7
1 ယခုအခါ၌မြို့ရိုးကိုပြန်လည်တည်ဆောက်ပြီး၍ တံခါးများကိုနေရာတကျတပ်ဆင်ကာဗိမာန်တော်အစောင့်တပ်သားများ၊ ဋ္ဌမ္မသီချင်းသည်များနှင့်လေဝိအနွယ်ဝင်များအားအလုပ်တာဝန်များကိုခွဲဝေသတ်မှတ်ပေးပြီးလေပြီ။- 2 ထိုနောက်ငါသည်ယေရုရှလင်မြို့ကိုအုပ်ချုပ်ရန် ငါ့ညီဟာနန်နှင့်ရဲတိုက်မှူးဟာနနိတို့ကိုတာဝန်ပေးအပ်၏။ ဟာနနိသည်စိတ်ချယုံကြည်ရသူ၊ ဘုရားသခင်ကိုအထူးကြောက်ရွံ့ရိုသေသူဖြစ်၏။- 3 ငါသည်သူတို့အား``နံနက်ချိန်၌နေမမြင့်မချင်းယေရုရှလင်မြို့တံခါးများကိုမဖွင့်စေနှင့်။ နေဝင်ချိန်၌တံခါးစောင့်များတာဝန်ပြီးဆုံးချိန်မတိုင်မီ တံခါးများကိုပိတ်၍ကန့်လန့်ကျင်များကိုထိုးထားစေ'' ဟုမှာကြားထား၏။ ယေရုရှလင်မြို့တွင်နေထိုင်သူများထဲမှကင်းစောင့်သူများခန့်ထားပြီးလျှင် ထိုသူအချို့ကိုနေရာအတိအကျတွင်ကင်းစောင့်စေ၍အချို့ကိုမိမိတို့အိမ်များ၏ပတ်ဝန်းကျင်တွင်ကင်းစောင့်စေရန်ကိုလည်းမှာကြားထား၏။
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူများစာရင်း
(ဧဇ၊ ၂:၁-၇၀)
4 ယေရုရှလင်မြို့သည်ကျယ်ဝန်းသော်လည်းနေထိုင်သူလူဦးရေနည်းပါး၍ အိမ်အမြောက်အမြားကိုလည်းမတည်မဆောက်ရကြသေးပေ။- 5 ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။
6 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်သွားချိန်မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ရာမှပြန်လည်ရောက်ရှိလာသူများသည် မိမိတို့နေရင်းဌာနေဖြစ်သောယေရုရှလင်မြို့နှင့်အခြားယုဒမြို့များသို့ပြန်လာခဲ့ကြ၏။- 7 သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံနှင့်ဗာနာတို့ဖြစ်သည်။
8-25 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူလူဦးရေစာရင်းမှာသားချင်းစုအလိုက်အောက်ပါအတိုင်းဖြစ်၏။
သားချင်းစု | ဦးရေ |
ပါရုတ် | ၂၁၇၂ |
ရှေဖတိ | ၃၇၂ |
အာရာ | ၆၅၂ |
ပါဟတ်မောဘ (ယောရှုနှင့်ယွာဘတို့၏
သားမြေးများ) | ၂၈၁၈ |
ဧလံ | ၁၂၅၄ |
ဇတ္တု | ၈၄၅ |
ဇက္ခဲ | ၇၆၀ |
ဗိနွိ | ၆၄၈ |
ဗေဗဲ | ၆၂၈ |
အာဇဂဒ် | ၂၃၂၂ |
အဒေါနိကံ | ၆၆၇ |
ဗိဂဝဲ | ၂၀၆၇ |
အာဒိန် | ၆၅၅ |
(ဟေဇကိဟုလည်းနာမည်တွင်သော)
အာတာဦးရေ | ၉၈ |
ဟာရှုံ | ၃၂၈ |
ဗေဇဲ | ၃၂၄ |
ဟာရိပ် | ၁၁၂ |
ဂိဗောင် | ၉၅ |
26-38 အောက်ဖော်ပြပါမြို့တို့တွင်နေထိုင်ခဲ့သူဘိုးဘေးများမှ ဆင်းသက်ပေါက်ဖွားလာသောသူများသည်လည်းပြန်လာကြလေသည်။ ဗက်လင်မြို့နှင့်နေတောဖမြို့ ၁၈၈
အာနသုတ်မြို့ | ၁၂၈ |
ဗေသာဇမာဝက်မြို့ | ၄၂ |
ကိရယက်ယာရိမ်မြို့၊ခေဖိရမြို့နှင့်
ဗေရုတ်မြို့ | ၇၄၃ |
ရာမမြို့နှင့်ဂါဗမြို့ | ၆၂၁ |
မိတ်မတ်မြို့ | ၁၂၂ |
ဗေသလနှင့်အာဣမြို့ | ၁၂၃ |
အခြားနေဗောမြို့ | ၅၂ |
အခြားဧလံမြို့ | ၁၂၅၄ |
ဟာရိမ်မြို့ | ၃၂၀ |
ယေရိခေါမြို့ | ၃၄၅ |
လောဒမြို့၊ ဟာဒိဒ်မြို့နှင့်သြနောမြို့ | ၇၂၁ |
သေနာမြို့ | ၃၉၃၀ |
39-42 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူယဇ်ပုရောဟိတ်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယေဒါယ (ယောရှု၏သားမြေးများ) ၉၇၃
ဣမေရ | ၁၀၅၂ |
ပါရှုရ | ၁၂၄၇ |
ဟာရိမ် | ၁၀၁၇ |
43-45 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူလေဝိသားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယောရှုနှင့်ကာဒမေလ(ဟောဒေဝ၏
သားမြေးများ) | ၇၄ |
ဗိမာန်တော်ဂီတပညာသည်များ
