24
ဗိမာန်တော်ပြိုပျက်မည်ဖြစ်ကြောင်းမိန့်တော်မူခြင်း
(မာ၊ ၁၃:၁-၂။ လု၊ ၂၁:၅-၆။)
1 သခင်ယေရှုသည်ဗိမာန်တော်မှထွက်ခွာသွား တော်မူစဉ်တပည့်တော်တို့သည်အထံတော်သို့ ချဉ်းကပ်၍ ဗိမာန်တော်အဆောက်အအုံများ ကိုကိုယ်တော်အားပြကြ၏။- 2 ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဆင်းရဲဒုက္ခများနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းများ
(မာ၊ ၁၃:၃-၁၃။ လု၊ ၂၁:၇-၁၉။)
3 ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။
4 သခင်ယေရှုက ``သင်တို့အားအဘယ်သူ မျှမလှည့်စားစေရန်သတိပြုလော့။- 5 `ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။- 6 သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားကြလိမ့်မည်။ သို့ရာတွင်မထိတ် မလန့်ကြနှင့်။ ဤအမှုအရာများသည်ဖြစ် ပျက်ရမည်။ သို့ရာတွင်ကပ်ကမ္ဘာကုန်ဆုံးချိန် ကားမရောက်သေး။- 7 လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။- 8 ဤအမှုအရာများသည်ဆိုက်ရောက်လတ္တံ့ သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးသာဖြစ်၏။
9 ``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။-✡မ၊ ၁၀:၂၂။ 10 ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။- 11 တစ်ယောက်ကိုတစ်ယောက်မုန်းလိမ့်မည်။ ထို့ပြင် ပရောဖက်အတုအယောင်အမြောက်အမြားပင် ပေါ်လာပြီးလျှင်လူများစွာတို့ကိုလှည့်စား ကြလိမ့်မည်။- 12 ဆိုးညစ်မှုများပြားလာသဖြင့်လူတို့တွင်မေတ္တာ ခေါင်းပါးလိမ့်မည်။- 13 သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-✡မ၊ ၁၀:၂၂။ 14 နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှကပ်ကမ္ဘာကုန်ဆုံး ချိန်ရောက်လိမ့်မည်။
ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းသည့်အရာ
(မာ၊ ၁၃:၁၄-၂၃။ လု၊ ၂၁:၂၀-၂၄။)
15 ``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-✡ဒံ၊ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။ 16 ထိုသို့မြင်ရသောအခါယုဒပြည်ရှိလူတို့သည် တောင်များပေါ်သို့ပြေးကြစေ။- 17 အိမ်ခေါင်မိုးပေါ်တွင်ရှိသူသည်အိမ်ထဲမှဥစ္စာ ပစ္စည်းများကိုယူရန်အောက်သို့မဆင်းစေနှင့်။-✡လု၊ ၁၇:၃၁။ 18 လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံယူရန် အိမ်သို့မပြန်စေနှင့်။- 19 ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်နှင့်သားငယ် မိခင်တို့အတွက်အကျိုးနည်းပေတော့မည်။- 20 သင်တို့သည်ထွက်ပြေးရမည့်အချိန်ကာလသည် ဆောင်းဥတု၌သော်လည်းကောင်း၊ ဥပုသ်နေ့၌ သော်လည်းကောင်းမကျမရောက်ပါစေနှင့်ဟု ဆုတောင်းကြလော့။- 21 ထိုကာလ၌အလွန်ဆိုးရွားသောဆင်းရဲဒုက္ခ ကျရောက်လာလိမ့်မည်။ ထိုမျှဆိုးရွားသောဆင်းရဲ ဒုက္ခမျိုးကိုကမ္ဘာဦးမှစ၍အဘယ်ကာလ၌ မျှလူတို့မကြုံစဖူး၊ နောင်ကာလ၌လည်း တွေ့ကြုံရကြမည်မဟုတ်။-✡ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။ 22 ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။''
23 ``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုလျှင်မယုံကြနှင့်။- 24 မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။- 25 ဤအကြောင်းအရာများမဖြစ်ပေါ်မီသင်တို့ အားကြိုတင်၍ငါဖော်ပြပြီ။''
26 ``လူတို့က `ကြည့်လော့။ မေရှိယသည်တောကန္တာရ တွင်ရှိသည်' ဟုဆိုလျှင်မသွားကြနှင့်။ `အိမ်ခန်း ထဲမှာရှိသည်' ဟုဆိုလျှင်လည်းမယုံကြနှင့်။-✡လု၊ ၁၇:၂၃-၂၄။ 27 လျှပ်စစ်ပြက်၍အရှေ့အရပ်မှအနောက်အရပ် တိုင်အောင်ကောင်းကင်တစ်ပြင်လုံးထွန်းလင်းစေ သကဲ့သို့လူသားကြွလာတော်မူလိမ့်မည်။''
28 ``အသေကောင်ရှိရာအရပ်တွင်လင်းတတို့စုရုံး ကြလတ္တံ့။''✡လု၊ ၁၇:၃၇။
လူသားကြွလာတော်မူခြင်းအကြောင်း
(မာ၊ ၁၃:၂၄-၂၇။ လု၊ ၂၁:၂၅-၂၈။)
