ယေ​ရ​မိ​အ​နာ​ဂတ္တိ​ကျမ်း
နိ​ဒါန်း
ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ခ​ရစ်​တော်​မ​ပေါ် ထွန်း​မီ​ခု​နစ်​ရာ​စု​နှစ်​နောက်​ပိုင်း​နှင့် ခြောက် ရာ​စု​နှစ်​ရှေ့​ပိုင်း​ကာ​လ​တွင်​ကြာ​မြင့်​စွာ အ​မှု​တော်​ဆောင်​ခဲ့​သည်။ ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​အား​မိ​မိ​တို့​၏​ရုပ်​တု​ကိုး​ကွယ် မှု​နှင့်​အ​ပြစ်​များ​ကြောင့် မိ​မိ​တို့​နိုင်​ငံ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​မည့်​ဘေး ဒုက္ခ​ကြီး​နှင့်​သက်​ဆိုင်​၍​သ​တိ​ပေး​သည်။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​လက် အောက်​သို့​ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​သွား ခြင်း​နှင့်၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော် ဖျက်​ဆီး​ခံ​ရ​ခြင်း​ဖြင့် ယု​ဒ​ရှင်​ဘု​ရင် နှင့်​တ​ကွ​လူ​အ​များ​သည်​ဗာ​ဗု​လုန် နိုင်​ငံ​သို့​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​မှု​ဖြင့် လည်​ကောင်း၊ မိ​မိ​၏​ကြို​တင်​ဟော​ကြား သည့်​အ​တိုင်း​အ​မှန်​ပင်​ဖြစ်​လာ​ကြောင်း ကို​သူ​သည်​အ​သက်​ရှင်​၍​မြင်​ခွင့်​ရ​ခဲ့ သည်။ ယေ​ရ​မိ​က​ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​နောက်​ဆုံး​၌​တိုင်း​တစ်​ပါး​မှ​ပြန် လာ​ရ​၍ နိုင်​ငံ​ကို​ပြန်​လည်​တည်​ထောင်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကြို​တင်​ပြော​ကြား ခဲ့​သည်။
ယေ​ရ​မိ​အ​နာ​ဂတ္တိ​ကျမ်း​ကို​အောက်​ပါ အ​ပိုင်း​များ​အ​လိုက်​ခွဲ​ခြား​နိုင်​သည်။ (၁) ယေ​ရ​မိ​အား​ရွေး​ကောက်​ခေါ်​ယူ​တော်​မူ ခြင်း။ (၂) ယော​ရှိ၊ ယော​ယ​ကိမ်၊ ယေ​ခေါ​နိ​နှင့် ဇေ​ဒ​ကိ​မင်း​တို့​အုပ်​စိုး​နေ​စဉ်​အ​ချိန်​ကာ​လ များ​အ​တွင်း​ယု​ဒ​နိုင်​ငံ​တော်​ကြီး​နှင့်​အုပ် ချုပ်​သူ​များ​အ​တွက်​ဘု​ရား​သ​ခင်​၏​ထံ​မှ ဗျာ​ဒိတ်​တော် (၃) ယေ​ရ​မိ​အ​သက်​ရှင်​စဉ် ကာ​လ​အ​တွင်း​ပ​ရော​ဖက်​ပြု​ချက်​အ​မျိုး မျိုး​နှင့်​အ​ရေး​ကြီး​သော​အ​ဖြစ်​အ​ပျက် များ​ပါ​ဝင်​သည့်​ယေ​ရ​မိ​၏​အ​တွင်း​ရေး မှူး​ဗာ​ရုတ်​၏​ကိုယ်​ရေး​မှတ်​တမ်း​များ​ထဲ မှ​အ​ချက်​အ​လက်​များ (၄) ထာ​ဝ​ရ​ဘု​ရား ထံ​မှ​အ​ခြား​နိုင်​ငံ​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော် (၅) ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​မည့် အ​ကြောင်း​နှင့်​ဗာ​ဗု​လုန်​သို့​ပြည်​နှင်​ဒဏ်​ခံ ရ​မည့်​သူ​များ​အ​ကြောင်း​ဖော်​ပြ​ထား သည့်​သ​မိုင်း​ကြောင်း​နောက်​ဆက်​တွဲ။
