26
ဒု​တိ​ယ​အ​ကြိမ်​သန်း​ခေါင်​စာ​ရင်း​ကောက်​ခြင်း
ရော​ဂါ​ကပ်​လွန်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် မော​ရှေ​နှင့်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ တို့​အား၊- ``ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထဲ​မှ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​၍ စစ်​မှု​ထမ်း နိုင်​သော​ယောကျာ်း​ဦး​ရေ​စာ​ရင်း​ကို မိ​သား​စု အ​လိုက်​ကောက်​ယူ​လော့'' ဟု​မိန့်​တော်​မူ​၏။- 3-4 မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​အ​မိန့်​တော် အ​တိုင်း အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​သူ ယောကျာ်း​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​သ​ဖြင့် သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန် မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌​စု​ရုံး​ရောက် ရှိ​လာ​ကြ​သည်။
အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ ဣ​သ​ရေ​လ အ​မျိုး​သား​ထဲ​မှ​ယောကျာ်း​ဦး​ရေ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။
ရု​ဗင်​အ​နွယ်(ရု​ဗင်​သည်​ယာ​ကုပ်​၏​သား​ဦး ဖြစ်​၏) သား​ချင်း​စု​များ​မှာ​ဟာ​နုတ်​၏​သား ချင်း​စု၊ ဖာ​လု​၏​သား​ချင်း​စု၊- ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ကာ​မိ​၏​သား​ချင်း စု​တို့​ဖြစ်​သည်။
ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း သုံး​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက်​ဖြစ်​သည်။- ဖာ​လု​၏​အ​ဆက်​အ​နွယ်​များ​မှာ​ဧ​လျာ​ဘ​နှင့်၊- သူ​၏​သား​များ​ဖြစ်​သော​နေ​မွေ​လ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​ဖြစ်​ကြ​သည်။ (ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​က​ခေါင်း​ဆောင်​အ​ဖြစ်​ရွေး​ချယ်​ခြင်း​ခံ​ရ​၍ မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​အာ​ဏာ​ကို​ဖီ​ဆန် လျက် ကော​ရ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခဲ့​သူ​များ ဖြစ်​ကြ​၏။- 10 ထို့​ကြောင့်​သူ​တို့​သည်​ကော​ရ​၏​နောက်​လိုက် များ​နှင့်​အ​တူ​မြေ​မျို​ခံ​ရ​၏။ ထို​နေ့​၌ လောင်​မီး​ကျ​၍ လူ​ပေါင်း​နှစ်​ရာ့​ငါး​ဆယ် အ​သက်​ဆုံး​ခဲ့​ရ​သည်။ ထို​အ​ဖြစ်​အ​ပျက် က​လူ​အ​ပေါင်း​တို့​ကို​သ​တိ​တ​ရား​ရ​စေ​၏။- 11 သို့​ရာ​တွင်​ကော​ရ​၏​သား​များ​သည်​သေ ဘေး​မှ​လွတ်​ကြ​၏။)
12 ရှိ​မောင်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယေ မွေ​လ​၏​သား​ချင်း​စု၊ ယာ​မိန်​၏​သား​ချင်း​စု၊ ယာ​ခိန်​၏​သား​ချင်း​စု၊- 13 ဇေ​ရ​၏​သား​ချင်း​စု​နှင့်​ရှော​လ​၏ သား​ချင်း စု​တို့​ဖြစ်​သည်။- 14 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ယောက်​ဖြစ်​သည်။
15 ဂဒ်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ဇေ​ဖုန်​၏ သား​ချင်း​စု၊ ဟ္ဂိ​၏​သား​ချင်း​စု၊ ရှု​နိ​၏​သား ချင်း​စု၊- 16 သြ​ဇ​နိ​၏​သား​ချင်း​စု၊ ဧ​ရိ​၏​သား​ချင်း​စု၊- 17 အာ​ရုဒ်​၏​သား​ချင်း​စု​နှင့်​အ​ရေ​လိ​တို့​၏ သား​ချင်း​စု​တို့​ဖြစ်​သည်။- 18 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။
19 ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ (ယု​ဒ ၏​သား​နှစ်​ယောက်​ဖြစ်​သော​ဧ​ရ​နှင့်​သြ​နန် တို့​သည်​ခါ​နာန်​ပြည်​တွင်​သေ​ဆုံး​ခဲ့​ကြ​၏။-) 20 ရှေ​လ​၏​သား​ချင်း​စု၊ ဖာ​ရဇ်​၏​သား​ချင်း​စု၊ ဇေ​ရ​၏​သား​ချင်း​စု၊- 21 ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ဟာ​မု​လ​၏​သား ချင်း​စု​တို့​ဖြစ်​သည်။- 22 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခု​နစ်​သောင်း ခြောက်​ထောင့်​ငါး​ရာ​ယောက်​ဖြစ်​သည်။
