20
စပျစ်ဥယျာဉ်အလုပ်သမားများ
1 ``ကောင်းကင်နိုင်ငံတော်သည်စပျစ်ဥယျာဉ်ပိုင် ရှင်တစ်ဦးကြုံတွေ့ရသည့်အဖြစ်အပျက်နှင့် တူ၏။ သူသည်အလုပ်သမားများငှားရန်နံနက် စောစောထွက်သွား၏။- 2 အလုပ်သမားတို့အားပေးနေကျနေ့စားခ၊ ဒေနာရိဒင်္ဂါးတစ်ပြားနှင့်ငှားရန်သဘောတူ သဖြင့်သူတို့အားစပျစ်ဥယျာဉ်သို့စေလွှတ် လိုက်၏။- 3 နံနက်ကိုးနာရီခန့်၌သူသည်စျေးရပ်ကွက် သို့ထွက်လာရာအခြားသောသူများအလုပ် မဲ့ရပ်နေသည်ကိုတွေ့၏။- 4 ထိုအခါသူတို့အား `သင်တို့သည်စပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ။ ထိုက်သင့်သောလုပ် အားခကိုငါပေးမည်' ဟုဆို၏။- 5 ထိုသူတို့သည်သွားကြ၏။ သူသည်မွန်းတည့်ချိန် ၌လည်းကောင်း၊ မွန်းလွဲသုံးနာရီခန့်၌လည်း ကောင်းထိုနည်းတူစျေးရပ်ကွက်သို့သွား၍အလုပ် သမားများကိုငှား၏။- 6 ညနေငါးနာရီခန့်၌တစ်ဖန်သွားပြန်သောအခါ အခြားသောသူတို့ရပ်လျက်နေသည်ကိုတွေ့ သဖြင့်`သင်တို့အဘယ်ကြောင့်တစ်နေ့လုံးအလုပ် မလုပ်ဘဲဤနေရာတွင်ရပ်နေကြပါသနည်း'' ဟုမေး၏။- 7 ထိုသူတို့က `အကျွန်ုပ်တို့အားမည်သူမျှမငှား သောကြောင့်ဖြစ်ပါသည်' ဟုပြန်ပြောကြ၏။ ထို အခါဥယျာဉ်ရှင်က `သင်တို့လည်းစပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ' ဟုဆို၏။''
8 ``ညချမ်းအချိန်ကျသောအခါဥယျာဉ်ရှင်သည် မိမိ၏စီမံခန့်ခွဲရေးမှူးအား `အလုပ်သမားများ ကိုခေါ်လော့။ နောက်ဆုံးအလုပ်ဝင်သူများမှအစပြု ၍ပထမဆုံးအလုပ်ဝင်သူများတိုင်အောင်လုပ် အားခများကိုပေးလော့' ဟုဆို၏။-✡ဝတ်၊ ၁၉:၁၃။ တရား၊ ၂၄:၁၅။ 9 မန်နေဂျာသည်ညနေငါးနာရီခန့်ကျမှငှားသည့် အလုပ်သမားများအားဒေနာရိဒင်္ဂါးတစ်ပြားစီ ပေး၏။- 10 ပထမဆုံးငှားသည့်အလုပ်သမားများအလှည့် ကျသောအခါ သူတို့သည်အခြားသူများထက် ပို၍ရမည်ဟုထင်မှတ်ကြ၏။- 11 သို့ရာတွင်သူတို့သည်လည်းဒေနာရိဒင်္ဂါးတစ် ပြားစီပင်ရရှိကြသဖြင့်၊- 12 `ဤသူတို့ကားတစ်နာရီမျှသာအလုပ်လုပ်ကြ ရ၏။ အကျွန်ုပ်တို့မှာမူတစ်နေကုန်နေပူကြဲကြဲ တွင်ပင်ပန်းစွာလုပ်ကိုင်ကြရပါ၏။ သို့ပါလျက် အရှင်သည်အကျွန်ုပ်တို့အားထိုသူတို့နှင့်ညီ တူမျှတူလုပ်အားခပေးပါသည်တကား' ဟု အလုပ်ရှင်အားညည်းညူကြ၏။- 13 ဥယျာဉ်ရှင်ကမိမိပထမဆုံးငှားရမ်းသည့်အလုပ် သမားများအနက်တစ်ယောက်အား `အဆွေ၊ ငါ သည်သင့်ကိုမတရားပြုသည်မဟုတ်။ သင်သည် တစ်နေ့လျှင်ဒေနာရိဒင်္ဂါးတစ်ပြားနှင့်အလုပ် လုပ်ရန်သဘောတူခဲ့သည်မဟုတ်ပါလော။- 14 သင်၏လုပ်အားခကိုယူ၍သွားပါလေ။ နောက် ဆုံးငှားသည့်ဤအလုပ်သမားအားသင့်ကိုပေး သကဲ့သို့ငါပေးလို၏။- 15 ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။
16 ထိုနောက်ကိုယ်တော်က ``သို့ဖြစ်၍အနိမ့်ဆုံးသို့ ရောက်သူများသည်အမြင့်ဆုံးသို့ရောက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။✡မ၊ ၁၉:၃၀။ မာ၊ ၁၀:၃၁။ လု၊ ၁၃:၃၀။
အသေသတ်ခြင်းခံတော်မူရမည့်အကြောင်း တတိယအကြိမ်ဖော်ပြတော်မူခြင်း
(မာ၊ ၁၀:၃၂-၃၄။ လု၊ ၁၈:၃၁-၃၄။)
17 သခင်ယေရှုသည်ယေရုရှလင်မြို့သို့ကြွတော် မူစဉ်တပည့်တော်တစ်ကျိပ်နှစ်ပါးတို့ကိုမလှမ်း မကမ်းသို့သီးခြားခေါ်တော်မူပြီးလျှင်၊- 18 ``နားထောင်လော့။ ငါတို့သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်ရှိ၏။ ထိုမြို့တွင်လူသားသည်ယဇ် ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ ၏လက်သို့အပ်နှံခြင်းကိုခံရလိမ့်မည်။ သူတို့ သည်လူသားအားသေဒဏ်စီရင်ကာ၊- 19 လူမျိုးခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ လူ မျိုးခြားတို့သည်လည်းလူသားကိုပြောင်လှောင် ပြီးလျှင် ကြိမ်ဒဏ်ပေးကာလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်မြောက် သောနေ့၌လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
