5
ဒေ​ဗော​ရ​နှင့်​ဗာ​ရက်​သီ​ချင်း
ထို​နေ့​၌​ဒေ​ဗော​ရ​နှင့်​အ​ဘိ​နောင်​၏​သား ဗာ​ရက်​တို့​သည် အောက်​ပါ​သီ​ချင်း​ကို​သီ​ဆို ကြ​လေ​သည်။
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ကြ​၏။
ပြည်​သူ​တို့​က​လည်း​စေ​တ​နာ​အ​လျောက် ဝမ်း​မြောက်​စွာ​ပါ​ဝင်​ဆင်​နွှဲ​ကြ​၏။
သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။
အ​ချင်း​ရှင်​ဘု​ရင်​တို့​နား​ထောင်​ကြ​လော့။
အ​ချင်း​အာ​ဏာ​ပိုင်​တို့​သ​တိ​မူ​ကြ​လော့။
ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏
ဂုဏ်​တော်​ကို၊သီ​ကူး​ရန်​ငါ​သီ​ချင်း​ဆို​၍ စောင်း​ကို​တီး​မည်။
အို ထာ​ဝ​ရ​ဘု​ရား​စိ​ရ​တောင်​ရိုး​ပေါ်​မှာ ကိုယ်​တော်​ကြွ​လျက်
ဧ​ဒုံ​ပြည်​မှ​စစ်​ချီ​တော်​မူ​သော​အ​ခါ၊
မြေ​င​လျင်​လှုပ်​၍​ကောင်း​ကင်​မှ​မိုး​ရွာ​သွန်း ပါ​၏။
မိုး​တိမ်​များ​မှ​မိုး​ရေ​တို့​သည်​ကျ​ဆင်း​လာ ပါ​၏။
တောင်​ရိုး​တို့​သည်​သိ​နာ​တောင်​၏​အ​ရှင်
ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​တုန်​လှုပ်​ကြ ပါ​၏။ထွ၊ ၁၉:၁၈။
အာ​နတ်​၏​သား​ရှံ​ဂါ​လက်​ထက်​၌​လည်း​ကောင်း၊ ယေ​လ​လက်​ထက်​၌​လည်း​ကောင်း၊
ခ​ရီး​သွား​ကုန်​သည်​တို့​သည်​တိုင်း​ပြည်​ကို ဖြတ်​၍​မ​သွား​ကြ​တော့​ချေ။
ခ​ရီး​သည်​တို့​သည်​လမ်း​ကြို​လမ်း​ကြား​များ တို့​ကို​သာ အ​သုံး​ပြု​ကြ​၏။
ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မြို့​တို့​သည်​လူ​သူ ဆိတ်​ညံ​လျက်​ရှိ​၏။
ငါ​ဒေ​ဗော​ရ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏ မိ​ခင်​သ​ဖွယ်​မ​ပေါ်​ထွန်း​မီ
ထို​မြို့​တို့​သည်​လူ​သူ​ဆိတ်​ညံ​လျက်​ရှိ​ခဲ့​၏။
ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​များ​ကို​ရွေး​ယူ​ကြ​သော​အ​ခါ၊
တိုင်း​ပြည်​တွင်​စစ်​ဖြစ်​လေ​၏။
ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​လူ​ပေါင်း​လေး​သောင်း ရှိ​သည့် အ​နက်​ဒိုင်း​လွှား​တစ်​ခု​သို့​မ​ဟုတ်၊
လှံ​တစ်​ချောင်း​ကို​ကိုင်​ဆောင်​သူ​ရှိ​ပါ​၏​လော။
ငါ​၏​စိတ်​နှ​လုံး​သည်​ဣ​သ​ရေ​လ​စစ်​သူ​ကြီး များ ထံ​သို့​လည်း​ကောင်း၊
စေ​တ​နာ​စိတ်​နှင့်​စစ်​ပွဲ​ဝင်​ကြ​သည့်​ပြည်​သူ များ ထံ​သို့​လည်း​ကောင်း​နူး​ညွတ်​လျက်​ရှိ​ပါ​၏။
ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။
10 ကုန်း​နှီး​ပေါ်​တွင်​ထိုင်​၍​မြည်း​ဖြူ​ကို​စီး​ကြ သူ​တို့​နှင့် သွား​လာ​လေ​ရာ​တွင်
ခြေ​လျင်​လျှောက်​ရ​သူ​တို့​ဤ​အ​ကြောင်း အ​ရာ​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။
11 နား​ထောင်​ကြ​လော့။
ရေ​တွင်း​များ​ပတ်​လည်​တွင်​ဆူ​ညံ​နေ​သော လူ​အုပ်​တို့​သည်
ထာ​ဝ​ရ​ဘု​ရား​၏​အောင်​ပွဲ​တော် အ​ကြောင်း​ကို​လည်း​ကောင်း
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ​များ
အ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား​လျက်​နေ ကြ​၏။
