဆောင်ခဲ့မည်။ သူတို့အား လုံးသည်ရုပ်ရည်ချော၍ ပျိုရွယ်သူမှူးမတ် အရာရှိများ၊ မြင်းရထားတပ်အရာရှိများ နှင့်အဆင့်အတန်းမြင့်သောမြင်းတပ်ဗိုလ် များဖြစ်ကြ၏။- 24 သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။- 25 ငါသည်မနာလို၍အမျက်ထွက်သဖြင့်သင့် ကိုအမျက်ဒေါသနှင့်စီရင်ရန်သူတို့အား ခွင့်ပြုမည်။ သူတို့သည်သင်၏နှာခေါင်းနှင့်နား ရွက်တို့ကိုဖြတ်၍ ကျန်ရှိနေသေးသောသူများ သည်ဋ္ဌားဖြင့်သေရမည်။ သင်၏သားသမီးများ ကိုယူဆောင်သွားကြလိမ့်မည်။ သူတို့သည် အမှန်ပင်ကျန်ရှိနေသေးသောသူများကို မီးရှို့ကြလိမ့်မည်။- 26 သင်၏အဝတ်များကိုဆွဲဆုတ်ပစ်ကာ သင် ၏ကျောက်မျက်ရတနာများကိုသိမ်းယူ ကြလိမ့်မည်။- 27 ငါသည်သင်၏ရာဂစိတ်ကိုလည်းကောင်း၊ အီဂျစ် ပြည်တွင်သင်ငယ်ရွယ်စဉ်အခါမှစ၍ ပြုကျင့် ခဲ့သောဆိုးညစ်ယုတ်မာမှုကိုလည်းကောင်း ရပ်စဲစေမည်။ သင်သည်နောင်အဘယ်အခါ၌ မျှရုပ်တုများကိုမျှော်ကြည့်ရတော့မည်မ ဟုတ်။ အီဂျစ်ပြည်အကြောင်းကိုလည်းစဉ်း စားရတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
28 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``ငါ သည်သင်ရွံမုန်းစက်ဆုပ်သူအမျိုးသားတို့ ၏လက်သို့သင့်ကိုအပ်နှံမည်။- 29 သူတို့သည်သင့်ကိုမုန်း၍သင်စုဆောင်းထား သမျှသောပစ္စည်းဥစ္စာတို့ကိုယူ၍ သင့်အား အဝတ်အချည်းစည်းနှင့်ထားခဲ့ကြလိမ့်မည်။ သင့်အားအဝတ်အချည်းစည်းရှိသူပြည့် တန်ဆာကဲ့သို့ဖြစ်စေကြလိမ့်မည်။ သင်သည် တဏှာရာဂစိတ်ရှိမှုကြောင့်၊ ပြည့်တန်ဆာ အလုပ်ကိုလုပ်ကိုင်မှုကြောင့်၊- 30 ဤအဖြစ်မျိုးနှင့်ကြုံတွေ့ရခြင်းဖြစ်၏။ သင် သည်လူမျိုးတကာတို့အတွက်ပြည့်တန်ဆာ ဖြစ်၍ သူတို့၏ရုပ်တုများနှင့်မိမိကိုယ်ကို ညစ်ညမ်းစေ၏။- 31 သင်သည်အစ်မဖြစ်သူ၏ခြေရာကိုနင်းသ ဖြင့် ငါသည်သူ့အားသောက်စေသောအပြစ် ဒဏ်ဖလားကိုသင့်အားလည်းသောက်စေမည်'' ဟူ၍တည်း။
32 အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ
``သင်သည်အစ်မဖြစ်သူ၏ဖလားမှ သောက်ရလိမ့်မည်။
ထိုဖလားသည်ကြီး၍စောက်နက်၏။
သင်သည်လူတိုင်းတို့၏မထီမဲ့မြင်ပြုခြင်း၊ ပြောင်လှောင်ခြင်းကိုခံရလိမ့်မည်။
ဖလားသည်ပြည့်၍နေ၏။
33 ယင်းသည်သင့်အားစိတ်ဆင်းရဲအောင်ပြု၍ မူးယစ်စေလိမ့်မည်။
ကြောက်လန့်မှုနှင့်ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေတတ်သည့်ဖလား၊
သင့်အစ်မရှမာရိ၏ဖလားဖြစ်သည်။
34 သင်သည်ယင်းကိုအကုန်အစင်သောက်ပြီးမှ အစိတ်စိတ်အမြွှာမြွှာခွဲ၍
ဖလား၏အစအနများဖြင့်မိမိ၏ရင်သားကို လှီးဖြတ်လိမ့်မည်။
ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟူ၍တည်း။
35 အရှင်ထာဝရဘုရားသခင်က``သင်ငါ့ကိုမေ့ လျော့ကာကျောခိုင်းလျက် တဏှာရာဂစိတ်နှင့် ပြည့်တန်ဆာလုပ်သည့်အတွက်သင်သည်ဒုက္ခ ရောက်ရပေတော့အံ့'' ဟုမိန့်တော်မူ၏။
ညီအစ်မနှစ်ယောက်အပေါ်ဘုရားသခင် စီရင်ချက်
