22
ဣဇာက်ကိုပူဇော်စေခြင်း
1 ကာလအတန်ကြာသောအခါဘုရားသခင် သည် အာဗြဟံ၏နာခံခြင်းသဘောကိုစစ်ဆေး တော်မူ၏။ ဘုရားသခင်က``အာဗြဟံ'' ဟုခေါ် လျှင်အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင် ဘုရား'' ဟုထူးလေ၏။
2 ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။✡၆ရာ၊ ၃:၁။
3 နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။- 4 တတိယနေ့သို့ရောက်သော်အာဗြဟံသည် ထိုအရပ်ကိုအဝေးမှမြင်ရ၏။- 5 ထိုအခါသူ၏အစေခံတို့အား``သင်တို့သည် ဤအရပ်တွင်မြည်းနှင့်အတူနေရစ်ကြ။ ငါ နှင့်ငါ့သားတို့ကထိုအရပ်သို့သွား၍ဘုရား ကိုဝတ်ပြုကိုးကွယ်ပြီးလျှင်ပြန်လာမည်'' ဟု မှာကြားလေသည်။
6 အာဗြဟံသည်ယဇ်ပူဇော်ရန်ထင်းကိုဣဇာက် အားသယ်စေ၍ သူကိုယ်တိုင်ကမူဋ္ဌားနှင့်မီး ပျိုးရန်မီးခဲကိုယူဆောင်ခဲ့လေသည်။ သူတို့ အတူတကွလျှောက်လာကြစဉ်၊-
7 ဣဇာက်က``အဖ'' ဟုခေါ်လိုက်၏။
အာဗြဟံက``ငါ့သား'' ဟုထူး၏။
ဣဇာက်က``အဖထံမှာမီးလည်းပါပြီ။ ထင်း လည်းပါပြီ။ ယဇ်ပူဇော်ရန်သိုးငယ်အဘယ် မှာနည်း'' ဟုမေး၏။
8 အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။
9 ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။-✡ယာ၊ ၂:၂၁။ 10 ထိုနောက်သားကိုသတ်ရန်ဋ္ဌားကိုယူလိုက်၏။- 11 ထိုအခိုက်တွင်ထာဝရဘုရား၏ကောင်းကင်တမန် သည်``အာဗြဟံ၊ အာဗြဟံ'' ဟုကောင်းကင်မှ ခေါ်လေ၏။
အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင်ဘုရား'' ဟုထူးလေ၏။
12 ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။
13 ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။-✡ဟေဗြဲ၊ ၁၁:၁၇-၁၉။ 14 အာဗြဟံသည်ထိုအရပ်ကို``ထာဝရဘုရား ပြင်ဆင်9* ပြင်ဆင်။ ပြင်ဆင် သို့မဟုတ်မြင်တော်မူသည်။ ပေးသည်'' ဟုသမုတ်လေ၏။ ယနေ့ထက်တိုင်လူ တို့က``တောင်ပေါ်မှာထာဝရဘုရားပြင်ဆင်10* ပြင်ဆင်။ ပြင်ဆင် သို့မဟုတ်ဖူးမြင်ရသည်။ ပေးလိမ့်မည်'' ဟူ၍ပြောဆိုလေ့ရှိကြ၏။
15 ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်မှအာဗြဟံကိုဒုတိယအကြိမ် ခေါ်၍၊- 16 ``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-✡ဟေဗြဲ၊ ၆:၁၃-၁၄။ 17 သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-✡ဟေဗြဲ၊ ၁၁:၁၂။ 18 သင်သည်ငါ၏အမိန့်ကိုနာခံသောကြောင့်သင် ၏အဆက်အနွယ်တို့သည် ကောင်းချီးခံရသည့် နည်းတူကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ကသူ တို့အားလည်း ကောင်းချီးပေးရန်ငါ့အားတောင်း လျှောက်ကြလိမ့်မည်'' ဟုမိန့်တော်မူသည်။-✡တ၊ ၃:၂၅။ 19 ထိုနောက်အာဗြဟံသည်အစေခံတို့ရှိရာသို့ ပြန်လာ၍ သူတို့နှင့်အတူဗေရရှေဘအရပ် သို့ပြန်ခဲ့ကြပြီးနောက်ထိုအရပ်တွင်နေထိုင် လေသည်။
နာခေါ်၏အဆက်အနွယ်များ
20 မကြာမီအာဗြဟံသည်သူ၏ညီနာခေါ်၏ မယားမိလခါတွင်သားရှစ်ယောက်ထွန်းကား ကြောင်းကြားသိရလေသည်။- 21 သားများမှာသားဦးဟုဇ၊ ဗုဇ၊ အာရံ၏ ဖခင်ကေမွေလ၊- 22 ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်နှင့် ဗေသွေလတို့ဖြစ်ကြ၏။- 23 ဗေသွေလသည်ရေဗက္က၏ဖခင်ဖြစ်၏။ အာဗြဟံ ၏ညီနာခေါ်၏မယားမိလခါသည်ထိုသား ရှစ်ယောက်တို့ကိုဖွားမြင်လေသည်။- 24 နာခေါ်၌ရုမာဟုနာမည်တွင်သောမယားငယ် ရှိ၏။ ရုမာသည်သားများဖြစ်ကြသောတေဘ၊ ဂါဟံ၊ သဟာရှနှင့်မာခါတို့ကိုဖွားမြင်လေ သည်။