ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ
နိ​ဒါန်း
ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​သည်​ကမ္ဘာ​အ​ရပ်​ရပ် တွင်​ပျံ့​နှံ့​လျက်​ရှိ​သော ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​အ​ပေါင်း​တို့​ထံ​သို့​ပေး​ပို့​သည့်​စာ ဖြစ်​သည်။ လက်​တွေ့​ကျင့်​သုံး​မှု​ဆိုင်​ရာ​ညွှန် ကြား​ချက်​များ​ကို​စု​စည်း​ပေါင်း​စပ်​ထား​သည့် စာ​လည်း​ဖြစ်​သည်။ စာ​ရေး​သူ​သည်​ခ​ရစ်​ယာန် တို့​ရှိ​အပ်​သော​ဖြတ်​ထိုး​ဉာဏ်၊ စိတ်​နေ​စိတ် ထား၊ ကိုယ်​ကျင့်​တ​ရား​တို့​နှင့်​ပတ်​သက်​သည့် သြ​ဝါ​ဒ​များ​ကို​ဥ​ပ​မာ​များ​ဖြင့်​ပေါ် လွင်​အောင်​ရေး​သား​တင်​ပြ​ထား​ပေ​သည်။ ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​တွင်​ဆင်း​ရဲ​မှု နှင့်​ချမ်း​သာ​မှု၊ စုံ​စမ်း​သွေး​ဆောင်​မှု၊ အ​ကျင့် ကောင်း​မှု၊ မျက်​နှာ​လိုက်​မှု၊ ယုံ​ကြည်​ခြင်း​နှင့် ကျင့်​သုံး​မှု၊ နှုတ်​ကို​စောင့်​ထိန်း​မှု၊ ဉာဏ်​ပ​ညာ၊ ငြင်း​ခုံ​မှု၊ မာန်​မာ​န​ကြီး​မှု​နှင့်​စိတ်​နှ​လုံး နှိမ့်​ချ​မှု၊ သူ​တစ်​ပါး​အား​စစ်​ကြော​စီ​ရင်​မှု၊ ဝါ​ကြွား​မှု၊ စိတ်​ရှည်​သည်း​ခံ​မှု၊ ဆု​တောင်း ပတ္ထ​နာ​ပြု​မှု​စ​သည်​တို့​ကို​ခ​ရစ်​ယာန် ရှု​ထောင့်​မှ​ဆွေး​နွေး​တင်​ပြ​ထား​၏။
ဤ​သြ​ဝါ​ဒ​စာ​တွင်​ယုံ​ကြည်​ခြင်း​ကို​အ​ကျင့် အား​ဖြင့် ခ​ရစ်​ယာန်​ရှု​ထောင့်​မှ​သက်​သေ​ပြ​ရ မည်​ဖြစ်​ကြောင်း​အ​လေး​ထား​၍​သွန်​သင်​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁
ယုံ​ကြည်​ခြင်း​နှင့်​ဉာဏ်​ပ​ညာ ၁:၂-၈
ဆင်း​ရဲ​ခြင်း​နှင့်​ချမ်း​သာ​ကြွယ်​ဝ​ခြင်း ၁:၉-၁၁
စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​သွေး​ဆောင်​ခြင်း ၁:၁၂-၁၈
ကြား​နာ​ခြင်း​နှင့်​ကျင့်​သုံး​ခြင်း ၁:၁၉-၂၇
မျက်​နှာ​မ​လိုက်​ရန်​သ​တိ​ပေး​ခြင်း ၂:၁-၁၃
ယုံ​ကြည်​ခြင်း​နှင့်​အ​ကျင့် ၂:၁၄-၂၆
ခ​ရစ်​ယာန်​နှင့်​သူ​၏​လျှာ ၃:၁-၁၈
ခ​ရစ်​ယာန်​နှင့်​ကမ္ဘာ​လော​က ၄:၁-၅:၆
အ​ထွေ​ထွေ​သြ​ဝါ​ဒ​များ ၅:၇-၂၀
1
ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​စေ ခံ​ဖြစ်​သူ​ယာ​ကုပ်​သည် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​နှံ့ လျက်​ရှိ​သည့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​ထံ​သို့​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။ မ၊ ၁၃:၅၅။ မာ၊ ၆:၃။ တ၊ ၁၅:၁၃။ ဂလ၊ ၁:၁၉။
ယုံ​ကြည်​ခြင်း​နှင့်​ဉာဏ်​ပ​ညာ
ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက် ခြင်း​အ​မျိုး​မျိုး​နှင့်​တွေ့​ကြုံ​ရ​သော​အ​ခါ ဝမ်း​မြောက်​စ​ရာ​ဖြစ်​သည်​ဟု​ခံ​ယူ​ကြ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​စစ်​ကြော​စုံ​စမ်း​မှု​သည်​ခံ​နိုင်​ရည် ကို​ဖြစ်​ပွား​စေ​ကြောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။- သင်​တို့​သည်​မည်​သည့်​အ​ရာ​မျှ​ချို့​တဲ့​မှု​မ​ရှိ ဘဲ​ပြည့်​ဝ​စုံ​လင်​ကြ​စေ​ရန်​အ​ဆုံး​တိုင်​အောင် ခံ​နိုင်​ရည်​ရှိ​ရ​ကြ​မည်။- သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။- သို့​ရာ​တွင်​သင်​တို့​သည်​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ​ယုံ​ကြည်​သော​စိတ်​နှင့်​တောင်း​လျှောက်​ကြ​ရ မည်။ ယုံ​မှား​သံ​သ​ယ​ရှိ​သော​သူ​သည်​လေ တိုက်​၍​လှုပ်​ရှား​နေ​သော​ပင်​လယ်​လှိုင်း​နှင့်​တူ​၏။- 7-8 ဤ​ကဲ့​သို့​သော​သူ​သည်​စိတ်​နှစ်​ခွ​ရှိ​သူ၊ ပြု လေ​သ​မျှ​တို့​၌​တည်​ကြည်​မှု​မ​ရှိ​သူ​ဖြစ် သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ တစ်​စုံ​တစ်​ရာ​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​မှတ် စေ​နှင့်။
ဆင်း​ရဲ​ခြင်း​နှင့်​ချမ်း​သာ​ခြင်း
ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အား နိမ့် ကျ​သည့်​အ​ခြေ​အ​နေ​မှ ဘု​ရား​သ​ခင်​မြှင့် တင်​ပေး​လိုက်​သော​အ​ခါ​ဝမ်း​မြောက်​စေ။- 10 ချမ်း​သာ​ကြွယ်​ဝ​သော​ညီ​အစ်​ကို​သည်​မိ​မိ အား​ဘု​ရား​သ​ခင်​နိမ့်​ကျ​စေ​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​တော​ပန်း ကဲ့​သို့​ညှိုး​နွမ်း​ပျောက်​ပျက်​သွား​မည်​ဖြစ် သော​ကြောင့်​တည်း။- ဟေရှာ၊ ၄၀:၆-၇။ 11 နေ​ပူ​ရှိန်​သည်​အ​ပင်​ကို​ခြောက်​သွေ့​စေ​၍ အ​ပွင့်​ကို​ကြွေ​ကျ​စေ​၏။ သို့​ဖြစ်​၍​ယင်း​၏ တင့်​တယ်​လှ​ပ​မှု​သည်​ပျက်​စီး​ရ​သ​ကဲ့​သို့ ချမ်း​သာ​ကြွယ်​ဝ​သူ​သည် မိ​မိ​၏​အ​လုပ် အ​ကိုင်​ကို​ဆောင်​ရွက်​လျက်​နေ​စဉ်​ပျောက် ကွယ်​ရ​လိမ့်​မည်။
စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​သွေး​ဆောင်​ခြင်း
12 စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။- 13 စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရ​သူ​သည်`ငါ့​အား ဘု​ရား​သ​ခင်​စုံ​စမ်း​သွေး​ဆောင်​လျက်​နေ​သည်' ဟု​မ​ဆို​စေ​နှင့်။ မ​ကောင်း​မှု​သည်​ဘု​ရား​သ​ခင် အား​မ​သွေး​ဆောင်​နိုင်​ရာ။ ထို့​ပြင်​ကိုယ်​တော် တိုင်​အ​ဘယ်​သူ့​ကို​မျှ​စုံ​စမ်း​သွေး​ဆောင်​တော် မ​မူ။- 14 လူ​သည်​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သည်​ဆို သည်​မှာ မိ​မိ​၏​ဆိုး​ညစ်​သော​လို​အင်​ဆန္ဒ​ဆွဲ ဆောင်​ရာ​သို့​လိုက်​ပါ​ခြင်း​ပင်​ဖြစ်​၏။- 15 ထို​လို​အင်​ဆန္ဒ​သည်​သန္ဓေ​ယူ​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​ဖွား​မြင်​၏။ အ​ပြစ်​ဒု​စ​ရိုက် သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​သေ​ခြင်း ကို​ဖွား​မြင်​လေ​၏။