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​မြို့​များ​မှ​ချီ​တက်​လာ​ကြ​၏။
12 ရှေ့​ဆောင်​ပါ​လော့။ အို ဒေ​ဗော​ရ​ရှေ့​ဆောင်​ပါ​လော့။
ရှေ့​ဆောင်​ပါ​လော့။ သီ​ချင်း​ဆို​ပါ​လော့။ ရှေ့​ဆောင်​ပါ​လော့။
အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ရှေ့​သို့​ချီ​တက်​ပါ​လော့။
သင်​၏​သုံ့​ပန်း​တို့​ကို​ထုတ်​ဆောင်​သွား​ပါ​လော့။
13 ထို​နောက်​သစ္စာ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​ထံ​သို့​လာ​ကြ​၏။
ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​လျက်​သူ့​ထံ​သို့​လာ​ကြ​၏။
14 သူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​နောက်​က လိုက်​၍
ဧ​ဖ​ရိမ်​နယ်​မြေ​မှ​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​လာ ကြ​၏။
စစ်​သူ​ကြီး​များ​သည်​မာ​ခိ​ရ​အ​နွယ်​ထဲ​မှ လည်း​ကောင်း
စစ်​အ​ရာ​ရှိ​တို့​သည်​ဇာ​ဗု​လုန်​အ​နွယ် ထဲ​မှ​လည်း​ကောင်း​ဆင်း​လာ​ကြ​၏။
15 ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင်​များ သည် ဒေ​ဗော​ရ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။
ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ လိုက်​လာ​ကြ​၏။
သူ​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ​လိုက်​၍ ချိုင့်​ထဲ​သို့​ဆင်း​ခဲ့​ကြ​၏။
ရု​ဗင်​အ​နွယ်​ဝင်​တို့​မူ​ကား​ညီ​ညွတ်​မှု​မ​ရှိ​သဖြင့် လိုက်​ပါ​လာ​ရန်​မိ​မိ​တို့​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။
16 သူ​တို့​သည်​အ​ဘယ်​ကြောင့်​သိုး​များ​နှင့်​အ​တူ နေ​ရစ်​ခဲ့​ကြ​ပါ​သ​နည်း။
သိုး​စု​များ​အား​သိုး​ထိန်း​တို့​ခေါ်​သံ​ကို နား​ထောင်​လို​၍​လော။
ရု​ဗင်​အ​နွယ်​ဝင်​တို့​ညီ​ညွတ်​မှု​မ​ရှိ​သည်​ကား မှန်​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။
17 ဂိ​လဒ်​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​နေ​ရစ်​ကြ​၏။
ဒန်​အ​နွယ်​ဝင်​တို့​သည်​လည်း​သင်္ဘော​များ အ​နီး​တွင်​နေ​ရစ်​ကြ​၏။
အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​ပင်​လယ်​ကမ်း​ခြေ အ​နီး​တွင်​နေ​ရစ်​ကြ​လေ​သည်။
18 သို့​ရာ​တွင်​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​မှ လူ​တို့​သည်​ကား​စစ်​မြေ​ပြင်​တွင်၊
မိ​မိ​တို့​၏​အ​သက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ စွန့်​စား​ကြ​သ​တည်း။
19 ရှင်​ဘု​ရင်​တို့​သည်​လာ​၍​မေ​ဂိဒ္ဒေါ​ချောင်း အ​နီး တာ​နက်​မြို့​၌​တိုက်​ခိုက်​ကြ​၏။
ခါ​နာန်​ဘု​ရင်​တို့​သည်​တိုက်​ခိုက်​ကြ​သော်​လည်း ငွေ​ကို​လု​ယူ​ခွင့်​မ​ရ​ကြ။
20 ကြယ်​နက္ခတ်​တို့​သည်​ကောင်း​ကင်​ပြင်​မှ တိုက်​ခိုက်​ကြ​၏။
သူ​တို့​သည်​မိုး​ကောင်း​ကင်​ကို​ဖြတ်​သန်း​သွား​စဉ် သိ​သ​ရ​ကို​တိုက်​ခိုက်​ကြ​၏။