29 ``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။-✡ဟေရှာ၊ ၁၃:၁၀၊ ၃၄:၄။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂-၁၃။ 30 ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-✡ဒံ၊ ၇:၁၃။ ဇာ၊ ၁၂:၁၀-၁၄။ ဗျာ၊ ၁:၇။ 31 ထိုနောက်လူသားသည်ကြီးမားသောတံပိုးခရာ ကိုမှုတ်စေပြီးလျှင်မိမိ၏ကောင်းကင်တမန်များ အား အရပ်လေးမျက်နှာသို့စေလွှတ်၍ကမ္ဘာမြေ ကြီးတစ်စွန်းမှတစ်စွန်းအထိရှိကြသော ကိုယ် တော်ရွေးချယ်ထားတော်မူသောသူတို့ကိုစု သိမ်းစေတော်မူလိမ့်မည်။
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
(မာ၊ ၁၃:၂၈-၃၁။ လု၊ ၂၁:၂၉-၃၃။)
32 ``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကိုသင်ယူ ကြလော့။ ထိုအပင်တွင်အကိုင်းအညှောက်ထွက်၍ ရွက်နုပေါက်သောအခါနွေကာလနီးသည်ကို သင်တို့သိကြ၏။- 33 ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီးတံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။- 34 အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ ဤ အမှုအရာအလုံးစုံတို့သည်ယခုအသက်ရှင် လျက်ရှိသူတို့မသေလွန်မီဖြစ်ပျက်လာလိမ့်မည်။- 35 ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ၏ စကားတည်လိမ့်မည်။''
ထိုနေ့ထိုအချိန်ကိုမည်သူမျှမသိ
(မာ၊ ၁၃:၃၂-၃၇။ လု၊ ၁၇:၂၆-၃၀၊ ၃၄-၃၆။)
36 ``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက် မည့်နေ့ရက်နှင့်အချိန်နာရီကိုခမည်းတော်မှ တစ်ပါးအဘယ်သူမျှမသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော် လည်းမသိ။- 37 နောဧလက်ထက်ကဖြစ်ပျက်သကဲ့သို့လူသား ကြွလာသောအခါ၌လည်းဖြစ်ပျက်လိမ့်မည်။-✡က၊ ၆:၅-၈။ 38 ထိုနေ့ရက်ကာလ၌ရေမလွှမ်းမိုးမီ၊ သင်္ဘောထဲ သို့နောဧဝင်သည့်နေ့တိုင်အောင်လူတို့သည်စား လျက်ထိမ်းမြားစုံဖက်လျက်နေကြ၏။- 39 သူတို့သည်ရေလွှမ်းမိုး၍သေကြေပျက်စီးကြ သည့်အချိန်တိုင်အောင်သတိမဲ့လျက်နေကြ၏။ လူသားကြွလာတော်မူချိန်၌လည်းထိုနည်းတူ ဖြစ်လိမ့်မည်။-✡က၊ ၇:၆-၂၄။ 40 ထိုအခါလယ်ထဲတွင်ရှိသူလူနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။- 41 ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့။- 42 သို့ဖြစ်၍သတိနှင့်စောင့်နေကြလော့။ သင်တို့၏ အရှင်သည်အဘယ်အခါကြွလာတော်မူမည် ကိုသင်တို့မသိကြ။- 43 အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန်ကို သာသိရလျှင်သတိနှင့်နေလျက် မိမိအိမ်ကို သူခိုးဖောက်ခွင့်ပြုမည်မဟုတ်ကြောင်းသင်တို့ သိမှတ်ကြလော့။-✡လု၊ ၁၂:၃၉-၄၀။ 44 လူသားသည်သင်တို့မမျှော်သောအချိန်၌ကြွ လာတော်မူမည်ဖြစ်၍သင်တို့သည်လည်းအမြဲ အဆင်သင့်ရှိကြလော့။
သစ္စာရှိသောကျွန်နှင့်သစ္စာမဲ့သောကျွန်
(လု၊ ၁၂:၄၁-၄၈။)
45 ``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။- 46 သူသည်မိမိတာဝန်ကိုသစ္စာရှိစွာဆောင်ရွက်နေ သည်ကိုသခင်ပြန်လာချိန်၌တွေ့ရလျှင်မင်္ဂလာ ရှိ၏။- 47 အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သခင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန်ထိုကျွန်အားအပ်နှင်းလိမ့်မည်။- 48 သို့ရာတွင်ထိုကျွန်သည်ကျွန်မိုက်ဖြစ်ပါမူ `ငါ့ သခင်ပြန်လာဦးမည်မဟုတ်။ ကြာပေဦးမည်' ဟု အောက်မေ့ကာ၊- 49 ကျွန်ယောကျာ်း၊ ကျွန်မိန်းမတို့အားရိုက်နှက်လျက် သေသောက်ကြူးသူတို့နှင့်သောက်စားမူးယစ်လျက် နေလိမ့်မည်။- 50 ထိုနောက်ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင် သည့်အချိန်၌သူ့သခင်သည်ပြန်လာ၍၊- 51 သူ့ကိုပြင်းစွာကြိမ်ဒဏ်ခတ်၍ကြောင်သူတော်တို့ ခံရသောကံကြမ္မာဆိုးကိုခံစေလိမ့်မည်။ သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက်နေရ လိမ့်မည်။
✡24:9 မ၊ ၁၀:၂၂။
✡24:13 မ၊ ၁၀:၂၂။
✡24:15 ဒံ၊ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။
✡24:17 လု၊ ၁၇:၃၁။
✡24:21 ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။
✡24:26 လု၊ ၁၇:၂၃-၂၄။
✡24:28 လု၊ ၁၇:၃၇။
✡24:29 ဟေရှာ၊ ၁၃:၁၀၊ ၃၄:၄။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂-၁၃။
✡24:30 ဒံ၊ ၇:၁၃။ ဇာ၊ ၁၂:၁၀-၁၄။ ဗျာ၊ ၁:၇။
✡24:37 က၊ ၆:၅-၈။
✡24:39 က၊ ၇:၆-၂၄။
✡24:43 လု၊ ၁၂:၃၉-၄၀။