ဝတ်​ပြု​ရာ​ကျမ်း
နိ​ဒါန်း
ဝတ်​ပြု​ရာ​ကျမ်း​တွင်​ရှေး​ခေတ်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏ ဝတ်​ပြု​ကိုး​ကွယ်​မှု​နှင့်​ဘာ သာ​ရေး​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း တာ​ဝန် ယူ​ဆောင်​ရွက်​ရ​သော​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ညွှန်​ကြား​ချက်​များ​ဖော်​ပြ​ပါ​ရှိ​သည်။
ဤ​ကျမ်း​၏​အ​ဋ္ဌိ​က​အ​ကြောင်း​အ​ရာ​မှာ​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ​ခြင်း​နှင့်​ကိုယ်​တော်​၏ လူ​မျိုး​တော်​သည်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​သော​ဘု​ရား​သ​ခင်'' နှင့်​ဆက်​သွယ်​မှု ရှိ​နေ​စေ​ရန်​လိုက်​နာ​ရ​မည့်​ဝတ်​ပြု​ကိုး​ကွယ်​မှု၊ အ​သက်​ရှင်​နေ​ထိုင်​မှု​ဆိုင်​ရာ​နည်း​လမ်း များ​အ​ကြောင်း​ဖြစ်​သည်။
သ​ခင်​ယေ​ရှု​က​ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး သော​ပ​ညတ်​တော်​ဟူ​၍​ဖွင့်​ဆို​ခဲ့​သော``ကိုယ် ၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်'' ဟူ​သော​ကျမ်း​ချက်​ကို​အ​ခန်း​ကြီး ၁၉ ငယ် ၁၈ တွင်​တွေ့​နိုင်​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ယဇ်​ပူ​ဇော်​ခြင်း​နှင့်​အ​ခြား​ပူ​ဇော်​သ​ကာ​များ ဆိုင်​ရာ​ပ​ညတ်​များ ၁:၁-၇:၃၈။
အာ​ရုန်​နှင့်​သူ​၏​သား​များ​ကို​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​သိက္ခာ​တင်​ခြင်း ၈:၁-၁၀:၂၀။
ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​ခြင်း​နှင့် မ​သန့်​ရှင်း​ခြင်း​ဆိုင်​ရာ​ပ​ညတ်​များ ၁၁:၁-၁၅:၃၃။
အ​ပြစ်​ဖြေ​ရာ​နေ့ ၁၆:၁-၃၄။
သန့်​ရှင်း​စွာ​နေ​ထိုင်​မှု​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​ပ​ညတ်​များ ၁၇:၁-၂၇:၃၄။
1
အ​ကောင်​လိုက်​ပူ​ဇော်​ရာ​ယဇ်
1-2 ထာ​ဝ​ရ​ဘု​ရား​သည် စံ​တော်​မူ​ရာ​တဲ​တော် ထဲ​မှ​မော​ရှေ​ကို​ဆင့်​ခေါ်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ယဇ်​ပူ​ဇော်​ရာ​တွင်​လိုက်​နာ​ရန် အောက် ဖော်​ပြ​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​သည်။
တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​ကို​ယဇ် ပူ​ဇော်​သည့်​အ​ခါ မိ​မိ​နွား​အုပ်​ထဲ​မှ​ဖြစ်​စေ၊ သိုး​အုပ်​သို့​မ​ဟုတ်​ဆိတ်​အုပ်​ထဲ​မှ​ဖြစ်​စေ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။- နွား​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​မည်​ဆို​လျှင် ထို​နွား​၌​အ​ပြစ်​အ​နာ​မ​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​သူ​ကို​နှစ်​သက်​လက်​ခံ​ရန်​သူ သည်​နွား​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။- သူ​သည်​ထို​နေ​ရာ​တွင်​နွား​ကို​သတ်​၍ အာ​ရုန် ၏​သား​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့ က​သွေး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ပြီး လျှင် တဲ​တော်​တံ​ခါး​ဝ​တွင်​ရှိ​သော​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ ကြ​မည်။- ထို​နောက်​သူ​သည်​နွား​ကို​အ​ရေ​ဆုတ်​၍ ခုတ် ဖြတ်​ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​တို့​က​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​ကို​စီ​ခင်း​၍ မီး​ညှိ​ရ​မည်။- ထို့​နောက်​အ​သား​တစ်၊ ဦး​ခေါင်း​နှင့်​အ​ဆီ​ကို ထင်း​ပေါ်​တွင်​စီ​တင်​ရ​မည်။- ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို​ရေ​ဆေး ရ​မည်။ ထို့​နောက်​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် သည် တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​ကို​ပလ္လင်​ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့ ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။
10 ထို​သူ​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ယဇ်​ပူ ဇော်​လို​လျှင် ထို​ယဇ်​ကောင်​သည်​အ​ပြစ်​အ​နာ ကင်း​သည့်​သိုး​ထီး​ဆိတ်​ထီး​ဖြစ်​ရ​မည်။- 11 သူ​သည်​ယဇ်​ကောင်​ကို​ယဇ်​ပလ္လင်​၏​မြောက်​ဘက် တွင်​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ယဇ် ကောင်​၏​သွေး​ကို ပလ္လင်​ဘေး​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။- 12 သူ​သည်​ယဇ်​ကောင်​ကို​ခုတ်​ဖြတ်​ပြီး​နောက် တာ​ဝန် ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​အ​သား​တစ်၊ ဦး​ခေါင်း နှင့်​အ​ဆီ​ကို​ထင်း​မီး​ပေါ်​တွင်​တင်​ရ​မည်။- 13 သူ​သည်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို ရေ​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​တစ်​ကောင် လုံး​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။
14 တစ်​စုံ​တစ်​ယောက်​သည်​ငှက်​ကို​ယဇ်​ပူ​ဇော် လို​လျှင် ငှက်​သည်​ချိုး​ငှက်​သို့​မ​ဟုတ်​ခို​ဖြစ် ရ​မည်။- 15 ယဇ်​ပု​ရော​ဟိတ်​သည်​ငှက်​ကို​ပလ္လင်​သို့​ယူ​ဆောင် ခဲ့​၍ လည်​ပင်း​ကို​လိမ်​ချိုး​ပြီး​လျှင် ငှက်​ဦး​ခေါင်း ကို​ပလ္လင်​တွင်​မီး​ရှို့​ရ​မည်။ ငှက်​သွေး​ကို​ပလ္လင် ဘေး​ပေါ်​သို့​ညှစ်​ချ​ရ​မည်။- 16 ထို့​နောက်​စ​လုတ်​ရှိ​အ​စာ​နှင့်​တ​ကွ​စ​လုတ် ကို​ထုတ်​၍ ပလ္လင်​အ​ရှေ့​ဘက်​ရှိ​ပြာ​ပုံ​ထဲ​သို့ ပစ်​လိုက်​ရ​မည်။- 17 သူ​သည်​အ​တောင်​ပံ​များ​ကို​ကိုင်​၍​ငှက်​ကိုယ် ကို​ဆွဲ​ဖွင့်​ရ​မည်။ သို့​ရာ​တွင်​အ​တောင်​များ​မ ကျွတ်​ထွက်​စေ​ရ။ ထို့​နောက်​တစ်​ကောင်​လုံး​ကို ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။