ရှင်​မ​ဿဲ
ပြု​စု​သည့်​သ​တင်း​ကောင်း
နိ​ဒါန်း
ရှင်​မ​ဿဲ​ပြု​စု​သည့်​သ​တင်း​ကောင်း​တွင်​ဓမ္မ ဟောင်း​ကျမ်း​အ​ရ​ဘု​ရား​သ​ခင်​ထား​တော်​မူ​သော က​တိ​တော်​နှင့်​အ​ညီ​ကြွ​လာ​မည့်​ကယ်​တင်​ရှင်​မှာ သ​ခင်​ယေ​ရှု​ပင်​ဖြစ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း ကို​ကြေ​ညာ​ပေ​သည်။ ယင်း​သို့​ကြေ​ညာ​ရာ​တွင်​သ​ခင် ယေ​ရှု​မွေး​ဖွား​သန့်​စင်​သက်​ရှင်​လှုပ်​ရှား​ရာ​နိုင်​ငံ​မှ ယု​ဒ​အ​မျိုး​သား​တို့​သာ​မ​က​ကမ္ဘာ​သား​အ​ပေါင်း တို့​အား​လည်း​ကြေ​ညာ​ခြင်း​ဖြစ်​၏။
ရှင်​မ​ဿဲ​သည်​ဤ​ကျမ်း​ကို​စ​နစ်​တ​ကျ​ရေး​သား ပြု​စု​ထား​ပေ​သည်။ ဤ​ကျမ်း​တွင်​သ​ခင်​ယေ​ရှု​ဖွား မြင်​တော်​မူ​ခြင်း​အ​ကြောင်း​ဖြင့်​အ​စ​ပျိုး​၍ ဗတ္တိ​ဇံ မင်္ဂလာ​ခံ​တော်​မူ​ပုံ​နှင့်​ကိုယ်​တော်​အား​စာ​တန်​စုံ စမ်း​သွေး​ဆောင်​ပုံ၊ ဂါ​လိ​လဲ​ပြည်​တွင်​အ​မှု​တော် ဆောင်​ပုံ၊ တ​ရား​ဓမ္မ​ဟော​ပြော​သွန်​သင်​ပုံ​နှင့်​လူ မ​မာ​များ​အား ကျန်း​မာ​စေ​တော်​မူ​ပုံ​ကို​မှတ် တမ်း​တင်​ထား​သည်။ ထို​နောက်​ဂါ​လိ​လဲ​ပြည် မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​ခြင်း​အ​ကြောင်း ကို​လည်း​ကောင်း၊ နောက်​ဆုံး​ရက်​သတ္တ​ပတ်​၌ လက် ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ​တော်​မူ​ခြင်း​နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း​မှတ်​တမ်း​တင် ထား​၏။
သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​အ​နက်​အ​ဓိပ္ပါယ်​ကို​ဖွင့်​ပြ​ပိုင်​သော​အ​ရှင် နှင့်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​သွန်​သင်​ပိုင်​သော​အ​ရှင်​ဖြစ်​ကြောင်း​ဤ ကျမ်း​တွင်​တင်​ပြ​ထား​၏။ ကိုယ်​တော်​၏​တ​ရား ဒေ​သ​နာ​တော်​တို့​ကို​အ​ပိုင်း​ကဏ္ဍ (၅) ခု​အောက် တွင်​စု​စည်း​ထား​သည်။ ယင်း​တို့​မှာ (၁) ကောင်း​ကင် နိုင်​ငံ​တော်​သား​တို့​၏​အ​ရည်​အ​သွေး၊ တာ​ဝန် ဝတ္တ​ရား၊ အ​ခွင့်​အ​ရေး​နှင့်​ကံ​ကြမ္မာ​တို့​ကို​ဖော်​ပြ သည့်​တောင်​ပေါ်​ဒေ​သ​နာ​တော် (အ​ခန်း ၅-၇) (၂) တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အ​မှု​တော် ဆောင်​ရန်​အ​တွက်​ညွှန်​ကြား​ချက်​များ(အ​ခန်း ၁၀) (၃) ကောင်း​ကင်​နိုင်​ငံ​တော်​အ​ကြောင်း​ပုံ​ဉ​ပ​မာ​များ (အ​ခန်း ၁၃) (၄) တ​ပည့်​တော်​ဖြစ်​ခြင်း​၏​အ​နက် အ​ဓိပ္ပါယ် (အ​ခန်း ၁၈) (၅) ယ​ခု​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် အ​ကြောင်း​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့် အ​ကြောင်း​သွန်​သင်​ချက် (အ​ခန်း ၂၄-၂၅) တို့​ဖြစ်​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ခြင်း​နှင့် ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် ၁:၁-၂:၂၃
ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​အ​မှု​တော်​ဆောင်​ခြင်း ၃:၁-၁၂
သ​ခင်​ယေ​ရှု​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ခြင်း​နှင့်​စာ​တန် စုံ​စမ်း​သွေး​ဆောင်​ခြင်း ၃:၁၃-၄:၁၁
ဂါ​လိ​လဲ​ပြည်​တွင်​သ​ခင်​ယေ​ရှု အ​မှု​တော်​ဆောင်​ခြင်း ၄:၁၂-၁၈:၃၅
ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့ ၁၉:၁-၂၀:၃၄
ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​နီး​အ​နား​တွင် နောက်​ဆုံး​ရက်​သတ္တ​ပတ် ၂၁:၁-၂၇:၆၆
သ​ခင်​ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ခြင်း​နှင့်​ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း ၂၈:၁-၂၀
1
သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်
(လု၊ ၃:၂၃-၃၈။)
အာ​ဗြ​ဟံ​နှင့်​ဒါ​ဝိဒ်​မှ​ဆင်း​သက်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ကား​ဤ​သို့​တည်း။
အာ​ဗြ​ဟံ​၏​သား​သည်​ဣ​ဇာက်၊ ဣ​ဇာက်​၏​သား​မှာ​ယာ​ကုပ်၊ ယာ​ကုပ်​၏​သား​များ​ကား​ယု​ဒ​နှင့်​ညီ​များ​ဖြစ်​၏။- ယု​ဒ​နှင့်​တာ​မာ​မှ​ရ​သော​သား​များ​သည်​ဖာ​ရက် နှင့်​ဇာ​ရ၊ ဖာ​ရက်​၏​သား​မှာ​ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ ၏​သား​ကား​အာ​ရံ​ဖြစ်​၏။- အာ​ရံ​၏​သား​သည်​အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​၏​သား မှာ​နာ​ရှုန်၊ နာ​ရှုန်​၏​သား​ကား​စာ​လ​မုန်​ဖြစ်​၏။- စာ​လ​မုန်​နှင့်​ရာ​ခပ်​မှ​ရ​သော​သား​သည်​ဗော​ဇ၊ ဗော​ဇ နှင့်​ရု​သ​မှ​ရ​သော​သား​မှာ​ဩ​ဗက်၊ ဩ​ဗက်​၏​သား သည်​ယေ​ရှဲ၊ ယေ​ရှဲ​၏​သား​ကား​ဒါ​ဝိဒ်​မင်း​တည်း။
ဉ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​မင်း​ရ​သော​သား​သည် ရှော​လ​မုန်​ဖြစ်​၏။- ရှော​လ​မုန်​၏​သား​သည်​ရော​ဗောင်၊ ရော​ဗောင်​၏​သား မှာ​အ​ဘိ​ယ၊ အ​ဘိ​ယ​၏​သား​ကား​အာ​သ​ဖြစ်​၏။- အာ​သ​၏​သား​သည်​ယော​ရှ​ဖတ်၊ ယော​ရှ​ဖတ်​၏​သား မှာ​ယ​ဟော​ရံ၊ ယ​ဟော​ရံ​၏​သား​ကား​ဩ​ဇိ​ဖြစ်​၏။- တရား၊ ၁၅:၂၁။ ဩ​ဇိ​၏​သား​သည်​ယော​သံ၊ ယော​သံ​၏​သား​မှာ အာ​ခတ်၊ အာ​ခတ်​၏​သား​ကား​ဟေ​ဇ​ကိ​ဖြစ်​၏။- 10 ဟေ​ဇ​ကိ​၏​သား​သည်​မ​နာ​ရှေ၊ မ​နာ​ရှေ​၏​သား မှာ​အာ​မုန်၊ အာ​မုန်​၏​သား​ကား​ယော​ရှိ​ဖြစ်​၏။- 11 ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​၌ ယော​ရှိ​ရ​သော သား​များ​ကား​ယေ​ခေါ​နိ​နှင့်​ညီ​များ​ဖြစ်​ကြ​၏။ ၄ရာ၊ ၂၄:၁၄-၁၅။ ၆ရာ၊ ၃၆:၁၀။ ယေ၊ ၂၇:၂၀။
12 ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ပြီး​နောက်၊ ယေ​ခေါ​နိ​ရ​သော​သား သည်​ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​၏​သား​မှာ​ဇေ​ရု​ဗ ဗေ​လ​ဖြစ်​၏။- 13 ဇေ​ရု​ဗ​ဗေ​လ​၏​သား​သည်​အ​ဗျုဒ်၊ အ​ဗျုဒ်​၏​သား​မှာ ဧ​လျာ​ကိမ်၊ ဧ​လျာ​ကိမ်​၏​သား​ကား​အာ​ဇော်​ဖြစ်​၏။- 14 အာ​ဇော်​၏​သား​သည်​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​သား​မှာ အာ​ခိမ်၊ အာ​ခိမ်​၏​သား​ကား​ဧ​လုဒ်​ဖြစ်​၏။- 15 ဧ​လုဒ်​၏​သား​သည်​ဧ​လာ​ဇာ၊ ဧလာဇာ​၏​သား​မှာ မ​ဿန်၊ မ​ဿန်​၏​သား​ကား​ယာ​ကုပ်​ဖြစ်​၏။- 16 ယာ​ကုပ်​၏​သား​သည်​မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ​ယော​သပ် ဖြစ်​၏။ မာ​ရိ​ကား​မေ​ရှိ​ယ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ခံ​ရ​သော​သ​ခင်​ယေ​ရှု​၏​မယ်​တော်​တည်း။
