ဆာ​လံ​ကျမ်း
နိ​ဒါန်း။
ဆာ​လံ​ကျမ်း​သည်​သမ္မာ​ကျမ်း​စာ​၏​သီ​ချင်း​စာ​အုပ်​နှင့်​ဆု​တောင်း​စာ​အုပ်​ဖြစ်​သည်။ ယင်း​တို့​ကို​ခေတ်​ကာ​လ​အ​ဆက်​ဆက်​က​ပ္ဂိုလ်​တို့​ရေး​သား​ပြု​စု​ပြီး ဣ​သ​ရေ​လ​လူ​မျိုး​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု​ခဲ့​သည်။ နောက်​ဆုံး​တွင်​သမ္မာ​ကျမ်း​၏​ကျမ်း​တစ်​ကျမ်း​ဖြစ်​လာ​သည်။
ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​နှင့်​ဂုဏ်​တော်​ကို ချီး​ကူး​ခြင်း​ဆိုင်​ရာ​သီ​ချင်း​များ၊ ကူ​မ​ကွယ်​ကာ​ကယ်​တင်​ရန်​ဆု​တောင်း​ပတ္ထ​နာ​များ၊ အ​ပြစ်​ဖြေ​လွှတ်​ရန်​တောင်း​လျှောက်​ချက်​များ၊ ဘု​ရား​သ​ခင်​ချ​ပေး​တော်​မူ​သော​ကောင်း​ချီး​မင်္ဂ​လာ​များ​အ​တွက် ကျေး​ဇူး​တော်​ချီး​မွမ်း​သီ​ချင်း​များ၊ ရန်​သူ​များ​အား​ဒဏ်​ခတ်​တော်​မူ​ရန်​အ​သ​နား​ခံ​ချက်​များ​စ​သည်​တို့​ကို လင်္ကာ​ဖြင့်​ရေး​သား​ပြု​စု​သည်။ ဤ​ဆု​တောင်း​ပတ္ထ​နာ​အ​ချို့​တို့​သည် ရေး​သား​ပြု​စု​သူ​၏​အ​သဲ​နှ​လုံး​ထဲ​၌​ခံ​စား​ချက်​များ​ကို​ဖော်​ပြ​သည်။ အ​ချို့​တို့​မူ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​လို​လား​ချက်​များ​နှင့်​ခံ​စား​ချက်​များ​ကို​ဖော်​ပြ​သည်။
သ​ခင်​ယေ​ရှု​ကိုယ်​တော်​တိုင်​ဆာ​လံ​ကျမ်း​ကို​အ​သုံး​ပြု​တော်​မူ​ခဲ့​သည်။ ဋ္ဌမ္မ​သစ်​ကျမ်း​ကို​ရေး​သား​ပြု​စု​သူ​တို့​သည်​လည်း ဆာ​လံ​ကျမ်း​ကို​ကိုး​ကား​၍​အ​ကြောင်း​အ​ချက်​များ​ကို​တင်​ပြ​သည်။ ဆာ​လံ​ကျမ်း​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဆိုင်​ရာ​အ​မြတ်​တ​နိုး​ထား​သည့်​စာ​အုပ်​အ​ဖြစ် ခ​ရစ်​ယာန်​အ​သင်း​တော်​တည်​ထောင်​ချိန်​မှ​စ​၍​လက်​ခံ​သုံး​စွဲ​ခဲ့​လေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ဆာ​လံ​ကျမ်း​အ​ခန်း​ပေါင်း ၁၅၀ ကို​အောက်​ပါတွဲ ၅ တွဲ​တွင်
စု​စည်း​ထား​သည်။
တွဲ ၁ ၁-၄၁
တွဲ ၂ ၄၂-၇၂
တွဲ ၃ ၇၃-၈၉
တွဲ ၄ ၉၀-၁၀၆
တွဲ ၅ ၁၀၇-၁၅၀
အ​တွဲ ၁
1
(ဆာ​လံ ၁-၄၁)
မင်္ဂ​လာ​အ​စစ်​အ​မှန်
သူ​ယုတ်​မာ​တို့​၏​အ​ကြံ​ဉာဏ်​ကို​လက်​မ​ခံ၊ အ​ပြစ်​ကူး​သူ​တို့​၏​စံ​န​မူ​နာ​ကို​မလိုက်၊
ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​တို့​နှင့်​လည်း
မ​ပေါင်း​မ​ဖော်​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လျှောက်​၍
နေ့​ည​မ​ပြတ်​လေ့​လာ​ဆင်​ခြင်​မှု​ဖြင့်​ပျော်​မွေ့​တတ်​ကြ​၏။
ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌
အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။
သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။ ယေ၊ ၁၇:၈။
 
သို့​ရာ​တွင်၊သူ​ယုတ်​မာ​တို့​မူ​ကား​အ​ဘယ်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဖြစ်​နိုင်။
သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​တတ်​သော​ဖွဲ​နှင့်​တူ​ကြ​၏။
အ​ပြစ်​ကူး​သူ​တို့​သည်​ဘု​ရား​သ​ခင်
အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။
သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အ​ပေါင်း​အ​သင်း​ထဲ​သို့​မ​ဝင်​ရ​ကြ။
ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တော်​ကောင်း​များ​ကို​ပို့​ဆောင်​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။
သူ​ယုတ်​မာ​တို့​မူ​ကား​ဆုံး​ရှုံး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။

1:3 ယေ၊ ၁၇:၈။