46
ယာကုပ်နှင့်မိသားစုအီဂျစ်ပြည်သို့ထွက်ခွာခြင်း
1 ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။- 2 ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။
``အကျွန်ုပ်ရှိပါသည်အရှင်ဘုရား'' ဟု ယာကုပ်ထူးလေ၏။
3 ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။- 4 ငါသည်သင်နှင့်အတူအီဂျစ်ပြည်သို့ကြွသွား မည်။ ငါကိုယ်တိုင်သင်၏အဆက်အနွယ်တို့ကို ဤပြည်သို့ပြန်လည်ခေါ်ဆောင်ခဲ့မည်။ သင်သည် ယောသပ်၏ပြုစုခြင်းကိုခံလျက်စုတေရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
5 ထိုနောက်ယာကုပ်သည်ဗေရရှေဘအရပ်မှ ထွက်လာခဲ့လေသည်။ သူ၏သားတို့သည်မိမိ တို့၏အဖယာကုပ်၊ သူတို့၏မယားများ၊ သား သမီးငယ်များအားဖာရောဘုရင်ပို့လိုက် သောလှည်းများကိုစီးစေကြ၏။- 6-7 သူတို့သည်ခါနာန်ပြည်တွင်စုဆောင်းရရှိခဲ့ သောပစ္စည်းများနှင့် သိုးဆိတ်စသောတိရစ္ဆာန် များကိုယူဆောင်လျက်အီဂျစ်ပြည်သို့လာ ခဲ့ကြ၏။ ယာကုပ်သည်သားသမီး၊ မြေး၊ မြစ် များမှစသောသူ၏မိသားစုအားလုံးတို့ ကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့လေ၏။✡တ၊ ၇:၁၅။
8 ယာကုပ်နှင့်အတူအီဂျစ်ပြည်သို့သွားရောက် ကြသော မိသားစုတို့၏နာမည်စာရင်းကို ဖော်ပြပေအံ့။ သားဦးရုဗင်နှင့်၊- 9 ရုဗင်၏သားများဖြစ်ကြသော ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ၊- 10 ရှိမောင်နှင့်သူ၏သားများဖြစ်ကြသောယေ မွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန် အမျိုးသမီးနှင့်ရသောသားရှောလ။- 11 လေဝိနှင့်သူ၏သားများဖြစ်ကြသောဂေရရှုံ၊ ကောဟတ်၊ မေရာရိ။- 12 ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။- 13 ဣသခါနှင့်သူ၏သားများဖြစ်ကြသော တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။- 14 ဇာဗုလုန်နှင့်သူ၏သားများဖြစ်ကြသော သရက်၊ ဧလုန်၊ ယာလေလ။- 15 ဤသူတို့သည်ယာကုပ်နှင့်မယားလေအာ တို့မှမက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း တွင်ပေါက်ဖွားသောသားနှင့်မြေးများဖြစ် ကြသည်။ ထိုသားတို့အပြင်သမီးဒိနရှိ သေး၏။ ထို့ကြောင့်လေအာမှပေါက်ဖွားသော သားမြေးစုစုပေါင်းမှာသုံးဆယ့်သုံးယောက် ရှိသတည်း။
16 ဂဒ်နှင့်သူ၏သားဖြစ်ကြသောဇိဖျုန်၊ ဟ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။- 17 အာရှာနှင့်သူ၏သားသမီးများဖြစ်ကြသော ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယနှင့်သူတို့၏နှမ စေရ။ ဗေရိယ၏သားများဖြစ်ကြသောဟေဗာ နှင့်မာလချေလ။- 18 ဤသူတစ်ဆယ့်ခြောက်ယောက်တို့သည်လာဗန်က သူ၏သမီးလေအာအားပေးအပ်သောအထိန်း ဇိလပနှင့် ယာကုပ်တို့မှပေါက်ဖွားသောသား သမီးနှင့်မြေးများဖြစ်ကြသတည်း။