ယေ​ရ​မိ​သည်​စိတ်​ထိ​ခိုက်​လွယ်​သော​သူ​ဖြစ် သည်။ မိ​မိ​၏​လူ​မျိုး​ကို​သူ​သည်​လွန်​စွာ​ချစ် ၍၊ ထို​သူ​တို့​အ​ပေါ်​သို့​တ​ရား​စီ​ရင်​ချက် ကြေ​ငြာ​ရ​ခြင်း​ကို​မ​ပြု​လို​သူ​ဖြစ်​သည်။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ပ​ရော​ဖက် အ​ဖြစ်​ခေါ်​ယူ​တော်​မူ​ခြင်း​ကြောင့် သူ​ခံ စား​ရ​သော​ခံ​စား​ချက်​များ​အ​တွက်​စိတ် ထိ​ခိုက်​စွာ​ပြော​ဆို​ခဲ့​ကြောင်း​ကို​ကျမ်း​ပိုဒ် များ​ထဲ​၌​တွေ့​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​သူ​၏​စိတ်​နှ​လုံး​ထဲ ၌​မီး​ကဲ့​သို့​ဖြစ်​၍ ထို​အ​ရာ​ကို​ထိန်း​သိမ်း ထား​ခြင်း​ငှာ​မ​တတ်​နိုင်​ခဲ့​ပေ။
ဤ​စာ​အုပ်​ထဲ​၌​ယေ​ရ​မိ​၏​ခက်​ခဲ​သော​ဒုက္ခ ကာ​လ​ကို​ကျော်​လွန်​၍ ပ​ဋိ​ညာဉ်​တော်​သစ်​ရ ရှိ​မည့်​အ​ချိန်​ကာ​လ​ကို​ညွှန်​ပြ​ထား​သည့် စ​ကား​လုံး​ကြီး​များ​ပါ​ဝင်​ပေ​သည်။ ထို ပ​ဋိ​ညာဉ်​တော်​သစ်​ကို​လိုက်​နာ​ရန်​အ​တွက် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား​သ​တိ ပေး​ရန်​မ​လို​ပေ။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​ပ​ဋိ​ညာဉ်​တော်​သစ်​သည် ထို​သူ​တို့​၏​စိတ် နှ​လုံး​၌​ရေး​သား​ထား​မည်​ဖြစ်​သော​ကြောင့် တည်း။ (၃၁:၃၁-၃၄)
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ယေ​ရ​မိ​အား​ခေါ်​ယူ​တော်​မူ​ခြင်း ၁:၁-၁၉
ယော​ရှိ၊ ယော​ယ​ကိမ်၊ ယေ​ခေါ​နိ​နှင့်​ဇေ​ဒ​ကိ​မင်း​များ
အုပ်​စိုး​စဉ်​ကာ​လ​အ​တွင်း​ဟော​ကြား​ချက်​များ ၂:၁-၂၅:၃၈
ယေ​ရ​မိ​တွေ့​ကြုံ​သည့် အ​ဖြစ်​အ​ပျက်​များ ၂၆:၁-၄၅:၅
နိုင်ငံ​ကြီး​များ​ကို​ဆန့်​ကျင်​လျက် ဟော​ကြား​ချက်​များ ၄၆:၁-၅၁:၆၄
ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း ၅၂:၁-၃၄
1
ဤ​ကျမ်း​စာ​တွင် ယေ​ရ​မိ​မြွက်​ဟ​ပြော​ဆို ချက်​တို့​ကို​ဖော်​ပြ​ထား​လေ​သည်။ သူ​သည် ဗင်္ယာ​မိန်​နယ်​မြေ၊ အာ​န​သုတ်​မြို့​ရှိ​ယဇ်​ပု​ရော ဟိတ်​တစ်​ပါး​ဖြစ်​သူ​ဟိ​လ​ခိ​၏​သား​ဖြစ် သည်။- ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​အာ​မုန် နန်း​စံ တစ်​ဆယ့်​သုံး​နှစ်​မြောက်​၌ ထာ​ဝ​ရ​ဘု​ရား သည်​ယေ​ရ​မိ​ကို​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။- ၄ရာ၊ ၂၂:၃-၂၃:၂၇။ ၆ရာ၊ ၃၄:၈-၃၅:၁၉။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား​ယော​ယ ကိမ်​မင်း​လက်​ထက်​၌​လည်း သူ့​ကို​တစ်​ဖန်​ဗျာ ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ထို​နောက်​ကိုယ်​တော်​သည် ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်၊ ပဉ္စ​မ​လ​၌​ယေ​ရု​ရှ​လင်​မြို့​သား တို့​ပြည်​နှင်​ဒဏ်​သင့်​ချိန်​တိုင်​အောင် အ​ကြိမ် ပေါင်း​များ​စွာ​သူ့​အား​ဗျာ​ဒိတ်​တော်​များ ကို​ပေး​တော်​မူ​လေ​သည်။ ၄ရာ၊ ၂၃:၃၆-၂၄:၇၊၁၈-၂၅:၂၁။ ၆ရာ၊ ၃၆:၅-၈၊ ၁၁:၂၁။
ယေ​ရ​မိ​ကို​ရွေး​ကောက်​ခေါ်​ယူ​တော်​မူ​ခြင်း
4-5 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား​ဇီ​ဝ အ​သက်​ကို​မ​ပေး​မီ​ရွေး​ချယ်​၍​သင်​မ​မွေး ဖွား​မီ​က​ပင် သီး​သန့်​သတ်​မှတ်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ပ​ရော​ဖက်​အ​ဖြစ်​ခန့်​ထား ခဲ့​၏'' ဟု​ငါ့​ကို​မိန့်​တော်​မူ​သော​အ​ခါ၊
ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဖြစ်​၍ အ​ဘယ်​သို့​ဟော​ပြော​ရ​မည်​ကို​မ​သိ​ပါ'' ဟု​လျှောက်​ထား​၏။
သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဟု​မ​ဆို​နှင့်။ ငါ​စေ​လွှတ်​သည့်​သူ​ထံ​သို့​သင်​သွား​၍ ငါ မိန့်​မှာ​တော်​မူ​သ​မျှ​ကို​ပြန်​ကြား​လော့။- ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့်​အား​ကွယ် ကာ​တော်​မူ​မည်။ သို့​ဖြစ်​၍​သင်​သည်​ထို​သူ တို့​ကို​မ​ကြောက်​နှင့်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု ငါ့​ကို​မိန့်​တော်​မူ​၏။
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​၍ ငါ​၏​နှုတ်​ကို​တို့​တော်​မူ​ပြီး လျှင်``နား​ထောင်​လော့၊ သင်​ပြော​ဆို​ရ​မည့်​ဗျာ ဒိတ်​စ​ကား​ကို ယ​ခု​ပင်​သင့်​အား​ငါ​ပေး​၏။
10 လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ​ကို​ဆွဲ​နုတ် ဖြို​ချ၊ ဖျက်​ဆီး​ဖြုတ်​ချ၊ တည်​ဆောက်​စိုက်​ပျိုး နိုင်​သော​အာ​ဏာ​ကို​ယ​နေ့​သင့်​အား​ငါ ပေး​ပြီ'' ဟု​မိန့်​တော်​မူ​၏။
ရူ​ပါ​ရုံ​နှစ်​ရပ်
11 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊ သင်​အ​ဘယ် အရာ​ကို​မြင်​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
ငါ​က​လည်း``ဗာ​တံ​ကိုင်း​ကို​မြင်​ပါ​သည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
12 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​ပြော​သည် အ​တိုင်း​မှန်​ပေ​၏။ ငါ​သည်​လည်း​ငါ့​စ​ကား အ​ကောင်​အ​ထည်​ဖော်​သည်​ကို​စောင့်​ကြည့် လျက်​နေ​၏'' ဟု​မိန့်​တော်​မူ​၏။
