7
ဣသရေလခေါင်းဆောင်တို့၏ပူဇော်သကာ
1 မောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။- 2 ထိုနောက်သန်းခေါင်စာရင်းကောက်ရာ၌ကြီး ကြပ်ဆောင်ရွက်ခဲ့သည့် ဣသရေလအနွယ် ခေါင်းဆောင်များဖြစ်ကြသောမိသားစု အကြီးအကဲတို့သည်၊- 3 ထာဝရဘုရားထံတော်သို့ပူဇော်သကာ များကိုယူဆောင်ခဲ့ကြ၏။ ခေါင်းဆောင်တစ် ဦးလျှင်နွားထီးတစ်ကောင်ကျနှင့်ခေါင်း ဆောင်နှစ်ဦးလျှင် လှည်းတစ်စီးကျစုစု ပေါင်းလှည်းခြောက်စီးနှင့်နွားတစ်ဆယ့် နှစ်ကောင်တို့ကိုထာဝရဘုရားအား ဆက်သကြသည်။- 4 ယင်းသို့ဆက်သပြီးနောက်ထာဝရဘုရား သည်မောရှေအား၊- 5 ``သင်သည်တဲတော်နှင့်ဆိုင်သောအမှုကို ဆောင်ရွက်ရန် ဤလှူဖွယ်ပစ္စည်းတို့ကိုလက်ခံ လော့။ လေဝိအနွယ်ဝင်တို့ဆောင်ရွက်ရမည့် လုပ်ငန်းအလိုက် ထိုလှူဖွယ်ပစ္စည်းတို့ကိုသူ တို့အားပေးအပ်လော့'' ဟုမိန့်တော်မူ၏။- 6 ထို့ကြောင့်မောရှေသည်လှည်းနှင့်နွားများ ကို လေဝိအနွယ်ဝင်တို့အားပေးအပ်လေ သည်။- 7 သူသည်လှည်းနှစ်စီးနှင့်နွားလေးကောင်ကို ဂေရရှုန်သားချင်းစုတို့အားလည်းကောင်း၊- 8 လှည်းလေးစီးနှင့်နွားရှစ်ကောင်ကို မေရာရိ သားချင်းစုတို့အားလည်းကောင်းပေးအပ် လေသည်။ သူတို့သည်အလုပ်ရှိသမျှကို အာရုန်၏သား ဣသမာညွှန်ကြားသည့် အတိုင်းဆောင်ရွက်ရကြသည်။- 9 ကောဟတ်သားချင်းစုတို့သည် မိမိတို့ကြည့် ရှုထိန်းသိမ်းရသောတဲတော်ဆိုင်ရာပစ္စည်း များကို ပခုံးပေါ်တွင်ထမ်းရသောကြောင့် မောရှေသည်သူတို့အတွက်လှည်းနှင့် နွားများကိုမပေးအပ်ချေ။
10 ဣသရေလခေါင်းဆောင်တို့ယဇ်ပလ္လင်ကို အနုမောဒနာပြုရာ၌လည်းပူဇော်သကာ များကိုယူဆောင်ခဲ့ကြသည်။ သူတို့သည် ယဇ်ပလ္လင်၌လှူဖွယ်ပစ္စည်းများကို ဆက်သ ရန်အသင့်ရှိသောအခါ၊- 11 ထာဝရဘုရားကမောရှေအား``ယဇ်ပလ္လင် ကိုအနုမောဒနာပြုရာ၌ခေါင်းဆောင်တစ် ဆယ့်နှစ်ဦးတို့သည် တစ်ဦးလျှင်တစ်ရက်ကျ အလှည့်ယူ၍မိမိတို့၏လှူဖွယ်ပစ္စည်းများ ကိုဆက်သစေရမည်'' ဟုမိန့်တော်မူ၏။
12-83 သို့ဖြစ်၍သူတို့သည် မိမိတို့၏ပူဇော် သကာများကို အောက်တွင်ဖော်ပြပါ အစီအစဉ်အတိုင်းဆက်သကြ၏။
ရက် | အနွယ် | ခေါင်းဆောင် |
ပထမရက် | ယုဒ | အမိနဒပ်၏သားနာရှုန် |
ဒုတိယရက် | ဣသခါ | ဇုအာ၏သားနာသနေလ |
တတိယရက် | ဇာဗုလုန် | ဟေလုန်၏သားဧလျာဘ |
စတုတ္ထရက် | ရုဗင် | ရှေဒုရ၏သားဧလိဇုရ |
