ဖိလိပ္ပိသြဝါဒစာ
နိဒါန်း
ဖိလိပ္ပိသြဝါဒစာသည်ဥရောပတိုက်တွင် ရှင်ပေါလုအဦးဆုံးတည်ထောင်ခဲ့သည့်ဖိလိပ္ပိ မြို့အသင်းတော်သို့ ရှင်ပေါလုအကျဉ်းခံနေ စဉ်အခါရေးသားသည့်စာဖြစ်သည်။ ဖိလိပ္ပိ မြို့မှာရောမနိုင်ငံလက်အောက်ခံမာကေဒေါနိ ပြည်တွင်တည်ရှိသည်။ အခြားခရစ်ယာန်အမှု တော်ဆောင်များက ရှင်ပေါလုအားအတိုက် အခံပြုသောကြောင့်လည်းကောင်း၊ ဖိလိပ္ပိ အသင်းတော်တွင်မှားယွင်းသည့်အယူဝါဒ များပေါ်ပေါက်လျက်နေသောကြောင့်လည်း ကောင်း ဤစာကိုရေးလိုက်ခြင်းဖြစ်၏။ သို့ ရာတွင်ဤစာသည်တမန်တော်ကြီးရွှင်လန်း ဝမ်းမြောက်၍ ယုံကြည်စိတ်ချသည့်စိတ်ထား ပေါ်လွင်လျက်ရှိပေသည်။ ထိုသို့သောစိတ်ထား မျိုးရှိနိုင်ခြင်းမှာ ရှင်ပေါလု၌ယေရှုခရစ် ကိုကြီးမားသောယုံကြည်ကိုးစားမှုရှိ သောကြောင့်ပင်ဖြစ်သည်။
ဤစာကိုရေးသားရန်လတ်တလောပေါ်ပေါက် လာသည့်အကြောင်းမှာ မိမိငွေလိုနေချိန်၌ ဖိလိပ္ပိခရစ်ယာန်တို့ထောက်ပံ့မှုပေးပို့၍ လက်ခံရရှိသဖြင့်ကျေးဇူးတင်စကားပြော ကြားရန်ပင်ဖြစ်ပေသည်။ မိမိကိုယ်တိုင်နှင့်ဖိလိပ္ပိ အသင်းတော်ဝင်တို့သည်ဆင်းရဲဒုက္ခရောက်လျက် နေသော်လည်း စိတ်ပျက်အားလျော့မှုမရှိဘဲ ရဲရင့်တည်ကြည်ကြရမည်ဖြစ်ကြောင်းတစ် ဆက်တည်းမှာပင်အားပေးစကားပြောကြား ၏။ လောဘနှင့်မာန်မာနကိုပယ်ရှား၍သခင် ယေရှုကဲ့သို့ စိတ်နှလုံးနှိမ့်ချကြရန်ထိုသူ တို့ကိုမေတ္တာရပ်ခံသည်။ သူတို့သည်သခင် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်ပြီးဘဝ သစ်ကိုခံယူရရှိခြင်းသည် ဘုရားသခင် ၏ကျေးဇူးတော်သက်သက်ကြောင့်ပင်ဖြစ် ကြောင်း၊ ထိုကျေးဇူးတော်ကိုခံစားရသည် မှာလည်း ပညတ်တရားကိုမိမိတို့လိုက် လျှောက်ကျင့်သုံးမှုကြောင့်မဟုတ်ဘဲ ခရစ် တော်ကိုယုံကြည်ခြင်းကြောင့်သာဖြစ်ကြောင်း သတိရစေသည်။ ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်သူအားဝမ်းမြောက်ခြင်း နှင့်ငြိမ်သက်ခြင်းကို ဘုရားသခင်ပေးတော် မူကြောင်းကိုရေးသားသည်။
ခရစ်ယာန်တို့၏ယုံကြည်ခြင်းနှင့်နေ့စဉ် အသက်ရှင်ခြင်း၌ဝမ်းမြောက်ခြင်း၊ ယုံကြည် စိတ်ချခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့်ဇွဲ သတ္တိရှိရမည်ဖြစ်ကြောင်းအလေးပေး၍ ရေးသားသည့်စာဖြစ်ပေသည်။ ဖိလိပ္ပိအသင်း တော်အပေါ်၌ရှင်ပေါလုထားရှိသောမေတ္တာ သည် လွန်စွာကြီးမားပုံကိုဤသြဝါဒစာ ကထင်ရှားစွာသက်သေထူလျက်ရှိလေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း ၁:၁-၁၁
ရှင်ပေါလုကိုယ်တိုင်ကြုံတွေ့ရသည့်အကြောင်း ခြင်းရာများ ၁:၁၂-၂၆
ခရစ်တော်အားဖြင့်ရရှိသောဘဝ ၁:၂၇-၂:၁၈
တိမောသေနှင့်ဧပဖြောဒိတ်တို့အတွက်စီစဉ် ချက်များ ၂:၁၉-၃၀
ရန်သူများနှင့်ဘေးအန္တရာယ်များရှိကြောင်းကြိုတင် သတိပေးချက်များ ၃:၁-၄:၉
