35
ဧဒုံပြည်ကိုဘုရားသခင်အပြစ်ဒဏ် ခတ်တော်မူခြင်း
1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။- 2 ကိုယ်တော်က``စိရတောင်သို့လှည့်၍ထိုပြည် ကိုရှုတ်ချလော့။- 3 လူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။
``စိရတောင်တို့၊ငါသည်သင်၏ရန်သူဖြစ်၏။
ငါ၏လက်ကိုဆန့်၍ငါသည်သင့်အားလူသူ ဆိတ်ငြိမ်ရာမြေရိုင်းဒေသဖြစ်စေမည်။
4 သင်၏မြို့တို့ကိုယိုယွင်းပျက်စီးစေ၍ သင့်ကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။
ထိုအခါငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်း သင်သိရှိလိမ့်မည်။''
5 ``သင်သည်ဣသရေလပြည်အားအစဉ်ရန် ငြိုးဖွဲ့၏။ ထိုပြည်သည်မိမိ၏ဒုစရိုက်များ ကြောင့်အပြစ်ဒဏ်သင့်၍ ဘေးအန္တရာယ်ရောက် သောအခါသင်သည်ထိုပြည်သူတို့အား သတ်ဖြတ်စေခဲ့၏။- 6 သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သော ကြောင့်သင်သည်သေရလိမ့်မည်။ အသက် ချမ်းသာရနိုင်မည်မဟုတ်။ သင်သည်လူ သတ်သမားဖြစ်သဖြင့်သင်ကိုယ်တိုင် အသတ်ခံရလိမ့်မည်။- 7 ငါသည်စိရတောင်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေလျက် ယင်းကိုဖြတ်သန်း သွားလာသူမှန်သမျှကိုသုတ်သင်ပစ် မည်။- 8 တောင်များကိုလူသေအလောင်းများနှင့်ဖုံး လွှမ်းစေမည်။ စစ်ပွဲတွင်ကျဆုံးသူတို့၏ အလောင်းများသည်တောင်ကုန်းများ၊ ချောင်း များ၊ ချိုင့်ဝှမ်းများတွင်ပြည့်နှက်၍နေလိမ့် မည်။- 9 ငါသည်သင့်အားအစဉ်လူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ သင်၏မြို့တို့တွင်နောက် တစ်ဖန်အဘယ်သူမျှနေထိုင်လိမ့်မည်မ ဟုတ်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိလိမ့်မည်။
10 ``ငါထာဝရဘုရားသည်ယုဒနှင့်ဣသရေလ အမျိုးသားတို့၏ဘုရားဖြစ်တော်မူပါ လျက် သင်သည်ထိုလူမျိုးတို့နှင့်သူတို့၏ ပြည်များကိုပိုင်၍ မိမိလက်ဝယ်သို့ရောက် ရှိစေမည်ဟူ၍ဆိုချေသည်။- 11 သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည် အတိုင်း ငါ၏လူမျိုးတော်အားသင်အမျက် ထွက်ခြင်း၊ ငြူစူခြင်း၊ မုန်းထားခြင်းကြောင့် သင့်အားငါစီရင်မည်။ သင်သည်သူတို့ အားပြုခဲ့သည့်အမှုများအတွက်အပြစ် ဒဏ်ခံရကြောင်းကိုသူတို့သိရှိကြလိမ့် မည်။- 12 ထိုအခါဣသရေလတောင်များသည်လူ သူဆိတ်ငြိမ်ရာ၊ သင်တိုက်ခိုက်လုယူရာ အရပ်များဖြစ်သည်ဟုသင်ကဲ့ရဲ့ပြော ဆိုသည့်စကားများကို ငါထာဝရ ဘုရားကြားတော်မူကြောင်းကိုသင်သိရှိ ရလိမ့်မည်။- 13 သင်သည်ငါ့အားဆန့်ကျင်ဘက်ပြု၍ အရမ်းကာရောကြွားဝါပြောဆိုသည် ကိုငါကြားတော်မူပြီ'' ဟုမိန့်တော်မူ၏။
14-15 အရှင်ထာဝရဘုရားက``ငါပိုင်တော်မူသော ဣသရေလပြည်ပြိုလဲသွားစဉ်အခါက သင့်အားငါရွှင်လန်းစေခဲ့သည့်နည်းတူ သင် ပြိုလဲချိန်၌လည်းကမ္ဘာတစ်ခုလုံးအားရ ရွှင်လန်းကြစေရန် ငါသည်သင့်ကိုလူသူ ဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။ စိရတောင် ကုန်းဒေသတည်းဟူသောဧဒုံပြည်တစ် ပြည်လုံးသည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းလူတိုင်းသိ ရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။