ဂ​လာ​တိ​သြ​ဝါ​ဒ​စာ
နိ​ဒါန်း
ယု​ဒ​အ​မျိုး​သား​မ​ဟုတ်​သူ​တို့​သည် သ​ခင် ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြို​ဆို လက်​ခံ​ယုံ​ကြည်​လာ​ကြ​သော​အ​ခါ မော​ရှေ​၏ ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ဖို့​လို​မ​လို​ဟူ သော​ပြ​ဿ​နာ​ပေါ်​ပေါက်​လာ​၏။ ရှင်​ပေါ​လု​က ယင်း​သို့​စောင့်​ထိန်း​ရန်​မ​လို​ကြောင်း၊ ခ​ရစ်​ယာန် ဖြစ်​ရန်​တစ်​ခု​တည်း​သော​လို​အပ်​ချက်​မှာ ခ​ရစ် တော်​ကို​ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​ကြောင်း၊ ဤ​နည်း အား​ဖြင့်​သာ​လျှင်​လူ​ကို​ဘု​ရား​သ​ခင်​နှင့်​မှန် ကန်​စွာ​ဆက်​ဆံ​စေ​နိုင်​ကြောင်း​တို့​ကို​တင်​ပြ သည်။ သို့​ရာ​တွင်​အာ​ရှ​မိုင်း​နား​ဒေ​သ၊ ရော​မ နိုင်​ငံ​၏​လက်​အောက်​ခံ​ပြည်​နယ်​တစ်​ခု​ဖြစ် သည့်​ဂ​လာ​တိ​ပြည်​ရှိ​အ​သင်း​တော်​များ တွင်​ရှင်​ပေါ​လု​အား​အ​တိုက်​အ​ခံ​ပြု​သူ များ​က ခ​ရစ်​ယာန်​ဟူ​သည်​ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ရန် မော​ရှေ​၏​ပ​ညတ် တ​ရား​ကို​လည်း​စောင့်​ထိန်း​ဖို့​လို​ကြောင်း အ​လေး​အ​နက်​ပြော​ဆို​ကြ​၏။
ယင်း​သို့​မှား​ယွင်း​သည့်​အ​ယူ​ဝါ​ဒ​ကို​ခံ​ယူ​မိ သူ​တို့​အား မှန်​ကန်​သည့်​လမ်း​ကြောင်း​ပေါ်​သို့​ရောက် ရှိ​နိုင်​စေ​ရန် ရှင်​ပေါ​လု​သည်​ဂ​လာ​တိ​သြ​ဝါ​ဒ​စာ ကို​ရေး​သား​လေ​သည်။ မိ​မိ​သည်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​တ​မန်​တော်​ဖြစ်​ကြောင်း​ကို​အ​ကျိုး​အ​ကြောင်း နှင့်​တ​ကွ​ဦး​စွာ​တင်​ပြ​၏။ လူ​၏​အ​ခွင့်​အာ​ဏာ နှင့်​မိ​မိ​အား​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​သည် မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​အ​ခွင့်​အာ​ဏာ​တော် နှင့်​သာ​ခန့်​ထား​ခြင်း​ဖြစ်​ကြောင်း၊ မိ​မိ​ပေး​အပ် ခြင်း​ခံ​ရ​သည့်​အ​ထူး​တာ​ဝန်​မှာ ယု​ဒ​အ​မျိုး သား​မ​ဟုတ်​သူ​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန် ဖြစ်​ကြောင်း​ပြော​ပြီး​နောက်၊ မည်​သူ​မ​ဆို​သ​ခင် ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​လျှင် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​သည်​ဟူ​သော အ​ချက်​ကို​အ​ကျယ်​တ​ဝင့်​ရှင်း​လင်း​တင်​ပြ​၏။ နိ​ဂုံး​ချုပ်​အ​ခန်း​များ​တွင်​ခ​ရစ်​ယာန်​တို့​သည် မိ​မိ​တို့​၏​ပြု​မူ​ကျင့်​ကြံ​မှု​တို့​အား​ဖြင့် ခ​ရစ် တော်​ကို​ယုံ​ကြည်​မှု​အ​ပေါ်​အ​ခြေ​ခံ​သော မေတ္တာ​တ​ရား​ကို​အ​ကောင်​အ​ထည်​ဖော်​ရ​မည် ဖြစ်​ကြောင်း​သြ​ဝါ​ဒ​ပေး​လေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁-၁၀
တ​မန်​တော်​အ​ဖြစ်​ရှင်​ပေါ​လု​ရ​ရှိ​ထား​သည့် အ​ခွင့်​အာ​ဏာ ၁:၁၁-၂:၂၁
ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​ကြောင်း သ​တင်း​ကောင်း ၃:၁-၄:၃၁
ခ​ရစ်​ယာန်​လွတ်​လပ်​မှု​နှင့်​တာ​ဝန်​ဝတ္တရား ၅:၁-၆:၁၀
နိ​ဂုံး ၆:၁၁-၁၈
1
