17
သွေး၏သန့်ရှင်းခြင်းဆိုင်ရာပညတ်
1-2 ထာဝရဘုရားသည် မောရှေမှတစ်ဆင့်အာရုန်၊ သူ၏သားများနှင့်ဣသရေလအမျိုးသား အပေါင်းတို့အား အောက်ဖော်ပြပါပညတ် များကိုချမှတ်ပေးတော်မူ၏။- 3-4 ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝမှလွဲ၍ အခြားတစ်နေရာရာတွင်နွားကို ဖြစ်စေ၊ ဆိတ်ကိုဖြစ်စေသတ်၍ ထာဝရဘုရား အားပူဇော်သောဣသရေလအမျိုးသားသည် ပညတ်တော်ကိုချိုးဖောက်သူဖြစ်၏။ သူသည် သွေးသွန်းမှုလွန်ကူးသောကြောင့် ထာဝရ ဘုရား၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံ ရမည်။- 5 ဤပညတ်၏ရည်ရွယ်ချက်မှာဣသရေလ အမျိုးသားတို့သည် ယခင်ကတိရစ္ဆာန်များကို ကွင်းပြင်၌သတ်ခဲ့သော်လည်း ယခုထာဝရ ဘုရားရှေ့တော်၌သတ်စေရန်ဖြစ်သည်။ သူ တို့သည်တိရစ္ဆာန်များကို ယဇ်ပုရောဟိတ်ထံ တဲတော်တံခါးဝသို့ယူဆောင်ခဲ့ပြီးလျှင် မိတ်သဟာယယဇ်အဖြစ်သတ်၍ပူဇော် ရမည်။- 6 ယဇ်ပုရောဟိတ်သည် သွေးကိုတဲတော်တံခါးဝ ရှိယဇ်ပလ္လင်လေးဘက်တွင် ပက်ဖျန်းရမည်။ ထို နောက်အဆီကိုမီးရှို့ပူဇော်သဖြင့် ထာဝရ ဘုရားနှစ်သက်တော်မူသောရနံ့ကိုထွက် ပေါ်စေမည်။- 7 ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားသစ္စာဖောက်၍ကွင်းပြင်များတွင် တိရစ္ဆာန်များကိုသတ်ပြီး နတ်မိစ္ဆာတို့အား နောက်တစ်ဖန်မပူဇော်ရ။ ဣသရေလအမျိုး သားတို့သည် ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။
8-9 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ တဲတော်တံခါးဝမှလွဲ၍အခြား တစ်နေရာတွင် မီးရှို့သောယဇ်ကိုသော်လည်း ကောင်း၊ အခြားယဇ်ကောင်ကိုသော်လည်းကောင်း ထာဝရဘုရားအားပူဇော်လျှင်ထိုသူကို ဘုရားသခင်၏လူမျိုးတော်မှထုတ်ပယ် ရမည်။
10 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ သွေးပါသောအသားကိုစား လျှင် ထာဝရဘုရားသည်ထိုသူကိုမျက်နှာ လွှဲ၍ မိမိ၏လူမျိုးတော်မှထုတ်ပယ်တော် မူလိမ့်မည်။-✡က၊ ၉:၄။ ဝတ်၊ ၇:၂၆-၂၇။ ၁၉:၂၆။ တရား၊ ၁၂:၁၆၊၂၃၊၁၅:၂၃။ 11 သတ္တဝါတိုင်း၏အသက်သည်သွေး၌တည်သော ကြောင့် ထာဝရဘုရားသည်လူတို့၏အပြစ် ပြေစေရန်အတွက် သွေးဟူသမျှကိုယဇ်ပလ္လင် ပေါ်သို့သွန်းလောင်းရမည်ဟုပညတ်တော် မူ၏။ သွေးသည်အသက်ဖြစ်၍ အပြစ်ကို ပြေစေ၏။-✡ဟေဗြဲ၊ ၉:၂၂။ 12 ထိုအကြောင်းကြောင့်ဣသရေလအမျိုးသား ဖြစ်စေ၊ ဣသရေလအမျိုးသားတို့နှင့်နေ ထိုင်သောလူမျိုးခြားသားဖြစ်စေ သွေးပါ သောအသားကိုမစားရဟုထာဝရ ဘုရားပညတ်တော်မူ၏။
13 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား ဖြစ်စေ၊ စားနိုင်သောတိရစ္ဆာန်သို့မဟုတ်ငှက် ကိုဖမ်းမိလျှင် ထိုသတ္တဝါ၏သွေးကိုမြေကြီး ပေါ်သို့သွန်းလောင်း၍မြေဖြင့်ဖုံးရမည်။- 14 သတ္တဝါတိုင်း၏အသက်သည်သွေး၌တည်သော ကြောင့် ဣသရေလအမျိုးသားတို့သည်သွေး ပါသောအသားကိုမစားရ။ စားသောသူသည် ကိုယ်တော်၏လူမျိုးတော်မှထုတ်ပယ်ခြင်း ကိုခံရမည်ဟုထာဝရဘုရားမိန့်တော် မူ၏။
15 ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြား သားဖြစ်စေ၊ ဋ္ဌမ္မတာအလျောက်သေသော တိရစ္ဆာန်၏အသား သို့မဟုတ်သားရဲကိုက် သတ်၍သေသောတိရစ္ဆာန်၏အသားကိုစား လျှင် မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်စောင့်ဆိုင်း ပြီးမှ ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။- 16 ထိုပညတ်ကိုမလိုက်နာသူသည် မိမိ အပြစ်၏ဆိုးကျိုးဆက်ကိုခံရမည်။