23 ဣ​သ​ခါ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ တော​လ ၏​သား​ချင်း​စု၊ ဖု​ဝါ​၏​သား​ချင်း​စု၊- 24 ယာ​ရှုပ်​၏​သား​ချင်း​စု​နှင့်​ရှိ​မ​ရုန်​၏​သား​ချင်း​စု တို့​ဖြစ်​သည်။- 25 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခြောက်​သောင်း လေး​ထောင့်​သုံး​ရာ​ယောက်​ဖြစ်​သည်။
26 ဇာ​ဗု​လုန်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​သ​ရက် ၏​သား​ချင်း​စု၊ ဧ​လုန်​၏​သား​ချင်း​စု​နှင့်​ယာ လေ​လ​၏​သား​ချင်း​စု​တို့​ဖြစ်​သည်။- 27 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ခြောက်​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။
28 ယော​သပ်​အ​နွယ်​များ​မှာ မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ဖြစ်​သည်။ ယော​သပ်​သည် မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ၏​ဖ​ခင်​ဖြစ်​သည်။
29 မ​နာ​ရှေ​အ​နွယ်၊ မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​သည် ဂိ​လဒ်​၏​ဖ​ခင်​ဖြစ်​သည်။ ဂိ​လဒ်​မှ​ဆင်း​သက် သော​သား​ချင်း​စု​များ​မှာ၊- 30 ယေ​ဇေ​ရ​၏​သား​ချင်း​စု၊ ဟေ​လက်​၏​သား​ချင်း စု၊- 31 အ​သ​ရေ​လ​၏​သား​ချင်း​စု၊ ရှေ​ခင်​၏​သား​ချင်း​စု၊- 32 ရှ​မိ​ဒ​၏​သား​ချင်း​နှင့်​ဟေ​ဖာ​၏​သား​ချင်း​စု​တို့ ဖြစ်​ကြ​သည်။- 33 ဟေ​ဖာ​၏​သား​ဇ​လော​ဖဒ်​တွင်​သား​ယောကျာ်း​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ ထို​သ​မီး​များ​၏​နာ​မည် များ​မှာ​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မ​လ​ကာ နှင့်​တိ​ရ​ဇာ​တို့​ဖြစ်​သည်။- 34 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ငါး​သောင်း နှစ်​ထောင့်​ခု​နစ်​ရာ​ယောက်​ဖြစ်​သည်။
35 ဧ​ဖ​ရိမ်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ရှု​သ​လ​၏ သား​ချင်း​စု၊ ဗေ​ခါ​၏​သား​ချင်း​စု​နှင့်​တာ​ဟန်​၏ သား​ချင်း​စု​တို့​ဖြစ်​သည်။- 36 ဧ​ရန်​၏​သား​ချင်း​စု​သည် ရှု​သ​လ​မှ​ဆင်း​သက် လာ​သည်။- 37 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ သုံး​သောင်း​နှစ် ထောင့်​ငါး​ရာ​ယောက်​ဖြစ်​သည်။
ဤ​သား​ချင်း​စု​တို့​သည်​ယော​သပ်​မှ​ဆင်း​သက် လာ​သည်။
38 ဗင်္ယာ​မိန်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​ဗေ​လ ၏​သား​ချင်း​စု၊ အာ​ရှ​ဗေ​လ​၏​သား​ချင်း​စု၊ အ​ဟိ​ရံ​၏​သား​ချင်း​စု၊- 39 ရှု​ဖံ​၏​သား​ချင်း​စု​နှင့်​ဟု​ဖံ​၏​သား​ချင်း​စု​တို့ ဖြစ်​သည်။- 40 အာ​ရ​ဒ​၏​သား​ချင်း​စု​နှင့်​နေ​မန်​၏​သား​ချင်း စု​တို့​သည် ဗေ​လ​မှ​ဆင်း​သက်​လာ​ကြ​သည်။- 41 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း​ငါး ထောင့်​ခြောက်​ရာ​ယောက်​ဖြစ်​သည်။
42 ဒန်​အ​နွယ်​မှ​ရှု​ဟံ​သား​ချင်း​စု​၏၊- 43 ဦး​ရေ​မှာ​ခြောက်​သောင်း​လေး​ထောင့်​လေး​ရာ​ယောက် ဖြစ်​သည်။
44 အာ​ရှာ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​ယိ​မ​န သား​ချင်း​စု၊ ယေ​သ​ဝိ​သား​ချင်း​စု​နှင့်​ဗေ​ရိ သား​ချင်း​စု​တို့​ဖြစ်​သည်။- 45 ဟေ​ဗေ​ရ​သား​ချင်း​စု​နှင့်​မာ​လ​ချေ​လ​၏ သား​ချင်း​စု​တို့​သည် ဗေ​ရိ​မှ​ဆင်း​သက်​လာ​သည်။- 46 အာ​ရှာ​တွင်​စာ​ရာ​နာ​မည်​ရှိ​သ​မီး​တစ်​ယောက် ရှိ​၏။- 47 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ငါး​သောင်း သုံး​ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။