19 ယာကုပ်၏မယားရာခေလသည် သားများ ဖြစ်ကြသောယောသပ်နှင့်ဗင်္ယာမိန်တို့ကို ဖွားမြင်၏။- 20 ယောသပ်သည်အီဂျစ်ပြည်ရှိသြနမြို့မှယဇ် ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ် နှင့်သားနှစ်ယောက်ဖြစ်ကြသောမနာရှေနှင့် ဧဖရိမ်တို့ကိုရသည်။-✡က၊ ၄၁:၅၀-၅၂။ 21 ဗင်္ယာမိန်၏သားများဖြစ်ကြသောဗေလ၊ ဗေခါ၊ အာရှာဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။- 22 ဤသူတစ်ဆယ့်လေးယောက်တို့သည်ယာကုပ် နှင့်ရာခေလတို့မှပေါက်ဖွားသောသားမြေး များဖြစ်ကြသတည်း။
23 ဒန်နှင့်သူ၏သားဟုရှိမ်၊- 24 နဿလိနှင့်သူ၏သားများဖြစ်ကြသော ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။- 25 ဤသူခုနစ်ယောက်တို့သည်လာဗန်ကသူ့ သမီးရာခေလအားပေးအပ်သောအထိန်း ဗိလဟာနှင့်ယာကုပ်တို့မှပေါက်ဖွားသော သားမြေးများဖြစ်ကြသတည်း။
26 ယာကုပ်၏ချွေးမများမှအပအီဂျစ်ပြည် သို့သွားရောက်သောယာကုပ်၏သွေးရင်းသား ရင်းစုစုပေါင်းမှာခြောက်ဆယ့်ခြောက်ယောက် ရှိသတည်း။- 27 အီဂျစ်ပြည်တွင်ယောသပ်၌သားနှစ်ယောက် ဖွားမြင်၏။ သို့ဖြစ်၍အီဂျစ်ပြည်သို့သွား ရောက်သော ယာကုပ်၏မိသားစုဦးရေမှာ လူပေါင်းခုနစ်ဆယ်ယောက်ဖြစ်သတည်း။✡တ၊ ၇:၁၄။
ယာကုပ်၏မိသားစုအီဂျစ်ပြည်သို့ရောက်ရှိခြင်း
28 ယာကုပ်သည်ဂေါရှင်အရပ်၌မိမိနှင့်တွေ့ ဆုံရန်ယုဒကိုကြိုတင်စေလွှတ်၍ ယောသပ် အားပြောစေ၏။ သူတို့သည်ဂေါရှင်အရပ် သို့ရောက်ရှိကြ၏။- 29 ယောသပ်သည်အဖဣသရေလအားကြိုဆို ရန်ဂေါရှင်အရပ်သို့ရထားဖြင့်သွားလေ၏။ ဖခင်ရှေ့သို့ရောက်သောအခါဖခင်ကိုဖက် ၍ကြာရှည်စွာငိုကြွေးလေ၏။- 30 ယာကုပ်ကယောသပ်အား``ငါသည်သင့်မျက်နှာ ကိုမြင်ရ၍သင်အသက်ရှင်လျက်ရှိသေးသည် ကိုသိရသဖြင့်သေပျော်ပါပြီ'' ဟုဆိုလေ၏။
31 ထိုနောက်ယောသပ်ကသူ၏အစ်ကိုတို့နှင့် အခြားသားချင်းတို့အား``ကျွန်ုပ်သည်ဖာရော ဘုရင်ထံသို့သွား၍ခါနာန်ပြည်မှကျွန်တော် မျိုး၏အဖနှင့်ညီအစ်ကိုတို့သည်ကျွန်တော် မျိုးထံသို့ရောက်ရှိလာကြပါပြီ။- 32 သူတို့သည်သိုးထိန်းများဖြစ်၍တိရစ္ဆာန်များ ကိုထိန်းကျောင်းရပါသည်။ သူတို့သည်သိုး ဆိတ်နှင့်ရှိသမျှပစ္စည်းများကိုယူဆောင်ခဲ့ ကြပါပြီဟုလျှောက်ထားပါမည်။- 33 ဖာရောဘုရင်ကသင်တို့ကိုဆင့်ခေါ်၍ သင်တို့၏အလုပ်အကိုင်ကိုမေးလျှင်၊- 34 ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။