ပဉ္စမရက် | ရှိမောင် | ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ |
ဆဋ္ဌမရက် | ဂဒ် | ဒွေလ၏သားဧလျာသပ် |
သတ္တမရက် | ဧဖရိမ် | အမိဟုဒ်၏သားဧလိရှမာ |
အဋ္ဌမရက် | မနာရှေ | ပေဒါဇုရ၏သား ဂါမလျေလ |
နဝမရက် | ဗင်္ယာမိန် | ဂိဒေါနိ၏သားအဘိဒန် |
ဒသမရက် | ဒန် | အမိရှဒ္ဒဲ၏သားအဟေဇာ |
ဧကဒသမရက် | အာရှာ | သြကရန်၏သားပါဂျေလ |
ဒွါဒသမရက် | နဿလိ | ဧနန်၏သားအဟိရ |
သူတို့တစ်ဦးစီဆက်သသောပူဇော်သကာ များသည် ထပ်တူထပ်မျှဖြစ်၏။ ယင်းတို့မှာ တရားဝင်ချင်တွယ်နည်းအရအောင်စငါး ဆယ်အလေးချိန်ရှိ ငွေဖလားတစ်လုံးနှင့် အောင်စသုံးဆယ်အလေးချိန်ရှိငွေအင်တုံ တစ်လုံး (ယင်းငွေခွက်နှစ်ခုစလုံးတွင် ဘောဇဉ် သကာအတွက်ဆီနှင့်ရောသောမုန့်ညက်အပြည့် ပါရှိသည်။) နံ့သာပေါင်းအပြည့်ရှိသော အလေးချိန်လေးအောင်စရှိရွှေလင်ပန်း တစ်ချပ်၊ မီးရှို့ရာယဇ်အတွက်နွားထီးပေါက် တစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား သိုးကလေးတစ်ကောင်၊ အပြစ်ဖြေရာယဇ် အတွက်ဆိတ်တစ်ကောင်၊ မိတ်သဟာယယဇ် အတွက်နွားထီးနှစ်ကောင်၊ သိုးထီးငါး ကောင်၊ ဆိတ်ငါးကောင်နှင့်တစ်နှစ်သားသိုး ကလေးငါးကောင်စသည်တို့ဖြစ်သည်။
84-88 ယဇ်ပလ္လင်ကိုအနုမောဒနာပြုရာ၌ ဣသ ရေလအမျိုးခေါင်းဆောင်တစ်ဆယ့်နှစ်ဦး တို့ယူဆောင်ခဲ့ကြသောလှူဖွယ်ပစ္စည်းစုစု ပေါင်းမှာ၊
-အလေးချိန်စုစုပေါင်းပေါင်ခြောက်ဆယ်ရှိသော ငွေဖလားတစ်ဆယ့်နှစ်လုံးနှင့်ငွေအင်တုံတစ် ဆယ့်နှစ်လုံး၊
-နံ့သာပေါင်းအပြည့်ရှိသောအလေးချိန် စုစုပေါင်းလေးဆယ့်ရှစ်အောင်စရှိရွှေလင် ပန်းတစ်ဆယ့်နှစ်ချပ်၊
-မီးရှို့ရာယဇ်အတွက်နွားထီးတစ်ဆယ့်နှစ် ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သား သိုးကလေးတစ်ဆယ့်နှစ်ကောင်နှင့် ယင်းတို့ နှင့်သက်ဆိုင်သောဘောဇဉ်သကာများ၊
-အပြစ်ဖြေရာယဇ်အတွက်ဆိတ်တစ်ဆယ့် နှစ်ကောင်။
-မိတ်သဟာယယဇ်အတွက်နွားထီးနှစ်ဆယ့် လေးကောင်၊သိုးထီးအကောင်ခြောက်ဆယ်၊ဆိတ် အကောင်ခြောက်ဆယ်၊တစ်နှစ်သားသိုးကလေး အကောင်ခြောက်ဆယ်စသည်တို့ဖြစ်ကြသည်။
89 မောရှေသည်ထာဝရဘုရားအားလျှောက် ထားရန်တဲတော်ထဲသို့ဝင်သောအခါ ပဋိ ညာဉ်သေတ္တာအဖုံးအထက်ခေရုဗိမ်ရုပ်နှစ်ခု ကြားမှထာဝရဘုရားမိန့်တော်မူသံကို ကြားရလေသည်။