36 ထာဝရဘုရားကငါ့အား``အချင်းလူသား၊ သင်သည်အဟောလနှင့်အဟောလိဗတို့ကို တရားစီရင်ရန်အသင့်ရှိပြီလော။ သူတို့သည် စက်ဆုပ်ဖွယ်ကောင်းသောအမှုတို့ကိုပြုသူ များဖြစ်ကြောင်းစွဲချက်တင်လော့။- 37 သူတို့သည်မျောက်မထားမှု၊ လူသတ်မှုတို့ကို ကူးလွန်ကြ၏။ ရုပ်တုများနှင့်မျောက်မထား၍ ငါနှင့်ရသောသားများကိုသတ်ကြ၏။ သူတို့ သည်ငါ၏သားတို့ကိုရုပ်တုတို့အားယဇ် ပူဇော်ကြ၏။- 38 သူတို့ပြုသောအမှုများကားဤမျှသာ မဟုတ်။ ငါ၏ဗိမာန်တော်ကိုညစ်ညမ်းစေ၍ ငါ၏ဥပုသ်နေ့ကိုလည်းမလေးမစားပြု ကြ၏။- 39 ငါ၏သားသမီးများကိုရုပ်တုတို့အားယဇ် ပူဇော်သည့်နေ့၌ပင် ငါ၏ဗိမာန်တော်သို့လာ ၍ဗိမာန်တော်ကိုညစ်ညမ်းစေလျက် ဤသို့ငါ ၏ဗိမာန်ကိုပြုကြသည်တကား။
40 ``သူတို့သည်ဝေးလံသောအရပ်များသို့လူ အကြိမ်ကြိမ်စေလွှတ်၍ ယောကျာ်းများကိုခေါ် ဖိတ်ကြ၏။ ယောကျာ်းတို့သည်လည်းလာရောက် ကြ၏။ ညီအစ်မနှစ်ယောက်တို့သည်ရေချိုးပြီး လျှင် မျက်ခွံများကိုဆေးဆိုးအလှပြင်၍ ကျောက်မျက်ရတနာများကိုဝတ်စားဆင် ယင်ကြ၏။- 41 သူတို့သည်မိမိတို့ရှေ့၌စားပွဲကိုကျနစွာ တည်ခင်းပြီးလျှင် လှပသောညောင်းစောင်းပေါ် တွင်ထိုင်ကြ၏။ စားပွဲပေါ်တွင်ငါပေးသည့်နံ့ သာပေါင်းနှင့်သံလွင်ဆီကိုတင်ထားကြ၏။- 42 ပျော်ရွှင်မြူးတူးနေသောလူတစ်စု၏အသံ ကိုကြားရ၏။ ဤလူစုသည်တောကန္တာရမှ ခေါ်ဆောင်လာသူများဖြစ်၏။ သူတို့သည် အမျိုးသမီးတို့၏လက်မောင်းတွင် လက်ကောက် များကိုဝတ်ပေး၍လှပသောသရဖူများ ကိုဆောင်းပေးကြ၏။- 43 ထိုသူတို့သည်မျောက်မထားမှုဖြင့်နွမ်းနယ် နေပြီဖြစ်သော အမျိုးသမီးကိုပြည့်တန်ဆာ အဖြစ်အသုံးပြုကြပါစေဟုငါတွေး တောမိ၏။- 44 သူတို့သည်ပြည့်တန်ဆာတို့ထံထပ်ခါထပ်ခါ ပြန်သွားကြ၏။ သူတို့သည်အကျင့်ပျက်သူ အဟောလနှင့်အဟောလိဗတို့ထံသို့ပြန် သွားကြ၏။- 45 ထိုမိန်းမနှစ်ယောက်တို့သည်မျောက်မထားသူ၊ လူသတ်သူများဖြစ်သဖြင့်သူတို့အားဖြောင့် မတ်သောသူတို့သည် မျောက်မထားမှုနှင့်လူ သတ်မှုတို့ကိုကူးလွန်သူများအဖြစ်ဖြင့် စီရင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
46 အရှင်ထာဝရဘုရားက``သူတို့အားကြောက်လန့် တုန်လှုပ်စေရန်နှင့်လုယက်စေရန် ရုန်းရင်းဆန် ခတ်ပြုသည့်လူအုပ်ကိုခေါ်ခဲ့လော့။- 47 သူတို့အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်ခုတ်လော့။ သူ တို့၏သားသမီးတို့ကိုသတ်၍အိမ်များကိုမီး ရှို့စေလော့။- 48 ထိုသူနှစ်ယောက်တို့ကဲ့သို့မျောက်မ မထားကြ စေရန် အမျိုးသမီးအပေါင်းတို့အားသတိ ပေးသည့်အနေဖြင့် ငါသည်တစ်ပြည်လုံး၌ အကျင့်ပျက်မှုမှန်သမျှကိုရပ်စဲစေမည်။- 49 အချင်းညီအစ်မနှစ်ယောက်တို့၊ ငါသည်သင်တို့ အားအကျင့်ပျက်မှု၊ ရုပ်တုများအားရှိခိုးဝတ် ပြုမှုအပြစ်များအတွက်ဒဏ်ခတ်မည်။ ထိုအခါ ငါသည်အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။