ကမ္ဘာဦးကျမ်း
နိဒါန်း
ကမ္ဘာဦးကျမ်းတွင်ကမ္ဘာ၏မူလအစနှင့် စပ်ဆိုင် သောအကြောင်းများကိုဖော်ပြသည်။ ဤကျမ်း တွင်စကြဝဠာကိုဖန်ဆင်းပုံ၊ လူဟူ၍ပေါ်ပေါက် လာပုံ၊ အပြစ်ဒုစရိုက်နှင့်ဆင်းရဲဒုက္ခတို့၏မူလ အစ၊ ဘုရားသခင်သည်လူကိုမည်သို့ဆက်သွယ် ပုံစသည့်အကြောင်းများကိုဖော်ပြသည်။ ကမ္ဘာ ဦးကျမ်းကိုအဋ္ဌိကအားဖြင့်နှစ်ပိုင်းခွဲခြား နိုင်သည်။
၁။ အခန်း ၁-၁၁ တွင်ကမ္ဘာကိုဖန်ဆင်းခြင်းနှင့် လူတို့ ၏ရှေးဦးသမိုင်းကိုတွေ့ရှိရသည်။ ဤအခန်း များတွင်အာဒံနှင့်ဧဝတို့အကြောင်း၊ ကာဣန နှင့်အာဗေလတို့အကြောင်း၊ နောဧနှင့်ရေလွှမ်း မိုးခြင်းအကြောင်း၊ ဗာဗုလုန်ရဲတိုက်အကြောင်း တို့ကိုဖော်ပြထားသည်။
၂။ အခန်း ၁၂-၅၀ တွင်ဣသရေလလူမျိုး၏ရှေးဦး ဘိုးဘေးများ၏သမိုင်းကိုဖော်ပြထားသည်။ ပထမဆုံးပ္ဂိုလ်မှာဘုရားသခင်ကိုယုံကြည် ခြင်း၌လည်းကောင်း၊ အမိန့်တော်ကိုနာခံခြင်း၌ လည်းကောင်း ထူးကဲစံတင်လောက်သောအာဗြဟံ ဖြစ်သည်။ ထိုနောက်သူ၏သားဣဇာက်အကြောင်း၊ မြေးယာကုပ် (ဣသရေလဟူ၍လည်းခေါ်တွင်သည်) အကြောင်း၊ ဣသရေလအနွယ်တစ်ဆယ့်နှစ်နွယ် တို့၏ဖခင်များဖြစ်ကြသော ယာကုပ်၏သား တစ်ဆယ့်နှစ်ယောက်တို့၏အကြောင်းပါရှိသည်။ ယာကုပ်၏သားများအနက်ယောသပ်၏ အကြောင်းကိုလည်းကောင်း၊ ယာကုပ်နှင့်သူ၏ အခြားသောသားများ၏မိသားစုတို့ အီဂျစ် ပြည်သို့ရောက်ရှိနေထိုင်ကြပုံအကြောင်း ကိုလည်းကောင်း အထူးအလေးထားဖော်ပြ ထားသည်။
ဤကျမ်းတွင်လူ၏အကြောင်းကိုဖော်ပြ သော်လည်း အဋ္ဌိကအားဖြင့်ဘုရားသခင်၏ ပြုမူဆောင်ရွက်တော်မူပုံကိုဖော်ပြထား သည်။ ဘုရားသခင်သည်ဤစကြဝဠာကို ဖန်ဆင်းတော်မူသည်ဟူ၍အစချီဖွင့်ဆို ဖော်ပြပြီးသည်နောက် ကိုယ်တော်သည်မိမိ၏ လူမျိုးတော်အားအမြဲစောင့်ရှောက်မည်ဟူ သောကတိတော်ဖြင့်အဆုံးသတ်သည်။ ကျမ်း တစ်စောင်လုံးတွင်ဘုရားသခင်၏ပြုမူ ဆောင်ရွက်ချက်ကိုအလေးထားပြီးလျှင် ဘုရားသခင်သည်ဒုစရိုက်ပြုသူများကို တရားစီရင်ဒဏ်ခတ်တော်မူကြောင်း၊ မိမိ၏ လူမျိုးတော်ကိုရှေ့ဆောင်ကူညီ၍ သူတို့၏ သမိုင်းကိုပြုပြင်ဖန်တီးပေးတော်မူကြောင်း ဖော်ပြသည်။ လူမျိုးတစ်မျိုး၏ယုံကြည်ခြင်း အကြောင်းကိုမှတ်တမ်းတင်ရန်ကိုလည်းကောင်း၊ ထိုယုံကြည်ခြင်းရှင်သန်စေခြင်းငှာအထောက် အကူဖြစ်စေရန်လည်းကောင်း ဤရှေးကျသော ကျမ်းကိုပြုစုထားသည်။
အကြောင်းအရာအကျဉ်းချုပ်
စကြဝဠာနှင့်လူကိုဖန်ဆင်းတော်မူခြင်း ၁:၁-၂:၂၅
အပြစ်ဒုစရိုက်နှင့်ဆင်းရဲဒုက္ခတို့၏ မူလအစ ၃:၁-၂၄
အာဒံမှနောဧအထိအကြောင်း ၄:၁-၅:၃၂
နောဧနှင့်ရေလွှမ်းမိုးခြင်းအကြောင်း ၆:၁-၁၀:၃၂
ဗာဗုလုန်ရဲတိုက်အကြောင်း ၁၁:၁-၉
ရှေမမှအာဗြဟံအထိအကြောင်း ၁၁:၁၀-၃၂