16 ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။- 17 ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။- 18 ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။
ကြား​နာ​ခြင်း​နှင့်​ကျင့်​သုံး​ခြင်း
19 ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို​မှတ် သား​ထား​ကြ​လော့။ သင်​တို့​အား​လုံး​သည် ကြား​နာ​မှု​တွင်​လျင်​မြန်​ကြ​စေ။ ပြော​ဆို မှု​နှင့်​အ​မျက်​ထွက်​မှု​တွင်​မူ​နှေး​ကြ​စေ။- 20 လူ​၏​အ​မျက်​ဒေါ​သ​သည်​ဘု​ရား​သ​ခင်​၏ ဖြောင့်​မတ်​သော​အ​ကြံ​အ​စည်​တော်​ကို​မ​ပြု စု​တတ်။- 21 သို့​ဖြစ်​၍​သင်​တို့​သည်​ညစ်​ညမ်း​သည့်​အ​လေ့ အ​ထ​နှင့်​ဆိုး​ယုတ်​သည့်​အ​ကျင့်​မှန်​သ​မျှ​တို့ ကို​ပယ်​ရှား​ကြ​လော့။ သင်​တို့​၏​စိတ်​အ​တွင်း ၌​ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော​တ​ရား တော်​သည် သင်​တို့​ကို​ကယ်​တင်​နိုင်​၏။ တ​ရား တော်​ကို​သိမ်​မွေ့​စွာ​ခံ​ယူ​ကြ​လော့။
22 တ​ရား​တော်​ကို​ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ ခြင်း​အား​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​မ​လှည့်​စား ကြ​နှင့်။ တ​ရား​တော်​ကို​လက်​တွေ့​ကျင့်​သုံး ကြ​လော့။- 23 တ​ရား​တော်​ကို​လက်​တွေ့​မ​ကျင့်​သုံး​ဘဲ ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ​သော​သူ​သည် မိ​မိ​ပ​က​တိ​မျက်​နှာ​ကို​မှန်​တွင်​ကြည့်​သူ နှင့်​တူ​၏။- 24 သူ​သည်​ယင်း​သို့​ကြည့်​၍​ထွက်​ခွာ​သွား​သည်​နှင့် တစ်​ပြိုင်​နက်​မိ​မိ​ပုံ​သ​ဏ္ဌာန်​ကို​မေ့​ပျောက်​၍ သွား​တတ်​လေ​သည်။- 25 သို့​ရာ​တွင်​လူ​တို့​အား​အ​ပြစ်​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​သော​စုံ​လင်​သည့်​တ​ရား​ကို သေ​ချာ​စွာ​လေ့​လာ​ကြည့်​ရှု​သော​သူ​ကား တ​ရား​နာ​ရုံ​သာ​နာ​၍​မေ့​လျော့​သော​သူ မ​ဟုတ်​ဘဲ​ဆက်​လက်​အာ​ရုံ​ပြု​ကာ​လက်​တွေ့ ကျင့်​သုံး​သော​သူ​ဖြစ်​သ​ဖြင့် အ​ဘယ်​အ​မှု မျိုး​ကို​ပြု​သည်​မ​ဆို​ဘု​ရား​သ​ခင်​၏ ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား​ရ​လိမ့်​မည်။
26 လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဟူ​၍​ယူ​ဆ သော်​လည်း မိ​မိ​၏​လျှာ​ကို​မ​ထိန်း​နိုင်​လျှင် ကိုယ့်​ကိုယ်​ကို​လှည့်​စား​သူ​ဖြစ်​၏။ သူ​၏​ဘု​ရား တ​ရား​ကြည်​ညို​မှု​သည်​လည်း​အ​ချည်း​နှီး ပင်​ဖြစ်​၏။- 27 ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။

1:1 မ၊ ၁၃:၅၅။ မာ၊ ၆:၃။ တ၊ ၁၅:၁၃။ ဂလ၊ ၁:၁၉။

1:10 ဟေရှာ၊ ၄၀:၆-၇။