(အာသပ်၏သားမြေးများ) | ၁၄၈ |
ဗိမာန်တော်အစောင့်တပ်သားများ
(ရှလ္လုံ၊အာတာ၊တာလမုန်၊အက္ကုပ်၊
ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) | ၁၃၈ |
46-56 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ဗိမာန်တော်အလုပ်သမားများ၏သားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။
ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊
ကေရုတ်၊သယ၊ပါဒုန်၊
လေဗန၊ဟာဂဗ၊ရှာလမဲ၊
ဟာနန်၊ဂိဒ္ဒေလ၊ဂါဟာ၊
ရာယ၊ရေဇိန်၊နေကောဒ၊
ဂဇ္ဇမ်၊သြဇ၊ပါသာ၊
ဗေသဲ၊မုနိမ်၊နေဖိရှေသိမ်၊
ဗာကဗုတ်၊ဟာကုဖ၊ဟာရဟုရ၊
ဗာဇလိတ်၊မေဟိဒ၊ဟာရရှ၊
ဗာရကုတ်၊သိသရ၊တာမ၊
နေဇိနှင့်ဟတိဖ။
57-59 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။
သောတဲ၊သောဖရက်၊ပေရိဒ၊
ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊
ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊
ဇေဗိမ်နှင့်အာမုန်။
60 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။
61-62 တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသောဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာလေးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ဖွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
63-64 အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကိုသက်သေခံအထောက်အထားပြရန်တစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယ၊ ကောဇနှင့်ဗာဇိလဲ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သား၊ ဗာဇိလဲသားချင်းစုမှအမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက်မိမိယောက္ခမသားချင်းစု၏နာမည်ကိုခံယူခဲ့၏။)
ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့်ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံရကြ။- 65 ယုဒဘုရင်ခံကသူတို့အား``သင်တို့သည်ဥရိမ်နှင့်သုမိမ်7* ဥရိမ်နှင့်သုမိမ်။ ဘုရားသခင်၏အလိုတော်သိရှိရန်ယဇ်ပုရောဟိတ်အသုံးပြုသည့်အရာနှစ်ခုဖြစ်သည်။ ယင်းတို့ကိုမည်ကဲ့သို့အသုံးပြုသည်ကိုမသိရ။ ကိုအသုံးပြု၍ဆုံးဖြတ်နိုင်သူယဇ်ပုရောဟိတ်တစ်ပါးမပေါ်မချင်းဘုရားသခင်အားပူဇော်သည့်အစားအစာများကိုမစားကြရ'' ဟုဆို၏။✡ထွ၊ ၂၈:၃၀။ တရား၊ ၃၃:၈။
66 ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူ
စုစုပေါင်းဦးရေ ၄၂၃၆၀
67-69 ack သူတို့၏အစေခံယောကျာ်း
မိန်းမ | ၇၃၃၇ |
အမျိုးသားအမျိုးသမီး
ဂီတပညာသည်များ | ၂၄၅ |
မြင်း | ၇၃၆ ကောင် |
လား | ၂၄၅ ကောင် |
ကုလားအုတ် | ၄၃၅ ကောင် |
မြည်း | ၆၇၂၀ ကောင် |
70-72 ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကုန်ကျစရိတ်အတွက် ပေးလှူကြသူများမှာအောက်ပါအတိုင်းဖြစ်သည်။ ဘုရင်ခံရွှေအောင်စ ၂၇၀
ဗိမာန်တော်ဝတ်ပြုကိုးကွယ်ရာတွင်
အသုံးပြုသည့်အင်တုံ | ၅၀ |
ယဇ်ပုရောဟိတ်ဝတ်စုံ | ၅၃၀ |
သားချင်းစုခေါင်းဆောင်များ
ရွှေ | ၃၃၇ပေါင် |
ငွေ | ၃၂၁၅ပေါင် |
ကျန်ပြည်သူများရွှေ | ၃၃၇ ပေါင် |
ငွေ | ၂၉၂၃ ပေါင် |
ယဇ်ပုရောဟိတ်ဝတ်စုံ | ၆၇ |
73 ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဂီတပညာသည်များ၊ သာမန်ပြည်သူအမြောက်အမြား၊ ဗိမာန်တော်အလုပ်သမားများအစရှိသောဣသရေလအမျိုးသားအပေါင်းတို့သည်ယုဒမြို့ရွာများတွင်အတည်တကျနေထိုင်ကြလေသည်။✡၅ရာ၊ ၉:၂။ နေ၊ ၁၁:၃။