48 န​ဿ​လိ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယာ​ဇေ​လ ၏​သား​ချင်း​စု၊ ဂု​နိ​၏​သား​ချင်း​စု၊- 49 ယေ​ဇ​ရ​၏​သား​ချင်း​စု​နှင့်​ရှိလ္လင်​သား​ချင်း​စု တို့​ဖြစ်​သည်။- 50 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း​ငါး ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။
51 ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​ဦး​ရေ​မှာ ခြောက်​သိန်း​တစ်​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက် ဖြစ်​သ​တည်း။တော၊ ၁:၁-၄၆။
52-56 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အ​နွယ် တို့​၏​ဦး​ရေ​အ​နည်း​အ​များ​အ​လိုက်​ခါ​နာန် ပြည်​ကို​ခွဲ​ဝေ​ပေး​လော့။ လူ​ဦး​ရေ​များ​သော အ​နွယ်​တို့​အ​တွက်​မြေ​ပို​၍​လည်း​ကောင်း၊ လူ​ဦး ရေ​နည်း​သော​အ​နွယ်​တို့​အ​တွက်​မြေ​လျော့​နည်း ၍​လည်း​ကောင်း​စာ​ရေး​တံ​ချ​၍​ဝေ​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။တော၊ ၃၄:၁၃။ ယောရှု၊ ၁၄:၁-၂။
57 လေ​ဝိ​အ​နွယ်​တွင်​ဂေ​ရ​ရှုံ​သား​ချင်း​စု၊ ကော ဟတ်​သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု တို့​ပါ​ဝင်​ကြ​သည်။- 58 ထို​သူ​တို့​မှ​တစ်​ဆင့်​လိ​ဗ​နိ​သား​ချင်း​စု၊ ဟေ ဗြော​နိ​သား​ချင်း​စု၊ မာ​လိ​သား​ချင်း​စု၊ မု​ရှိ သား​ချင်း​စု​နှင့်​ကော​ရ​သိ​သား​ချင်း​စု​တို့ ဆင်း​သက်​လာ​ကြ​သည်။ ကော​ဟတ်​၏​သား အာ​မ​ရံ​သည်၊- 59 လေ​ဝိ​၏​သ​မီး​ယော​ခေ​ဗက်​၏​ခင်​ပွန်း​ဖြစ် သည်။ ယော​ခေ​ဗက်​သည်​အီ​ဂျစ်​ပြည်​၌​ဖွား မြင်​ခဲ့​သည်။ အာ​မ​ရံ​နှင့်​ယော​ခေ​ဗက်​တို့​သည် သား​များ​ဖြစ်​သော​အာ​ရုန်​နှင့်​မော​ရှေ၊ သ​မီး ဖြစ်​သော​မိ​ရိ​အံ​တို့​ကို​ရ​ကြ​သည်။- 60 အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ သည်။-တော၊ ၃:၂။ 61 နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား မ​ပူ​ဇော်​ထိုက်​သော​မီး​ဖြင့်​ပူ​ဇော်​သော ကြောင့်​သေ​ဆုံး​ခဲ့​ကြ​၏။-ဝတ်၊ ၁၀:၁-၂။ တော၊ ၃:၄။ 62 လေ​ဝိ​အ​နွယ်​တွင်​တစ်​လ​သား​အ​ရွယ်​နှင့် အ​ထက်​ရှိ သော​ယောကျာ်း​ဦး​ရေ​မှာ​နှစ်​သောင်း သုံး​ထောင်​ယောက်​ဖြစ်​သည်။ သူ​တို့​သည်​ဣ​သ ရေ​လ​နိုင်​ငံ​တွင်​နယ်​မြေ​ခွဲ​ဝေ​ပေး​ခြင်း​မ​ခံ ရ​သ​ဖြင့် အ​ခြား​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ဦး​ရေ​စာ​ရင်း​၌​မ​ပါ​ဝင်​ဘဲ​သီး ခြား​စာ​ရင်း​ဖြင့်​ဖော်​ပြ​ထား​သည်။
63 ဤ​လူ​ဦး​ရေ​စာ​ရင်း​သည်​မော​ရှေ​နှင့်​ဧ​လာ​ဇာ တို့​က ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား ရှိ​မော​ဘ​လွင်​ပြင်​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​သား​ချင်း​စု​အ​လိုက်​ကောက်​ယူ သည့်​စာ​ရင်း​ဖြစ်​သ​တည်း။- 64 ဤ​လူ​ဦး​ရေ​စာ​ရင်း​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့ သိ​နာ​တော​ကန္တာ​ရ​၌​ကောက်​ယူ​ခဲ့​သော​ပ​ထ​မ သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ပါ​ရှိ​ချေ။- 65 ထို​သူ​အ​ပေါင်း​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ဆုံး ရ​ကြ​မည်​ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ယေ​ဖုန္နာ​၏​သား​ကာ​လက်​နှင့် နုန် ၏​သား​ယော​ရှု​မှ​တစ်​ပါး​ကျန်​သော​သူ​အား လုံး​ပင်​သေ​ဆုံး​ခဲ့​ကြ​၏။တော၊ ၁၄:၂၆-၃၅။

26:51 တော၊ ၁:၁-၄၆။

26:52-56 တော၊ ၃၄:၁၃။ ယောရှု၊ ၁၄:၁-၂။

26:60 တော၊ ၃:၂။

26:61 ဝတ်၊ ၁၀:၁-၂။ တော၊ ၃:၄။

26:65 တော၊ ၁၄:၂၆-၃၅။