ရှင်ပေါလုနှင့်ဖိလိပ္ပိမြို့ရှိမိတ်ဆွေများ ၄:၁၀-၂၀
နိဂုံး ၄:၂၁-၂၃
1
1 ခရစ်တော်ယေရှု၏အစေခံများဖြစ်သည့် ပေါလုနှင့်တိမောသေတို့ထံမှ ဖိလိပ္ပိမြို့တွင် နေထိုင်ကြကုန်သောသင်းအုပ်များနှင့်သင်း ထောက်လူကြီးများမှစ၍ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြသောသခင် ဘုရား၏လူစုတော်ဝင်အပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။✡တ၊ ၁၆:၁၂။
2 သင်တို့သည်ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်ထံတော်မှကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကိုခံစားရကြပါစေသော။
ဖိလိပ္ပိအသင်းတော်ဝင်တို့အတွက် ရှင်ပေါလု၏ဆုတောင်းပတ္ထနာ
3 သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- 4-5 အမှုတော်ကိုငါစတင်ဆောင်ရွက်ချိန်မှယနေ့ တိုင်အောင်သတင်းကောင်းကိုကြေညာရာတွင် ငါ နှင့်အတူသင်တို့ဆောင်ရွက်ခဲ့ကြသဖြင့်ငါ သည်သင်တို့အတွက်ဝမ်းမြောက်စွာဆုတောင်း ပါ၏။- 6 သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။- 7 သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။- 8 ငါသည်ခရစ်တော်ယေရှု၏မေတ္တာဖြင့်သင်တို့ အားလွန်စွာလွမ်းဆွတ်ကြောင်းဘုရားသခင် သည်ငါ့သက်သေဖြစ်တော်မူ၏။
9-10 သင်တို့သည်အမြတ်ဆုံးသောအရာကိုရွေးယူ နိုင်အံ့သောငှာအသိပညာ၊ ပိုင်းခြားဝေဖန်တတ် သောစွမ်းရည်တို့နှင့်ပြည့်စုံ၍မေတ္တာပါရမီတိုး သည်ထက်တိုးလာကြစေရန်သင်တို့အတွက် ငါဆုတောင်းပတ္ထနာပြုပါသည်။ သို့မှသာလျှင် သင်တို့သည်ခရစ်တော်ကြွလာတော်မူသော နေ့ရက်၌အပြစ်ဆိုဖွယ်မရှိဘဲအညစ် အကြေးနှင့်ကင်းစင်လိမ့်မည်။- 11 ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။
အသက်ရှင်ခြင်းကားခရစ်တော်ပင်
12 ညီအစ်ကိုတို့၊ ငါတွေ့ကြုံရသည့်အဖြစ်အပျက် များသည်သတင်းကောင်းကိုကြေညာရာတွင် အကယ်ပင်အထောက်အကူပေးကြောင်းသင် တို့အားသိစေလို၏။- 13 ငါသည်ခရစ်တော်၏အစေခံဖြစ်သည့်အတွက် ကြောင့်ငါအကျဉ်းခံရလျက်နေရကြောင်းကို နန်းတော်အစောင့်တပ်တစ်တပ်လုံးနှင့်အခြား သူအပေါင်းတို့သိရှိကြပေသည်။-✡တ၊ ၂၈:၃၀။ 14 ဤသို့ငါအကျဉ်းခံရခြင်းကြောင့်ခရစ်ယာန် ညီအစ်ကိုအများပင်သခင်ဘုရားအပေါ်တွင် ပို၍ယုံကြည်စိတ်ချလာကြ၏။ သို့ဖြစ်၍သူတို့ သည်မကြောက်မရွံ့ဘဲနှုတ်ကပတ်တရားတော် ကိုပိုမို၍ဟောပြောဝံ့ကြပေသည်။
