34
ယာကုပ်၏သမီးဒိနမတရားပြုကျင့်ခံရခြင်း
1 တစ်နေ့သ၌ယာကုပ်နှင့်လေအာတို့၏သမီး ဒိနသည် ခါနာန်အမျိုးသမီးတို့ထံအလည် အပတ်သွား၏။- 2 ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။- 3 သို့ရာတွင်သူသည်ဒိန၏ရုပ်ရည်ကိုစွဲမက် သဖြင့် မေတ္တာသက်ဝင်လာသောကြောင့်သူ့အား မေတ္တာတုံ့ပြန်ရန်ဖျောင်းဖျလေသည်။- 4 ထို့ကြောင့်ရှေခင်သည်သူ၏ဖခင်အား ဒိနကို လက်ထပ်ယူနိုင်ရန်ကြောင်းလမ်းပေးပါဟု တောင်းပန်လေ၏။
5 ယာကုပ်သည်သူ၏သမီးဒိနမတရားပြု ကျင့်ခံရကြောင်းကိုကြားသိရသော်လည်း သူ ၏သားတို့သည်တိရစ္ဆာန်များကိုစားကျက်၌ ထိန်းကျောင်းရာမှပြန်မရောက်ကြသေးသဖြင့် မည်သို့မျှမပြောဘဲဆိတ်ဆိတ်နေလေ၏။- 6 ယာကုပ်၏သားများစားကျက်ထဲမှပြန်လာ နေခိုက်၊- 7 ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။- 8 ဟာမော်ကသူတို့အား``ငါ့သားရှေခင်သည် သင်တို့၏သမီးကိုချစ်ကြိုက်နေပါပြီ။ သင်တို့၏သမီးနှင့်ထိမ်းမြားလက်ထပ် ခွင့်ပေးကြပါ။- 9 ငါတို့လူမျိုးနှင့်သင်တို့လူမျိုးထိမ်းမြား နိုင်ရန်သဘောတူကြပါစို့။- 10 သင်တို့ဤပြည်၌ငါတို့နှင့်အတူနေထိုင်ကြ ပါ။ ကြိုက်နှစ်သက်ရာအရပ်ကိုရွေး၍နေကြ ပါ။ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားကြပါ။ ပစ္စည်းဥစ္စာကိုလည်းပိုင်ဆိုင်ကြပါ'' ဟုဆို လေ၏။
11 ထိုနောက်ရှေခင်ကဒိန၏ဖခင်နှင့်အစ်ကို တို့အား``သင်တို့ထံမှမျက်နှာသာရမည်ဆို လျှင်သင်တို့တောင်းသမျှကိုပေးပါမည်။- 12 သင်တို့အလိုရှိသမျှမင်္ဂလာကြေးနှင့် လက်ဖွဲ့ပစ္စည်းကိုအမြင့်ဆုံးသတ်မှတ်တောင်း ဆိုကြပါ။ ဒိနကိုလက်ထပ်ခွင့်ပေးမည်ဆို လျှင်သင်တို့တောင်းဆိုသမျှကိုပေးပါမည်'' ဟုပြောလေ၏။
13 ယာကုပ်၏သားတို့သည်မိမိတို့၏နှမဒိန အား ရှေခင်ကအသရေပျက်အောင်ပြုကျင့်ခဲ့ သဖြင့် ရှေခင်နှင့်သူ၏ဖခင်ကိုပရိယာယ်သုံး ၍ဖြေကြားလေ၏။- 14 သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။- 15 ကျွန်ုပ်တို့သဘောတူလက်ခံနိုင်မည့်အချက် တစ်ချက်တည်းသာရှိပါသည်။ ထိုအချက်မှာ သင်တို့တွင်ရှိသောယောကျာ်းအားလုံးကျွန်ုပ် တို့ကဲ့သို့အရေဖျားလှီးခြင်းမင်္ဂလာကို ခံရမည်ဖြစ်သည်။- 16 ထိုသို့ပြုလျှင်ကျွန်ုပ်တို့သမီးများကိုသင် တို့နှင့်ထိမ်းမြား၍ သင်တို့သမီးများကိုကျွန်ုပ် တို့ထိမ်းမြားမည်။ သင်တို့ထံတွင်နေထိုင်ကာ လူတစ်မျိုးတည်းဖြစ်ရန်သဘောတူပါမည်။- 17 သို့ရာတွင်သင်တို့ကကျွန်ုပ်တို့၏တောင်းဆို ချက်ကိုပယ်၍ အရေဖျားလှီးခြင်းမင်္ဂလာ ကိုမခံကြပါမူကျွန်ုပ်တို့သည် နှမကိုပြန် သိမ်း၍သင်တို့ထံမှထွက်ခွာသွားပါမည်'' ဟုပြောကြလေ၏။
