46
မင်းသားနှင့်ပွဲလမ်းသဘင်ပွဲနေ့များ
1 အရှင်ထာဝရဘုရားက``တံတိုင်းအတွင်း ဝင်းသို့ဝင်ရာအရှေ့မုခ်ပေါက်ကိုအလုပ် လုပ်သောရက်ခြောက်ရက်ပတ်လုံးပိတ်ထား ရမည်။ သို့ရာတွင်ထိုမုခ်ပေါက်ကိုဥပုသ် နေ့နှင့်လဆန်းနေ့၌ဖွင့်ထားရမည်။- 2 နန်းစံနေဆဲမင်းသားသည်ထိုတံခါးဖြင့် တံတိုင်းအပြင်ဝင်းကနေ၍ မုခ်ပေါက်အတွင်း ၌ရှိသောအခန်းထဲသို့ဝင်ရမည်။ သူသည် မိမိ၏မီးရှို့ရာယဇ်များနှင့်မိတ်သဟာ ယဇ်များကိုယဇ်ပုရောဟိတ်တို့ပူဇော်နေ ကြစဉ် မုခ်ပေါက်တိုင်များအနီးတွင်ရပ်၍ နေရမည်။ သူသည်တံခါးဝတွင်ရှိခိုးဝတ် ပြုပြီးနောက်အပြင်သို့ပြန်၍ထွက်ရမည်။ တံခါးကိုမူညနေအထိမပိတ်ဘဲထား ရမည်။- 3 ဥပုသ်နေ့နှင့်လဆန်းနေ့ကျရောက်တိုင်း လူအပေါင်းတို့သည်တံခါးရှေ့မှနေ၍ ထာဝရဘုရားအားဦးညွှတ်ရှိခိုးရကြ မည်။- 4 ဥပုသ်နေ့၌မင်းသားသည်ထာဝရဘုရား ၏ထံတော်သို့မီးရှို့ရန်ယဇ်များအဖြစ် ဖြင့် အပြစ်အနာအဆာကင်းသောသိုး ငယ်ခြောက်ကောင်နှင့်သိုးထီးတစ်ကောင် ကိုယူဆောင်ခဲ့ရမည်။- 5 သူသည်သိုးထီးတစ်ကောင်စီနှင့်အတူ ဘောဇဉ်ပူဇော်သကာအဖြစ်မုန့်ညက် တင်းဝက်၊ သိုးငယ်တစ်ကောင်စီနှင့်အတူ မိမိပေးလှူလိုသမျှကိုယူဆောင်ခဲ့ရ မည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာ ငါးဆယ်သားကျယူဆောင်ခဲ့ရမည်။- 6-7 လဆန်းနေ့၌သူသည်အပြစ်အနာအဆာ ကင်းသည့်နွားသိုးပျိုတစ်ကောင်၊ သိုးငယ် ခြောက်ကောင်နှင့်အတူ သိုးထီးတစ်ကောင် ကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာ အဖြစ်မုန့်ညက်တင်းဝက်နှင့်နွားသိုးပျို တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တင်း ဝက်နှင့်သိုးထီးတစ်ကောင်ကိုလည်းကောင်း၊ သိုးငယ်များနှင့်အတူမိမိပေးလှူလို သမျှကိုပူဇော်ရမည်။ မုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာငါး ဆယ်သားကိုပေးလှူရမည်။- 8 မင်းသားသည်မိမိဝင်လမ်းအတိုင်းမုခ် ပေါက်မှထွက်ရမည်။
9 ``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။- 10 မင်းသားသည်လူများဝင်သည့်အခါဝင် ၍သူတို့ထွက်သည့်အခါထွက်ရမည်။- 11 ပွဲနေ့များ၌ပြုမြဲပွဲတော်များမှာပူဇော် သည့်နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင် လျှင်ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ် ဝက်၊ သိုးငယ်တစ်ကောင်နှင့်အတူကိုးကွယ် ဝတ်ပြုသူပေးလှူလိုသမျှကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ်ဝက် လျှင် သံလွင်ဆီတစ်ပိဿာငါးဆယ်သားကို လည်းပူဇော်ရမည်။
12 ``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
