56
ဘုရားသခင်၏လူမျိုးတော်တွင်လူမျိုးတကာတို့ ပါဝင်လာလိမ့်မည်ဖြစ်ကြောင်း
1 ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``ငါ သည်မကြာမီသူတို့ကိုကယ်တင်မည်။ သို့ဖြစ် ၍သင်တို့သည်ဖြောင့်မတ်မှန်ကန်ရာကိုပြုလုပ် ကြလော့။ 2 ဥပုသ်နေ့ကိုအလွဲသုံးစားမပြုဘဲကောင်း စွာစောင့်ထိန်းသူတို့နှင့် အဘယ်မကောင်းမှု ကိုမျှမပြုသူတို့ကိုကောင်းချီးပေးမည်'' ဟုမိန့်တော်မူ၏။
3 ထာဝရဘုရား၏လူမျိုးတော်တွင်ပါဝင်လာ သူလူမျိုးခြားတစ်စုံတစ်ယောက်သည်``ငါ့အား ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့်အတူ ဝတ်ပြုကိုးကွယ်ခွင့်ပြုလိမ့်မည်မဟုတ်'' ဟု မဆိုသင့်။
မိန်းမစိုးတစ်စုံတစ်ယောက်ကလည်း မိမိသည် သားသမီးမရနိုင်သဖြင့်၊ ဘုရားသခင်၏ လူမျိုးတော်တွင်အပါအဝင်မဖြစ်နိုင်ဟု အဘယ်အခါ၌မျှမဆိုအပ်။- 4 ထာဝရဘုရားကထိုသူတို့အား``သင်တို့ သည်ဥပုသ်နေ့ကိုစောင့်ထိန်းကာငါနှစ်သက် သည့်အမှုကိုပြု၍ ငါ၏ပဋိညာဉ်တော်ကို သစ္စာစောင့်ကြမည်ဆိုပါမူ၊- 5 ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
6 ထိုနောက်၊ ကိုယ်တော်၏လူမျိုးတော်အဖြစ် ခံယူကြသူ၊ ကိုယ်တော်ကိုချစ်၍အစေခံ လျက် ကိုးကွယ်ဝတ်ပြုသူ၊ ဥပုသ်နေ့ကို မညစ်ညူးစေအံ့ငှာ စောင့်ထိန်း၍ပဋိညာဉ် တော်ကိုသစ္စာစောင့်သူလူမျိုးခြားတို့အား ထာဝရဘုရားက၊-✡မ၊ ၂၁:၁၃။ မာ၊ ၁၁:၁၇။ လု၊ ၁၉:၄၆။ 7 ``ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် တောင်သို့သင်တို့အားပို့ဆောင်မည်။ ငါ့အား ဆုတောင်းပတ္ထနာပြုရာအိမ်တော်တွင် သင် တို့သည်ဝမ်းမြောက်ခွင့်ကိုရရှိကြလိမ့်မည်။ ငါ၏ယဇ်ပလ္လင်တွင်သင်တို့တင်လှူပူဇော် သည့်မီးရှို့ရာယဇ်တို့ကို ငါလက်ခံမည်။ ငါ ၏ဗိမာန်တော်ကိုလူမျိုးတကာတို့ ဆုတောင်း ပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်သမုတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
8 မိမိ၏လူမျိုးတော်အားပြည်နှင်ဒဏ်သင့် ရာမှသူတို့၏ပြည်သို့ပြန်လည်ခေါ်ဆောင်လာ တော်မူသောထာဝရအရှင်ဘုရားသခင် သည် အခြားအမျိုးသားတို့ကိုလည်းထို လူစုနှင့်အတူစုပေါင်းနေထိုင်ရန်ခေါ် ဆောင်လာတော်မူလိမ့်မည်။
ဣသရေလအမျိုးသားတို့အား ရှုတ်ချတော်မူခြင်း
9 ထာဝရဘုရားသည်လူမျိုးခြားတို့အား သားရဲတိရစ္ဆာန်များသဖွယ်လာ၍ မိမိ၏ လူမျိုးတော်ကိုသတ်ဖြတ်စေတော်မူ၏။- 10 ကိုယ်တော်က``ငါ၏လူမျိုးတော်အားကြိုတင် သတိပေးသင့်သူများဖြစ်သည့်ခေါင်းဆောင် တို့သည်မျက်စိကန်းလျက်နေကြ၏။ သူတို့ သည်အဘယ်အရာကိုမျှမသိ။ မဟောင်တတ် သည့်အိမ်စောင့်ခွေးများနှင့်တူကြ၏။ သူတို့ သည်လဲလျောင်းကာအိပ်မက်ဝင်လျက်သာ နေတတ်ကြ၏။ သူတို့သည်အလွန်အအိပ် မက်သူများဖြစ်ပါသည်တကား။- 11 သူတို့သည်စား၍အားမရနိုင်၊ လောဘကြီး သည့်ခွေးများနှင့်တူကြ၏။ သူတို့သည်ကား အသိတရားကင်းမဲ့သည့်ခေါင်းဆောင်များ တည်း။ မိမိတို့နှစ်သက်ရာကိုကိုယ်စီကိုယ်ငှ ဆောင်ရွက်ကြလျက်ကိုယ်ကျိုးကိုသာလျှင် ရှာကြံတတ်ကြ၏။- 12 ဤသေသောက်ကြူးတို့က`လာကြ၊ ငါတို့သည် စပျစ်ရည်ကိုယူ၍အစွမ်းကုန်သောက်ကြ ကုန်အံ့။ နက်ဖြန်နေ့သည်ယနေ့ထက်ပင်ပို ၍မွေ့လျော်ဖွယ်ကောင်းလိမ့်မည်' ဟုဆို တတ်ကြ၏။''