18 ဟာမော်နှင့်သူ၏သားရှေခင်တို့အတွက်ထို တောင်းဆိုချက်ကိုလက်ခံနိုင်ဖွယ်ရှိ၏။ ရှေခင် သည်ယာကုပ်၏သမီးကိုအလွန်စွဲမက်နေ သဖြင့်၊- 19 ယာကုပ်၏သားများပေးသောအကြံကို ချက်ချင်းလက်ခံလိုက်လေသည်။ ရှေခင်သည် ကားမိမိ၏အမျိုးသားချင်းတို့တွင်အရေး ပါအရာရောက်ဆုံးသောပ္ဂိုလ်ဖြစ်၏။
20 ဟာမော်နှင့်သူ၏သားရှေခင်တို့သည် မြို့ တံခါးဝရှိစည်းဝေးရာနေရာသို့သွား၍ မြို့သားတို့အား၊- 21 ``ဤသူတို့သည်ငါတို့ကိုဖော်ရွေကြပါ၏။ သူတို့အားငါတို့ပြည်၌နေ၍လွတ်လပ်စွာ သွားလာခွင့်ရှိကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင်ကျယ်ဝန်းပါသည်။ ငါ တို့သည်သူတို့၏သမီးများကိုထိမ်းမြား ၍သူတို့ကလည်းငါတို့၏သမီးများကို ထိမ်းမြားပါစေ။- 22 သို့ရာတွင်ငါတို့ယောကျာ်းအားလုံးကသူ တို့နည်းတူ အရေဖျားလှီးခြင်းမင်္ဂလာကို ခံကြပါမှ သူတို့သည်ငါတို့နှင့်အတူနေ ထိုင်၍ ငါတို့နှင့်လူတစ်မျိုးတည်းဖြစ်နိုင်မည် ဟုဆိုပါသည်။- 23 သူတို့အားငါတို့နှင့်အတူနေထိုင်စေရန်သ ဘောတူကြမည်ဆိုလျှင် သူတို့၏သိုး၊ ဆိတ်မှ စ၍တိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်းများကိုလည်း ငါတို့ပိုင်ဆိုင်လာမည်မဟုတ်ပါလော'' ဟု ပြောလေ၏။- 24 မြို့သားတို့သည်လည်းဟာမော်နှင့်သူ၏သား ရှေခင်တို့၏အကြံပေးချက်ကိုသဘောတူ လက်ခံ၍ ယောကျာ်းမှန်သမျှအရေဖျားလှီး ခြင်းမင်္ဂလာကိုခံကြ၏။
25 ထိုနောက်သုံးရက်မြောက်သောနေ့၌မြို့သား တို့သည် အရေဖျားလှီးခြင်းကြောင့်ဝေဒနာ ခံနေရစဉ် ယာကုပ်၏သားများဖြစ်ကြသော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည်ဋ္ဌား ကိုစွဲကိုင်လျက် မြို့တွင်းသို့အမှတ်မထင်ဝင် ရောက်ပြီးလျှင်ယောကျာ်းရှိသမျှတို့ကိုသတ် လေ၏။- 26 သူတို့သည်ဟာမော်နှင့်သူ၏သားရှေခင်ကို လည်းခုတ်သတ်၍ ရှေခင်၏အိမ်မှဒိနကိုကယ် ယူခဲ့ပြီးလျှင်အိမ်သို့ပြန်လာခဲ့ကြလေ၏။- 27 ယာကုပ်၏အခြားသောသားတို့ကလည်းသူ တို့၏နှမအသရေဖျက်ခံရခြင်းကိုလက်စား ချေရန် မိမိတို့သတ်ခဲ့သောသူတို့ထံသွား၍မြို့ ကိုလုယက်ဖျက်ဆီးကြလေသည်။- 28 သူတို့သည် သိုးအုပ်၊ ဆိတ်အုပ်၊ နွားအုပ်၊ မြည်း အုပ်နှင့်မြို့တွင်းမြို့ပြင်၌ရှိသမျှသော ပစ္စည်းများကိုလုယူခဲ့ကြသည်။- 29 မြို့သားတို့၏အဖိုးတန်ပစ္စည်းရှိသမျှနှင့်၊ သားမယားနှင့်ကလေးသူငယ်အားလုံး၊ အိမ်တွင်း၌တွေ့သမျှသောပစ္စည်းများကို သိမ်းယူခဲ့ကြသည်။
30 ထိုအခါယာကုပ်ကရှိမောင်နှင့်လေဝိတို့ အား``သင်တို့သည်ငါ့ကိုဒုက္ခရောက်စေပြီ။ ဤ ပြည်မှခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုး သားတို့သည်ငါ့ကိုမုန်းကြလိမ့်မည်။ ငါ့ထံ၌ လူအင်အားအနည်းငယ်သာရှိသည်။ အကယ်၍ သူတို့စည်းရုံးကြပြီးလျှင်ငါ့ကိုတိုက်ခိုက် ပါက ငါတို့မိသားစုအားလုံးသေကြေ ပျက်စီးရကြလိမ့်မည်'' ဟုပြောလေ၏။
31 သူတို့က``ကျွန်တော်တို့၏နှမကိုပြည့်တန် ဆာအဖြစ်မခံနိုင်ပါ'' ဟုပြန်ပြောကြ၏။