ဣသရေလလူမျိုး၏ဘိုးဘေးကြီးများဖြစ်ကြသောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အကြောင်း ၁၂:၁-၃၅:၂၉
ဧသော၏အဆက်အနွယ်များ ၃၆:၁-၄၃
ယောသပ်နှင့်သူ၏ညီအစ်ကိုများ ၃၇:၁-၄၅:၂၈
အီဂျစ်ပြည်ရောက်ဣသရေလအမျိုးသားများ ၄၆:၁-၅၀:၂၆
1
ဖန်ဆင်းခြင်းအကြောင်း
1 ဘုရားသခင်သည်စကြဝဠာကိုဖန်ဆင်း တော်မူသောအခါ၊- 2 ကမ္ဘာမြေကြီးသည်အသွင်သဏ္ဌာန်ဟူ၍မရှိ။ လဟာသက်သက်ဖြစ်၏။ သမုဒ္ဒရာရေပြင် ကြီးကိုမှောင်အတိဖုံး၍ရေပြင်ပေါ်၌ ဘုရားသခင်၏တန်ခိုးတော်1* ဘုရားသခင်၏တန်ခိုးတော်။ ဘုရားသခင်၏တန်ခိုးသို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်လှုပ်ရှားလျက်ရှိ၏။ သို့မဟုတ်လေပြင်းတိုက်ခတ်လျက်ရှိ၏။ လှုပ်ရှားလျက်ရှိ၏။- 3 ဘုရားသခင်က``အလင်းရောင်ပေါ်စေ'' ဟု အမိန့်တော်ချမှတ်သောအခါ အလင်းရောင် ထွက်ပေါ်လာ၏။-✡၂ကော၊ ၄:၆။ 4 ဘုရားသခင်သည်အလင်းရောင်ကိုရှုမြင်၍ နှစ်သက်တော်မူ၏။ ထို့နောက်အလင်းနှင့် အမှောင်ကိုပိုင်းခြားလျက်၊- 5 အလင်းကို ``နေ့'' ဟူ၍လည်းကောင်း၊ အမှောင် ကို ``ညဥ့်'' ဟူ၍လည်းကောင်းခေါ်တွင်စေတော် မူ၏။ ညဦးမှနံနက်အထိပထမနေ့ရက် ဖြစ်လေ၏။
6-7 ထိုနောက်ဘုရားသခင်က ``ရေရေချင်းနှစ်ပိုင်း ခွဲခြားတည်ရှိစေရန် မိုးမျက်နှာကြက်ဖြစ်ပေါ် စေ'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ်ပေါ်လာ၏။ ဘုရားသခင်သည်ထိုသို့မိုးမျက်နှာကြက် ကိုဖြစ်ပေါ်စေ၍ မိုးမျက်နှာကြက်ရှိရေနှင့် အောက်ရှိရေကိုပိုင်းခြားတော်မူ၏။- 8 မိုးမျက်နှာကြက်ကို``မိုးကောင်းကင်'' ဟုခေါ် တွင်စေတော်မူ၏။ ညဦးမှနံနက်အထိဒုတိယ နေ့ရက်ဖြစ်လေ၏။✡၂ပေ၊ ၃:၅။
9 တစ်ဖန်ဘုရားသခင်က``မိုးကောင်းကင်အောက် တွင်ကုန်းပေါ်လာရန် တစ်နေရာတည်း၌ရေစု ဝေးစေ'' ဟုအမိန့်ပေးသည့်အတိုင်းကုန်းပေါ် လာ၏။- 10 ကုန်းကို``မြေကြီး'' ဟူ၍လည်းကောင်း၊ စုဝေး လျက်ရှိသောရေကို``ပင်လယ်'' ဟူ၍လည်းကောင်း ခေါ်တွင်စေတော်မူ၏။ ဘုရားသခင်သည် ထို အမှုအရာကိုရှုမြင်၍နှစ်သက်တော်မူ၏။- 11 ထိုနောက်``ကောက်ပဲသီးနှံနှင့်သစ်သီးပင်အမျိုး မျိုးကိုမြေကြီးမှပေါက်စေ'' ဟုအမိန့်ပေး သည့်အတိုင်းပေါက်လာကြ၏။- 12 သို့ဖြစ်၍မြေကြီးမှ အပင်အမျိုးမျိုးပေါက် လာကြ၏။ ဘုရားသခင်သည် ထိုအမှုအရာ ကိုရှုမြင်၍နှစ်သက်တော်မူ၏။- 13 ညဦးမှနံနက်အထိတတိယနေ့ရက်ဖြစ် လေ၏။
