နေ​ဟ​မိ​မှတ်​စာ
နိ​ဒါန်း
`နေ​ဟ​မိ​မှတ်​စာ' ကို​လေး​ပိုင်း​ခွဲ​ခြား​နိုင်​၏။ ၁။ ပေ​ရ​သိ​ဧ​က​ရာဇ်​က​ယု​ဒ​နိုင်​ငံ​ကို​အုပ် ချုပ်​ရန်​စေ​လွှတ်​သ​ဖြင့် နေ​ဟ​မိ​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​ခြင်း။ ၂။ ယေ​ရု ရှ​လင်​မြို့​ရိုး​များ​ကို​ပြန်​လည်​တည်​ဆောက် ခြင်း။ ၃။ ဧ​ဇ​ရ​က​ဘု​ရား​သ​ခင်​၏​ပ​ညတ် ကျမ်း​တော်​ကို​လေး​လေး​နက်​နက်​ဖတ်​ကြား​၍ လူ​အ​ပေါင်း​တို့​က​မိ​မိ​တို့​၏​အ​ပြစ်​များ ကို​ဝန်​ချ​တောင်း​ပန်​ကြ​ခြင်း။ ၄။ ယု​ဒ​နိုင်​ငံ ၏​ဘု​ရင်​ခံ​အ​ဖြစ်​နေ​ဟ​မိ​၏​ဆက်​လက် ဆောင်​ရွက်​ချက်​များ။
ဤ​ကျမ်း​တွင်​ဘု​ရား​သ​ခင်​ကို​နေ​ဟ​မိ လုံး​ဝ​အား​ကိုး​ပုံ​နှင့်​ဘု​ရား​သ​ခင်​ထံ သူ​အ​ကြိမ်​ကြိမ်​ဆု​တောင်း​ပုံ​တို့​မှာ​မှတ် သား​ဖွယ်​ကောင်း​ပေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ယေ​ရု​ရှ​လင်​မြို့​သို့​နေ​ဟ​မိ​ပြန်​လာ​ခြင်း ၁:၁-၂:၂၀
ယေ​ရု​ရှ​လင်​မြို့​ရိုး​များ​ကို​ပြန်​လည်​တည်​ဆောက်​ခြင်း ၃:၁-၇:၇၃
ပ​ညတ်​ကျမ်း​တော်​ကို​ဖတ်​ရွတ်​၍​ပ​ဋိ​ညာဉ်​ကို ပြန်​လည်​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ကြ​ခြင်း ၈:၁-၁၀:၃၉
နေ​ဟ​မိ​၏​ဆက်​လက်​ဆောင်​ရွက်​ချက်​များ ၁၁:၁-၁၃:၃၁
1
အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​သည် ဟာ လ​ခိ​၏​သား​နေ​ဟ​မိ​လုပ်​ဆောင်​ခဲ့​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ပင်​ဖြစ်​၏။
ယေ​ရု​ရှ​လင်​မြို့​အ​တွက်​နေ​ဟ​မိ​စိုး​ရိမ်​ပူ​ပန်​ခြင်း
ပေ​ရ​သိ​ဧ​က​ရာဇ်​အာ​တ​ဇေ​ရဇ် နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်၊ ခိ​သ​လု​ဟု​ခေါ်​သော​လ​၌ ငါ​နေ​ဟ​မိ​သည်​ရှု​ရှန်​မြို့​တော်​တွင်​ရှိ​၏။- ငါ​၏​ညီ​ဟာ​နန်​နှင့်​ယု​ဒ​အ​မျိုး​သား​တစ်​စု သည် ထို​မြို့​သို့​ရောက်​လာ​ကြ​၏။ ထို​အ​ခါ​ငါ သည်​သူ​တို့​အား​ပြည်​နှင်​ဒဏ်​သင့်​ရာ​ဗာ​ဗု​လုန် ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​ကြ​သူ ယု​ဒ​ညီ​အစ်​ကို​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​၏​အ​ကြောင်း​ကို​မေး​မြန်း​ရာ၊- သူ​တို့​က​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကာ မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ သူ​တို့​သည်1 * သို့​မ​ဟုတ်​ပြည်​နှင်​ဒဏ်​မ​ခံ​ရ​မီ​မိ​မိ တို့​ပြည်​တွင်​နေ​ရစ်​ခဲ့​သူ​တို့​သည်။ များ​စွာ​ဒုက္ခ​ဆင်း​ရဲ​ရောက်​လျက်​အနီး​အ​နား တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​၏​အ​ထင် သေး​မှု​ကို​ခံ​နေ​ကြ​ရ​ကြောင်း​ငါ့​အား ပြော​ကြား​ကြ​သည်။ ထို့​ပြင်​ယေ​ရု​ရှ​လင် မြို့​ရိုး​များ​သည်​ပြို​ကျ​လျက်​ပင်​ရှိ​နေ သေး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး များ​ကို​လည်း​မီး​လောင်​ကျွမ်း​ချိန်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပြန်​လည်​မ​ပြင်​ဆင်​ရ သေး​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား ကြ​၏။- ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် ထိုင်​၍​ငို​ကြွေး​၏။