မိခင်တစ်ယောက်၏လျှောက်ထားချက်
(မာ၊ ၁၀:၃၅-၄၅။)
20 ထိုနောက်ဇေဗေဒဲ၏သားများ၏မိခင်သည်သား များနှင့်အတူကိုယ်တော်ထံပန်ကြားလျှောက်ထား ရန်ချဉ်းကပ်ပျပ်ဝပ်၏။
21 ကိုယ်တော်က ``သင်အဘယ်အရာကိုအလိုရှိ သနည်း'' ဟုမေးတော်မူလျှင်၊
``ကိုယ်တော်သည်ဘုရင်အဖြစ်အုပ်စိုးတော်မူ သောအခါ ကျွန်မ၏သားနှစ်ယောက်အားအရှင် ၏လက်ယာရံနှင့်လက်ဝဲရံခန့်ထားတော်မူပါ'' ဟုပန်ကြား၏။
22 သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။
သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။
23 ကိုယ်တော်က ``သင်တို့သည်ငါ၏ခွက်မှအမှန်ပင် သောက်ရကြလိမ့်မည်။ သို့ရာတွင်ငါ၏လက်ယာရံ နှင့်လက်ဝဲရံအဖြစ်ကိုမူငါမပေးပိုင်။ ဤအခွင့် အရေးများသည်ငါ့ခမည်းတော်စီမံပြင်ဆင်ထား သူများအတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။
24 ဤအကြောင်းအရာကိုတပည့်တော်ဆယ်ဦးတို့ ကြားလျှင် ထိုညီအစ်ကိုနှစ်ယောက်ကိုစိတ်ဆိုး ကြ၏။- 25 သခင်ယေရှုသည်တပည့်တော်တို့ကိုအထံတော် သို့ခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည်ပြည် သူတို့အပေါ်ဝယ် တန်ခိုးအာဏာရှိကြောင်းကို လည်းကောင်း၊ ပြည်သူ့ခေါင်းဆောင်များသည်လည်း ပြည်သူတို့အား အစိုးတရပြုတတ်ကြောင်းကို လည်းကောင်းသင်တို့သိကြ၏။-✡လု၊ ၂၂:၂၅-၂၆။ 26 သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည်သင်တို့၏အစေခံဖြစ်ရမည်။-✡မ၊ ၂၃:၁၁။ မာ၊ ၉:၃၅။ လု၊ ၂၂:၂၆။ 27 အကြီးမြတ်ဆုံးဖြစ်လိုသူသည်သင်တို့၏ကျွန် ဖြစ်ရမည်။- 28 လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏အစေကို ခံရန်နှင့် မိမိအသက်ကိုစွန့်၍လူများအား ရွေးနုတ်ရန်ကြွလာသတည်း'' ဟုမိန့်တော်မူ ၏။
မျက်မမြင်နှစ်ယောက်ကို မျက်စိမြင်စေတော်မူခြင်း
(မာ၊ ၁၀:၄၆-၅၂။ လု၊ ၁၈:၃၅-၄၃။)
29 ကိုယ်တော်နှင့်တပည့်တော်တို့သည် ယေရိခေါ မြို့မှထွက်ခွာလာကြသောအခါ လူပရိသတ် ကြီးသည်နောက်တော်ကလိုက်ကြ၏။- 30 သခင်ယေရှုကြွသွားတော်မူကြောင်းကို လမ်း အနီးတွင်ထိုင်နေသောမျက်မမြင်နှစ်ယောက်တို့ ကြားသိသောအခါ ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ'' ဟုဟစ်အော် ကြ၏။
31 လူပရိသတ်တို့ကသူတို့အားဆိတ်ဆိတ်နေ ရန်ငေါက်ငန်းပြောဆိုကြ၏။ သို့သော်လည်းသူတို့ သည် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုသာ၍ပင်ဟစ်အော်ကြ၏။
32 သခင်ယေရှုသည်ရပ်တန့်တော်မူ၍ထိုသူတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် ``သင် တို့အတွက်အဘယ်အရာကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။
33 သူတို့က ``အရှင်၊ အကျွန်ုပ်တို့အားမျက်စိပြန်၍ မြင်စေတော်မူပါ'' ဟုလျှောက်ကြ၏။
34 သခင်ယေရှုသည်သူတို့ကိုသနားတော်မူသဖြင့် သူတို့၏မျက်စိကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ သူတို့သည်မျက်စိအလင်းကိုချက်ချင်းပြန်လည် ရရှိ၍နောက်တော်သို့လိုက်ကြ၏။