ဟေ​ဗြဲ​သြ​ဝါ​ဒ​စာ
နိ​ဒါန်း
ဟေ​ဗြဲ​သြ​ဝါ​ဒ​စာ​သည်​တိုက်​ခိုက်​ထိုး​နှက်​မှု ကြီး​မား​လာ​သ​ဖြင့်​ခ​ရစ်​ယာန်​ဘာ​သာ​ကို​စွန့် လွှတ်​ခါ​နီး​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​နေ​သည့် ခ​ရစ်​ယာန်​လူ​တစ်​စု​ထံ​သို့​ရေး​သား​သည့်​စာ ဖြစ်​၏။ စာ​ရေး​သူ​သည်​ယင်း​စာ​တွင်​ယေ​ရှု​ခ​ရစ် သည်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​အ​ပြီး အ​ပိုင်​မှန်​ကန်​စွာ​ဖော်​ပြ​တော်​မူ​ကြောင်း​ကို အ​ဋ္ဌိ​က​အား​ဖြင့်​တင်​ပြ​လျက်​ထို​လူ​စု​ကို အား​ပေး​သည်။ ယင်း​သို့​တင်​ပြ​ရာ​တွင်​သစ္စာ တ​ရား​သုံး​ပါး​ကို​အ​လေး​ပေး​၍​တင်​ပြ​ပေ သည်။ ယင်း​တို့​မှာ (၁) သ​ခင်​ယေ​ရှု​သည်​ဒုက္ခ ဝေ​ဒ​နာ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်​ခ​မည်း တော်​ဘု​ရား​၏​စ​ကား​ကို​အ​မှန်​တ​ကယ် နား​ထောင်​တော်​မူ​သော​ထာ​ဝ​ရ​သား​တော် ဖြစ်​ကြောင်း။ ဘု​ရား​သ​ခင်​၏​သား​တော်​အ​ဖြစ် ကိုယ်​တော်​သည်​ဋ္ဌမ္မ​ဟောင်း​ကျမ်း​ရှိ​ပ​ရော​ဖက် များ၊ ကောင်း​ကင်​တ​မန်​များ​နှင့်​မော​ရှေ​ထက် သာ​၍​ကြီး​မြတ်​တော်​မူ​ကြောင်း (၂) သ​ခင်​ယေ​ရှု သည်​ဋ္ဌမ္မ​ဟောင်း​ကျမ်း​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ ထက်​သာ​၍​ကြီး​မြတ်​သည့်​ထာ​ဝ​ရ​ယဇ်​ပု ရော​ဟိတ်​ဖြစ်​တော်​မူ​ကြောင်း (၃) ယုံ​ကြည်​သူ တို့​သည်​သ​ခင်​ယေ​ရှု​အား​ဖြင့်​အ​ပြစ်​ဒု​စ​ရိုက်၊ ကြောက်​စိတ်​နှင့်​သေ​ခြင်း​တ​ရား​တို့​မှ​လွတ် မြောက်​ခွင့်​ကို​ရ​ရှိ​ကြ​ကြောင်း၊ ယု​ဒ​ဘာ​သာ ကိုး​ကွယ်​မှု​ဆိုင်​ရာ​ထုံး​နည်း​များ​နှင့်​ပူ​ဇော် သော​ယဇ်​ကောင်​များ​သည်​ကယ်​တင်​ခြင်း​တ​ရား ကို​ထောက်​ပြ​ရုံ​သာ​ထောက်​ပြ​နိုင်​ကြောင်း၊ သို့ ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ယဇ်​ပု​ရော​ဟိတ် မင်း​အ​ဖြစ်​ကယ်​တင်​ခြင်း​တ​ရား​အ​စစ် အ​မှန်​ကို​ပေး​ပိုင်​သော​အ​ရှင်​ဖြစ်​တော်​မူ ကြောင်း​ဖော်​ပြ​ထား​သည်။
စာ​ရေး​သူ​သည်​ဣ​သ​ရေ​လ​သ​မိုင်း​တွင်​ထင်​ပေါ် ကျော်​စော​သော​ပ္ဂိုလ်​အ​ချို့​တို့​က​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​ပုံ​ကို​ဥ​ပ​မာ​ပေး​၍ (အ​ခန်း ၁၁) စာ​ဖတ်​သူ​တို့​သည်​ကိုယ်​တော်​အား​ဆက်​လက် သစ္စာ​ရှိ​ကြ​ရန်၊ (အ​ခန်း၁၂) တွင်​သ​ခင်​ယေ​ရှု​အား မျက်​ခြေ​မ​ပြတ်​စေ​ဘဲ​ဆက်​လက်​၍​အ​ဆုံး တိုင်​အောင်​သစ္စာ​ရှိ​ကြ​ရန်​နှင့်​မိ​မိ​တို့​ကြုံ​တွေ့ ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​ညှဉ်း​ပန်း​နှိပ်​စက် ခြင်း​များ​ကို​ခံ​နိုင်​ရည်​ရှိ​ကြ​ရန်​တိုက်​တွန်း ထား​၏။ ထို့​နောက်​အ​ကြံ​ပေး​စ​ကား​များ သ​တိ​ပေး​စ​ကား​များ​နှင့်​နိ​ဂုံး​ချုပ်​လေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း၊ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​အ​ပြီး အ​ပိုင်​ဖော်​ပြ​တော်​မူ​သော​ခ​ရစ်​တော် ၁:၁-၃