ငါ​သည်​ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​အ​စာ​ရှောင်​ပြီး​လျှင်၊- ဘု​ရား​သ​ခင်​အား``အို ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ် တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော် သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၍​အ​မိန့် တော်​ကို​လိုက်​နာ​သူ​များ​နှင့်​ပြု​တော်​မူ သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​တော် မူ​ပါ​၏။- အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​ကို​ကြည့်​တော် မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​တွက် နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​တောင်း​လျှောက်​သော​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သူ​အ​ကျွန်ုပ်​တို့​သည် လည်း​ကောင်း၊ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ် ကြောင်း​အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​သည်​လည်း ကောင်း​ဝန်​ခံ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ် ကူး​လွန်​မိ​ပါ​ပြီ။- အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ဆိုး​သွမ်း စွာ​ပြစ်​မှား​ကြ​ပါ​ပြီ။ ကိုယ်​တော်​၏​အ​မိန့် တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ ကိုယ်​တော် ၏​အ​စေ​ခံ​မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော် မူ​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ကြ​ပါ။- ကိုယ်​တော်​က​မော​ရှေ​အား​ထား​တော်​မူ​သည့် က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ``သင် တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​လျှင် ငါ​သည် သင်​တို့​အား​လူ​အ​မျိုး​မျိုး​တို့​တွင်​ကွဲ လွင့်​စေ​မည်။- ဝတ်၊ ၂၆:၃၃။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ပြီး​ငါ​၏​အ​မိန့်​တော်​ကို​လိုက်​နာ​ကြ​လျှင် ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​သို့​ပင်​ကွဲ​လွင့် လျက်​နေ​စေ​ကာ​မူ သင်​တို့​ကို​ငါ့​အား​ဝတ် ပြု​ကိုး​ကွယ်​ရန် ရွေး​ချယ်​သတ်​မှတ်​ထား​သည့် ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ မည်။'' တရား၊ ၃၀:၁-၅။
10 ``အို ထာ​ဝ​ရ​ဘု​ရား​ဤ​သူ​တို့​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်၊ ကိုယ်​တော်​၏​အ​စေ​ခံ များ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​အား​ကိုယ်​တော် သည်​မ​ဟာ​တန်​ခိုး​တော်၊ အား​ကြီး​သော လက်​ရုံး​တော်​ဖြင့်​ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။- 11 အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထနာ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား​ရို​သေ​သော​ကိုယ်​တော့်​ကျွန် များ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​လည်း​ကောင်း နား​ညောင်း​တော်​မူ​ပါ။ ယ​နေ့​အ​ကျွန်ုပ်​အား အောင်​မြင်​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ဧ​က​ရာဇ် မင်း​အား​အ​ကျွန်ုပ်​၏​အ​ပေါ်​တွင်​က​ရု​ဏာ ထား​စေ​တော်​မူ​ပါ'' ဟု​ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
ထို​စဉ်​အ​ခါ​က​ငါ​သည်​ဧ​က​ရာဇ်​မင်း ကြီး​အား​စ​ပျစ်​ရည်​ဆက်​သ​ရ​သူ​ဖြစ်​၏။

11:3 * သို့​မ​ဟုတ်​ပြည်​နှင်​ဒဏ်​မ​ခံ​ရ​မီ​မိ​မိ တို့​ပြည်​တွင်​နေ​ရစ်​ခဲ့​သူ​တို့​သည်။

1:8 ဝတ်၊ ၂၆:၃၃။

1:9 တရား၊ ၃၀:၁-၅။