နေ့စဉ်ပြုရန်ပူဇော်သကာ
13 ထာဝရဘုရားက``နံနက်တိုင်းအပြစ် အနာအဆာကင်းသောတစ်နှစ်သားသိုး ငယ်တစ်ကောင်ကိုထာဝရဘုရားအား ပူဇော်ရမည်။ ဤပူဇော်သကာကိုနေ့စဉ် နေ့တိုင်းပြုလုပ်ရမည်။- 14 မုန့်ညက်ငါးပေါင်ကိုလည်းနံနက်တိုင်း ပူဇော်ဆက်သရမည်။ ယင်းနှင့်ရောစပ်ရန် သံလွင်ဆီငါးဆယ်သားကိုလည်းပူဇော် ရမည်။ ထာဝရဘုရားအားဆက်ကပ်သည့် ဤပူဇော်သကာနှင့်ဆိုင်သောဥပဒေ များသည်ထာဝစဉ်အာဏာတည်စေရ မည်။- 15 နံနက်၌ထာဝရဘုရားအားသိုးငယ်၊ မုန့်ညက်နှင့်သံလွင်ဆီတို့ကိုအစဉ်အမြဲ ဆက်ကပ်ကြစေ'' ဟုမိန့်တော်မူ၏။
မင်းသားနှင့်တိုင်းပြည်
16 အရှင်ထာဝရဘုရားက``အကယ်၍နန်း စံနေဆဲမင်းသားသည်မိမိ၏သားတစ် ယောက်အားမိမိပိုင်မြေယာတစ်ကွက်ကို ပေးအပ်လျှင်ထိုမြေယာကိုထိုသား အမြဲပိုင်စေ၊- 17 သို့သော်မင်းသားသည်မိမိ၏မြေကွက် တစ်ကွက်ကိုကျေးကျွန်တစ်ယောက်ယောက် အားပေးပါမူ ထိုကျေးကျွန်လွတ်လပ်ခွင့် ရချိန်ရောက်သောအခါ ယင်းမြေကွက် သည်မင်းသား၏လက်သို့ပြန်လည်ရောက် ရှိစေ။ ထိုမြေသည်မင်းသား၏မြေဖြစ် သဖြင့်သူနှင့်သူ၏သားများက သာလျှင်အစဉ်အမြဲပိုင်နိုင်၏။-✡ဝတ်၊ ၂၅:၁၀။ 18 ငါ၏လူမျိုးတော်ဝင်တို့ပိုင်မြေယာများ ကိုသိမ်းယူခြင်းအားဖြင့် သူတို့အားမ နှင်ထုတ်နိုင်စေရန်မင်းသားသည်မိမိ၏ သားတို့အားမိမိပိုင်မြေယာမှသာပေး ရမည်။ ငါ၏လူမျိုးတော်သည်မိမိပိုင် မြေမှမခွဲခွာစေရ'' ဟုမိန့်တော်မူ၏။
ဗိမာန်တော်မီးဖိုများ
19 ထိုနောက်ထိုလူသည်တံတိုင်းအတွင်းဝင်း ၏တောင်ဘက်တံခါးအနီး၌ရှိသောအခန်း များ၏အဝင်ဝသို့ငါ့အားခေါ်ဆောင်သွား ၏။ ဤအခန်းများသည်သန့်ရှင်းမြင့်မြတ် သည့်အခန်းများဖြစ်၍ယဇ်ပုရောဟိတ် တို့အဖို့သီးသန့်ထားလေသည်။ ထိုသူ ကငါ့အားအခန်းများ၏အနောက်သို့ ညွှန်ပြလျက်၊- 20 ဤအရပ်ကားယဇ်ပုရောဟိတ်တို့အပြစ် ဖြေရာယဇ်၊ သို့မဟုတ်ဒုစရိုက်ဖြေရာ ယဇ်ကိုပူဇော်ရန်အသားများကိုပြုတ် ရာ၊ မုန့်ညက်ပူဇော်သကာကိုဖုတ်ရာအရပ် ဖြစ်၏။ လူတို့ဘေးအန္တရာယ်မဖြစ်ကြ စေရန်သန့်ရှင်းမြင့်မြတ်သည့်အရာမှန် သမျှကိုတံတိုင်းအပြင်ဝင်းသို့မထုတ် ကြခြင်းဖြစ်၏'' ဟုဆို၏။
21-22 ထိုနောက်သူသည်တံတိုင်းအပြင်ဝင်းသို့ ခေါ်ဆောင်သွားရာထောင့်လေးထောင့်တစ်ခု စီတွင်ဝင်းခြံငယ်တစ်ခုစီရှိသည်ကို ငါ့အားပြ၏။ ဝင်းခြံငယ်တစ်ခုစီသည် အလျားခြောက်ဆယ့်ရှစ်ပေ၊ အနံငါး ဆယ်ပေရှိ၍၊- 23 ကျောက်နံရံဖြင့်ကာထားလေသည်။ ထို နံရံကိုမှီ၍မီးဖိုများကိုဆောက်လုပ် ထား၏။- 24 ထိုလူက``ဤမီးဖိုတို့ကား လူတို့ပူဇော်သည့် ယဇ်ကောင်များကိုဗိမာန်တော်အစေခံတို့ ပြုတ်သည့်မီးဖိုများဖြစ်၏'' ဟုငါ့အား ပြောပြ၏။