ခ​ရစ်​တော်​သည်​ကောင်း​ကင်​တ​မန်​များ​ထက်​သာ​၍ ကြီး​မြတ်​တော်​မူ​ခြင်း ၁:၄-၂:၁၈
ခ​ရစ်​တော်​သည်​မော​ရှေ​နှင့်​ယော​ရှု​တို့​ထက်​သာ​၍ ကြီး​မြတ်​တော်​မူ​ခြင်း ၃:၁-၄:၁၃
ခ​ရစ်​တော်​သည်​သာ​၍​ကြီး​မြတ်​သည့် ယဇ်​ပု​ရော​ဟိတ်​ဖြစ်​တော်​မူ​ခြင်း ၄:၁၄-၇:၂၈
ခ​ရစ်​တော်​၏​ပ​ဋိ​ညာဉ်​တော်​သည်​သာ​၍ ကြီး​မြတ်​ခြင်း ၈:၁-၉:၂၈
ခ​ရစ်​တော်​ပူ​ဇော်​သည့်​ယဇ်​သည်​သာ​၍ ကြီး​မြတ်​ခြင်း ၁၀:၁-၃၉
ယုံ​ကြည်​ခြင်း​သည်​အ​ဋ္ဌိ​က​ဖြစ်​ခြင်း ၁၁:၁-၁၂:၂၉
နောက်​ဆုံး​တိုက်​တွန်း​နှိုး​ဆော်​ချက်​များ နှင့်​နိ​ဂုံး ၁၃:၁-၂၅
1
သား​တော်​မှ​တစ်​ဆင့်​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်
အ​တိတ်​ကာ​လ​၌​ဘု​ရား​သ​ခင်​သည်​ငါ​တို့ ဘိုး​ဘေး​တို့​အား​အ​ကြိမ်​ပေါင်း​များ​စွာ နည်း အ​မျိုး​မျိုး​ဖြင့်​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ဗျာ​ဒိတ်​ပေး​တော်​မူ​၏။- သို့​ရာ​တွင်​ဤ​နောက်​ဆုံး​သော​ကာ​လ​၌ သား​တော်​အား​ဖြင့်​ငါ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်။ သား​တော်​အား​ဖြင့်​စ​ကြ ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ​၍ နောက်​ဆုံး​၌ အ​လုံး​စုံ​ကို​ပိုင်​သ​စေ​ရန်​သား​တော်​ကို ခန့်​ထား​တော်​မူ​သည်။- သား​တော်​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ နှင့်​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​၏။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​၏​ဇာ​တိ​အ​ဖြစ်​တော်​တိ​ကျ မှန်​ကန်​သော​ပုံ​သဏ္ဌာန်​ဖြစ်​လျက် မိ​မိ​၏​တန်​ခိုး နှင့်​ပြည့်​စုံ​သော​အ​မိန့်​တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ ကို​တည်​နေ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​သား တို့​အား​အ​ပြစ်​များ​မှ​ပြေ​လွတ်​စေ​ရန်​ဆောင် ရွက်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​ဘုံ​တွင်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​၌​ထိုင်​တော်​မူ​၏။
သား​တော်​သည်​ကြီး​မြတ်​တော်​မူ​ခြင်း
သား​တော်​အား​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ သော​ဘွဲ့​နာ​မ​တော်​သည် ကောင်း​ကင်​တ​မန်​တို့​၏ အ​မည်​နာ​မ​ထက်​ကြီး​မြတ်​တော်​မူ​သည်​နည်း​တူ သား​တော်​သည်​ကောင်း​ကင်​တ​မန်​များ​ထက်​သာ လွန်​ကြီး​မြတ်​တော်​မူ​ပေ​သည်။- ဘု​ရား​သ​ခင်​က​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ
``သင်​သည်​ငါ​၏​သား​ဖြစ်​၏။
ယ​နေ့​ပင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​သော်​လည်း​ကောင်း၊
အ​ဘယ်​ကောင်း​ကင်​တ​မန်​နှင့်​မျှ​ပတ်​သက်​၍ ``ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​မည်။
သူ​သည်​လည်း​ငါ​၏​သား​ဖြစ်​ရ​လိမ့်​မည်'' ဟူ​၍​သော်​လည်း​ကောင်း