14 တစ်ဖန်ဘုရားသခင်က``နေ့နှင့်ညဥ့်ကို ခွဲခြားရန်နှင့်နေ့ရက်၊ နှစ်၊ ပွဲတော်ရက်*ပွဲတော်ရက်။ သို့မဟုတ်ရာသီဥတု။ များကိုသတ်မှတ်ရန်အတွက်မိုးကောင်းကင်၌ အလင်းဗိမာန်များပေါ်စေ၊- 15 ထိုအလင်းဗိမာန်တို့သည်မိုးကောင်းကင်မှာ အလင်းရောင်ထွန်းသဖြင့် မြေကြီးပေါ်တွင် အလင်းရစေ'' ဟုအမိန့်ပေးသည့်အတိုင်း ဖြစ်ပေါ်လာ၏။- 16 သို့ဖြစ်၍နေ့ကိုကြီးစိုးရန်နေဗိမာန်နှင့်ည ကိုကြီးစိုးရန် လဗိမာန်နှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။- 17 ဘုရားသခင်သည်မြေကြီးပေါ်မှာအလင်းရ စေရန်နှင့်၊- 18 နေ့နှင့်ညကိုကြီးစိုး၍အလင်းနှင့်အမှောင်ကို ခွဲခြားစေရန် မိုးကောင်းကင်တွင်အလင်းဗိမာန် များကိုတည်ရှိစေတော်မူ၏။ ဘုရားသခင် သည်ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။- 19 ညဦးမှနံနက်အထိစတုတ္ထနေ့ရက်ဖြစ်လေ၏။
20 တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။- 21 သို့ဖြစ်၍ဘုရားသခင်သည်ပင်လယ်ငါးသတ္တ ဝါကြီးများအစရှိသောရေသတ္တဝါအမျိုး မျိုး၊ ငှက်အမျိုးမျိုးတို့ကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုအမှုအရာကိုရှုမြင် ၍နှစ်သက်တော်မူ၏။- 22 ``ရေသတ္တဝါတို့သည်ပင်လယ်ထဲ၌မြောက်မြား စွာပေါက်ပွားကြစေ၊ ငှက်တို့သည်လည်းတိုးပွား ကြစေ'' ဟုဘုရားသခင်အမိန့်ပေး၍ထို သတ္တဝါတို့အား ကောင်းချီးပေးတော်မူ၏။- 23 ညဦးမှနံနက်အထိပဉ္စမနေ့ရက်ဖြစ်လေ၏။
24 တစ်ဖန်ဘုရားသခင်က``ကမ္ဘာမြေကြီးပေါ် တွင် တိရစ္ဆာန်အယဉ်နှင့်တိရစ္ဆာန်အရိုင်းအကြီး အငယ်အမျိုးမျိုးဖြစ်ပွားကြစေ'' ဟုအမိန့် ပေးသည့်အတိုင်းဖြစ်ပွားလာကြ၏။- 25 ဘုရားသခင်သည်တိရစ္ဆာန်အမျိုးမျိုးတို့ကို ထိုကဲ့သို့ဖန်ဆင်းတော်မူ၏။ ဘုရားသခင် သည် ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။
26 ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။-✡၁ကော၊ ၁၁:၇။ 27 သို့ဖြစ်၍ဘုရားသခင်သည် မိမိနှင့်ပုံ သဏ္ဌာန်တူသောလူယောကျာ်း၊ လူမိန်းမ ကိုဖန်ဆင်းတော်မူ၍၊-✡မ၊ ၁၉:၄။ မာ၊ ၁၀:၆။ 28 သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-✡က၊ ၅:၁-၂။ 29 ဘုရားသခင်ကလည်း``ကောက်ပဲသီးနှံအမျိုး မျိုး၊ သစ်သီးအမျိုးမျိုးတို့ကိုသင်တို့စားသုံး ရန်ငါပေး၏။- 30 တိရစ္ဆာန်အရိုင်းအမျိုးမျိုးနှင့်ငှက်အမျိုးမျိုး တို့စားရန်အတွက် အပင်အမျိုးမျိုးကိုငါ ပေး၏'' ဟုမိန့်တော်မူသည့်အတိုင်းဖြစ် လေ၏။- 31 ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။
11:2 * ဘုရားသခင်၏တန်ခိုးတော်။ ဘုရားသခင်၏တန်ခိုးသို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်လှုပ်ရှားလျက်ရှိ၏။ သို့မဟုတ်လေပြင်းတိုက်ခတ်လျက်ရှိ၏။
✡1:3 ၂ကော၊ ၄:၆။
✡1:8 ၂ပေ၊ ၃:၅။
*1:14 ပွဲတော်ရက်။ သို့မဟုတ်ရာသီဥတု။ များကိုသတ်မှတ်ရန်အတွက်မိုးကောင်းကင်၌ အလင်းဗိမာန်များပေါ်စေ၊-
✡1:26 ၁ကော၊ ၁၁:၇။
✡1:27 မ၊ ၁၉:၄။ မာ၊ ၁၀:၆။
✡1:28 က၊ ၅:၁-၂။