15 အချို့သောသူတို့သည်မနာလိုသောစိတ်၊ ရန်တွေ့ လိုသောစိတ်နှင့်ခရစ်တော်အကြောင်းကိုဟော ပြောကြ၏။ အချို့သောသူတို့မူကားစေတနာ စိတ်နှင့်ဟောပြောကြပေသည်။- 16 ဤသူတို့သည်သခင်ယေရှုအကြောင်းသတင်း ကောင်းကိုကာကွယ်ဟောပြောရန်ငါ့အားဘုရား သခင်ခန့်ထားတော်မူကြောင်းကိုသိသဖြင့် မေတ္တာအလျောက်ဟောပြောကြခြင်းဖြစ်၏။- 17 အခြားသောသူတို့သည်ကားခရစ်တော်၏ အကြောင်းကိုစိတ်ရိုးသဘောရိုးဖြင့်မဟုတ်ဘဲ ကျော်ကြားလိုသောဆန္ဒဖြင့်ဟောပြောကြ၏။ သူတို့၏အကြံမှာအကျဉ်းခံနေရသူငါ့ အားပို၍စိတ်ဒုက္ခရောက်စေရန်ပင်ဖြစ်၏။
18 ဟောပြောသည့်နည်းမှာအရေးမကြီးပါ။ မှား ယွင်းသောရည်ရွယ်ချက်ဖြင့်ဟောပြောသည်ဖြစ်စေ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့်ဟောပြောသည် ဖြစ်စေခရစ်တော်အကြောင်းကိုဟောပြော ခြင်းသာဖြစ်သဖြင့်ငါဝမ်းမြောက်၏။ ဆက်လက် ၍ဝမ်းမြောက်လျက်နေမည်။- 19 အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။- 20 ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။- 21 အသက်ရှင်ခြင်းဟူသည်မှာအဘယ်နည်း။ ငါ ၏အဖို့မှာအသက်ရှင်ခြင်းသည်ခရစ်တော်ပင် ဖြစ်၏။ သေလျှင်မူကားပို၍အကျိုးရှိ၏။- 22 သို့ရာတွင်အကယ်၍ငါသည်ဆက်လက်အသက် ရှင်ခြင်းအားဖြင့်ပိုမိုအကျိုးပြုနိုင်မည်ဆို ပါက အသက်ရှင်ခြင်းနှင့်သေခြင်းတို့အနက် အဘယ်အရာကိုရွေးချယ်ရပါမည်နည်း။- 23 ငါ့မှာစိတ်နှစ်ခွဖြစ်လျက်နေတော့၏။ ငါသည်ဤ ဘဝကိုစွန့်၍ခရစ်တော်နှင့်အတူနေလိုလှပါ သည်။ သို့ပြုရလျှင်ငါ့အဖို့ပို၍အကျိုးရှိ၏။- 24 သို့သော်သင်တို့၏အကျိုးကိုထောက်၍ငါသည် အသက်ရှင်လျက်နေရန်ပို၍အရေးကြီး၏။- 25 ဤသို့ယုံကြည်စိတ်ချသဖြင့်ငါသည်သင်တို့ နှင့်အတူနေမည်။ သင်တို့အားတိုးတက်ကြီး ပွားစေရန်နှင့်ယုံကြည်ခြင်း၌ဝမ်းမြောက် စေရန်ငါသည်သင်တို့နှင့်အတူနေမည်။- 26 သို့ဖြစ်၍ငါသည်သင်တို့နှင့်တစ်ဖန်နေခွင့် ရသောအခါ၌ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်သူသင်တို့သည်ငါ့အတွက် ကြောင့်ပို၍ပင်ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။
27 ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။- 28 သင်တို့သည်ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့ အောင်မြင်မည်ဖြစ်ကြောင်းကိုရန်သူများအား သက်သေပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားအောင်ပွဲခံစေတော်မူသောအရှင် ကား ဘုရားသခင်ပင်ဖြစ်တော်မူသောကြောင့် တည်း။- 29 သင်တို့သည်ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာမကကိုယ်တော်၏အတွက်ဆင်းရဲဒုက္ခ ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော် ကိုဆောင်ရွက်ရန်အခွင့်ထူးကိုရရှိကြ၏။- 30 ယခုသင်တို့သည်ငါနှင့်အတူတိုက်ပွဲကိုဝင် နိုင်ကြလေပြီ။ ယခင်အခါကငါတိုက်ပွဲဝင် ခဲ့သည်ကိုသင်တို့တွေ့မြင်ခဲ့ကြ၏။ သင်တို့ ကြားသိသည့်အတိုင်းယခုလည်းငါသည် တိုက်ပွဲကိုဝင်လျက်နေသေး၏။✡တ၊ ၁၆:၁၉-၄၀။