မိန့်​မြွက်​တော်​မူ​ခဲ့​ဖူး​သည်​မ​ရှိ။- ဆာ၊ ၂:၇။ ၂ရာ၊ ၇:၁၄။ ၅ရာ၊ ၁၇:၁၃။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​ဦး​ကို လော​က​သို့​စေ​လွှတ်​တော်​မူ​မည်​ပြု​သော​အ​ခါ
``ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့ သည် ထို​သူ​အား​ရှိ​ခိုး​ဝတ်​ပြု​ရကြ​မည်''
ဟု​မိန့်​တော်​မူ​၏။- တရား၊ ၃၂:၄၃။ ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ​၌
``ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို လေ​ကဲ့​သို့​ဖြစ်​စေ​တော်​မူ​၏။
မိ​မိ​၏​အ​စေ​ခံ​များ​ကို​မီး​လျှံ​ကဲ့​သို့​ဖြစ်​စေ တော်​မူ​၏''
ဟု​မိန့်​တော်​မူ​၏။- ဆာ၊ ၁၀၄:၄။ သို့​ရာ​တွင်​သား​တော်​အား​မိန့်​တော်​မူ​သော အ​ခါ​၌​ကိုယ်​တော်​က၊
``အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည် ကာ​လ​အ​စဉ်​တည်​လိမ့်​မည်။
ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​ပါ​၏။ ဆာ၊ ၄၅:၆-၇။
ကိုယ်​တော်​သည်​အ​မှန်​ကို​နှစ်​သက်​တော်​မူ​၍ အ​မှား​ကို​မုန်း​တော်​မူ​ပါ​၏။
ထို့​ကြောင့်​ကိုယ်​တော်​၏​ဘု​ရား​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည်
ကိုယ်​တော်​အား​ရွေး​ချယ်​၍​ကိုယ်​တော်​၏ အ​ပေါင်း​အ​ဖော်​တို့​ထက်​ပို​မို​ချီး​မြှင့်​ကာ
ရွှင်​လန်း​ဝမ်း​မြောက်​ခွင့်​ကို​ပေး​တော်​မူ​ပေ​သည်''
ဟု​မိန့်​တော်​မူ​၏။- 10 ထို​နောက်​ကိုယ်​တော်​က၊
``အို ထာ​ဝ​ရ​ဘု​ရား​ရှင်၊ကိုယ်​တော်​သည်​အ​စ မူ​လ​က ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။
ကိုယ်​တော်​တိုင်​လက်​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ဆာ၊ ၁၀၂:၂၅-၂၇။
11 ထို​အ​ရာ​တို့​သည်​ယို​ယွင်း​ပျက်​စီး​သွား ကြ​မည်​ဖြစ်​သော်​လည်း၊
ကိုယ်​တော်​ရှင်​မူ​ကား​အ​မြဲ​တည်​တော်​မူ​ပါ​၏။
ထို​အ​ရာ​အား​လုံး​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​ကြ​လိမ့်​မည်။
12 ကိုယ်​တော်​ရှင်​သည်​ဝတ်​လုံ​အင်္ကျီ​ကို​လိပ်​သ​ကဲ့​သို့ ထို​အ​ရာ​များ​ကို​လိပ်​တော်​မူ​လိမ့်​မည်။
ထို​အ​ရာ​များ​သည်​အ​ဝတ်​အ​ထည်​များ​ကဲ့​သို့ ပြောင်း​လဲ​လိမ့်​မည်။
သို့​ရာ​တွင်​ကိုယ်​တော်​မူ​ကား​ပြောင်း​လဲ​တော် မ​မူ​ပါ။
အ​သက်​တော်​သည်​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​မိန့်​တော်​မူ​၏။
13 ဘု​ရား​သ​ခင်​က၊
``သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​မ​ရောက်​စေ​မီ​ကာ​လ​အ​တွင်း၊
ငါ​၏​လက်ယာ​ဘက်​တွင်​ထိုင်​နေ​လော့''
ဟု​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ​မိန့်​တော် မ​မူ​ခဲ့​ဘူး​ပါ။ ဆာ၊ ၁၁၀:၁။
14 ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။

1:5 ဆာ၊ ၂:၇။ ၂ရာ၊ ၇:၁၄။ ၅ရာ၊ ၁၇:၁၃။

1:6 တရား၊ ၃၂:၄၃။

1:7 ဆာ၊ ၁၀၄:၄။

1:8 ဆာ၊ ၄၅:၆-၇။

1:10 ဆာ၊ ၁၀၂:၂၅-၂၇။

1:13 ဆာ၊ ၁၁၀:၁။