1-2 တ​မန်​တော်​ဖြစ်​သူ​ငါ​ပေါ​လု​နှင့် ဤ​အ​ရပ်​တွင် ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​တို့​က ဂ​လာ​တိ​ပြည် ရှိ​အ​သင်း​တော်​များ​သို့​စာ​ရေး​လိုက်​ပါ​သည်။ ငါ သည်​လူ​အ​မိန့်​အာ​ဏာ​ဖြင့် တ​မန်​တော်​ရာ​ထူး​ကို အပ်​နှင်း​ခြင်း​ခံ​ရ​သူ​မ​ဟုတ်။ လူ​ခန့်​ထား​သည့် တ​မန်​တော်​လည်း​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​က​လည်း ကောင်း၊ ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ခ​မည်း​တော်​ဘု​ရား​သ​ခင်​က လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​၏။
ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း ကို​သင်​တို့​ခံ​စား​ကြ​ပါ​စေ​သော။
ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ခ​ရစ်​တော်​သည်​ငါ​တို့​အား ဤ​ဆိုး​ယုတ်​သော ပစ္စုပ္ပန်​ခေတ်​မှ​ကယ်​တင်​နိုင်​ရန် ငါ​တို့​၏​အ​ပြစ် များ​အ​တွက်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။- ထို​အ​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။
တစ်​ခု​တည်း​သော​သ​တင်း​ကောင်း
ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​အား ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ကို သင်​တို့​သည်​ဤ မျှ​ဆော​လျင်​စွာ​စွန့်​ပစ်​ကြ​ပြီး​လျှင် အ​ခြား သ​တင်း​ကောင်း​တစ်​မျိုး​ကို​နာ​ယူ​လျက်​ရှိ​ကြ သ​ဖြင့်​ငါ​အံ့​သြ​မိ​၏။- သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​မှာ​အ​ခြား မူ​ကွဲ​မ​ရှိ။ သင်​တို့​၏​စိတ်​ကို​နှောင့်​ယှက်​၍ ခ​ရစ်​တော် ၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို မှောက်​လှန်​လို​သူ​လူ အ​ချို့​ရှိ​၏။- ငါ​တို့​ဖြစ်​စေ၊ ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန် ပင်​ဖြစ်​စေ​သင်​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​ခဲ့ သည့်​သ​တင်း​ကောင်း​နှင့် ကွဲ​ပြား​ခြား​နား​သည့် သ​တင်း​ကောင်း​ကို​ဟော​ပြော​လျှင်​ကျိန်​တော်​မူ ခြင်း​ကို​ခံ​စေ။- သင်​တို့​နာ​ယူ​ရ​ရှိ​သည့်​သ​တင်း​ကောင်း​နှင့်​မ​တူ ကွဲ​ပြား​ခြား​နား​သည့်​သ​တင်း​ကောင်း​ကို​ဟော​ပြော သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟူ​၍ ငါ​တို့ ဆို​ခဲ့​ပြီး​သည့်​အ​တိုင်း​ယ​ခု​ထပ်​မံ​၍​ငါ​ဆို​၏။
10 ဤ​သို့​ပြော​ဆို​ရာ​၌​ငါ​သည် လူ​၏​ထောက်​ခံ​မှု​ကို ရ​ရန်​ကြိုး​စား​နေ​ပါ​သ​လော။ ငါ​သည်​ဘု​ရား​သ​ခင် ၏​ထောက်​ခံ​မှု​မှ​လွဲ​၍ မည်​သူ့​ထောက်​ခံ​မှု​ကို​လို​ပါ သ​နည်း။ ငါ​သည်​လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး စား​ဆောင်​ရွက်​နေ​ပါ​သ​လော။ အ​ကယ်​၍​ငါ​သည် လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး​စား​ဆောင်​ရွက် နေ​သေး​ပါ​မူ​ခ​ရစ်​တော်​၏​အ​စေ​ခံ​မ​ဖြစ်​နိုင်။
ပေါ​လု​တ​မန်​တော်​ဖြစ်​လာ​ပုံ
11 ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​ကြေ​ညာ သော​သ​တင်း​ကောင်း​သည် လူ​တီ​ထွင်​သည့်​သ​တင်း ကောင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့​အား​ဖော်​ပြ​မည်။- 12 ထို​သ​တင်း​ကောင်း​ကို​ငါ​သည်​မည်​သည့်​လူ တစ်​စုံ​တစ်​ယောက်​ထံ​က​မျှ​ရ​သည်​မ​ဟုတ်။ မည်​သူ​မျှ​လည်း​ငါ့​ကို​သင်​ကြား​၍​မ​ပေး။ ထို သ​တင်း​ကောင်း​ကို​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် ငါ့​အား​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ပေး​အပ်​တော် မူ​၏။