13 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``သင်​သည်​အ​ခြား​အဘယ် အ​ရာ​ကို​မြင်​သေး​သ​နည်း'' ဟု​မေး​တော်​မူ လျှင်၊
ငါ​က``မြောက်​အ​ရပ်​တွင် ဆူ​ပွက်​နေ​သော​အိုး ကင်း​ကို​မြင်​ပါ​သည်။ ထို​အိုး​ကင်း​သည်​တောင် ဘက်​သို့​စောင်း​၍ မှောက်​တော့​မည်​ကဲ့​သို့​ရှိ ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
14 ကိုယ်​တော်​သည်​ငါ့​အား``ဤ​ပြည်​တွင် နေ​ထိုင် သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ မြောက်​အ​ရပ်​မှ ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​လာ​လိမ့်​မည်။- 15 ငါ​သည်​မြောက်​အ​ရပ်​ရှိ​လူ​မျိုး​တ​ကာ​ကို ခေါ်​ယူ​လျက်​နေ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။ သူ​တို့​၏​ဘု​ရင်​များ​သည်​လာ​၍ မိ​မိ​တို့​ရာ​ဇ​ပလ္လင်​ကို ယေ​ရု​ရှ​လင်​မြို့​ပတ် လည်​နှင့်​မြို့​တံ​ခါး​များ​အ​နီး​၌​လည်း ကောင်း၊ ယု​ဒ​မြို့​တို့​၏​ပတ်​ဝန်း​ကျင်​၌​လည်း ကောင်း​တည်​ထား​ကြ​လိမ့်​မည်။- 16 ဤ​နည်း​အား​ဖြင့်​ငါ​သည်​အ​ပြစ်​ကူး​လွန် သူ​များ၊ ငါ့​ကို​စွန့်​ပစ်​သူ​များ၊ အ​ခြား​ဘု​ရား တို့​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့​ပူ​ဇော်​သူ များ​နှင့် မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​အား​အ​ပြစ် ပေး​တော်​မူ​မည်။- 17 သင်​သည်​ရဲ​ဝံ့​စွာ​သွား​၍​ထို​သူ​တို့​အား ငါ​မိန့် မှာ​တော်​မူ​သ​မျှ​ကို​ပြော​ကြား​လော့။ သူ​တို့ ကို​မ​ကြောက်​နှင့်။ အ​ကယ်​၍​သင်​သည်​သူ​တို့ ကို​ကြောက်​လျက်​နေ​ပါ​မူ ငါ​သည်​သင့်​အား သူ​တို့​ရှေ့​တွင်​ပို​၍​ပင်​ကြောက်​လန့်​လာ​စေ လိမ့်​မည်။
18-19 ယေ​ရ​မိ၊ နား​ထောင်​လော့။ ဤ​နိုင်​ငံ​ရှိ​လူ​အ​ပေါင်း တို့​ဖြစ်​သည့်​ယု​ဒ​ဘု​ရင်​များ၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​များ​သည် သင့်​ကို အ​တိုက်​အ​ခံ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ တို့​ကို​ခု​ခံ​နိုင်​စွမ်း​ရှိ​အောင် သင့်​ကို​ယ​နေ့​ငါ ပြု​မည်။ သင်​သည်​ခံ​တပ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ သံ​တိုင်​နှင့်​ကြေး​ဝါ​နံ​ရံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​မည်။ သို့​ဖြစ်​၍​သူ​တို့ သည်​သင့်​အား​နှိမ်​နင်း​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

1:2 ၄ရာ၊ ၂၂:၃-၂၃:၂၇။ ၆ရာ၊ ၃၄:၈-၃၅:၁၉။

1:3 ၄ရာ၊ ၂၃:၃၆-၂၄:၇၊၁၈-၂၅:၂၁။ ၆ရာ၊ ၃၆:၅-၈၊ ၁၁:၂၁။