21 အ​ဟုန်​ပြင်း​သည့်​ကိ​ရှုန်​မြစ်​သည်​ရေ​လျှံ​၍ ရန်​သူ​တို့​အား​မျော​ပါ​သွား​စေ​၏။
ငါ​ချီ​တက်​မည်။ ခွန်​အား​ဗ​လ​နှင့်​ရှေ့​သို့ ချီ​တက်​မည်။
22 ထို​အ​ခါ​မြင်း​တို့​သည်​ဒုန်း​စိုင်း​၍​မြေ​ကို ခွာ​နှင့် ပေါက်​လျက်​လာ​ကြ​၏။
23 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ``မေ​ရော​ဇ​မြို့​ကို​ကျိန်​ဆဲ​ကြ​လော့။
ထို​မြို့​သား​တို့​အား​ကျိန်​ဆဲ​ကြ​လော့။
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​မှ ကူ​ညီ​ရန်​မ​လာ​ကြ။
ထာ​ဝ​ရ​ဘု​ရား​အ​တွက်​တိုက်​ခိုက်​ရန်
စစ်​သည်​တော်​များ​မ​လာ​ကြ'' ဟု​မြွက်​ဆို​၏။
24 ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​၏​ဇ​နီး​ယေ​လ​သည်
တဲ​ရှင်​တွင်​နေ​ထိုင်​သူ၊အ​မျိုး​သ​မီး​တို့​အ​နက် မင်္ဂ​လာ​အ​ရှိ​ဆုံး​ဖြစ်​၏။
25 သိ​သ​ရ​သည်​ရေ​ကို​တောင်း​သော်​လည်း​ယေ​လ​က နို့​ကို​ပေး​၏။
လှ​ပ​သော​ခွက်​ဖ​လား​ဖြင့်​နို့​ကို​ပေး​၏။
26 သူ​သည်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ခု​ကို​လက်​တစ်​ဘက်​နှင့် ယူ​၍​အ​လုပ်​သ​မား​တူ​တစ်​လက်​ကို
အ​ခြား​လက်​တစ်​ဖြင့်​ကိုင်​ပြီး​လျှင်​သိ​သ​ရ​၏ ဦး​ခေါင်း​ကို​ရိုက်​သွင်း​လိုက်​ရာ
ငုတ်​ချွန်​သည်​သူ​၏​ဦး​ခေါင်း​ကို​ထုတ်​ချင်း ပေါက်​၍​သွား​လေ​သည်။
27 သိ​သ​ရ​သည်​လဲ​ကျ​ပြီး​လျှင်​ယေ​လ​၏ ခြေ​ရင်း​၌ မ​လှုပ်​မ​ရှား​ဘဲ​နေ​၏။
သူ​သည်​မြေ​ပေါ်​သို့​လဲ​ကျ​ကာ​ယေ​လ​၏​ခြေ​ရင်း​၌ သေ​လျက်​နေ​၏။
28 သိ​သ​ရ​၏​မိ​ခင်​သည်​ပြူ​တင်း​ပေါက်​မှ​မျှော် ၍​ကြည့်​၏။ သူ​သည်​တ​ရုတ်​ကပ်​၏​နောက်​မှ​ငေး​၍​ကြည့်​၏။
``သူ​၏​ရ​ထား​သည်​အ​ဘယ်​ကြောင့်​ကြန့်​ကြာ​၍ နေ​ပါ​သ​နည်း။
သူ​၏​မြင်း​တို့​သည်​အ​ဘယ်​ကြောင့်​အ​ပြန်​နှေး​လျက် နေ​ပါ​သ​နည်း'' ဟု​မြည်​တမ်း​ပြော​ဆို​လျက်​နေ​၏။
29-30 သူ​၏​ပ​ညာ​ရှိ​နန်း​တွင်း​သူ​တို့​က``သူ​တို့​သည် ဖမ်း​ဆီး​သိမ်း​ယူ​၍​ဝေ​ငှ​ရန်​အ​တွက်၊
ပစ္စည်း​ဥစ္စာ​များ​ကို​ရှာ​ဖွေ​လျက်​ရှိ​ကြ​ပါ​မည်။
စစ်​သား​တစ်​ယောက်​စီ​အ​တွက်​အ​ပျို​က​ညာ တစ်​ယောက်​နှစ်​ယောက်​ကို​လည်း​ကောင်း၊
သိ​သ​ရ​အ​တွက်​အ​ဖိုး​ထိုက်​အ​ဝတ် အ​ထည်​နှင့် မိ​ဖု​ရား​အ​တွက်၊
ပန်း​ထိုး​လည်​စည်း​တန်​ဆာ​တို့​ကို​လည်း​ကောင်း
ရှာ​ဖွေ​လျက်​နေ​သော​ကြောင့်​ပင်​ဖြစ်​တန်​ရာ​၏'' ဟု
ပြန်​လည်​ဖြေ​ကြား​ကြ​သ​ဖြင့်​သူ​ကိုယ်​တိုင်​လည်း
ထို​အ​တိုင်း​အ​ဖန်​တ​လဲ​လဲ​တွေး​တော​လျက် နေ​သ​တည်း။
31 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​၏​ရန်​သူ အ​ပေါင်း​တို့​သည်
ဤ​နည်း​အ​တိုင်း​ပင်​ဆုံး​ရှုံး​ပျက်​စီး​ကြ​ပါ စေ​သော။
သို့​ရာ​တွင်​ကိုယ်​တော်​၏​မိတ်​ဆွေ​များ​မှာ​မူ​ကား
တက်​သစ်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ ကြ​ပါ​စေ​သော။
ထို​နောက်​ခါ​နာန်​ပြည်​တွင်​အ​နှစ်​လေး​ဆယ် တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။

5:5 ထွ၊ ၁၉:၁၈။