13 ငါ​သည်​ယု​ဒ​ဘာ​သာ​တ​ရား​ကို​ကြည်​ညို​လေး စား​သူ​ဖြစ်​ခဲ့​စဉ်​အ​ခါ​က မည်​သို့​ကျင့်​ကြံ​ပြု​မူ ခဲ့​ကြောင်း​ကို​သင်​တို့​ကြား​သိ​ကြ​ပြီး​ဖြစ်​၏။ ငါ သည်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​ကို ရက်​စက်​ကြမ်း​ကြုတ်​စွာ​ညှဉ်း​ဆဲ​၍ အ​သင်း​တော် ကို​ဖျက်​ဆီး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​၏။- တ၊ ၈:၃၊ ၂၂:၄-၅၊ ၂၆:၉-၁၁။ 14 ဘာ​သာ​တ​ရား​ကို​လက်​တွေ့​ကျင့်​သုံး​ရာ​တွင် ငါ သည်​မိ​မိ​နှင့်​သက်​တူ​ရွယ်​တူ​ယု​ဒ​အ​မျိုး​သား အ​များ​တို့​ထက် ပို​၍​စိတ်​အား​ထက်​သန်​စွာ​ဘိုး ဘေး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် လျှောက်​ခဲ့​၏။ တ၊ ၂၂:၃။
15-16 သို့​ရာ​တွင်​မ​မွေး​မီ​က​ပင်​လျှင်​ဘု​ရား​သ​ခင်​သည် ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​အား​ရွေး​ချယ်​၍​အ​မှု တော်​ဆောင်​ရန်​ခေါ်​ယူ​တော်​မူ​၏။ ထို​နောက်​လူ​မျိုး ခြား​တို့​အား​သား​တော်​၏​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​နိုင်​စေ​ရန် မိ​မိ​၏ အ​လို​တော်​နှင့်​အ​ညီ​ငါ့​အား ထို​သား​တော်​ကို ဖူး​မြင်​ခွင့်​ပေး​တော်​မူ​၏။ ထို​အ​ခါ​ငါ​သည် အ​ဘယ်​သူ​၏​ထံ​၌​မျှ​အ​ကြံ​ဉာဏ်​မ​တောင်း ခံ​ခဲ့။- တ၊ ၉:၃-၆၊ ၂၂:၆-၁၀၊ ၂၆:၁၃-၁၈။ 17 ငါ​၏​အ​လျင်​တ​မန်​တော်​ရာ​ထူး​ကို​ရ​ရှိ​သူ တို့​နှင့်​တွေ့​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ငါ မ​သွား။ ဦး​စွာ​ပ​ထ​မ​အာ​ရေ​ဗျ​ပြည်​သို့ သွား​ပြီး​နောက် ဒ​မာ​သက်​မြို့​သို့​ပြန်​လာ​ခဲ့​၏။- 18 သုံး​နှစ်​မျှ​ကြာ​သော်​ပေ​တ​ရု​နှင့်​တွေ့​ဆုံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍​သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​မျှ​နေ​ထိုင်​ခဲ့​၏။- တ၊ ၉:၂၆-၃၀။ 19 သို့​ရာ​တွင်​ငါ​သည်​သ​ခင်​ဘု​ရား​၏​ညီ​တော် ယာ​ကုပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​တ​မန်​တော် နှင့်​မျှ​မ​တွေ့​မ​ဆုံ​ခဲ့။
20 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မု​သား​သုံး​၍​ရေး သည်​မ​ဟုတ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။
21 ထို​နောက်​ငါ​သည်​ရှု​ရိ​နှင့်​ကိ​လိ​ကိ​နယ်​များ​သို့ သွား​ရောက်​၏။- 22 သို့​သော်​ထို​အ​ချိန်​က​ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန် အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည် ငါ​နှင့်​တွေ့​ဆုံ သိ​ကျွမ်း​ခွင့်​ကို​မ​ရ​ကြ​သေး။- 23 ``ငါ​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​ခဲ့​သူ​သည်​ယ​ခင်​က မိ​မိ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည့်​ဘာ​သာ​တ​ရား တော်​ကို ယ​ခု​အ​ခါ​ဟော​ပြော​လျက်​ရှိ​ပါ​သည် တ​ကား'' ဟု​လူ​တို့​ပြော​ဆို​သံ​ကို​သာ​လျှင်​သူ တို့​ကြား​သိ​ရ​ကြ​၏။- 24 ထို့​ကြောင့်​သူ​တို့​သည်​ငါ့​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ပေ သည်။

1:13 တ၊ ၈:၃၊ ၂၂:၄-၅၊ ၂၆:၉-၁၁။

1:14 တ၊ ၂၂:၃။

1:15-16 တ၊ ၉:၃-၆၊ ၂၂:၆-၁၀၊ ၂၆:၁၃-၁၈။

1:18 တ၊ ၉:၂၆-၃၀။