17 သို့​ဖြစ်​၍​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​များ​မှာ အာ​ဗြ​ဟံ​မှ​သည်​ဒါ​ဝိဒ်​မင်း​တိုင်​အောင်​တစ်​ဆယ့် လေး​ဆက်၊ ဒါ​ဝိဒ်​မင်း​မှ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ဗာ​ဗု​လုန်​မြို့​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ချိန် တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်၊ ဣသ​ရေ​လ​အ​မျိုး​သား တို့ ဗာ​ဗု​လုန်​မြို့​သို့​ရောက်​ရှိ​ချိန်​မှ​သည်​မေ​ရှိ​ယ ဖွား​မြင်​သည်​တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်​ဖြစ် သ​တည်း။
သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ခြင်း
(လု၊ ၂:၁-၇။)
18 သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ပုံ​ကား​ဤ​သို့ တည်း။ မယ်​တော်​မာ​ရိ​နှင့်​ယော​သပ်​တို့​ထိမ်း​မြား​ရန် စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​နောက်၊ ပေါင်း​သင်း​နေ​ထိုင် မှု​မ​ပြု​ရ​မီ​မာ​ရိ​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​အား​ဖြင့်​ပ​ဋိ​သေနန္ဓ​စွဲ​ကပ်​လေ​၏။- လု၊ ၁:၂၇။ 19 ယော​သပ်​သည်​စိတ်​သ​ဘော​ထား​မြင့်​မြတ်​သူ​ဖြစ် သည်​အ​လျောက်​မာ​ရိ​အား​အ​သ​ရေ​မ​ပျက်​စေ လို​သ​ဖြင့် သူ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​မှု​ကို တိတ်​တ​ဆိတ်​ဖျက်​သိမ်း​ရန်​အ​ကြံ​ရှိ​၏။- 20 ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က ``ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင် ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။- 21 သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင် မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု နာ​မည်​မှည့်​ရ​မည်'' ဟု​ဆို​၏။ လု၊ ၁:၃၁။
22 ဤ​အ​မှု​အ​ရာ​များ​မှာ​ပ​ရော​ဖက်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ခဲ့​သော​ဗျာ​ဒိတ် တော်​အ​တိုင်း​ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။- 23 ဗျာ​ဒိတ်​တော်​ကား ``အ​ပျို​က​ညာ​သည်​ကိုယ်​ဝန် ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​ကို​ဧ​မာ​နွေလ1 * ဧ​မာ​နွေ​လ၊ ၏​အ​နက်​မှာ​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ဟူ​၍​ဖြစ်​၏။ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သ​တည်း။ ဟေရှာ၊ ၇:၁၄။
24 သို့​ဖြစ်​၍​ယော​သပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​အ​မိန့် ရှိ​ခဲ့​သည့်​အ​တိုင်း မာ​ရိ​အား​မိ​မိ​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​လေ​၏။- 25 သို့​ရာ​တွင်​သား​ယောက်ျား​ဖွား​မြင်​သည်​တိုင်​အောင် မာ​ရိ​နှင့်​ပေါင်း​သင်း​နေ​ထိုင်​မှု​ကို​မ​ပြု​ဘဲ​နေ​၏။ ထို​သား​ကို​ယေ​ရှု​ဟု​နာ​မည်​မှည့်​လေ​၏။ လု၊ ၂:၂၁။

1:8 တရား၊ ၁၅:၂၁။

1:11 ၄ရာ၊ ၂၄:၁၄-၁၅။ ၆ရာ၊ ၃၆:၁၀။ ယေ၊ ၂၇:၂၀။

1:18 လု၊ ၁:၂၇။

1:21 လု၊ ၁:၃၁။

11:23 * ဧ​မာ​နွေ​လ၊ ၏​အ​နက်​မှာ​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ဟူ​၍​ဖြစ်​၏။

1:23 ဟေရှာ၊ ၇:၁၄။

1:25 လု၊ ၂:၂၁။